အိပ်မက်ကမ်းပါး

တစ်ခြမ်းအမှောင်ချထားတဲ့ နှလုံးသားများလေ ပြိုးပြက်ဝင်းလက်ထယ်ဝါ ရိုးတိုးရိပ်တိတ်ရှိလွန်းလှချည်ရဲ့ ….၊ ငါ့မှာသာ ခဏခဏလငပုပ်အဖမ်းခံရသလို နှလုံးသားတစ်စုံကို ဖုံးဖိသိမ်းဆည်းတိုက်ချွတ် ပွဲမထုတ်ရဲ ခန်းဆက်မများချင်လည်း ကြားဖြတ်ကြော်ငြာရှောင်တိမ်းတာနဲ့ အိပ်- မက်- များ ညတာရှည်နေရ …၊ အာမခံမရတဲ့ မျက်မြင်သက်သေတော့ရှိပါတယ် ဘာမှမရှိတဲ့အရာ ဘာမှမရှိကြောင်းသက်သေပြဖို့ နှင်း … ဆွတ်ခူးရမယ် ကြယ် … ဝင်စားရမယ် ပြီးတော့ ပွန်းပဲ့ထိရှဒဏ်ရာ ဒါ … နှလုံးအိမ်ရဲ့ ကိုယ်ရုံတွေပါပဲ အိပ်မက်တွေအစာမကြေ ညတာရှည်နေလည်း နေပါစေတော့ … စံပယ်ဖြူရယ် …။ မြကဗျာ

Read More

ကိုယ်ချင်းစာတရား

သာနေကျ ညအခါထက် အိုဗာတိုင်း(မ်) ဆင်းတဲ့ “လ” နေသာချိန် ကြောင်စီစီ ကြည့်လို့ကို အဆင်မပြေဘူး ။ ဒါက သူ့အမြင်ပေါ့ . . . ။ ရှိသမျှလောင်စာနဲ့ အစွမ်းကုန် နေရောင်ကို အံတု ငါဒီမှာဟေ့လို့ အသိပေးနေရတာ လွယ်တာမှတ်လို့ . . . ။    ။ ရှငိုင်ဂျော် (MICT)

Read More

အိပ်မက်သစ်

စိတ်သစ် လူသစ် ဘဝသစ် အကျႌသစ် ဘောင်းဘီသစ် စက်္ကန့်အသစ် သီချင်းအသစ် အချစ်သစ် ဒုက်္ခအသစ် အသစ် . . . အသစ် . . . အသစ်တွေများ . . . ။ အဟောင်းထဲက အုတ်မြစ် သမိုင်းနောက်ခံနဲ့ထုဆစ် ရှင်သန်မွေးဖွားတဲ့ခရီးသစ် ပျင်းရိတာတွေ စွန့်ပစ် အနာဂတ်ကို ဆက်ချစ် . . . ။ အဟာင်းတွေရဲ့ သချႋူင်းမှာ သင်္ဂြိုဟ်ခံရတဲ့ အခါ အိပ်မက်သစ်က ဆက်ပြီး . . . ဆက်ပြီး . . . မျှော်လင့်ခြင်းကြိုးစကို ချပေးနေလေရဲ့ .…

Read More

မင်းကြောင့််

မင်းကြောင့်် ငါကြေကွဲ မင်းကြောင့် ငါငိုပွဲ မင်းကြောင့် ငါေ၀ဝါး ကွဲလွဲတဲ့ ဂိုဏ်းဂဏ စွဲမြဲတဲ့ အယူသီးမှု ဒါတွေအားလုံး မင်းဝေးရင် မင်းနဲ့သာ ငါမိတ်ဖွဲ့ သာသနာ အသစ်မှာ ပျော်ရွှင်မှု အတိနဲ့ တစ်သက်တာ လမ်းခရီး လျှေက်လှမ်းစို့ အတူတူ သင်ရိုးညွှန်းတမ်းတော့ လဲခဲ့ပေါ့ ။    ။ ထူး(နွယ်ခွေ)

