ဗလာနတ္ထိကြီး ရှိခဲ့ပါသလား?

အချိန်၏အစနှင့် စကြာဝဠာ၏ဇစ်မြစ်အကြောင်းတွေးတောခြင်း ဘုရားသခင်ရဲ့ သွင်ပြင်လက္ခဏာခြောက်ပါး အစကနဦးအကြောင်းကို သင် စဉ်းစားဖူးပါသလား? သင် ဘယ်လိုဖြစ်မယ်လို့ထင်ပါသလဲ? ပထမဦးဆုံး ဖြစ်ပေါ်လာတဲ့အရာဘာမဆို။ ဒါမှမဟုတ် အချိန်အစောဆုံးကာလမှာ ဒီနေရာမှာ အရင်ဆုံးရှိခဲ့တဲ့အရာဘာမဆိုပေါ့။ သင့်ဦးနှောက်ကို ညှစ်ထုတ်ပြီးတော့ ဒီအကြောင်းအရာကို စဉ်းစားဖူးပါသလား? ခဏလေး၊ အစကနဦးတုန်းက ဘာမှမရှိခဲ့ဘူးဆိုတာမဖြစ်နိုင်ဘူးလို့ သင်ပြောပါသလား? လွန်ခဲ့တဲ့ နှစ်ပေါင်းအသချေၤအနန္တကြာတုန်းက လုံးဝ ဘာမှမရှိခဲ့ဘူးဆိုတာ မဖြစ်နိုင်ဘူးလား? အဲဒါ စဉ်းစားရမယ့် သီအိုရီတစ်ခုပါပဲ။ ဆိုတော့ အဲဒါကိုစဉ်းစားရအောင် — နှိုင်းယှဉ်ချက်တွေနဲ့ အရင်စဉ်းစားရအောင်။ သင့်မှာ အခန်းအကြီးကြီးတစ်ခုရှိတယ် ဆိုကြပါစို့။ အဲဒါ ဘောလုံးကွင်းတစ်ကွင်းစာလောက်ရှိပြီးတော့ အလုံပိတ်ကြီးလို့ ပြောရအောင်။ အခန်းက သော့အသေပိတ်ထားတယ်။ တံခါးမတွေ၊ ပြတင်းပေါက်တွေမရှိ၊ နံရံမှာတောင် အပေါက်လေးတွေမရှိဘူး။ အခန်းထဲမှာ…

Read More

ဘုရားသခင် ဘယ်သူလဲ?

ဘုရားသခင်ဟာ ဘယ်သူဖြစ်သလဲ? ဘုရားသခင်က ဘာနဲ့တူသလဲ? ဘုရားသခင်ရဲ့ သွင်ပြင်လက္ခဏာခြောက်ပါး ကြီးမားတဲ့အကျယ်အဝန်းပမာဏနဲ့ ဆန်းကျယ်တဲ့အနုစိတ်လက်ရာတွေနဲ့ပြည့်နှက်တဲ့ ဒီစကြာဝဠာကြီးကို ဖန်ဆင်းခဲ့တဲ့ဘုရားသခင်ကို ကျနော်တို့သိနိုင်ပါတယ်။ ဘုရားက သူ့အကြောင်းကိုပြောပြရုံမကပဲ တခြားအရာတွေလည်းပြုလုပ်ခဲ့ပါတယ် ။ သူက ကျွန်တော် သူ့ကိုသိလာနိုင်ဖို့နဲ့ သူနဲ့ အဆက်အသွယ်ရှိလာဖို့အတွက် အမြဲပဲ ဆန္ဒရှိနေတာဖြစ်ပါတယ် ကျွန်တော်တို့သူ့ကို သိရုံသိခြင်းမျိုးမဟုတ်ဘဲ အတွင်းကျကျ ရင်းနှီးကျွမ်းဝင်နိုင်ပါတယ်။ “ထာဝရဘုရားမိန့်တော်မူသည်ကား၊ ပညာရှိသောသူသည် မိမိပညာ၌ မဝါကြွားစေနှင့်။ ခွန်အားကြီးသောသူသည် မိမိခွန်အား၌ မဝါကြွားစေနှင့်။ ဥစ္စာရတတ်သောသူသည် မိမိဥစ္စာ၌ မဝါကြွားစေနှင့်။ ဝါကြွားသောသူမည်သည်ကား၊ ငါသည်မြေကြီးပေါ်မှာ ချစ်သနားခြင်း၊ တရားသဖြင့် စီရင်ခြင်း၊ ဖြောင့်မတ်ခြင်းကိုပြုသောဘုရားဖြစ်ကြောင်း တည်းဟူသော၊ ငါ့သဘောကို နားလည်ခြင်း၌သာ ဝါကြွားစေ။ ငါသည် ထိုအရာတို့၌မွေ့လျော်သည်ဟု ထာဝရဘုရားမိန့်တော်မူ၏။” (ယေရမိ…

Read More

ဘုရားရှိသလား?

