Loading...

မြည်းစမ်း၍ ခေါ်ကြည့်ပါ

ဘုရားသခင်သည် ကောင်းကင်မြေကြီးနှင့် လောကဓါတ်အရာများကိုဖန်ဆင်းသည်သာမက လူကိုလည်းဖန်ဆင်း တော်မူ သောအရှင်ဖြစ်သည်။ ဤလူကိုဖန်ဆင်းရာတွင် မြေကြီးကိုယူ၍ လက်တော်နှင့်စေ့စပ်ကာ ပုံသွင်းပြီးနှာခေါင်းမှ နာမ်သက်(ဇီဝသက်) ကိုမှုတ်သွင်းတော်မူ၍ လူသည်အသက်ရှင်သောသတ္တဝါအဖြစ် တည်ရှိလာခြင်းဖြစ်ပါသည်။

မြည်းစမ်းကြည့်ပါ
လူ၌သင်္ခါရကဏ္ဍနှင့်တွဲဖက်ကာ အစဥ်ထာဝရတည်မည့်နာမ်သက်ရှိသောကြောင့် ဤလောကမှစုတေ့သောအခါ ဘဝသည် ဆုံးမသွားဘဲ ထာဝရခရီးကိုဆက်ရဦးမည်။ သို့ဖြစ်သောကြောင့် လူသည်ဤလောက၌အသကရှင်စဥ် မိမိကိုဖန်ဆင်း သောဘုရား နှင့်အဆက်မဖြစ်မချင်းစိတ်နှလုံးထဲ၌ငြိမ်သက်အေးချမ်းမှုမရနိုင်ပါ။ ဘုရားရှင်သည် ကျနု်ပ်တို့ကိုဖန်ဆင်းသော အရှင်ဖြစ်ကြောင်း သိရှိ ယုံကြည်နိုင်သည့်သက်သေရဖို့ ကိုယ်တော်ကိုမြည်းစမ်း၍ ခေါ်ကြည့်နိုင်ပါသည်။ ဘုရားရှင်က နှလုံးသားကိုသိမြင်တော်မူသော အရှင်ဖြစ်တော်မူသည့်အတိုင်း ကိုယ်တော်နှင့် တွေ့မြင်မည်သည့်ဘာသာဝင်ဖြစ်ပါစေ၊ ဘုရားရှင်ကခွဲခြားမှုမရှိပါ။ လာလိုသော သူတို့သူတို့ထံသို့လာနိုင်ကြောင်း ကိုယ်တော်ကအသိပေးခေါ်ဖိတ်လျက် ရှိပါသည်။ ကိုယ်တော်၏စကားပေါ်တွင် ယုံကြည်တုန့်ပြန် ကိုးစားမည်ဆိုလျင်ယုံကြည်ခြင်း၏ အကျိုးရလဒ်ကိုအမှန်ပင်ခံစားရ မည်ဖြစ်သည်။ တစ်ဖက်မှလည်း ကိုယ်တော်စကားကိုသံသယ စိတ်ဖြင့်တုန့်ပြန်ကာအလေးမထား၊ ဂရုမပြုလျင်အကျိုးရှုံးမည့် သူမှ ကျနု်ပ်တို့သာဖြစ်ကြောင်း သတိချပ်သင့်ပေသည်။

သဗ္ဗေုတဥာဏ်တော်ရှင်
လူမှန်လျင်ခရစ်ယာန်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ဘုရားသခင်နှင့်စပ်ဆိုင်ပါသည်။ အကြောင်းမှ ဘုရားရှင်သည် ကျနု်ပ်တို့ကိုမိမိပုံသဏ္ဍာန်တော်နှင့အညီဖန်ဆင်းထားသောကြောင့်ပေတည်း။ ဘုရားရှင်သည် ကျနု်ပ်တို့ မည်သည့်နေရာတွင် ရှိပြီး မည်သို့သောသဘောဖြင့်အသက်ရှင်နေသည်ကိုသိပါသည်။ အာဒံနှင့်ဧဝသည်ဘုရားစကားကို ငြင်းပယ်၍အပြစ်သားဘဝသို့ ရောက်ရှိပြီးနောက် ဘုရားသခင်ရှေ့တော်မှလွတ်မြောက်ရန်ပုန်းကွယ်နေသည်ကို ဘုရားရှင်ကသိမြင်ပါသည်။

