စိတ်ချမှုစကား သုံးခွန်း

ယနေ့ သင်သေဆုံးပါက ကောင်းကင်ဘုံကို သင်ရောက်လိမ့်မည်လော။ အများစုက ဤမေးခွန်းကို “ ရောက်မယ်လို့ မျှော်လင့်ပါတယ်” ဟု တုန့်ပြန်တတ်ကြသည်။ “ ဟုတ်ကဲ့၊ ကျွနု်ပ်ကောင်းကင်ဘုံကို ရောက်မယ်” ဟု အနည်းစုကသာ ဖြေကြားသည်။ သင်ကော မည်သို့ ဖြေကြားမည်နည်း။ အသက်ကြီးသော တရားဟောဆရာတစ်ယောက်မှာ ထောင်ထဲ ဝင်ထွက်သည့် အကြိမ်များနေခဲ့သည်။ အမာရွတ်ပြည့်သော သူ့ကြောပြင်သည် သူတွေ့ကြုံရသော ကြောက်မက်ဘွယ် ဒုက္ခဝေဒနာကို သက်သေပြနေသည်။ ယုံကြည်ခြင်း၌ သူ့သားဖြစ်သော တိမောသေကဲ့သို့ ထိုရှင်ပေါလုနှင့် နီးကပ်သူ၊ သူ့ကိုချစ်မေတ္တာထားသူ မရှိပါ။ သေရတော့မည့်အချိန်နီးကပ်ကြောင်းသိသည်တွင် ထိုတမန်တော် ရှင်ပေါလုက သူ၏ ထာဝရကယ်တင်ခြင်းစိတ်ချမှုကို အောက်ပါ ကျမ်းပိုဒ် တွင် ဤသို့ဆိုထားသည်။ “ထိုအကြောင်းကြောင့် ဤဆင်းရဲ…

Read More

ရေတွင်းနားက အမျိုးသမီး

“ လူသားသည် ပျောက်သော သူတို့ကိုရှာ၍ ကယ်တင်အံ့သောငှါ ကြွလာသတည်း..” (လုကာ ၁၉း၁၀)။ ယေရှုခရစ်သည် အပြစ်သားများကယ်တင်ရန် လောကသို့ ကြွရောက်လာခဲ့သည်။ ကိုယ်တော်က “ ..ကျန်းမာသော သူတို့သည် ဆေးသမားကိုအလိုမရှိကြ။ နာသောသူတို့သာလျှင် အလိုရှိကြ၏။… ဖြောင့်မတ်သောသူတို့ကို နောင်တသို့ခေါ်ခြင်းငှါ၊ ငါလာသည်မဟုတ်။ ဆိုးသောသူ တို့ကိုခေါ်ခြင်းငှါ၊ ငါလာသတည်း..” ဟု မိန့်တော်မူခဲ့သည်( မဿဲ ၉း၁၂၊၁၃)။ ရှင်ယောဟန်အခန်းကြီး ၄၌ ဤ သမ္မာတရား၏ သက်သေသရုပ်ဖော် ထားသည်ကို တွေ့ရသည်။ ယေရှုနှင့် တပည့်တော်များ ယုဒပြည်မှ ထွက်သွား၍ မြောက်ပိုင်းဒေသရှိ ဂါလိလဲပြည်သို့ ဦးတည်ခဲ့ကြသည်။ ယုဒလူအများစုမှာ ရှမာရိပြည်ကို မဝင်ဘဲ အရှေ့ခြမ်းမှ ပတ်၍ ခရီးသွားလေ့ရှိသည်။ “…

Read More

လူဖြစ်သော ယေရှုခရစ်တည်းဟူသောအာမခံတစ်ဦး

“ဘုရားသခင်တဆူတည်းရှိတော်မူ၏။ ဘုရားသခင်နှင့် လူတို့၏ စပ်ကြား မှာ၊ လူဖြစ်သော ယေရှုခရစ်တည်းဟူသော အာမခံတဦးတည်း ရှိ၏။ ထိုအာမခံသည် လူအပေါင်းတို့ကို ရွေးအံ့သောငှါ ကိုယ်ကိုကိုယ် စွန့်တော်မူပြီ”( ၁ တိမောသေ ၂း၅၊၆ ) အာမခံ။ အာမခံ ဆိုသည်မှာ အဘယ်နည်း။ ဤ အာမခံ ( Mediator ) ဟူသော စလုံး၏ အဓိပ္ပါယ်ကို Webster’s New World Dictionary တွင် ရှာမတွေ့နိုင်သည်မှာ ထူးဆန်းလှသည်။ New King James Version မှ လွဲ၍ အခြားဘာသာပြန်ကျမ်းများ၏ ဓမ္မဟောင်းကျမ်းတွင်လည်း ဤ စလုံးကို မတွေ့ရချေ။ NKJV ကမူ…

