ကျွန်တော့နံရိုး

“ကျွန်တော့်နံရိုးက ဒီလောက်လှမယ်မှန်း တစ်ခါမှ မတွေးကြည့်မိ ဖူးဘူး” သူမ မျက်နှာလေးငုံသွားပြီး ခြေထောက်နဲ့ မြက်ပင်စိမ်းစိမ်းတွေကို အသာဖွဖွ ပွတ်သပ်နေတယ်။ သူမ ရှက်သွားမှန်းသိလိုက်တော့ ဘာရယ် မဟုတ် ကျွန်တော်လည်း ခေါင်းထဲရောက်လာတဲ့ ခြေဦးတည့်ရာ စကားတစ်ခွန်းကို ပြောမိသွားတယ်။ “အရိုးထဲက အရိုး၊ အသားထဲက အသား” ခေါင်းငုံ့နေရာမှ သူမ ခေါင်းဆတ်ကနဲ ထောင်လာပြီး . . . ” ဘာလဲ ရှင်က စားကာထာဝှက်ထာလား” ” ဟိုး… အင်း” ကျွန်တော်လည်း အသာရောချလိုက်ပါတယ်။ “အဲဒါ ယောက်ျားနဲ့မိန်းမကို ပြေတာမဟုတ်လား” “သိပ်ဟုတ်တာပေါ့” “ဒါဆို ကျွန်န်မလည်း ရှင့်ကို ပြန်ဝှက်မယ်” “မဖြေနိုင်ရင်တော့ ဒုက္ခပါပဲ”…

Read More

အကြောင်းအရင်းတချို့

ဘုရားကျောင်းက ခေါင်းလောင်းသံ ခပ်လွင်လွင်ကလေး ပျံ့လွင့်လာ ပါတယ်။ First Bellတီးနေပြီကိုး။ တကယ်တော့ နှုတ်ကျိုးနေတာပါ။ ပထမ ခေါင်းလောင်း ဒါမှမဟုတ် အကြိုခေါင်းလောင်းလို့ခေါ် ရင်ရတာပဲ။ ကိုဖိုးတေအတွက် သိပ်တော့အရေးမကြီးလှပါဘူး။ အချိန်မီရောက်ဖို့ကသာ အရေးကြီးတာ မဟုတ်လား။ ဂုဏ်ရှိန်ကြီးတဲ့သူ ဓနရှင်တွေလိုလည်း ကိုယ့်ကို အာရုံစိုက်မိအောင် နောက်ကျမှဝင် ရှေ့ဆုံးမှထိုင်ဆိုတာမျိုးလည်း ကိုဖိုးတေ မလုပ်ချင်ပါဘူး။ ပဏာမစန္ဒယားသံလေးကို နားထောင်ပြီး စိတ်ထဲမှာ စာသားတွေ ညည်းဆိုမိပါတယ်။ ကိုယ့်ရဲ့စိတ်နှလုံးကို  ပြင်ဆင်ပြီး ဝတ်ပြုခြင်းအစီအစဥ်ပါဝင်နိုင်ဖို့ပေါ့။ ဝတ်ပြုအစည်းအဝေးစဖို့ သဘာပတိက သမ္မာကျက်းစာလည်း စဖတ်ရော အနှောင့်အယှက်က စတာပဲဗျို့။ T.V ဇာတ်လမ်းတွဲထဲက ဘယ်မင်းသား ဘာဖြစ်သွားတယ်။ ဘယ်မင်းသမီးမတော့ ဟိုဟာဖြစ်နေပြီ။ ကိုယ်နားမထောင်ချင်ပေမယ့် နားထဲကို အတင်းရောဇွတ်ရော…

Read More

မျှော်လင့်ခဲ့သောနေ့

(၁) “အိပ်မက်လေးထဲ …လာမှာလားကွယ်၊ လာနိုင်ပါတယ်၊ ပြန်လည်ထွက်မသွားနဲ့ …ခွင့်မပြုနိုင်ဘူး” ထူးအိမ်သင်၏သီချင်းဆုံးတဲ့အထိ နားထောင်ပြီး ““ဧကရီထွဋ်”” လှပစွာ ပြုံးပြီး လိုက်ကာကိုချကာ အိပ်ယာထဲ ၀င်လိုက်တော့တယ်။ ခြံပြင်မှလည်း သီချင်းသံတိတ် သွားတယ်။ စကားသံပဲ ကြားရတယ်။ ““ဟေ့ကောင် ၀င်သွားပြီ မရှိတော့ဘူး”” ““အေးကွာ …ကဲ ထတော့ ပြန်ချိန်တန်ပြီ၊ ဆယ့်တစ်နာရီတောင် ကျော်ပြီ”” ““ဟုတ်တယ် …ဆာယာ ဒီလောက်ရင်ဖွင့်တာတော်လောက်ပြီပေါ့”” ဧကရီထွဋ်ကို စွဲလန်းချစ်နေတဲ့ ဆာယာရိပ်သည် သူငယ်ချင်းများနဲ့အတူ ရင်ဖွင့် သီချင်းလာဆိုပြီး မပြန်ချင်ပဲ ပြန်သွားရတယ်။ အလိုက်သိတဲ့ သူငယ်ချင်း အာကာနဲ့ ဖိုးနိုင်က သူ့ကို နားလည်ပေးစွာနဲ့ လိုက်လာပေးခဲ့တယ်။ ဆာယာရိပ်က ဧကရီထွဋ်ကို ဇွဲရှိရှိစောင့် နေခဲ့တယ်။…

Read More