fbpx

မျှော်လင့်ခဲ့သောနေ့

hopelove(၁)

“အိပ်မက်လေးထဲ …လာမှာလားကွယ်၊ လာနိုင်ပါတယ်၊ ပြန်လည်ထွက်မသွားနဲ့ …ခွင့်မပြုနိုင်ဘူး” ထူးအိမ်သင်၏သီချင်းဆုံးတဲ့အထိ နားထောင်ပြီး ““ဧကရီထွဋ်”” လှပစွာ ပြုံးပြီး လိုက်ကာကိုချကာ အိပ်ယာထဲ ၀င်လိုက်တော့တယ်။ ခြံပြင်မှလည်း သီချင်းသံတိတ် သွားတယ်။ စကားသံပဲ ကြားရတယ်။
““ဟေ့ကောင် ၀င်သွားပြီ မရှိတော့ဘူး””
““အေးကွာ …ကဲ ထတော့ ပြန်ချိန်တန်ပြီ၊ ဆယ့်တစ်နာရီတောင် ကျော်ပြီ””
““ဟုတ်တယ် …ဆာယာ ဒီလောက်ရင်ဖွင့်တာတော်လောက်ပြီပေါ့””
ဧကရီထွဋ်ကို စွဲလန်းချစ်နေတဲ့ ဆာယာရိပ်သည် သူငယ်ချင်းများနဲ့အတူ ရင်ဖွင့် သီချင်းလာဆိုပြီး မပြန်ချင်ပဲ ပြန်သွားရတယ်။ အလိုက်သိတဲ့ သူငယ်ချင်း အာကာနဲ့ ဖိုးနိုင်က သူ့ကို နားလည်ပေးစွာနဲ့ လိုက်လာပေးခဲ့တယ်။ ဆာယာရိပ်က ဧကရီထွဋ်ကို ဇွဲရှိရှိစောင့် နေခဲ့တယ်။ ၁၀ တန်း ကျောင်းသူဘ၀ကတည်းကပေါ့။ ဒါပေမယ့် ဧကရီက ဆာယာကို နည်းနည်းလေးမှ စိတ်မ၀င်စားပါ။ ခေတ်ဆန်လွန်းတော့ ဧကရီက မနှစ်မြို့။ တစ်ခုတော့ ရှိတယ်။ ဆာယာရဲ့ ချိုမြတဲ့အသံကို ကြိုက်တယ်။ အထူးသဖြင့် ထူးအိမ်သင်သီချင်းကို အလွန် နှစ်သက်တဲ့အတွက် ဧကရီက ဆာယာဆိုတဲ့ ထူးအိမ်သင်သီချင်းဟာ ချိုမြတဲ့ ဆာယာရဲ့ အသံနဲ့ လိုက်ဖက်တယ်လို့ ခံစားရတယ်။ ဒါပေမယ့် ဒီအကြောင်းကို ဆာယာသိ၍မဖြစ်။ ရောင့်တက်မည် စိုးရတယ်။ ခေတ်ဆန်တာကလွဲ၍ ဆာယာကို ငြင်းစရာမရှိလို့ ဧကရီ ထင်မိ တယ်။
(၂)

