MERRY CHRISTMAS

တိတ်ဆိတ်ည သန့်ရှင်းည သူငယ်တော် အိပ်စဥ်ခါ ကောင်းကင်မှာ ကြယ် လင်းရောင်ခြည် သူငယ်တော် ပေါ်ထွန်းတောက်သည် ကောင်းကင် ငြိမ်သက်ခြင်းသည် သူငယ်ပေါ်မှာတည်၏။ တိတ်တဆိတ် လွမ်းရင်း အဲဒီသီချင်းလေးကို ညည်းနေမိတယ်။ သူငယ်တော်က ကောက်ရိုးတွေကြားမှာ၊ နွားစားခွက်ထဲမှာ၊ နွေးထွေးမှု သိပ်မရှိပါဘဲ အိပ်စက်လို့ …။ ကောင်းကင်မှာ ကြယ်တစင်းလင်းလက် … ပညာရှိတွေက အဲဒီကြယ်ကတဆင့် မင်းလောင်းကိုရှာ .. ဒဏ္ဍာရီပဲဖြစ်ဖြစ် တကယ်ပဲ ဆိုဆို … သူကွလာခြင်းက လူသားတွေအတွက်တဲ့ .. နွားစားခွက်ထဲက ခရစ္စမတ်မှသည် ဟိုတယ်ပေါ်က ခရစ္စမတ်ထိ အဓိပ္ပာယ်က ဒါပါပဲ …။ ကျမကတော့ ကျမ ရေးခဲ့တဲ့ သီချင်းလေးတပုဒ်ကို ရွတ်နေမိတယ် …။…

Read More

အားနည်းခြင်းအဖြစ်၌

စာနာနားလည်နိုင်တဲ့သူတွေဟာ ကိုယ်တိုင်တကယ်ခံစားဖူးတဲ့သူ၊ ဒါမှမဟုတ် တကယ့်ကို ခံစားပေးတဲ့သူ ချည်းပါပဲ။ နှုတ်ပါးစပ်ဖွင့်ဟပြီး ပြောရုံနဲ့လုံလောက်တဲ့ကိစ်္စတော့မဟုတ်ဘူး။ လိုအပ်မှုတွေများလာရင် လူတွေဟာ အားငယ်လာတတ်တယ်။ အဲဒီလိုအပ်မှုတွေကြောင့်ပဲ ဘဝမှာ တွန်းအားဖြစ်လာပြီး သူတစ်ပါးကို ကူညီမစတတ်တဲ့ သူတွေဖြစ်လာတတ်ပါတယ်။ တချို့ကပညာရေးမှာ အားနည်းကြတယ်။ ဒါပေမယ့် ကိုယ်ကဘွဲ့တွေ၊ ဒီဂရီတွေရ လာတဲ့အခါ ပညာဂုဏ်မောက်တဲ့သူတွေလည်း ရှိတာပေါ့။ တချို့ကိုယ်လက်အင်္ဂါချို့ယွင်းတဲ့သူတွေကြပြန်တော့လည်း အင်္ဂါစုံစုံလင်လင်ရှိတဲ့သူတွေထက် ကမ်္ဘာကြီးကို ကောင်းကျိုးပြုနိုင်ကြပါတယ်။ ကိုယ်ကပြည့့်ဝစုံလင်မှသူတစ်ပါးကို ဝေငှမယ် ကူညီမယ်ဆိုပြန်တော့လည်း ဒါမျိုးကဖြစ်ခဲပါတယ်။ ကိုယ့်မှာ ပိုလျံတဲ့အရာတွေကို ဝေငှဖို့တော့ တော်တော်လေးစဥ်းစားကြပါတယ်။ အရင်းခံဇစ်မြစ်ကို သုံးသပ်ကြည့်ရင် မေတ်္တာ သဘောဆိုတာ သိသာထင်ရှားပါတယ်။ မေတ်္တာစိတ်သဘောရှိရင် ကူညီမစဖို့ဝန်လေးကြမှာမဟုတ်ပါဘူး။ မေတ်္တာ တော့ထားပါတယ်.. သဘောတော့မကောင်းနိုင်ဘူးဆိုတာမျိုးလည်း ကြားဖူးပါရဲ့။ ကိုယ့်မှာရှိတဲ့မေတ်္တာကို ဖော်ပြဖို့…