Read More

ကြီးမြတ်လှသော ကယ်တင်ခြင်း

ရေတပ်စစ်ဆင်ရေးသင်တန်းမှ စခန်းသွင်း သင်တန်းနည်းပြ တစ်ဦးက “ ငါ့စကားကို နားမထောင်ရင် အကျိုးဆက်ကို ကိုယ့်ဟာကို ပေးဆပ်ကြပါ” ဟု အော်ဟစ်နေသည်။ သင်တန်းသားလူသစ်များက လှောင်ပြုံးပြုံးလျက် “ ငါတို့ နားထောင်ချင်တဲ့နေရာမှာဘဲ နားထောင်မှာပေါ့” တွေးကြသည်။ ထို၌ နည်းပြက ဆက်ပြောသည်မှာ “ဒီနေ့ ဓါတ်ငွေ့ခန်းထဲမှာ အချိန်တော်တော်ကြာ လေ့ကျင့်ခန်း ဆင်းကြမယ်။ ဒါကြောင့် ဓါတ်ငွေ့ကာမျက်နှာဖုံးတပ်ဆင်နည်းကို ငါသင်ပေးမယ်” ဟူ၍။ ထိုအခါ သင်တန်းသားအားလုံးလည်း စကားပြန်နားထောင် ကြသည်။ ကျမ်းစာက အရေးကြီးလှသော မေးခွန်းကို တည်ကြည်ပြတ်သားစွာ မေး သည်။ “ ဤမျှလောက်ကြီးစွာသော ကယ်တင်တော်မူခြင်းတရားကို ငါတို့သည် နားမထောင်ဘဲနေလျှင် အပြစ်ဒဏ်နှင့် အဘယ်သို့ လွတ်ကြ လိမ့်မည်နည်း”…

Read More

ယေရှုခရစ်၏ ဧဝံဂေလိသတင်းကောင်း

ကျမ်းစာ၏ အရေးကြီးဆုံးသော သတင်းစကားမှာ ယေရှုခရစ်၏ ဘုန်းကြီးသော ဧဝံဂေလိတရား ပင်ဖြစ်သည်။ တပည့်တော်များထံ ကိုယ်တော်နောက်ဆုံးမိန့်ဆိုခဲ့သော အမိန့်တော်မှာ “ သင်တို့သည် လောကီနိုင်ငံအရပ်ရပ် ရှိသမျှသို့ သွား၍၊ ဝေနေယျသတ္တဝါအပေါင်းတို့အား ဧဝံဂေလိတရားကို ဟောကြလော့” ( မာကု ၁၆း၁၅ )ဟူ၍ ဖြစ်သည်။ ထိုတရားသည် လူတိုင်းကြားနာရန်လိုအပ်သည့် ယေရှုခရစ်၏ တရားပင်ဖြစ်သည်။ “ ထိုသခင်၏ နာမတော်မှတပါး ငါတို့ကိုကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိ” ( တမန်တော် ၄း၁၂ )။ ကိုယ်တော်သည် သက်ရှိထင်ရှားခဲ့ဖူးသမျှတို့ ၌အကျော်ကြားဆုံးပုဂ္ဂိုလ်ဖြစ်သည်။ အသက်တာတော်နှင့် သွန်သင်တော်မူချက်တို့၏ လူတို့အပေါ် လွှမ်းမိုးနိုင်စွမ်းသည် အဘယ်သူ၌မျှ မရှိသောအရာပင်။ နိုင်ငံတကာက သူ၏…