ဧကရီထွဋ်သည် ဆယ်တန်းအောင်အောင်ချင်း ကျောင်းဆရာမ ၀င်လုပ်လိုက်တယ်။ မျက်နှာလေးက ““မျက်နှာမြင် ချစ်ခင်ပါစေ”” ဆိုတဲ့အတိုင်း အမြဲပြုံးတတ်သူ၊ လူတိုင်းကိုလည်း ခင်မင်တတ်ပြီး၊ မျက်ခုံးလှလှလေးအောက်မှာ ၀ိုင်းစက်တဲ့မျက်လုံးက နေရာယူလျက်။ သူမက တွေ့တဲ့သူတိုင်းကို ပြုံးပြတတ်တယ်။ သူ့မျက်နှာကိုမြင်ရင် မခင်ချင်တဲ့လူ မရှိသလောက်ပါဘဲ။ သူဝါသနာပါတဲ့ ကျောင်းဆရာမအလုပ်ကို မိဘကလည်း မတားခဲ့ပါ။ သူမသည် အေးဆေး တည်ငြိမ်ပြီး ယဉ်ကျေးသိမ်မွေ့သလောက် သူမထက် (၄) နှစ်ငယ်တဲ့ ညီမလေး ““မူယာထွဋ်”” က သွက်လက်ဖျတ်လတ်သည်။ ပြန်မပြော နားမထောင်။ ဆယ်တန်းကျောင်းသူ။ အဖေ မူယာ့ကို ပိုချစ်သလို မြင်ရတယ်။ ဧကရီက အမေ့ချစ်သမီး၊ သို့ပေမယ့် အမေက နှစ်ဦးစလုံးကို ချစ်တာပါပဲ။ မူယာကျတော့ သွက်လွန်းလို့ မျက်စိထဲမှာ ကန့်လန့်ကြီးလို့ မြင်တယ်။ ဧကရီက ဗမာဆန်ဆန် အ၀တ်အစားနှစ်သက်သလောက် မူယာက ခေတ်ဆန်ဆန်တွေပဲ ၀တ်တာ များတယ်။
တစ်နေ့မူယာထွဋ် ကျောင်းကအပြန် အမေနဲ့ အစ်မရှိရာ မီးဖိုချောင်ထဲ တ၀ုန်း၀ုန်း ပြေးလာကာ ““မမ … မမရေ ဗိုက်ဆာတယ်ဗျို့”” ဆိုပြီး အမေ့ဘက်ကိုပြေးပြီး အမေ့ခါးကို ပြေးဖက်ကာ မိခင်ဒေါ်သော်တာက လန့်ကာ ““အမယ်လေး သမီးငယ်ရယ် မျောက်များ ၀င်စားပြီး မွေးလာသလားလို့ ညင်သာမှုကို မရှိဘူး”” ““မေမေကလည်း မီးငယ်ဗိုက်ဆာနေလို့ပါ”” ဆိုးနွဲ့တဲ့ အမူအရာနဲ့ ချွဲနေသေးတယ်။ ““ညီမလေးရေ ဟင်းမကျက်သေးဘူး ခသ််နန နဲ့ မုန့်အရင်စားထားနော် ဟင်းကျက်မှထပ်စားနော်”” ““ဥု ဖျော်ပေး မမ”” ညီမလေးကို ချစ်တဲ့ အတွက် ဧကရိထွဋ်က အစစအရာရာလုပ်ပေးတယ်။ မူယာ ခသ််နန သောက်ပြီး ““မမရေရော့ ပြီးပြီ၊ မီးငယ်ထားခဲ့ပြီနော်”” အမေက မူယာကိုကြည့်ပြီး ဟေ့ဟေ့ … နေပါအုံး ကိုယ့်ဘာသာ ကိုယ်ဆေးပါ သမီးငယ် နင့်အစ်မက ဒီမှာ ဟင်းချက်နေရတာသွား … ဆေး”” ““မေမေကလည်း မဟုတ်တာ မမက ဆေးပေးမှာတဲ့ …ဟုတ်တယ်နော် မမ … တားတာ”” သူ့အစ်မအား လက်ပြပြီး အိမ်ရှေ့ပြေးထွက်သားတော့တယ် သီချင်းက တကြော်ကြော် ဆိုလိုက်သေးတယ်။ ဧကရီက သူ့အမေအား
““မေမေရယ် အခု သူ ၁၀ တန်းဖြေထားတော့ သူ့ကို နားလည်ပေးလိုက်ပါ။ စာမေးပွဲ ဖြေပြီးရင် သူ့ကို သမီးပြုပြင်ပါ့မယ်””
သွက်လက်လွန်းတဲ့ မူယာဆံပင်တိုတို ကလေးဆန်ဆန်နဲ့ ဟိုပြေးဒီလွှား ဒါကို မိခင် က ကြည့်မရ။ စာကျက်ရင်လည်း အစ်မက သူ့ကို ွကငိန လုပ်ပေးတယ် နေပုံထိုင်ပုံကိုလည်း တဖြည်းဖြည်း မသိမသာ နားချိုသွေးပေးရသေးတယ်။ လူငယ်ဆိုတော့ အကြမ်းလုပ်၍မရ စကားကြမ်းနဲ့ပြောရင် ရွဲ့မည်စိုးရသေးတယ်။ အတတ်နိုင်ဆုံး ဧကရီကပဲ ၀တ်စားဆင်ယင် မှုကအစ နေပြ၊ ထိုင်ပြ ၀တ်ပြစားပြရသေးတယ်။ ညီမက သူ့ကို အတုမယူယူအောင် နေပြ သေးတယ်။ မိခင်က မှတ်ချက်ချတယ်။
““သူ့အစ်မနဲ့တော့ ကွာပါ့နော်”” ဖခင်ကတော့
““သူနေတတ်သလိုနေပါစေ အမေကြီးရယ်””

(၃)

