fbpx

ကိုယ်ချင်းစာတရား

သာနေကျ ညအခါထက်
အိုဗာတိုင်း(မ်) ဆင်းတဲ့ “လ”
နေသာချိန် ကြောင်စီစီ
ကြည့်လို့ကို အဆင်မပြေဘူး ။

ဒါက သူ့အမြင်ပေါ့ . . . ။

ရှိသမျှလောင်စာနဲ့ အစွမ်းကုန်
နေရောင်ကို အံတု
ငါဒီမှာဟေ့လို့
အသိပေးနေရတာ လွယ်တာမှတ်လို့ . . . ။    ။

ရှငိုင်ဂျော် (MICT)