Read More

ကြည် နူး ရိပ် လေး ရဲ့ နေ ရာ

ကွန်မရဲ့ဘဝမှာအမြဲတမ်းရောက်ခဲ့တဲ့ နေရာလေးကတော့ ဘုရားကျောင်းပဲ ဖြစ်တယ်။ ကွန်မတို့ရဲ့ ဘုရားကျောင်းက အင်မတန်သာယာတဲ့နေရာလေးပေါ့ … ကွန်မအတွက်တော့ သခင်ယေရှုတရားဟောခဲ့တဲ့ အရှေ့အလယ်ပိုင်းကဒေသကိုရောက် နေသလိုမျိုးခံစားမိတယ် … ကွန်မရဲ့ ၀ိညာဥ်ထွက်ပေါက်ပေးတဲ့နေရာ၊ စိတ်အာဟာရ အပေးနိုင်ဆုံး နေရာလေးပေါ့ … ဘုရားကျောင်းဆိုတာ ကွန်မအတွက်တော့ သုခဘုံနန်းလို့ပဲ တင်စားပါရစေ။ ကွန်မမိသားစုလေးထဲမှာ ကွန်မရဲ့ ယောကျာ်းက ဝန်ထမ်းတစ်ယောက်ပေါ့ … အချစ်ဆုံးလို့ ခေါ်ရပေမယ့် မိသားစုလေးနဲ့ ခွဲခွာပြီးနေခဲ့တာနှစ်နှစ်ရှိခဲ့ပြီးပေါ့ အခုတော့ သူက ကောင်းကင်ဘုံကနေ ကြည့်နေမှာပါ။ ဇာနည်ဆိုတဲ့သားတစ်ယောက်နဲ့ ချန်ချန်ဆိုတဲ့ သမီးတစ်ယောက်ရှိတယ်။ ကွန်မရဲ့ နှလုံးသားပုံရိပ်လေးတွေပေါ့။ ကွန်မရဲ့ယောကျ်ား ကတော့ ယုံကြည်ခြင်းမှာတအားပြင်းထန်တယ်။ ဘာမဆို အာမင် ထူးနိုင်တယ်။ ဘုရားသခင် လုပ်ပေးတာပါဆိုပြီး ချီးမွမ်းလေ့ရှိတယ်။…

Read More

အသည်းနုနုမခူးရ

ရာသီတွေရယ် အို နေညိုခြင်းရဲ့ တစ်ဖက်မှာ ဆက်လက်ရှင့်သန်နေဆဲပါအဖေ။ ရေကြည်တစ်ပေါက် မသောက် ရရင်လည်း ရှိပါစေ၊ ““မျော်လင့်ခြင်းတဲ့ အဲဒီတွင်းလေးကိုပဲ အဝီစိရောက်အောင် ဆက်တူးရင်း …။ လူတွေက ကွန်မကို ပြောကြတယ်၊ လမ်းလျောက်တာ မငြင်သာဘူး၊ စက်ဘီးစီးတာ အရမ်းမြန်တယ်၊ ဆိုင်ကယ် စီးကြမ်းတယ်၊ ကားမောင်းတာ ပရမ်းပတာနဲ့တဲ့။ ကွန်မလူတွေရဲ့ အသံကိုနားထောင်ကြည့်မိတဲ့အခါ၊ အဲဒီဂုဏ်သတိ်္တတွေဟာ ကွန်မမှာတကယ်ရှိတဲ့အရာတွေ လား၊ လူတွေပေးထားလို့ ကွန်မရရှိလိုက်တဲ့အရာတွေလား၊ ဘယ်အရာဟာ တကယ့် အမှန်တရားလဲဆိုတာတော့ သိမ်မသေချာပါဘူး။ ဒါပေမဲ့ … ကွန်မအတွက် သိပ်သေချာတာတစ်ခုက၊ အသည်းနုနုလမ်းမ တစ်ခုအပေါ် မငြင် မသာ၊ ပရမ်းမတာနဲ့၊ ကြမ်းတမ်းမြန်ဆန် မောင်းနှင့်ဖြတ်သန်းခဲ့ဖူးပါရဲ့။ ကွန်မသိထားတာက ““လမ်းကြမ်းသည် ဖြေးဖြေးမောင်းပါ””။…