““ညီမလေးရေ (၇) နာရီထိုးပြီ၊ စာကြည့်ခန်း၀င်လို့ရပြီ”” အပြေးအလွှားနဲ့ မူယာ၀င် လာပြီး ““ဟုတ်သားပဲ မေ့နေလိုက်တာ””
““ဆာလံ ဘယ်လောက်ရောက်ပြီလဲ ညီမလေးအလှည့်နော်””
မူယာသည် ဆာလံကျမ်း ““၂၃”” ရောက်ပြီဆိုတဲ့အကြည့်နဲ့ ဖွင့်ပြီး သူမဖတ်ပြီးတဲ့ အခါ
ဧကရီထွဋ်က ဆုတောင်းပေးတယ်။ စာမကျက်ခင် ကျမ်းစာအခန်းကြီး တစ်ခန်းဖတ်ပြီး အစ်မ ဆုတောင်းရင်တောင်း ဒါမှမဟုတ် မူယာ ဆုတောင်းတယ် ပြီးမှ လုပ်စရာရှိတဲ့စာများကို စလုပ်ကြတယ်။ ဆုတောင်းပြီး၍ အာမင်ဟု ဆိုပြီးပြီးချင်း မူယာက
““မမရေ ကိုဆာယာရိပ်ကိုသိလား””
““ဆုတောင်းတာ မနည်းဆုံးအောင် နားထောင်ရတယ်ထင်တယ်။ ဘယ်ကတည်းက မေးချင်နေတာလဲမသိဘူး။ ဆာယာရိပ်က မမတို့ရဲ့ သူငယ်ချင်း ကျောင်းနေဖက်ပဲ။ ဒါပေမယ့် မမနဲ့ မခင်ပါဘူး””
““မမရေ မီးလေသူ့ကို သိပ်သဘောကျတာပဲ သိလား စတိုင်လ်မိုက်တယ်နော်””
““ဘုရားသခင် မူယာသဘောကျတယ်ဟုတ်လား”” အံ့သြသွားသော မျက်နှာထားနဲ့ ညီမလေးကို ကြည့်နေမိတယ်။ ““အင်း … သဘောကျတာ ဆန်းလားမမရဲ့””
““ညီမလေးရယ် စာကျက်မယ် ကဲ စာအုပ်ထုတ်”” တုန်လှုပ်အံ့သြသွားသော ဧကရီ၏ အမူအယာကို ညီမမူယာ မသိအောင် ကြိုးစားထိန်းထားရတယ်။ အစ်မကို ကြိုက်နေမှန်းသိရင် ညီမလေးဘယ်လို ခံစားရမလဲ။
““မမသူငယ်ချင်းဆိုတော့ သူ့အိမ်ကိုသိလား”” (အမယ်လေး မူယာရယ် စိတ်ညစ်ရပါ လား) ရင်ထဲမှာသာ ဧကရီ ပြောဖြစ်တယ်။
““ဟင့်အင်း မသိဘူး ညီမလေး ဒီနှစ် ထူးချွန်အောင် ကြိုးစားရမှာနော်။ ကဲ ဒီည ဘယ်ဘာသာလဲ”” မူယာထွဋ် စကားရှည်လာမည်စိုး၍ တခြားစကားလွဲပြောင်းလိုက်ရတယ်။ အဲဒီညမှာ မူယာအား (၁ဝါ်၃၀) နာရီအထိပဲ စာပြနိုင်ခဲ့တယ်။ ခါတိုင်းမှာ (၁၁ါ်၀၀) နာရီအထိ စာပြပေးတယ်။ ဒါပေမယ့် ကြည့်ရတာ မူယာလည်း စာထဲစိတ်မရောက်သလိုပါပဲ။
ညီမလေးက ဆာယာကို ဘယ်မှာသွားတွေ့သွားတာလဲ။ ဆာယာကို ညီမလေးနဲ့ မဖြစ်စေချင်။ ညီမလေးဘက်ကစပြီး စိတ်၀င်စားရင်ပြဿနာပဲ။ ဒီနှစ်လည်း စာထဲစိတ်မ၀င် စားရင် ဒုက်္ခရောက်မှာ။ ဆာယာနဲ့ စကားမပြောချင်ပါဘူး ဆိုမှပဲ။ ဘယ်လိုပြောရင် ကောင်းမ လဲ။ တစ်ညလုံးသူမ အိပ်ယာထဲလူးလိမ့်လျက် စိတ်ငြိမ်သက်မှုမရရှိခဲ့ပါ။ ညီမလေး အပြစ်လား၊ ဆာယာက စလိုက်တဲ့အပြစ်လား၊ ဘယ်လို ဆက်စပ်မိကြသလဲ ဆိုတာကို အစအနရှာရမှာပဲ သူမထထိုင်ပြီး ဘုရားသခင်ထံ ဆုတောင်းနေမိတော့တယ်။ ဘာကို ခံစားရသလဲ ကိုယ့်ကိုယ် ကိုလည်း မသိခဲ့။ ဆာယာကို ညီမလေးက စိတ်၀င်စားသွားလို့လား။ ဒါမှမဟုတ် ညီမလေး ဘက်ကို ဆာယာစိတ်ပါသွားမှာ စိုးလို့လား။ ဒါလည်း မဟုတ်သေးဘူး။ ငါ ဆာယာကိုများ စိတ်၀င်စားနေပြီလား။ ဒါမဖြစ်သင့်ဘူး … ဒါဖြစ်လို့မရဘူး။

