မူးယစ်ဆေးရဲ့ ချောက်ချားဖွယ်ထဲမှ ရုန်းထွက်ခဲ့သူ

မူးယစ်ဆေးရဲ့ ချောက်ချားဖွယ် ချောက်လှန့်မှု့တွေထဲက ရုန်းထွက်ဖို့ ခက်ခဲနေတဲ့သူ ၊ အမှောင်ထုရဲ့ လွှမ်းမိုးမှု့ကို အနိုင်ယူချင်သူ တယောက်ရဲ့ စိတ်ဓါတ်ခွန်အား တွေဟာ ဘယ်နေရာမှာလဲ။ ရေရေရာရာ နားလည်နိုင်ဖို့ အတွက် သေသေချာချာ ကြည့်လိုက်ကြရအောင်နော်။ Comment လေးတွေ ပေးခဲ့ပါဦးလို့ ဖိတ်ခေါ်တယ်နော်။ Posted by Voice From Friends on Tuesday, July 14, 2015 Save

Read More

အကြွေးများကြားမှ ငြိမ်းချမ်းခြင်း

သင့်မှာ အကြွေးပတ်လည်ဝိုင်းနေရင် ငြိမ်းချမ်းမှုနဲ့မျှော်လင့်ချက်ကို သင်ဘယ်မှာ ရှာတွေ့နိုင်မလဲ။ ဘ၀ပြသနာတွေရဲ့အဖြေကို ရှာဖွေတွေ့ရှိနိုင်ဖို့ ဘယ်သူ့ဆီ ချဉ်းကပ်နိုင်သလဲ။

Read More

ဘုရားသခင် ကျန်းမာစေပြီ

ကျန်းမာသက်ရှည်စွာနေချင်တာ လူတိုင်းရဲ့ဆန္ဒဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျွနု်ပ်တို့မျှော်လင့်တဲ့အတိုင်း ဘ၀မှာ အမြဲတမ်းဖြစ်လာလေ့မရှိပါဘူး။ ကျွနု်ပ်တို့ရဲ့ခန္ဓာကိုယ်ဟာ ဖျားနာခြင်းတွေကို အမြဲတမ်းတော့ ခုခံတွန်းလှန်နိုင်ခြင်းမရှိပါဘူး။ လူတော်တော်များများဟာ ငယ်ငယ်ရွယ်ရွယ်မှာပဲ သေဆုံးကြရပါတယ်။ ဒါ့အပြင် လူများစွာဟာ သေခြင်းကိုရင်ဆိုင်ဖို့အဆင်သင့်မဖြစ်ကြသေးတာကြောင့် ကျွနု်ပ်တို့ရဲ့ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင်နေစေဖို့ ကြိုးစားတတ်ကြပါတယ်။ ဒါပေမယ့်လည်း အဲသလိုကြိုးစားနေရင်းကြားထဲမှ ရောဂါတွေရဲ့နှိပ်စက်မှုကို အချိန်ကာလကြာရှည်စွာ ခံစားလာရတဲ့အခါ သင်ဘယ်လိုလုပ်မလဲ။

Read More

ဘုရားသခင်ရဲ့မိတ်ဆွေ

အကယ်၍ သင့်ရဲ့အိမ်ထောင်ဖက်က သင့်ကို သစ္စာဖောက်ပြီး သင့်ကိုပစ်ထားခဲ့ကာ အခြားသူနှင့်ပျော်ပါးနေလျှင် သင်ဘယ်လိုခံစားရမလဲ။ သင့်ကို နာကျင်စေပြီး သင့်ဘ၀ကို ပျက်စီးစေမှာ ဖြစ်တယ်။ အဲသလို အခြေအနေမျိုးကြုံရတဲ့သူများစွာဟာ အခြားအရာကို ရွေးချယ်ဖို့ထက် ကို်ယ့်ရဲ့အိမ်ထောင်ဖက်ကို လက်စားချေတဲ့အနေနဲ့ သူ့ကို တန်ပြန်သစ္စာဖောက်ခြင်းကသာ ပိုကောင်းတယ်လို့ဆိုတဲ့သူတွေ ရှိပါတယ်။ ဒါပေမယ့် အဲသလို တန်ပြန်သစ္စာဖောက်တာဟာ တကယ်အကျိုးရှိပါသလား

Read More

အမွန်းရဲ့ယုံကြည်ခြင်း

ဒုက္ခမကြုံရတဲ့သူ ဘယ်သူရှိပါသလဲ။ ဘယ်သူမှ မရှိပါဘူး။ ငွေက ဒုက္ခပြဿနာတွေကို အခါခပ်သိမ်း ပြေလည်အောင် ဖြေရှင်းပေးနိုင်ပါသလား။ အခုပြောပြမယ့်အရာကတော့ လုံစစ်ဂျာမွန်းဆိုတဲ့ အခက်အခဲပြဿနာတွေနဲ့မလွတ်ကင်းနိုင်တဲ့ အောင်မြင်ကျော်တဲ့ အဆိုတော်အကြောင်းပဲ ဖြစ်ပါတယ်။ သူမဟာ ဘုရားသခင်ရဲ့ကျေးဇူးပြုမှုကြောင့် အခက်အခဲတွေအားလုံးကို ယုံကြည်ရဲရင့်ခြင်းအပြည့်နဲ့ ရင်ဆိုင်နိုင်ခဲ့ပါတယ်။ သူ့မှာ ဘယ်လို လျှို့၀ှက်ချက်တွေ ရှိပါသလဲ။ သူတွေ့ရှိခဲ့တဲ့ ဘုရားရဲ့ကောင်းကြီးမင်္ဂလာဟာ ဘယ်လိုမျိုးလဲ။

Read More