ဘုရားဆိုတာရှိသလား? ဘုရား အမှန်တကယ်ရှိတယ်ဆိုတာယုံကြည်ဖို့ ရှင်းလင်းတိကျသော အကြောင်းပြချက်များ (၆)ချက် ပြောပြပါမယ်။ မေရီလင်းအာဒမ်ဆင်ထံမှ ဘုရားရှိတယ်ဆိုတဲ့အထောက်အထားကို တစ်ယောက်ယောက်က တစ်ကြိမ်တစ်ခါလောက် သင့်ကိုပြတာမျိုး မလိုချင်ဘူးလား? အကျပ်ကိုင်တာမျိုး မဟုတ်ပါဘူး။ “ယုံသာယုံလိုက်ပါ” လို့လည်း မဆိုပါဘူး။ ဟုတ်ပြီ၊ ဘုရားရှိတယ်ဆိုတဲ့ အကြောင်းပြချက်တချို့ကိုသာ ဘွင်းဘွင်းရှင်းရှင်းပဲ ပြောလိုက်ပါရစေ။ ဒါပေမယ့် ဒါကိုအရင်စဉ်းစားပါ။ ဘုရားတည်ရှိခြင်းရဲ့ ဖြစ်နိုင်ခြေရှိမှုတွေနဲ့ ပတ်သက်လာရင်၊ သမ္မာကျမ်းစာထဲမှာပြောထားတာက- တချို့သောသူတွေက ခိုင်လုံတဲ့အထောက်အထားတွေ တွေ့သော်လည်းပဲ ဘုရားနဲ့ပတ်သက်တဲ့အမှန်တရားတွေကို ချိုးနှိမ်ထားကြတာပဲဖြစ်တယ်လို့ပြောပါတယ်။၁ ဒါပေမယ့် ဘုရားရှိလားသိချင်တဲ့သူတွေအတွက် ဘုရားက “ငါ့ကို ရှာသောအခါ၊ စိတ်နှလုံးအကြွင်းမဲ့နှင့်ရှာလျှင် တွေ့ကြလိမ့်မည်။ ငါသည်လည်း သင်တို့အတွေ့ကို ခံမည်။”၂ လို့ ပြောပါတယ်။ ဘုရားရှိကြောင်းဖော်ပြချက်တွေ မကြည့်ခင်မှာ ကိုယ့်ကိုယ်ကို မေးကြည့်ပါ၊…

Read More

ဗေဒင်နှင့် စိတ်ကုသခြင်း အပေါ် အသင်းတော်ရဲ့ သဘောထား

မေး။ ။လူကြီးတစ်ယောက်က ဗေဒင်ဟောတာလဲမှန်တယ် ၊စိတ်ဝေဒနာတွေကိုလည်း ကုပေးတယ်။ အဲဒီတော့ ကျန်မသိချင်တာက ဒီအရာတွေနဲ့ပက်သတ်ပြီး အသင်းတော်ရဲ့ သဘောထားကို သိပါရစေ။ သမီးမှန်မှန်ကန်ကန် ရှင်းပြချင်လို့ပါ။ ဖြေ။ ။ လူတွေဟာ မိမိအသက်အရွယ် ကြီးလာရင် ကျန်းမာရေးမှကောင်း ပါမလား။ မိမိရဲ့ အနာဂတ်မှာ ဘာတွေဖြစ်မလဲ စသည်ဖြင့် အမြဲ စိုးရိမ်ပူပန် နေတက်ကြပါတယ်။ ကျန်းမာရေး မကောင်းရင်၊ စိုးရိမ်သောကတွေနဲ့ လှမ်းမိုးနေမယ်ဆိုရင်၊ ဘဝဟာ တကယ်ကို စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်ပါတယ်။ တကယ်လို့ လူတစ်ယောက်ရဲ့ ကျန်းမာရေး ချတ်ယွင်းလာပြီဆိုရင် ဒီရောဂါဝေဒနာတွေကို ဘယ်လိုပျောက်ကင်းအောင် ကုသလဲဆိုတာအပေါ် အာရုံထားကြခြင်းကလည်း မှန်ကန်တဲ့ အလုပ်ဖြစ်ပါတယ်။ အကယ်၍ ဒီရောဂါကို ကုသလိုမပျောက်ကင်းနိုင်ဘူး ဆိုလျင်လည်း ဒီရောဂါဝေဒနာကြောင့်…