(၄)

ဒီနေ့ဧကရီရဲ့ သူငယ်ချင်းဆွေမွန်ကမှာလို့ သူ့အိမ်ကို သွားရန်ပြင်ဆင်ခဲ့သည်။ အိမ်က သိပ်မေ၀းပါ။ ကားနဲ့သွားရင် နှစ်မှတ်တိုင်လောက်ပဲ စီးရပါတယ်။ ဒါကြောင့် အေးအေးဆေးဆေးနဲ့ ခြေကျင်ပဲ လျှောက်သွားပါတယ်။ လမ်းတစ်၀က်လည်းရောက် သူငယ်ချင်းအာကာနဲ့ တွေ့လို့ …
““ဟေ့ ဧကရီ အတော်ဘဲ မင်းဆီလာမလို့လေ””
““ဟာ အခုငါဆွေမွန်တို့ အိမ်ခဏသွားမလို့ ကိစ်္စရှိလို့လား””
““အေးဟာ ငါမင်းကို အခွေလာပို့မလို့””
““ဘာအခွေလဲ သီချင်းခွေလား၊ နင့်သီချင်းအခွေ ထွက်တာလား မဟုတ်ပါဘူး””
““ငါ့ကို ဒီလောက်အထင်မကြီးပါနဲ့၊ ဟိုကောင်လေ သူကနေ ထူးအိမ်သင်သီချင်းကို သွင်းပြီးဆိုထားတာ ရှင်းရှင်းပြောရရင်ကွာ မင်းနဲ့ပတ်သက်ပြီး သူ့ခံစားရတဲ့ သီချင်းတွေ ပေါ့ဟာ”” အာကာလှမ်းပေးတဲ့ တိတ်ခွေကိုမငြင်းမိဘဲ ယူလိုက်မိတာ ဘာကြောင့်လဲ။ ဘာမှ မပြောရသေးခင် အာကာက ခပ်သုတ်သုတ်သွားလေ၏။
ငါဘာဖြစ်သွားတာလဲ။ ဆာယာရယ် မင်းရဲ့ ညှို့ကွင်းထဲ ငါတိုးများတိုး၀င်မိပြီလား မသိလိုက်ဘူး ငါဘာဖြစ်သွားလဲ။ အိုကွာ ရှုပ်တယ်။ နားထောင်ကြည့်လိုက်အုံးမယ်။ ဆွေမွန်အိမ်ရောက်အောင် ခပ်သွက်သွက် လျှောက်လေ၏။ ဆွေမွန်အိမ်တွင် လုပ်စရာ ပြောစရာရှိတာတွေ လုပ်ပြီး နားကြတယ်။ အဲဒီအခွေကိစ်္စကိုလည်း ဆွေမွန်ကို ပြောပြတော့ ဆွေမွန်က လက်ခုပ်တီးပြီး။
““ဟေ့ကောင် မင်းရဲ့ကောင်းလေးက လိမ်္မာသွားပြီ မင်းသိလား၊ ဒါပေမယ့် သူကလူဆိုးမှမဟုတ်တာ ၀တ်တာစားတာ နေတာထိုင်တာ မင်းဘ၀င်မကျတာဘဲရှိတယ် မဟုတ်လား””
““ဆွေမွန်ရယ် နင်မသိတာရှိသေးတယ် ငါ့ညီမလေးလေ””
““မူယာဘာဖြစ်လို့လဲ”” ဆွေမွန်အား အကြောင်းစုံပြောပြဖြစ်၏။ ဧကရီမှာလည်း ရင်ဖွင်ရမယ့် လူဆိုလို့ ဆွေမွန်ပဲရှိတယ်။ သူငယ်ချင်းလည်းဖြစ်၊ အလုပ်အကိုင်လည်းအတူ ဆိုတော့ တိုင်ပင်လို့ကောင်း၊ ““ဒါဆို မူယာက တကယ်ခံစားရလို့လား၊ ဒါပေမယ့် ဒီခေတ် ကလေးတွေက အပြောင်းအလဲမြန်တယ်။ မင်းရဲ့လူကို သူကြိုက်ချင်မှ ကြိုက်မှာပေါ့””
““တော်ပြီကွာ ဒီအကြောင်းတွေ မပြောတာဘဲကောင်းတယ် ကဲ အချိန်ကြာပြီ ငါလည်း ပြန်တော့မယ်”” ““အေးဟုတ်တယ် မင်းလည်း သီချင်းသွား ခံစားလိုက်ပါအုံး။ ဒီမှာ
မဖွင့်စေချင်ဘူးသိလား။ ဘာဖြစ်လို့လဲဆိုတော့ ဘာဘာညာညာ ပြောစရာတွေပါလာမှာ စိုးလို့ ပေါ့ ငါ့အိမ်ကလည်း ကက်စက်အသေးမရှိတော့နော်””
တိတ်ခွေကိုကိုင်ပြီး သူမထွက်လာသည်။ ဆွေမွန်က လှမ်းပြီး ““အခွေထဲမှာ ဘာ သီချင်းပါလဲဆိုတာ ငါ့ကိုပေးနားထောင်အုံးနော်။ မင်းရဲ့ ကက်စက်နဲ့လေ ကက်စက်အကြီးဆို သူများသိကုန်မှာပေါ့”” အိမ်အပေါက်၀ရောက်နေသော ဧကရီက ““လူတွေသိလေ ပိုကောင်း လေ”” ဆိုပြီး ထွက်လာခဲ့သည်။