Read More

ရေနွေး

ကြည့်စမ်း ငါ့ …အနာဂတ်တွေ ေ၀ဝါးနေလိုက်တာ ခြေတဘက်စာနေတဲ့ဘဝနဲ့ ဦးနှောက်မရှိတဲ့မျက်လုံး ဘဝတစ်လျှောက်လုံးရှောင်ကျဉ်ခဲ့သမျှ အခု …ငါ့အနားကို ချဉ်းကပ်လာနေကြတယ်။ ယောဘရဲ့သစ္စာ ယုဒရဲ့အနမ်း အားလုံးကိုခွဲခြမ်း ဘယ်လှမ်းရမှန်းမသိတဲ့ခြေထောက်တွေ ငါ့ရဲ့နွေကို ပူလောင်စေခဲ့တယ်။ ဘယ်လိုလုပ်ရမလဲ အပူလည်းမဟုတ် အအေးလည်းမဟုတ်နဲ့ ထွေးမထုတ်သေးတဲ့ဘဝကိုပဲ ကျေနပ်နေရမလား။ ဖြစ်သင့်တာနဲ့ ဖြစ်ချင်တာ ဒွိဟတွေကြားကခြေလှမ်း ယောဘဆီတစ်လှမ်းလှမ်းနေချိန်မှာ ငါ့လက်တဘက်က ငွေသုံးဆယ်ကိုင်လို့။ ဘိုနောင် (ခေတ္တရာ)

Read More

တွေးမိသည့်ပုစ္ဆာ

ငါ့ဒူးကိုချိုး အဖေါ်နဲ့ခွါ ဘယ်ဆီကိုမသိ သူခေါ်ဆောင်ရာ ငါလိုက်ရရှာ …။ ငါ့ဒီခန္ဓာ နှစ်ခြမ်းခွဲလို့ အမြင်ရယ် မသင့်တော် ရက်စက်လိုက်ကြ ပြင်းပြဝေဒနာ ဘယ်ဝဋ်ကြွေးရယ်မှ ပြေနိုင်ပါ့မလား …အိုသံသရာ …။ ငါ့အူကိုထုတ် မကျေနပ်နိုင် လက်ကိုခုတ်ထစ် တွေးကြည့်ရင်မှာ ဤသခင်ဟာ လူစင်စစ်မှ ဟုတ်ပါလေစ …။ ကိုယ်တွေ့ရယ် မယုံနိုင်စရာ သူတကာ အပြုံးနဲ့ကြိုလို့ လူတကာ ရင်ဝယ် အေးမြစေဖို့ သယ်ဆောင်လာ ဒီစမ်းရေအေးက ငါ့ကိုယ်ကဆင်း …။ လမင်းဒီ (ဧရာဝတီ ၊ ကရာနီ) Save

Read More

အိပ်မက်သစ်

* နံနက်ခင်း ချက်ချင်းမျက်နှာသစ် နေ့တစ်နေ့ရဲ့ အနှစ် အချစ်တွေနဲ့ အစပြုခြင်းပေါ့။ ** စိုင်းထီးဆိုင်ရဲ့သီချင်း (နေ့သစ်) ” အရှေ့ဆီမှာ ရောင်နီလေး . . . . ထွန်းလို့လာပြီ . . . မိုးလင်းတော့မယ် ထတော့ညီမလေး . . . . ကမ္ဘာပေါ်မှာ မင်္ဂလာရှိတဲ့ အချိန်ဝယ်။ . . . . . *** နေ့သစ်တွေအကြောင်း အဟောင်းတွေကိုချန်ရစ် (အန်းတိတ်တွေကိုချန်ရစ်) အိပ်မက်သစ်တွေမက်စေကွယ် . . . . .။ ယောန

Read More

MERRY CHRISTMAS

တိတ်ဆိတ်ည သန့်ရှင်းည သူငယ်တော် အိပ်စဥ်ခါ ကောင်းကင်မှာ ကြယ် လင်းရောင်ခြည် သူငယ်တော် ပေါ်ထွန်းတောက်သည် ကောင်းကင် ငြိမ်သက်ခြင်းသည် သူငယ်ပေါ်မှာတည်၏။ တိတ်တဆိတ် လွမ်းရင်း အဲဒီသီချင်းလေးကို ညည်းနေမိတယ်။ သူငယ်တော်က ကောက်ရိုးတွေကြားမှာ၊ နွားစားခွက်ထဲမှာ၊ နွေးထွေးမှု သိပ်မရှိပါဘဲ အိပ်စက်လို့ …။ ကောင်းကင်မှာ ကြယ်တစင်းလင်းလက် … ပညာရှိတွေက အဲဒီကြယ်ကတဆင့် မင်းလောင်းကိုရှာ .. ဒဏ္ဍာရီပဲဖြစ်ဖြစ် တကယ်ပဲ ဆိုဆို … သူကွလာခြင်းက လူသားတွေအတွက်တဲ့ .. နွားစားခွက်ထဲက ခရစ္စမတ်မှသည် ဟိုတယ်ပေါ်က ခရစ္စမတ်ထိ အဓိပ္ပာယ်က ဒါပါပဲ …။ ကျမကတော့ ကျမ ရေးခဲ့တဲ့ သီချင်းလေးတပုဒ်ကို ရွတ်နေမိတယ် …။…