Read More

သတင်းကောင်း – အဖွင့်မိတ်ဆက်

သတင်းကောင်းဆိုသည်မှာ ကျွနု်ပ်တို့အပြစ်အတွက် အသေခံ၍ သင်္ဂြိဟ်ခြင်းခံရပြီး သေခြင်းမှ ပြန်လည် ထမြောက်တော်မူသော ဘုရားသခင့် သားတော် သခင်ယေရှုခရစ်၏ ဘုန်းကြီးသော ဧဝံဂေလိ သတင်းတော်ပင် ဖြစ်သည်။ ကိုယ်တော်သည် မိမိကို ယုံကြည်သော သူတို့အားထာဝရအသက်ကိုကတိပေးတော်မူသည်။ (ယောဟန် ၃း၁၆ )။ ထိုသတင်းကောင်းကို အောက်ပါအတိုင်း ရိုးရှင်းစွာ ဝေဌနိုင်သည်။ · ကြီးမြတ်လှသော ကယ်တင်ခြင်း- လူအများသည် ကယ်တင်ခြင်း အကြောင်းကို လုံးလုံးနားမလည်ကြပေ။ ကယ်တင်ခြင်းလိုအပ်မှု၊ ကယ်တင်ခြင်းလမ်းစဉ်၊ ကယ်တင်ခြင်း၏ ရလာဒ်စသည်တို့ကို ရှင်းလင်းစွာ ဖော်ပြထားသည်။ · အကြိမ်မည်မျှ သင်မွေးဖွားသနည်း- ယေရှုက ယုဒဘာသာရေး ခေါင်းဆောင်တစ်ဦးကို “ ဒုတိယမွေးဖွားခြင်းခံရမည်” ဟု မိန့်ဆို ခဲ့သည်။ သတင်းကောင်းမှာ…

Read More

ဗလာနတ္ထိကြီး ရှိခဲ့ပါသလား?

အချိန်၏အစနှင့် စကြာဝဠာ၏ဇစ်မြစ်အကြောင်းတွေးတောခြင်း ဘုရားသခင်ရဲ့ သွင်ပြင်လက္ခဏာခြောက်ပါး အစကနဦးအကြောင်းကို သင် စဉ်းစားဖူးပါသလား? သင် ဘယ်လိုဖြစ်မယ်လို့ထင်ပါသလဲ? ပထမဦးဆုံး ဖြစ်ပေါ်လာတဲ့အရာဘာမဆို။ ဒါမှမဟုတ် အချိန်အစောဆုံးကာလမှာ ဒီနေရာမှာ အရင်ဆုံးရှိခဲ့တဲ့အရာဘာမဆိုပေါ့။ သင့်ဦးနှောက်ကို ညှစ်ထုတ်ပြီးတော့ ဒီအကြောင်းအရာကို စဉ်းစားဖူးပါသလား? ခဏလေး၊ အစကနဦးတုန်းက ဘာမှမရှိခဲ့ဘူးဆိုတာမဖြစ်နိုင်ဘူးလို့ သင်ပြောပါသလား? လွန်ခဲ့တဲ့ နှစ်ပေါင်းအသချေၤအနန္တကြာတုန်းက လုံးဝ ဘာမှမရှိခဲ့ဘူးဆိုတာ မဖြစ်နိုင်ဘူးလား? အဲဒါ စဉ်းစားရမယ့် သီအိုရီတစ်ခုပါပဲ။ ဆိုတော့ အဲဒါကိုစဉ်းစားရအောင် — နှိုင်းယှဉ်ချက်တွေနဲ့ အရင်စဉ်းစားရအောင်။ သင့်မှာ အခန်းအကြီးကြီးတစ်ခုရှိတယ် ဆိုကြပါစို့။ အဲဒါ ဘောလုံးကွင်းတစ်ကွင်းစာလောက်ရှိပြီးတော့ အလုံပိတ်ကြီးလို့ ပြောရအောင်။ အခန်းက သော့အသေပိတ်ထားတယ်။ တံခါးမတွေ၊ ပြတင်းပေါက်တွေမရှိ၊ နံရံမှာတောင် အပေါက်လေးတွေမရှိဘူး။ အခန်းထဲမှာ…

Read More

ဘုရားသခင် ဘယ်သူလဲ?