(၅)

““ညီမလေး ဒီည မမခေါင်းကိုက်လို့ စောစောအိပ်မယ်နော်””
““ဟုတ်””
ဧကရီသည် တကယ်လည်း ခေါင်းကိုက်တယ်၊ တိတ်ခွေလည်း နားထောင်ချင်လို့ ကက်စက်ခွေကို ဖွင့်ဖွင့်ချင်း ပြောလိုက်တဲ့စကားတွေ တသီတတန်းကြီး ဘယ်ကတည်းက ချစ်တာ၊ ဘယ်လိုချစ်မိတာ စုံလို့ပါပဲ။ ပြီးမှ ထူးအိမ်သင်ရဲ့သီချင်းတွေ ““နှလုံးသားကျမ်းစာ”” မှစပြီး ခံစားနေရတဲ့ ခံစားချက်တေးတွေ ၤနနူငညါ အပြည့်နဲ့ ဆိုထားလို့လားမသိဘူး နားထောင်ရတာ အလိုလို ကရုဏာသက်မိတယ်။ ဧကရီသည် ဆာယာရိပ်ရဲ့ ရုပ်ပုံလေးကို မြင်ယောင်လာတယ်။ ထူထဲတဲ့ မျက်ခုံးနှစ်ဘက်၊ နှာတံပေါ်ပေါ်လေး ရီေ၀နေတဲ့ မျက်လုံးက နက်မှောင်နေလျက် နှုတ်ခမ်းတွေက နီရောင်သမ်းကာ ပါးကဖောင်းဖောင်းနဲ့ ယောကျာ်းတစ်ဦး ရဲ့ ရူပကာနဲ့ ပြည့်စုံပါပေတယ်။ တကယ်တော့ သူ့ကို မချစ်တာ သူ့မှာ ဘာအပြစ်မှမရှိ။ မိဘတို့၏စီးပွားကို သူဆက်ပြီ လုပ်နေရသူ ခေတ်ဆန်ပေမယ့် ကလေကချေမဟုတ်။ မျက်စိ ထဲမှာ ကြည့်မရတာ အ၀တ်အစားတွေက တရားခံဖြစ်နေတာပဲ။ ခွေထဲမှာ နောက်ဆုံးပါတာ တစ်ခု (  ) နေ့မှာ (  ) နေရာတွင် (  ) အချိန်မှာ ခဏစကားပြောခွင့်ပြုပါ”” ဆိုပြီး အဆုံး သတ်ထားတယ်။ ဧကရီနှုတ်မှ ““ကြိုးစားကြည့်မယ်လေ”” ဆိုပြီး အဲဒီနေ့မှာ ဧကရီရောက်ခဲ့ တယ်။ မဖြစ်နိုင်တဲ့ အရာတစ်ခု ငါဖြစ်ခွင့်ပြုလိုက်မိပါလား။
““ဧကရီ ဘာလို့ကိုယ့်အချစ်ကို မယုံကြည်တာလဲ””
““နင်က ငါယုံကြည်လောက်အောင် အနေအထိုင်မှမတတ်တာ၊ ဒါပေမယ့် နင်ရဲ့ ပြောင်စပ်စပ် ဘရုတ်တတ်တဲ့ အမူအရာအကျင့်တွေ ပြောင်းလဲတဲ့ နေ့တစ်နေ့မှာပေါ့ …””
““ကိုယ့်ကိုချစ်အောင် ချစ်နိုင်အောင် ကြိုးစားပေးပါ ဧကရီ၊ ကိုယ့်ရဲ့ စစ်မှန်တဲ့အချစ်နဲ့ ဧကရီချစ်လာမယ့်နေ့အထိ ကိုယ်စောင့်မှာပါ။ ဧကရီမနှစ်သက်တဲ့ အမူအကျင့်တွေလည်း ကိုယ်ကြိုးစားပြီး ဖျောက်ဖျက်မှာပါ”” ဆာယာပြောသမျှကို ဧကရီက ငြိမ်ပြီးနားထောင်နေ တယ်။ ““ကဲ ပြောလို့ပြီးပြီလား””
““ကိုယ်ပြောချင်တာတွေ ပြောခွင့်ပြုပါအုံး၊ ဟိုတနေ့က ကောင်မလေးတစ်ယောက်နဲ့ လမ်းမှာတွေ့ခဲ့တယ်”” ကောင်မလေးဆိုတာနဲ့ ဧကရီခေါင်းထောင်လာတယ်။ မူယာများဖြစ် မလားလို့။
““သူ့ကို ကောင်လေးတွေက လိုက်နှောင့်ယှက်လို့ ကိုယ်ကလည်း ၀င်ကူ ဖြေရှင်းပေးလိုက်တာပါပဲ၊ အဲဒီမှာ မိတ်ဆွေဖြစ်သွားတယ်၊ ဆယ်တန်းကျောင်းသူလေးပဲ ဧကရီတို့ အိမ်နားကလားမသိဘူး””
““ဆာယာနဲ့ သူခင်သွားသေးလား””
““အင်း နာမည်ပဲ ပြောဖြစ်သွားတာပါ၊ သွက်သွက်ကလေးပဲ၊ နောက်ပိုင်း မတွေ့တော့ ပါဘူး”” ဧကရီဘာမှ ၀င်မပြောတော့ပါ။
““ကိုယ်ကျောင်းပြီးရင် လက်ထပ်ခွင့်ပေးမှာလား ဧကရီ””
““လက်ထပ်ဘို့ မပြောပါနဲ့အုံး၊ ဒို့ဆီက ဘာအဖြေမှ မရသေးဘဲနဲ့””
““သေချာတာတစ်ခုရှိတယ် ဧကရီ ဒါက ကိုယ့်ရဲ့ မင်းအပေါ်ထားတဲ့ အချစ်နဲ့သစ်္စာ ဟာ ကိုယ့်ကိုမငြင်းနိုင်အောင် နေပြသွားမယ်။ ကိုယ်ယုံထားတယ်။ ဧကရီကိုရော ကိုယ့်ရဲ့ သစ်္စာတရားကိုပါ ပျောက်ပျက်မသွားဘူးဆိုတာပဲ””
““ကဲ ပြောလို့ပြီးရင်း ဒို့ကို သွားခွင့်ပြုပါ””့ွ့ှ နောက်ဆုံးနှစ်ကျောင်းသားတစ်ဦး အနေနဲ့ ချစ်သူရှာမယ်ဆိုရင် ရဖို့လွယ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဧကရီအပေါ်ထားတဲ့အချစ် က ယုံကြည်လောက်ပါတယ်။ ကိုယ်နဲ့ အသင်းတော်ချင်း တူတာလည်းမဟုတ်။ မေဂျာချင်း တူတာလည်း မဟုတ်ဘဲနဲ့ ဆုံခဲ့ကြတာ အံ့သြစရာတော့ ကောင်းသား။ အို … ဘုရားသခင် အလိုတော်ပဲ …။
(၆)