Read More

အားနည်းခြင်းအဖြစ်၌

စာနာနားလည်နိုင်တဲ့သူတွေဟာ ကိုယ်တိုင်တကယ်ခံစားဖူးတဲ့သူ၊ ဒါမှမဟုတ် တကယ့်ကို ခံစားပေးတဲ့သူ ချည်းပါပဲ။ နှုတ်ပါးစပ်ဖွင့်ဟပြီး ပြောရုံနဲ့လုံလောက်တဲ့ကိစ်္စတော့မဟုတ်ဘူး။ လိုအပ်မှုတွေများလာရင် လူတွေဟာ အားငယ်လာတတ်တယ်။ အဲဒီလိုအပ်မှုတွေကြောင့်ပဲ ဘဝမှာ တွန်းအားဖြစ်လာပြီး သူတစ်ပါးကို ကူညီမစတတ်တဲ့ သူတွေဖြစ်လာတတ်ပါတယ်။ တချို့ကပညာရေးမှာ အားနည်းကြတယ်။ ဒါပေမယ့် ကိုယ်ကဘွဲ့တွေ၊ ဒီဂရီတွေရ လာတဲ့အခါ ပညာဂုဏ်မောက်တဲ့သူတွေလည်း ရှိတာပေါ့။ တချို့ကိုယ်လက်အင်္ဂါချို့ယွင်းတဲ့သူတွေကြပြန်တော့လည်း အင်္ဂါစုံစုံလင်လင်ရှိတဲ့သူတွေထက် ကမ်္ဘာကြီးကို ကောင်းကျိုးပြုနိုင်ကြပါတယ်။ ကိုယ်ကပြည့့်ဝစုံလင်မှသူတစ်ပါးကို ဝေငှမယ် ကူညီမယ်ဆိုပြန်တော့လည်း ဒါမျိုးကဖြစ်ခဲပါတယ်။ ကိုယ့်မှာ ပိုလျံတဲ့အရာတွေကို ဝေငှဖို့တော့ တော်တော်လေးစဥ်းစားကြပါတယ်။ အရင်းခံဇစ်မြစ်ကို သုံးသပ်ကြည့်ရင် မေတ်္တာ သဘောဆိုတာ သိသာထင်ရှားပါတယ်။ မေတ်္တာစိတ်သဘောရှိရင် ကူညီမစဖို့ဝန်လေးကြမှာမဟုတ်ပါဘူး။ မေတ်္တာ တော့ထားပါတယ်.. သဘောတော့မကောင်းနိုင်ဘူးဆိုတာမျိုးလည်း ကြားဖူးပါရဲ့။ ကိုယ့်မှာရှိတဲ့မေတ်္တာကို ဖော်ပြဖို့…