ဘုရားသခင်ဟာ ဘယ်သူဖြစ်သလဲ? ဘုရားသခင်က ဘာနဲ့တူသလဲ? ဘုရားသခင်ရဲ့ သွင်ပြင်လက္ခဏာခြောက်ပါး ကြီးမားတဲ့အကျယ်အဝန်းပမာဏနဲ့ ဆန်းကျယ်တဲ့အနုစိတ်လက်ရာတွေနဲ့ပြည့်နှက်တဲ့ ဒီစကြာဝဠာကြီးကို ဖန်ဆင်းခဲ့တဲ့ဘုရားသခင်ကို ကျနော်တို့သိနိုင်ပါတယ်။ ဘုရားက သူ့အကြောင်းကိုပြောပြရုံမကပဲ တခြားအရာတွေလည်းပြုလုပ်ခဲ့ပါတယ် ။ သူက ကျွန်တော် သူ့ကိုသိလာနိုင်ဖို့နဲ့ သူနဲ့ အဆက်အသွယ်ရှိလာဖို့အတွက် အမြဲပဲ ဆန္ဒရှိနေတာဖြစ်ပါတယ် ကျွန်တော်တို့သူ့ကို သိရုံသိခြင်းမျိုးမဟုတ်ဘဲ အတွင်းကျကျ ရင်းနှီးကျွမ်းဝင်နိုင်ပါတယ်။ “ထာဝရဘုရားမိန့်တော်မူသည်ကား၊ ပညာရှိသောသူသည် မိမိပညာ၌ မဝါကြွားစေနှင့်။ ခွန်အားကြီးသောသူသည် မိမိခွန်အား၌ မဝါကြွားစေနှင့်။ ဥစ္စာရတတ်သောသူသည် မိမိဥစ္စာ၌ မဝါကြွားစေနှင့်။ ဝါကြွားသောသူမည်သည်ကား၊ ငါသည်မြေကြီးပေါ်မှာ ချစ်သနားခြင်း၊ တရားသဖြင့် စီရင်ခြင်း၊ ဖြောင့်မတ်ခြင်းကိုပြုသောဘုရားဖြစ်ကြောင်း တည်းဟူသော၊ ငါ့သဘောကို နားလည်ခြင်း၌သာ ဝါကြွားစေ။ ငါသည် ထိုအရာတို့၌မွေ့လျော်သည်ဟု ထာဝရဘုရားမိန့်တော်မူ၏။” (ယေရမိ…

Read More

ဘုရားရှိသလား?

ဘုရားဆိုတာရှိသလား? ဘုရား အမှန်တကယ်ရှိတယ်ဆိုတာယုံကြည်ဖို့ ရှင်းလင်းတိကျသော အကြောင်းပြချက်များ (၆)ချက် ပြောပြပါမယ်။ မေရီလင်းအာဒမ်ဆင်ထံမှ ဘုရားရှိတယ်ဆိုတဲ့အထောက်အထားကို တစ်ယောက်ယောက်က တစ်ကြိမ်တစ်ခါလောက် သင့်ကိုပြတာမျိုး မလိုချင်ဘူးလား? အကျပ်ကိုင်တာမျိုး မဟုတ်ပါဘူး။ “ယုံသာယုံလိုက်ပါ” လို့လည်း မဆိုပါဘူး။ ဟုတ်ပြီ၊ ဘုရားရှိတယ်ဆိုတဲ့ အကြောင်းပြချက်တချို့ကိုသာ ဘွင်းဘွင်းရှင်းရှင်းပဲ ပြောလိုက်ပါရစေ။ ဒါပေမယ့် ဒါကိုအရင်စဉ်းစားပါ။ ဘုရားတည်ရှိခြင်းရဲ့ ဖြစ်နိုင်ခြေရှိမှုတွေနဲ့ ပတ်သက်လာရင်၊ သမ္မာကျမ်းစာထဲမှာပြောထားတာက- တချို့သောသူတွေက ခိုင်လုံတဲ့အထောက်အထားတွေ တွေ့သော်လည်းပဲ ဘုရားနဲ့ပတ်သက်တဲ့အမှန်တရားတွေကို ချိုးနှိမ်ထားကြတာပဲဖြစ်တယ်လို့ပြောပါတယ်။၁ ဒါပေမယ့် ဘုရားရှိလားသိချင်တဲ့သူတွေအတွက် ဘုရားက “ငါ့ကို ရှာသောအခါ၊ စိတ်နှလုံးအကြွင်းမဲ့နှင့်ရှာလျှင် တွေ့ကြလိမ့်မည်။ ငါသည်လည်း သင်တို့အတွေ့ကို ခံမည်။”၂ လို့ ပြောပါတယ်။ ဘုရားရှိကြောင်းဖော်ပြချက်တွေ မကြည့်ခင်မှာ ကိုယ့်ကိုယ်ကို မေးကြည့်ပါ၊…