မူယာတို့ သူငယ်ချင်းတစ်စု့ွ့ှ ကျောင်း၀င်းထဲသွားပြီး ဆာယာရိပ်ကို သွားရှာကြ တယ်။ စကားတွေအများကြီး ပြောကြတယ်။ ဆယ်ကျော်သက်အရွယ်တွေဆိုတော့ ဆာယာ ဘာမှမပြောဘဲ နေလိုက်တယ်။ မူယာက ဆာယာအား ““ချစ်သူရှိလား”” လို့ မေးလိုက်တော့ ““ကျောင်းပြီးရင် လက်ထပ်မယ်လို့ ဆုံးဖြတ်ထားတယ်”” လို့ ပြောလိုက်တဲ့အခါမှာ ကလေးမ တစ်စုဟာ ငြိမ်သွားသည်။ စကားစမြည်ပြောရင်း စာငှက်တစ်သိုက် ပြန်ထွက်လာတယ်။ ဆာယာခေါင်းရှုပ်သွားတာပဲ။ နောက်ပိုင်း ပေါ်မလာတော့ နားငြီးသက်သာသွားတယ်။ ဆာယာ သည် ဧကရီထံခွင့်တောင်းပြီး အိမ်အလည်လာချင်ကြောင်း ဆိုလာသည်။ ဧကရီက ခွင့်မပြု ပေ။ ဒါပေမယ့် ဆာယာရဲ့အချစ်ကို လက်ခံဘို့ သူမဆုံးဖြတ်လိုက်ပြီ။ မူယာ၏ အဖြစ်အပျက်ကို ခဏမေ့ထားလိုက်တယ်။ ဆာယာသည် အ၀တ်အစားအမူအရာ အပြောအဆို သိသိသာသာ ပြောင်းလဲလာတာကို မြင်ရတယ်။
ဧကရီသည် သူလိုလားသောစံနှုန်း သူမျှော်လင့်ခဲ့သောပုံစံ ဆာယာရိပ်၌ ပြည့်စုံလာဖို့ အချိန်နီးလာပြီ ဖြစ်တဲ့အတွက် ဧကရီရင်ခုန်နေမိတယ်။ ဆာယာရဲ့ မျှော်လင့်ချက်လည်း ပြည့်စုံလာတော့မှာပါ …။

(၇)

““ညီမလေး စာကျက်ချိန်တန်ပြီ””
““မမ ဒီည မီးစာမကျက်ချင်တော့ဘူး””
““ညီမလေးရယ် စာမေးပွဲက နီးနေပြီလေ လာ လိမ်္မာပါတယ်ကလေးရယ်”” မူယာရဲ့ အမူအရာဟာ သိပ်မဟန်ပါ လေးလံထိုင်းမှိုင်းနေသလို ခံစားရတယ်။ သူမကို မေးကြည့်ရမယ်။
““ကဲ ဒီည သုတ်္တံကျမ်းရောက်ပြီနော်”” နှစ်ယောက်သား ကျမ်းစာဖတ်ပြီး ဧကရီက ဆုတောင်းသည်။ ဆုတောင်းပြီးပြီးချင်း မူယာက ““မမ ရည်းစားရှိလား””
““ထူးဆန်းပါလား ဘာဖြစ်လို့လဲ ညီမလေးရယ် စာက အရေးကြီးတယ်””
““မဟုတ်ဘူးမမရဲ့ တကယ်လို့ မမချစ်သူရှိရင် မင်္ဂလာဆောင်မှာပေါ့နော် ဆောင်ပြီး ရင် ယောကျာ်းနဲ့လိုက်သွားရင် မီးတစ်ယောက်တည်း အိမ်မှာ နေခဲ့ရမှာပေါ့””