Read More

ကြည် နူး ရိပ် လေး ရဲ့ နေ ရာ

ကွန်မရဲ့ဘဝမှာအမြဲတမ်းရောက်ခဲ့တဲ့ နေရာလေးကတော့ ဘုရားကျောင်းပဲ ဖြစ်တယ်။ ကွန်မတို့ရဲ့ ဘုရားကျောင်းက အင်မတန်သာယာတဲ့နေရာလေးပေါ့ … ကွန်မအတွက်တော့ သခင်ယေရှုတရားဟောခဲ့တဲ့ အရှေ့အလယ်ပိုင်းကဒေသကိုရောက် နေသလိုမျိုးခံစားမိတယ် … ကွန်မရဲ့ ၀ိညာဥ်ထွက်ပေါက်ပေးတဲ့နေရာ၊ စိတ်အာဟာရ အပေးနိုင်ဆုံး နေရာလေးပေါ့ … ဘုရားကျောင်းဆိုတာ ကွန်မအတွက်တော့ သုခဘုံနန်းလို့ပဲ တင်စားပါရစေ။ ကွန်မမိသားစုလေးထဲမှာ ကွန်မရဲ့ ယောကျာ်းက ဝန်ထမ်းတစ်ယောက်ပေါ့ … အချစ်ဆုံးလို့ ခေါ်ရပေမယ့် မိသားစုလေးနဲ့ ခွဲခွာပြီးနေခဲ့တာနှစ်နှစ်ရှိခဲ့ပြီးပေါ့ အခုတော့ သူက ကောင်းကင်ဘုံကနေ ကြည့်နေမှာပါ။ ဇာနည်ဆိုတဲ့သားတစ်ယောက်နဲ့ ချန်ချန်ဆိုတဲ့ သမီးတစ်ယောက်ရှိတယ်။ ကွန်မရဲ့ နှလုံးသားပုံရိပ်လေးတွေပေါ့။ ကွန်မရဲ့ယောကျ်ား ကတော့ ယုံကြည်ခြင်းမှာတအားပြင်းထန်တယ်။ ဘာမဆို အာမင် ထူးနိုင်တယ်။ ဘုရားသခင် လုပ်ပေးတာပါဆိုပြီး ချီးမွမ်းလေ့ရှိတယ်။…

Read More

အသည်းနုနုမခူးရ

ရာသီတွေရယ် အို နေညိုခြင်းရဲ့ တစ်ဖက်မှာ ဆက်လက်ရှင့်သန်နေဆဲပါအဖေ။ ရေကြည်တစ်ပေါက် မသောက် ရရင်လည်း ရှိပါစေ၊ ““မျော်လင့်ခြင်းတဲ့ အဲဒီတွင်းလေးကိုပဲ အဝီစိရောက်အောင် ဆက်တူးရင်း …။ လူတွေက ကွန်မကို ပြောကြတယ်၊ လမ်းလျောက်တာ မငြင်သာဘူး၊ စက်ဘီးစီးတာ အရမ်းမြန်တယ်၊ ဆိုင်ကယ် စီးကြမ်းတယ်၊ ကားမောင်းတာ ပရမ်းပတာနဲ့တဲ့။ ကွန်မလူတွေရဲ့ အသံကိုနားထောင်ကြည့်မိတဲ့အခါ၊ အဲဒီဂုဏ်သတိ်္တတွေဟာ ကွန်မမှာတကယ်ရှိတဲ့အရာတွေ လား၊ လူတွေပေးထားလို့ ကွန်မရရှိလိုက်တဲ့အရာတွေလား၊ ဘယ်အရာဟာ တကယ့် အမှန်တရားလဲဆိုတာတော့ သိမ်မသေချာပါဘူး။ ဒါပေမဲ့ … ကွန်မအတွက် သိပ်သေချာတာတစ်ခုက၊ အသည်းနုနုလမ်းမ တစ်ခုအပေါ် မငြင် မသာ၊ ပရမ်းမတာနဲ့၊ ကြမ်းတမ်းမြန်ဆန် မောင်းနှင့်ဖြတ်သန်းခဲ့ဖူးပါရဲ့။ ကွန်မသိထားတာက ““လမ်းကြမ်းသည် ဖြေးဖြေးမောင်းပါ””။…

Read More

အားငယ်စိတ်ကို မည်ကဲ့သို့ ကျော်လွန်နိုင်မည်နည်း။

မိိမိကိုယ်မိမိ သိမ်ငယ်သည်ဟူသော အားငယ်စိတ်ကို မည်ကဲ့သို့ ကျော်လွန်နိုင်မည်နည်း။ How to overcome feeling of inferiority? သော့ချက် ကျမ်းပိုဒ် ။     ။  ရောင့်ရဲသော စိတ်ပါလျင်၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းသည် ကြီးစွာသော အကျိုးစီးပွားမှန်၏။  (၁ တိ၊ ၆း၆) ချစ်သောမိတ်ဆွေ လူ့ဘဝမှာလူတိုင်းလိုလို တစ်ကြိမ်တစ်ခါ သို့မဟုတ် တစ်ကြိမ်မက ကြုံတွေ့ရသော ခက်ခဲမှုပြဿနာများ ရှိပါ သည်။ အချို့ လူများအဘို့ တစ်သက်တာလုံး ကြုံတွေ့ရသော ရေရှည်ပြဿနာ ဖြစ်ကာ အထူးသဖြင့် လူငယ်များအဖို့ နာကျင် ဝေဒနာ ဖြစ် ပြီး ထိခိုက်နစ်နာလှပါသည်။ ဤကဲ့သို့ ထိခိုက်နာကျင်နစ်နာစေသည့် ပြဿနာကား အဘယ်နည်း။…