Read More

The Prince Of Egypt (1998)

Prince of egypt ဒီအန်နီမေးရှင်းဇာတ်လမ်းလေးမှာ Imdb 7 အထိရရှိထားပြီး မိသားစုနဲ့အတူကြည့်နိုင်တဲ့ ကားကောင်းလေးတစ်ကားပါ။ မိတ်ဆွေအချင်းချင်းရိုင်းပင်းကူညီမှုနဲ့ ကြိုးစားအားထုတ်ရင် ဘာမဆိုဖြစ်လာနိုင်တယ်ဆိုတာကို မီးမောင်းထိုးပြထားတဲ့ ပညာပေးအန်နီမေးရှင်းဇာတ်ကားကောင်းတစ်ကားဆိုလည်း မမှားပါဘူး။ ဇာတ်လမ်းအညွှန်းဆိုရရင်တော့ဖြင့်  တစ်ခါကအီဂျစ်နိုင်ငံမှာ Moses နဲ့ Ramses ဆိုတဲ့ညီအကိုနှစ်ယောက်အကြောင်းနဲ့စတင်ထားပါတယ်။တစ်ယောက်ဟာ နန်းညွန့်နန်းလျာအဖြစ်ကြီးပြင်းလာခဲ့ပြီးတော့ ကျန်တစ်ယောက်မှာတော့  မိဘမဲ့အဖြစ်ကြီးပြင်းလာခဲ့ကြရပါတယ်။ဘာကြောင့်လဲဆိုတာတော့မပြောတော့ပါဘူး။ သူတို့နှစ်ယောက်ဟာ သူငယ်ချင်းတွေအဖြစ်နဲ့သာ ရင်းနှီးကျွမ်းဝင်ကြပြီး ညီအကိုတွေမှန်းမသိခဲ့ကြပါဘူး။ တစ်နေ့ အိမ်ရှေ့စံမင်းသားလေးဟာတိုင်းပြည်ကိုအုပ်ချုပ်ရတော့တဲ့အခါမှာတော့  ငယ်ရွယ်သေးတာကြောင့်အခက်ခဲတွေနဲ့ကြုံတွေ့ရပါတော့တယ်။အဲ့ဒီခါ သူဘာတွေကိုကြိုးစားသင်ယူပြီး ဘယ်လိုအခက်အခဲတွေကိုဖြေရှင်းမလဲ ဘယ်သူ့ရဲ့တိုက်ခိုက်မှုတွေ ဘယ်သူ့ရဲ့ကူညီမှုတွေကိုရနိုင်မလဲ နောက်ဆုံးအီဂျစ်ပြည်ကြီးစည်ပင်ဝပြောဖို့သူကြံဆောင်နိုင်ပါ့မလားဆိုတာဇာတ်ကားလေးကိုသာကြည့်ရှုကြဖို့တိုက်တွန်းချင်ပါတယ်။ (ဇာတ်ကား အညွှန်းကိုတော့ မိုးဦးမာန်က ရေးသားပေးခဲ့တာပါ) File size…(600MB) Quality…BR-Rip 720p Format…mp4 Duration….01:44:24 Subtitle….Myanmar Subtitle (Hardsub) Translator…

Read More

Exodus: Gods and Kings (2014)

ဘီစီ ၁၃၀၀ က တော်ဝင် မိသားစုဝင်စစ်သူကြီးတစ်ယောက် ဖြစ်တဲ့ မိုးဇက်ဟာ ဟစ်တိုက်စ်စစ် တပ်ကို မင်းသားရမ်မက်ဇက်နဲ့ အတူ တိုက်ခိုက်ခဲ့ပါတယ်။ ဖာရို ဘုရင်ဆေတီက မိုးဇက်နဲ့ ရမ် မက်ဇက်တို့တစ်ယောက်ကိုတစ် ယောက် ကယ်ဆယ်ရင်း ခေါင်း ဆောင်ဖြစ်လာမယ်ဆိုပြီး ဟော ကိန်းထုတ်ခဲ့ပါတယ်။ ဟစ် တိုက်စ်စစ်တပ်နဲ့ တိုက်ပွဲဖြစ်ရာ မှာ အသက်အန္တရာယ်ကြုံခဲ့တဲ့ရမ် မက်ဇက်ကို မိုးဇက်က ကယ်တင် ခဲ့ပါတယ်။ အဲဒီနောက်တော့ မိုးဇက် ဟာ ဟေဗြဲကျွန်တွေကို ကြီးကြပ် သူ စိတ်ယုတ်စိတ်မာရှိတဲ့ ဝိုက် ရွိုင်ဟီဂပ်ရှိရာပီသွန်မြို့ကို စေ လွှတ်ခြင်းခံရပါတယ်။ မိုးဇက် ရောက်တဲ့အချိန်မှာတော့ ဂျော့ရှ် ပါဆိုသူတစ်ယောက်ကို ဆိုးဆိုး ရွားရွားအခြေအနေနဲ့တွေ့ခဲ့ရပြီး နန်ဆိုတဲ့ဟေဗြဲလူမျိုးကောင်လေး…