ညီမလေးရယ် ဒါက အေ၀းကြီးမှာ ရှိသေးတယ်။ မစဉ်းစားနဲ့အုံးနော်၊ ကဲ ဒီည (ငြသ) ကျက်ရမယ်နော်”” ကလေးဆန်ဆန်ဘာမှ မသိသလိုမျိုးပုံစံနဲ့ မမနဲ့ဆာယာချစ်သွား ပြီဆိုတဲ့အသိက သူ့ရင်ကို ရိုက်ခတ်သွားတယ်။ ဧကရီရဲ့ဒိုင်ယာရီ တိတ်ခွေတွေ မူယာတွေ့ ထားခဲ့လို့ပါပဲ။ ကလေးလိုနေခဲ့တဲ့ အမူအရာတွေကို နောင်တရမိတယ်။ ““သြော် ကိုဆာယာ နှစ်သက်တဲ့ပုံစံက မမတို့လို အိနြေ္ဒရှိရှိ ယဉ်ကျေးတဲ့ မြန်မာဆန်ဆန် ကျောင်းဆရာမလေး ပါလား”” ““ငါလည်း မမလိုနေဖို့ ကြိုးစားရမယ်””
မူယာ၏ အာရုံထဲမှာ မမရဲ့ ယဉ်ယဉ်လေးလှတဲ့ ပုံစံလေးကို မြင်ယောင်လာတယ်။ ဆံပင်ရှည်ရှည်နဲ့ ကြက်သရေရှိတဲ့မမ။ ကို်ဆာယာရဲ့ ရွေးချယ်တတ်မှုကို မူယာ ချီးကျူးမိတယ်။
အဲဒီညမှာ မမနဲ့ ကိုဆာယာရဲ့ပုံရိပ်တွေက သူ့ကို လွှမ်းမိုးနေခဲ့တယ်။ စာဆက်ကျက် ၍ မရတော့ပါ။ မမက သူ့ကို မုန့်နဲ့ကော်ဖီ ယူလာပေးတယ်။ ဂရုစိုက်ပြီး စာကြည့်ပေးတယ်။ မမဟာ သူမရဲ့ ““စံ”” သူမရဲ့ ဓံနမသဓ ဆိုတာ တစ်နေ့တခြား တွေးတွေးမိလာတယ်။
မမပြောနေတဲ့ စကားကို နားထဲ ကြားယောင်လာတယ်။
““ညီမလေး လူဆိုတာ ရည်ရွယ်ချက်ရှိရတယ်။ ကျောင်းဆရာလုပ်ဖို့ ရည်ရွယ်ရင် ကျောင်းဆရာဖြစ်အောင်လုပ်၊ ဆရာ၀န်ဖြစ်ရမယ်လို့ ရည်ရွယ်ရင် ဆရာ၀န်ဖြစ်အောင်လုပ်၊ အင်ဂျင်နီယာဆိုလည်း အင်ဂျင်နီယာပေါ့။ ရည်ရွယ်ချက် မတိမ်းစောင်းရဘူး။ ဒီထက်မြင့် အောင် ကြိုးစားလို့ရရင် ပိုကောင်းတာပေါ့””
မမရေ ကျေးဇူးပါပဲ။ မမရဲ့ သွန်သင်မှု၊ နေထိုင်မှုတွေဟာ မူယာအတွက် အတုယူစရာကောင်းတယ်လို့ သတ်မှတ်လိုက်တဲ့အချိန်မှာ ဆယ်တန်းကို ဓီဓ များများနဲ့ အောင်မြင်ဘို့ ဆုံးဖြတ်လိုက်တယ်။

