သစ်လွင်ယုံကြည်သူများ၏ ပထမခြေလှမ်းများ

“သင်တို့သည်သခင်ယေရှုခရစ်ကိုခံယူပြီးသည်ဖြစ်၍၊…ထိုသခင်၌ကျင်လည်ကြလော့။” (ကောလောသဲ ၂း၆ ) သခင်ယေရှုကို သင့်ကယ်တင် ရှင်အဖြစ် မည်သို့လက်ခံခဲ့သနည်း။ ယုံကြည်ခြင်းအားဖြင့်မဟုတ်လော။ ဆိုလိုသည်မှာ ကိုယ်တော်ကို ယုံကြည်သောအားဖြင့် သင်လက်ခံခဲ့ သည်။ “ထိုသူကိုလက်ခံသမျှသောသူတည်း ဟူသော ကိုယ်တော်ကို ယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။” (ယောဟန် ၁း၁၂ )။ ယုံကြည်ခြင်းသည် လက်ခံခြင်းဖြစ် သည်။ ကယ်တင်ခြင်းအတွက် ထိုယုံကြည်ခြင်း တစ်ခုသာ လိုအပ်သည်။ သစ်လွင်ယုံကြည်သူတစ်ဦးအနေဖြင့် မည်သည့်အရာများလုပ်ရမည် နည်း။ ကိုယ်တော်အား ယုံကြည်ခြင်းဖြင့် လက်ခံခဲ့သည်နည်းတူ ယုံကြည်ခြင်းအားဖြင့် “ကိုယ်တော်၌ လျှောက်လှမ်းရမည်”။  “ဖြောင့်မတ်သောသူမူကား၊ မိမိယုံကြည်ခြင်းအားဖြင့် အသက်ရှင် လိမ့်မည်။”( ဟဗက္ကုတ်၂း၄၊ ရောမ ၁း၁၇၊ ဂလာတိ၃း၁၁၊ ဟေဗြဲ၁၀း၃၈ တို့ကိုဖတ်ပါ။…

Read More

ဘယ်နှကြိမ် သင်မွေးဖွားပြီးပြီလဲ

တစ်ကြိမ်သာ သင်မွေးဖွားပါက နှစ်ကြိမ်သင်သေရမည်။ သို့သော် နှစ်ကြိမ် သင်မွေးဖွားပါက တစ်ကြိမ်ထက် ပိုမသေရပါ။ ဆက်ဖတ်ပါ၊ သင်နားလည်လာပါလိမ့်မည်။ ၁၉၇၆ ခုနှစ်၊ ဂျင်မီ ခါတာ ( Jimmy Carter ) သမ္မတဝင်ပြိုင်စဉ်၌ သူသည် အများလန့်စေသည့် မိန့်ခွန်းတစ်ခုကို ပြောခဲ့သည်။ သူသည် ဒုတိယအကြိမ် မွေးဖွားပြီး ဖြစ်ကြောင်းပြောခဲ့သည်။ တစ်နိုင်ငံလုံး ပြည်သူများက “ သူဘာပြောနေတာလဲ” ဟု မေးခွန်းထုတ်ကြသည်။ နောက်၌မူ ‘ ဒုတိယမွေးဖွားခြင်း’ သည် အသုံးများသော စကားတစ်ခု ဖြစ်လာသည်။ ယခုဆိုလျှင် သမ္မတလောင်းများကို “ ဒုတိယ မွေးဖွားခြင်း ခံပြီးလား” ဟု မေးမြန်းခြင်းမှာ အဆန်းမဟုတ်တော့ပေ။ ဂျင်မီခါတာ…

Read More

ဟေရှာယ၏ ဧဝံဂေလိတရား

ဟေရှာယသည် ဓမ္မဟောင်းကျမ်းမှ ပရောဖက်တစ်ဦးဖြစ်သည်။ သူ၏ ဆက်ကပ်မှုကို “ အကျွနု်ပ်ရှိပါ၏” ဟူသော စကားအားဖြင့် တိုင်းတာ ခြုံငုံနိုင်သည်။ ထိုစကားသည် ယေရုရှလင်ဗိမာန်တော်၌ ဘုရားသခင်၏ ဘုန်းတော်ရူပါရုံမြင်မက်ခဲ့ပြီးနောက် သူပြောသော စကားဖြစ်သည်။ ထိုအချိန်၌ သူသည် မိမိညစ်ညူးမှုကို သိမြင်ပြီး သန့်ရှင်းစင်ကြယ်စေခြင်း ကို လက်ခံရရှိကာ မိမိဘဝအသက်တာကို အပ်နှံခဲ့သည်။ သူသည် ဘုရားသခင်၏ မြင့်မြတ်တော်မူခြင်းနှင့် သန့်ရှင်းတော်မူခြင်းကို လေးနက်စွာ နားလည်ပြီး ထိုအကြောင်းကို မရပ်မနား ဟောပြော ခဲ့သည်။ သူရေးသားသော ဟေရှာယအနာဂတ္တိကျမ်းတစ်လျှောက်လုံးတွင် ဘုရားသခင်အား “ ဣသရေလ၏ သန့်ရှင်းသော ဘုရား” ဟု ၂၈ ကြိမ်တိုင်တိုင် ဖော်ပြထားသည်။ ကျန်ကျမ်းတစ်ခုလုံး စုစုပေါင်းလျှင်ပင် ၆…

Read More