သစ်လွင်ယုံကြည်သူများ၏ ပထမခြေလှမ်းများ

“သင်တို့သည်သခင်ယေရှုခရစ်ကိုခံယူပြီးသည်ဖြစ်၍၊…ထိုသခင်၌ကျင်လည်ကြလော့။” (ကောလောသဲ ၂း၆ ) သခင်ယေရှုကို သင့်ကယ်တင် ရှင်အဖြစ် မည်သို့လက်ခံခဲ့သနည်း။ ယုံကြည်ခြင်းအားဖြင့်မဟုတ်လော။ ဆိုလိုသည်မှာ ကိုယ်တော်ကို ယုံကြည်သောအားဖြင့် သင်လက်ခံခဲ့ သည်။ “ထိုသူကိုလက်ခံသမျှသောသူတည်း ဟူသော ကိုယ်တော်ကို ယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။” (ယောဟန် ၁း၁၂ )။ ယုံကြည်ခြင်းသည် လက်ခံခြင်းဖြစ် သည်။ ကယ်တင်ခြင်းအတွက် ထိုယုံကြည်ခြင်း တစ်ခုသာ လိုအပ်သည်။ သစ်လွင်ယုံကြည်သူတစ်ဦးအနေဖြင့် မည်သည့်အရာများလုပ်ရမည် နည်း။ ကိုယ်တော်အား ယုံကြည်ခြင်းဖြင့် လက်ခံခဲ့သည်နည်းတူ ယုံကြည်ခြင်းအားဖြင့် “ကိုယ်တော်၌ လျှောက်လှမ်းရမည်”။  “ဖြောင့်မတ်သောသူမူကား၊ မိမိယုံကြည်ခြင်းအားဖြင့် အသက်ရှင် လိမ့်မည်။”( ဟဗက္ကုတ်၂း၄၊ ရောမ ၁း၁၇၊ ဂလာတိ၃း၁၁၊ ဟေဗြဲ၁၀း၃၈ တို့ကိုဖတ်ပါ။…

Read More

ဘယ်နှကြိမ် သင်မွေးဖွားပြီးပြီလဲ

တစ်ကြိမ်သာ သင်မွေးဖွားပါက နှစ်ကြိမ်သင်သေရမည်။ သို့သော် နှစ်ကြိမ် သင်မွေးဖွားပါက တစ်ကြိမ်ထက် ပိုမသေရပါ။ ဆက်ဖတ်ပါ၊ သင်နားလည်လာပါလိမ့်မည်။ ၁၉၇၆ ခုနှစ်၊ ဂျင်မီ ခါတာ ( Jimmy Carter ) သမ္မတဝင်ပြိုင်စဉ်၌ သူသည် အများလန့်စေသည့် မိန့်ခွန်းတစ်ခုကို ပြောခဲ့သည်။ သူသည် ဒုတိယအကြိမ် မွေးဖွားပြီး ဖြစ်ကြောင်းပြောခဲ့သည်။ တစ်နိုင်ငံလုံး ပြည်သူများက “ သူဘာပြောနေတာလဲ” ဟု မေးခွန်းထုတ်ကြသည်။ နောက်၌မူ ‘ ဒုတိယမွေးဖွားခြင်း’ သည် အသုံးများသော စကားတစ်ခု ဖြစ်လာသည်။ ယခုဆိုလျှင် သမ္မတလောင်းများကို “ ဒုတိယ မွေးဖွားခြင်း ခံပြီးလား” ဟု မေးမြန်းခြင်းမှာ အဆန်းမဟုတ်တော့ပေ။ ဂျင်မီခါတာ…

Read More

ဟေရှာယ၏ ဧဝံဂေလိတရား

ဟေရှာယသည် ဓမ္မဟောင်းကျမ်းမှ ပရောဖက်တစ်ဦးဖြစ်သည်။ သူ၏ ဆက်ကပ်မှုကို “ အကျွနု်ပ်ရှိပါ၏” ဟူသော စကားအားဖြင့် တိုင်းတာ ခြုံငုံနိုင်သည်။ ထိုစကားသည် ယေရုရှလင်ဗိမာန်တော်၌ ဘုရားသခင်၏ ဘုန်းတော်ရူပါရုံမြင်မက်ခဲ့ပြီးနောက် သူပြောသော စကားဖြစ်သည်။ ထိုအချိန်၌ သူသည် မိမိညစ်ညူးမှုကို သိမြင်ပြီး သန့်ရှင်းစင်ကြယ်စေခြင်း ကို လက်ခံရရှိကာ မိမိဘဝအသက်တာကို အပ်နှံခဲ့သည်။ သူသည် ဘုရားသခင်၏ မြင့်မြတ်တော်မူခြင်းနှင့် သန့်ရှင်းတော်မူခြင်းကို လေးနက်စွာ နားလည်ပြီး ထိုအကြောင်းကို မရပ်မနား ဟောပြော ခဲ့သည်။ သူရေးသားသော ဟေရှာယအနာဂတ္တိကျမ်းတစ်လျှောက်လုံးတွင် ဘုရားသခင်အား “ ဣသရေလ၏ သန့်ရှင်းသော ဘုရား” ဟု ၂၈ ကြိမ်တိုင်တိုင် ဖော်ပြထားသည်။ ကျန်ကျမ်းတစ်ခုလုံး စုစုပေါင်းလျှင်ပင် ၆…