(၈)

သစ်္စာရှိရှိ၊ ယုံကြည်မှု အပြည့်နဲ့ စောင့်ဆိုင်းရင် ကိုယ်လိုချင်တဲ့အရာ အမှန်ရမယ် ဆိုတာ ဆာယာရိပ် ယုံလိုက်ပါပြီ။ ယာကုပ်တောင်မှ ရာခေလကို ပိုင်ဆိုင်နိုင်ဘို့ (၁၄)နှစ် တောင် စောင့်စားခဲ့ရတာ။ ဆာယာရိပ်ကရော ဘယ်နှစ်နှစ်တောင် စောင့်လိုက်ရလဲဆိုပြီး ကိုယ့်ကိုယ်ကို မေးခွန်းထုတ်မိသူ ဆာယာရိပ်-
““ဧကရီ ကျေးဇူးတင်ပါတယ်။ ကိုယ်လိုအပ်နေတဲ့ မင်းရဲ့အချစ်ကို မင်းပေးနိုင်ခဲ့ လို့ပေါ့””
““မဟုတ်ပါဘူး ဆာယာ သစ်္စာရှိရှိနဲ့ တခြားသူထံ အချစ်ပြောင်းမသွားလို့ ဧကရီကို ပိုင်ဆိုင်ခွင့်ရသွားတာပါ””
ချစ်သူနှစ်ဦး၏ ကြည်နူးမှုသည် ကြည်လင်သော မိုးကောင်းကင်အောက်က ပြေးလွှားနေတဲ့ တိမ်လွှာတွေတောင် အားကျနေသေးတယ်။ ပန်းကလေးတွေကလည်း ပြုံးရွှင် လျှက်-
သို့သော်လည်း သံေ၀ဂရသော တစ်စုံတစ်ဦး၏နှလုံးသားမှာ တစ်စုံတစ်ရာကို တိတ်တဆိတ် ခံစားနေရတယ်ဆိုတာ ဘယ်သူမှ မသိလိုက်ပါ။ ဒါပေမယ့် ကျေနပ်လိုက်မိတဲ့ အရာကိုတော့ ရရှိသွားခဲ့ပါတယ်။

မေသစ္စာ (ထား၀ယ်)

Save