Read More

သမ္မာကျမ်းစာလေ့လာနည်း

သမ္မာကျမ်းစာသည် စာအုပ်အားလုံးအနက် အထွဋ္ဋ်အထိပ် (အမြင့်မြတ်ဆုံးသော) ဖြစ်သော စာအုပ်ပေတည်း။ ဘုရားသခင် ကိုယ်တော်တိုင် လူသားတို ့ကို အမိန် ့ရှိတော်မူသော စာအုပ်ဖြစ်၏။ မြင့်မြတ်သန် ့ရှင်းသော ညွန်ကြားမှုကို ပေးသည့် စာအုပ်လည်းဖြစ်သည်။ ဝမ်းနည်းချိန်၌ နှစ်သိမ့်မှုကို ၄င်း၊ စိတ်ရှုပ်ထွေးနေသည့်အခါ၌ လမ်းညွန်မှုပေးခြင်း၊ ပြဿနာများကို ဖြေရှင်းပေးခြင်း၊ အပြစ်များ အတွက် ဆိုဆုံးမခြင်းနှင့် ကျနိုပ်တို ့လိုအပ်သည့်အရာများကို နေ ့စဥ်လျို ့ဆော်ပေးလျက် ရှိသည်။ သမ္မာကျမ်းစာသည် စာအုပ်တအုပ်တည်းသာမဟုတ်။ စာအုပ်ပေါင်းချုပ်တအုပ်ဖြစ်ပြီး စာပေရသ မျိုးစုံနှင့် ပြည့်လျက်ရှိသည်။ သမိုင်း ရာဇဝင်အကြောင်းအရာများ၊ ကဗျာ၊ လင်္ကာ၊ အထုပ္ပတိ၊ ကြိုတင်ဟောကြားချက်များ၊ ဒဿနဗေဒ၊ သိပ္ပံနှင့် စိတ်ဝိညာဥ် လျိုဆော်မှု…

Read More

သူယောင်တောကို အဖြတ်မှာ

ဇော်ဂျီတပသီတို့ ပျော်ပါးရာအရပ် ဟိမဝန္တာတောမှာ “သူယောင်” လို့ခေါ်တဲ့ နွယ်ပင်ကြီး တစ်မျိုးရှိသတဲ့။ အဲဒီ “သူယောင်” နွယ်ပင်ကြီးမှာ လူမိန်းမနဲ့သဏ္ဌာန်တူတဲ့ အသီးတွေရှိသတဲ့ သူယောင်သီးဟာ အလွန် လှတယ်လို့ ပြောကြပါတယ်။ အဲဒီလိုအလွန်လှတဲ့ သူယောင်သီးတွေကို လူမိန်းကလေးလို လှည့်ဖြားပြီး ပြုစားတတ်ကြလို့ လှလည်းလှ လှည့်စားတတ်တဲ့ အရာအားလုံးကိုလည်း “သူယောင်မယ်” လို့ တင်စားခေါ် ဆိုတတ်ကြတယ်။ မြန်မာအဘိဓာန် အတွဲ၄၊ စာမျက်နှာ ၁၉၄ ************* သင်းအုပ်ဆရာရဲ့ သမီးဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျော်လင့်ခဲ့ပါ။ စိတ်ကူးယဥ်ပြီး ယောင်လို့မှ အိပ်မက် မမက်ခဲ့ဘူးပေါ့။ တောက်တီးတောက်တဲ့ လုပ်တဲ့အဖေလို့ ပြောရင်လည်း မကောင်း။ သက်ပြည့် ပင်စင်ယူ ညနေပိုင်းကျမ်းစာကျောင်း တက်ရာကနေပြီး ကျောင်းလည်းဆင်း…

Read More