Read More

စိတ်ချမှုစကား သုံးခွန်း

ယနေ့ သင်သေဆုံးပါက ကောင်းကင်ဘုံကို သင်ရောက်လိမ့်မည်လော။ အများစုက ဤမေးခွန်းကို “ ရောက်မယ်လို့ မျှော်လင့်ပါတယ်” ဟု တုန့်ပြန်တတ်ကြသည်။ “ ဟုတ်ကဲ့၊ ကျွနု်ပ်ကောင်းကင်ဘုံကို ရောက်မယ်” ဟု အနည်းစုကသာ ဖြေကြားသည်။ သင်ကော မည်သို့ ဖြေကြားမည်နည်း။ အသက်ကြီးသော တရားဟောဆရာတစ်ယောက်မှာ ထောင်ထဲ ဝင်ထွက်သည့် အကြိမ်များနေခဲ့သည်။ အမာရွတ်ပြည့်သော သူ့ကြောပြင်သည် သူတွေ့ကြုံရသော ကြောက်မက်ဘွယ် ဒုက္ခဝေဒနာကို သက်သေပြနေသည်။ ယုံကြည်ခြင်း၌ သူ့သားဖြစ်သော တိမောသေကဲ့သို့ ထိုရှင်ပေါလုနှင့် နီးကပ်သူ၊ သူ့ကိုချစ်မေတ္တာထားသူ မရှိပါ။ သေရတော့မည့်အချိန်နီးကပ်ကြောင်းသိသည်တွင် ထိုတမန်တော် ရှင်ပေါလုက သူ၏ ထာဝရကယ်တင်ခြင်းစိတ်ချမှုကို အောက်ပါ ကျမ်းပိုဒ် တွင် ဤသို့ဆိုထားသည်။ “ထိုအကြောင်းကြောင့် ဤဆင်းရဲ…

Read More

ရေတွင်းနားက အမျိုးသမီး

“ လူသားသည် ပျောက်သော သူတို့ကိုရှာ၍ ကယ်တင်အံ့သောငှါ ကြွလာသတည်း..” (လုကာ ၁၉း၁၀)။ ယေရှုခရစ်သည် အပြစ်သားများကယ်တင်ရန် လောကသို့ ကြွရောက်လာခဲ့သည်။ ကိုယ်တော်က “ ..ကျန်းမာသော သူတို့သည် ဆေးသမားကိုအလိုမရှိကြ။ နာသောသူတို့သာလျှင် အလိုရှိကြ၏။… ဖြောင့်မတ်သောသူတို့ကို နောင်တသို့ခေါ်ခြင်းငှါ၊ ငါလာသည်မဟုတ်။ ဆိုးသောသူ တို့ကိုခေါ်ခြင်းငှါ၊ ငါလာသတည်း..” ဟု မိန့်တော်မူခဲ့သည်( မဿဲ ၉း၁၂၊၁၃)။ ရှင်ယောဟန်အခန်းကြီး ၄၌ ဤ သမ္မာတရား၏ သက်သေသရုပ်ဖော် ထားသည်ကို တွေ့ရသည်။ ယေရှုနှင့် တပည့်တော်များ ယုဒပြည်မှ ထွက်သွား၍ မြောက်ပိုင်းဒေသရှိ ဂါလိလဲပြည်သို့ ဦးတည်ခဲ့ကြသည်။ ယုဒလူအများစုမှာ ရှမာရိပြည်ကို မဝင်ဘဲ အရှေ့ခြမ်းမှ ပတ်၍ ခရီးသွားလေ့ရှိသည်။ “…