Read More

ယေရှု၏ မွေးနေ့

ယေရှု၏ မွေးနေ့ ရက်၊ လ၊ နှစ်တို့ကို ဖေါ်ပြပေးလို့ ရနိုင်ပါသလား၊ ဖေါ်ပြပေးနိုင်ပါက ယေရှုကို ကိုးကွယ်ပါမည်? ယေရှု၏ မွေးနေ့ကို မေးသောမေးခွန်းကြီးမှာ ၁၉၃၆ ခုနှစ်တွင် ခရစ်ယာန် တို့ရှုံးနိမ့်သွားသည်ဆိုသည့် ဝါဒပြိုင်ပွဲမှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပါသည်။ ထိုဆွေးနွေးပွဲ ဖြစ်ပေါ်လာပုံမှာ ၄င်းရွာလေးတွင် ထမ်းပိုးမညီသော လူကြီးအိမ်တစ်အိမ်ရှိပါသည်။ နှစ်ဦးနှစ်ဖက်မှ ဘာသာရေး ခေါင်းဆောင်များလာတိုင်း ၄င်းတို့၏အိမ်တွင် တည်းခို ကြကာ ကျေးမွေးဧည့်ခံရသည့် အကြောင်း တို့ကြောင့် ဧည့်ခံကျေးမွေးစရိတ်နှင့် ကုန်ကျမှု များ များလာသည့်အတွက် လင်မယားချင်း ဆွေးနွေးပွဲစခဲ့ပါသည်။ ထို့နောက် နှစ်ဦးသဘောတူ ၄င်းတို့ရွာမှ ဘုန်းတော်ကြီးနှင့် သင်းအုပ်ဆရာတို့ကို တရားဆွေးနွေး စေခဲ့ပြီး အနိုင်ရ မှန်ကန်သောဖက်သို့ နှစ်ဦးစလုံး…

Read More

ခရစ်ယာန်တို့ အကြွင်းမဲ့နာခံသော သမ္မာကျမ်းသည် မှန်ကန်ကြောင်း အဘယ်ကဲ့သို့ သက်သေပြမည်နည်း ?

အကျဉ်းချုံးဖေါ်ပြရပါက သမ္မာကျမ်းပါ ပရောဖက်ပြုချက်များ ငါးပုံသုံးပုံခန့် ပြည့်စုံလာပြီး ကျန်သောပရောဖက် ပြုချက်များ လည်း လုံးဝပြည့်စုံလာမည့် သက်သေ များရှိနေပါသည်။ ဥပမာ ယေရှုဘုရားဒုတိယအကြိမ်လောကသို့ ကြွဆင်းလာချိန်နီးလျှင် စစ်မက်များ၊ ငတ်မွတ်မှုများ၊ မြေငလျင်များ၊ ကာလနာများနှင့် လူများချစ်ခြင်းမေတ္တာ ခေါင်းပါးလာကြမည်ဟု ယေရှုဘုရားပရောဖက် ပြုချက်များအတိုင်း ထိုအမှုတို့သည် နှစ်စဉ်  အဆပေါင်းများစွာ တိုးလို့သာ လာနေခြင်းတို့ကြောင့် ဖြစ်ပါသည်။ သမ္မာကျမ်းပါ လူပုဂ္ဂိုလ်များ၊ နေရပ်ဒေသများ၊ အဖြစ်အပျက်များနှင့် ယဉ်ကျေးမှုအမွေအနှစ်များတို့ကို ရှေးဟောင်း သုတေသီများက တိုက်ဆိုင်စစ်ဆေးရာတွင် အချက်အလက်များ နှစ်သောင်းငါးထောင်ထက်မက တူးဖေါ်တွေ့ရှိနိုင်ခဲ့ပြီး ဖြစ်ပါသည်။ဓမ္မဟောင်းကျမ်းပါ အဖြစ်အပျက်များ၊ နေရာဒေသများနှင့် လူပုဂိ္ဂုလ်များ အမှန်ပင်ရှိ ခဲ့ကြောင်းကို ဘူမိဗေဒနှင့် မနုဿဗေဒ ပညာရှင်များက တူးဖေါ်တွေ့ရှိခဲ့ ကြပေသည်။…

Read More