Read More

ငါးမိနစ်စာ စားမြုပ်ပြန်ခြင်း

ဆုံးဖြတ်ချက်တွေ ထဲမှာ လိုချင်တာနဲ့ လိုအပ်တာ ဒီနှစ်ခုကို ခွဲဲခြားရတာ ခက်တယ်…. သူများအတွက် ခွဲခြားပေးရတာ နည်းနညး်လွယ်သေးတယ်… အဲ ကိုယ့်အတွက်ဆိုရင်တော့ …… တဏှာ က ကပ်နေပြီလေ ………… တစ်ချို့တွေကျတော့လဲ မိဘတွေရဲ့လိုအင် ဖြည့်ဆည်းပေးဖို့ ……တစ်ချို့ကျတော့ သားသမီးတွေရဲ့ လိုအင် အတွက်….. အခုခတ်ကြီးက လည်း နောက်ဆုံးရဲ့ နောက်ဆုံးပေါ် ဆိုတဲ့ဟာတွေ ကြောင့် ရပ်ရွာ ထဲမှာ ကြားနေရတာ ဟိုဟာလေးက မိုက်တယ် လိုချင်လိုက်တာ…….ဒီဟာလေးက အသစ်လေး လန်းတယ် လိုချင်လိုက်တာနဲ့ … လိုချင်တယ်….. ဆိုတဲ့ ဒီစိတ်လေး ကြောင့် • အာဒံနဲ့ ဧဝ ကတော့ လိုချင်စိတ်ပြင်းပြလာတော့ ဘယ်သူ့စကား…

Read More

ပျောက်သောသိုး၏ နိဂုံး

” ဘား …ဘား …” လမ်းပျောက်ကာ စမ်း လျှောက်နေသည့် သိုးတစ်ကောင်ရဲ့ အော်သံက စူးရှကျယ်လောင်စွာ ထွက်ပေါ်နေသည်။ လောကရဲ့ လမ်း ကြောင်းတောနက်ထဲမှာ ဘ၀ခရီး၌ သခင်နှင့်ဝေးကာ လမ်းပျောက်သည့် သိုးတစ်၏ ဒုက္ခကလည်း မသေးလှပါ။ ချောက်နက်ထဲကျကာ ဆူးချုံကြားမှာ ခွန်အားအကုန်နှင့် ရုန်းထွက်လာ ရသည့် သိုးသငယ်ရဲ့ ခန္ဓာထက်က သွေးတို့က ကြည့်မကောင်းအောင် စီးထွက်နေသည်။ နေစောင်းလို့ သိုးခြံ နှင့် သခင်ကို မတွေ့လျှင်တော့ ခန္ဓာ အသက်အတွက်သာ မျှော်လင့်ဖွယ် မရှိလှတော့ပေ။ သို့သော်လည်း အခက်အခဲကြားမှာတောင် သေမင်း နှင့် စစ်ခင်းလာသူအတွက် ဆုလာဘ် တစ်ခုတော့ ပြင်ဆင်စောင့်စား နေမှာ ပါ ဟူသော…

Read More