Read More

လူဖြစ်သော ယေရှုခရစ်တည်းဟူသောအာမခံတစ်ဦး

“ဘုရားသခင်တဆူတည်းရှိတော်မူ၏။ ဘုရားသခင်နှင့် လူတို့၏ စပ်ကြား မှာ၊ လူဖြစ်သော ယေရှုခရစ်တည်းဟူသော အာမခံတဦးတည်း ရှိ၏။ ထိုအာမခံသည် လူအပေါင်းတို့ကို ရွေးအံ့သောငှါ ကိုယ်ကိုကိုယ် စွန့်တော်မူပြီ”( ၁ တိမောသေ ၂း၅၊၆ ) အာမခံ။ အာမခံ ဆိုသည်မှာ အဘယ်နည်း။ ဤ အာမခံ ( Mediator ) ဟူသော စလုံး၏ အဓိပ္ပါယ်ကို Webster’s New World Dictionary တွင် ရှာမတွေ့နိုင်သည်မှာ ထူးဆန်းလှသည်။ New King James Version မှ လွဲ၍ အခြားဘာသာပြန်ကျမ်းများ၏ ဓမ္မဟောင်းကျမ်းတွင်လည်း ဤ စလုံးကို မတွေ့ရချေ။ NKJV ကမူ…

Read More

ကြီးမြတ်လှသော ကယ်တင်ခြင်း

ရေတပ်စစ်ဆင်ရေးသင်တန်းမှ စခန်းသွင်း သင်တန်းနည်းပြ တစ်ဦးက “ ငါ့စကားကို နားမထောင်ရင် အကျိုးဆက်ကို ကိုယ့်ဟာကို ပေးဆပ်ကြပါ” ဟု အော်ဟစ်နေသည်။ သင်တန်းသားလူသစ်များက လှောင်ပြုံးပြုံးလျက် “ ငါတို့ နားထောင်ချင်တဲ့နေရာမှာဘဲ နားထောင်မှာပေါ့” တွေးကြသည်။ ထို၌ နည်းပြက ဆက်ပြောသည်မှာ “ဒီနေ့ ဓါတ်ငွေ့ခန်းထဲမှာ အချိန်တော်တော်ကြာ လေ့ကျင့်ခန်း ဆင်းကြမယ်။ ဒါကြောင့် ဓါတ်ငွေ့ကာမျက်နှာဖုံးတပ်ဆင်နည်းကို ငါသင်ပေးမယ်” ဟူ၍။ ထိုအခါ သင်တန်းသားအားလုံးလည်း စကားပြန်နားထောင် ကြသည်။ ကျမ်းစာက အရေးကြီးလှသော မေးခွန်းကို တည်ကြည်ပြတ်သားစွာ မေး သည်။ “ ဤမျှလောက်ကြီးစွာသော ကယ်တင်တော်မူခြင်းတရားကို ငါတို့သည် နားမထောင်ဘဲနေလျှင် အပြစ်ဒဏ်နှင့် အဘယ်သို့ လွတ်ကြ လိမ့်မည်နည်း”…

Read More

ယေရှုခရစ်၏ ဧဝံဂေလိသတင်းကောင်း

ကျမ်းစာ၏ အရေးကြီးဆုံးသော သတင်းစကားမှာ ယေရှုခရစ်၏ ဘုန်းကြီးသော ဧဝံဂေလိတရား ပင်ဖြစ်သည်။ တပည့်တော်များထံ ကိုယ်တော်နောက်ဆုံးမိန့်ဆိုခဲ့သော အမိန့်တော်မှာ “ သင်တို့သည် လောကီနိုင်ငံအရပ်ရပ် ရှိသမျှသို့ သွား၍၊ ဝေနေယျသတ္တဝါအပေါင်းတို့အား ဧဝံဂေလိတရားကို ဟောကြလော့” ( မာကု ၁၆း၁၅ )ဟူ၍ ဖြစ်သည်။ ထိုတရားသည် လူတိုင်းကြားနာရန်လိုအပ်သည့် ယေရှုခရစ်၏ တရားပင်ဖြစ်သည်။ “ ထိုသခင်၏ နာမတော်မှတပါး ငါတို့ကိုကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိ” ( တမန်တော် ၄း၁၂ )။ ကိုယ်တော်သည် သက်ရှိထင်ရှားခဲ့ဖူးသမျှတို့ ၌အကျော်ကြားဆုံးပုဂ္ဂိုလ်ဖြစ်သည်။ အသက်တာတော်နှင့် သွန်သင်တော်မူချက်တို့၏ လူတို့အပေါ် လွှမ်းမိုးနိုင်စွမ်းသည် အဘယ်သူ၌မျှ မရှိသောအရာပင်။ နိုင်ငံတကာက သူ၏…

Read More