Read More

အိပ်မက်ကမ်းပါး

တစ်ခြမ်းအမှောင်ချထားတဲ့ နှလုံးသားများလေ ပြိုးပြက်ဝင်းလက်ထယ်ဝါ ရိုးတိုးရိပ်တိတ်ရှိလွန်းလှချည်ရဲ့ ….၊ ငါ့မှာသာ ခဏခဏလငပုပ်အဖမ်းခံရသလို နှလုံးသားတစ်စုံကို ဖုံးဖိသိမ်းဆည်းတိုက်ချွတ် ပွဲမထုတ်ရဲ ခန်းဆက်မများချင်လည်း ကြားဖြတ်ကြော်ငြာရှောင်တိမ်းတာနဲ့ အိပ်- မက်- များ ညတာရှည်နေရ …၊ အာမခံမရတဲ့ မျက်မြင်သက်သေတော့ရှိပါတယ် ဘာမှမရှိတဲ့အရာ ဘာမှမရှိကြောင်းသက်သေပြဖို့ နှင်း … ဆွတ်ခူးရမယ် ကြယ် … ဝင်စားရမယ် ပြီးတော့ ပွန်းပဲ့ထိရှဒဏ်ရာ ဒါ … နှလုံးအိမ်ရဲ့ ကိုယ်ရုံတွေပါပဲ အိပ်မက်တွေအစာမကြေ ညတာရှည်နေလည်း နေပါစေတော့ … စံပယ်ဖြူရယ် …။ မြကဗျာ

Read More

ကိုယ်ချင်းစာတရား

သာနေကျ ညအခါထက် အိုဗာတိုင်း(မ်) ဆင်းတဲ့ “လ” နေသာချိန် ကြောင်စီစီ ကြည့်လို့ကို အဆင်မပြေဘူး ။ ဒါက သူ့အမြင်ပေါ့ . . . ။ ရှိသမျှလောင်စာနဲ့ အစွမ်းကုန် နေရောင်ကို အံတု ငါဒီမှာဟေ့လို့ အသိပေးနေရတာ လွယ်တာမှတ်လို့ . . . ။    ။ ရှငိုင်ဂျော် (MICT)

Read More

အိပ်မက်သစ်

စိတ်သစ် လူသစ် ဘဝသစ် အကျႌသစ် ဘောင်းဘီသစ် စက်္ကန့်အသစ် သီချင်းအသစ် အချစ်သစ် ဒုက်္ခအသစ် အသစ် . . . အသစ် . . . အသစ်တွေများ . . . ။ အဟောင်းထဲက အုတ်မြစ် သမိုင်းနောက်ခံနဲ့ထုဆစ် ရှင်သန်မွေးဖွားတဲ့ခရီးသစ် ပျင်းရိတာတွေ စွန့်ပစ် အနာဂတ်ကို ဆက်ချစ် . . . ။ အဟာင်းတွေရဲ့ သချႋူင်းမှာ သင်္ဂြိုဟ်ခံရတဲ့ အခါ အိပ်မက်သစ်က ဆက်ပြီး . . . ဆက်ပြီး . . . မျှော်လင့်ခြင်းကြိုးစကို ချပေးနေလေရဲ့ .…

Read More

မင်းကြောင့််

မင်းကြောင့်် ငါကြေကွဲ မင်းကြောင့် ငါငိုပွဲ မင်းကြောင့် ငါေ၀ဝါး ကွဲလွဲတဲ့ ဂိုဏ်းဂဏ စွဲမြဲတဲ့ အယူသီးမှု ဒါတွေအားလုံး မင်းဝေးရင် မင်းနဲ့သာ ငါမိတ်ဖွဲ့ သာသနာ အသစ်မှာ ပျော်ရွှင်မှု အတိနဲ့ တစ်သက်တာ လမ်းခရီး လျှေက်လှမ်းစို့ အတူတူ သင်ရိုးညွှန်းတမ်းတော့ လဲခဲ့ပေါ့ ။    ။ ထူး(နွယ်ခွေ)

Read More

ရေနွေး

ကြည့်စမ်း ငါ့ …အနာဂတ်တွေ ေ၀ဝါးနေလိုက်တာ ခြေတဘက်စာနေတဲ့ဘဝနဲ့ ဦးနှောက်မရှိတဲ့မျက်လုံး ဘဝတစ်လျှောက်လုံးရှောင်ကျဉ်ခဲ့သမျှ အခု …ငါ့အနားကို ချဉ်းကပ်လာနေကြတယ်။ ယောဘရဲ့သစ္စာ ယုဒရဲ့အနမ်း အားလုံးကိုခွဲခြမ်း ဘယ်လှမ်းရမှန်းမသိတဲ့ခြေထောက်တွေ ငါ့ရဲ့နွေကို ပူလောင်စေခဲ့တယ်။ ဘယ်လိုလုပ်ရမလဲ အပူလည်းမဟုတ် အအေးလည်းမဟုတ်နဲ့ ထွေးမထုတ်သေးတဲ့ဘဝကိုပဲ ကျေနပ်နေရမလား။ ဖြစ်သင့်တာနဲ့ ဖြစ်ချင်တာ ဒွိဟတွေကြားကခြေလှမ်း ယောဘဆီတစ်လှမ်းလှမ်းနေချိန်မှာ ငါ့လက်တဘက်က ငွေသုံးဆယ်ကိုင်လို့။ ဘိုနောင် (ခေတ္တရာ)

Read More

တွေးမိသည့်ပုစ္ဆာ

ငါ့ဒူးကိုချိုး အဖေါ်နဲ့ခွါ ဘယ်ဆီကိုမသိ သူခေါ်ဆောင်ရာ ငါလိုက်ရရှာ …။ ငါ့ဒီခန္ဓာ နှစ်ခြမ်းခွဲလို့ အမြင်ရယ် မသင့်တော် ရက်စက်လိုက်ကြ ပြင်းပြဝေဒနာ ဘယ်ဝဋ်ကြွေးရယ်မှ ပြေနိုင်ပါ့မလား …အိုသံသရာ …။ ငါ့အူကိုထုတ် မကျေနပ်နိုင် လက်ကိုခုတ်ထစ် တွေးကြည့်ရင်မှာ ဤသခင်ဟာ လူစင်စစ်မှ ဟုတ်ပါလေစ …။ ကိုယ်တွေ့ရယ် မယုံနိုင်စရာ သူတကာ အပြုံးနဲ့ကြိုလို့ လူတကာ ရင်ဝယ် အေးမြစေဖို့ သယ်ဆောင်လာ ဒီစမ်းရေအေးက ငါ့ကိုယ်ကဆင်း …။ လမင်းဒီ (ဧရာဝတီ ၊ ကရာနီ) Save

Read More

အိပ်မက်သစ်

* နံနက်ခင်း ချက်ချင်းမျက်နှာသစ် နေ့တစ်နေ့ရဲ့ အနှစ် အချစ်တွေနဲ့ အစပြုခြင်းပေါ့။ ** စိုင်းထီးဆိုင်ရဲ့သီချင်း (နေ့သစ်) ” အရှေ့ဆီမှာ ရောင်နီလေး . . . . ထွန်းလို့လာပြီ . . . မိုးလင်းတော့မယ် ထတော့ညီမလေး . . . . ကမ္ဘာပေါ်မှာ မင်္ဂလာရှိတဲ့ အချိန်ဝယ်။ . . . . . *** နေ့သစ်တွေအကြောင်း အဟောင်းတွေကိုချန်ရစ် (အန်းတိတ်တွေကိုချန်ရစ်) အိပ်မက်သစ်တွေမက်စေကွယ် . . . . .။ ယောန

Read More