ဘုရားရှင်က အာဒံနှင့်ဧဝအား “သင်တို့ အဘယ်မှာရှိသနည်း”ဟု မေးပါသည်(ကမ္ဘာ၊၃)။ အကယ်စင်စစ်ထိုသို့ မေးခြင်းမှာ သူတို့ရှိသည့်နေရာကိုဘုရားရှင်ကမသိ၍ မေးခြင်းမဟုတ်ပါ။ အာဒံနှင့်ဧဝံသည်သူတို့၏အမှားကိုဝန်ခံ၍ ဘုရားသခင်ရှေ့တော်သို့ ပြန်လာလိုသောဆန္ဒမရှိပါ။ ထိုနည်းတူ ယနေ့လူမြောက်မြားစွာတို့သည် အပြစ်သားဘဝမှ ဘုရားသခင်ရှေ့တော်သို့ပြန်လာပြီး အပြစ်လှတ်ခြင်းကိုလက်ခံရယူ၍ ဘုရားရှင်နှင့် မိဿဟာယဖွဲ့ရန် အလိုမရှိကြောင်း တွေ့မြင်ရသည်မှာ ဝမ်းနည်းဖွယ်ဖြစ်ပါသည်။

တစ်ဆင့်စကားတစ်ဆင့်ကြား၍
(က၊၂၈း၁၃)တွင် ဘုရားသခင်သည် ယာကုပ်နှင့်စကားပြောကြောင်း ကျနု်ပ်တို့တွေ့ရသည်။ ယာကုပ်သည် ယခင်အချိန် ကမိဘဘိုးဘွားတို့၏ ပြောသောစကားအရသာ ဘုရားသခင်၏ အကြောင်းကိုကြားသိထားသူဖြစ်သည်။ သို့သော်ယခုအချိန်တွင် ဘုရားသခင်ကိုယ်တော်တိုင်က သူ့အားစကားပြောသည်ကိုကြား၍ ကိုယ်တိုင်ကိုယ်ကျသက််သေနှင့် သိခွင့်ရသူဖြစ်သည်။ ထို့အတူ ကျနု်ပ်တို့သည်လည်း အခြားသူများကတဆင့်ပြောကြား၍သာ ဘုရားသခင်အကြောင်းသိရှိပြီး ကိုယ်တိုင်ဘုရားရှင်နှင့်ပုဂ္ဂိုလ်ချင်း ထိတွေ့ရသောအတွေ့အကြံုမရှိသေးပါက နှလုံးသားနှင့် ကိုယ်တော့်ကိုတမ်းတ၍ ခေါ်ကြည့်နိုင်ပါသည်။

ဘုရားရှင်သည် မောရှေအားသူ၏အမည်နာမကိုခေါ်၍ နှုတ်ဆက်ပြီးမှ စကားပြောတော်မူပါသည်။ ထို့အတူယောရှုအားလည်း အမည်နာမဖြင့်ခေါ်၍သိတော်မူပါသည်။ ဘုရားရှင်သည် မောရှေအားခေါ်စဥ် မောရှေသည် ယောက္ခမ၏သိုးနှင့်ဆိတ်များကို ထိန်းကျောငး်တေသည့်အချိန်ဖြစ်ပါသည်။ အလုပ်လုပ်သည်ဖြစ်စေ၊ မည်သည့်အမှု ကိုပြုသည့်ဖြစ်စေ၊ နှလုံးသားကဘုရားသခင်၏ အကြောင်းဆင်ခြင်၍တမ်းတမည်ဆိုပါက၊ ဘုရားရှင်မှစကား ပြောမည်ဖြစ်ပါသည်။ သို့သော် ဘုရားကျောင်းကိုရောက်လာ၍ ဝတ်ပြုစည်းဝေးတွင်ပါဝင်ပြီးမှ လောကီအရာများကို အာရုံစိတ်မိသဖြင့် ဘုရားသခင်၏စကားသံကိုမကြားရဘဲပြန်သွားရသောဖြစ် ရပ်သည်လါန်စွာဝမ်းနည်းဖွယ်ကောင်းလှ ပေသည်။

ဟုတ်မှန်သောစကား
(ဆာလံ၊ ၁၁၉း၁၆ဝ)တွင် ဆာလံဆရာက နှုတ်ကပတ်တော်အလုံးစုံတို့သည် ဟုတ်မှန်ကြောင်းဝန်ခံထားပါသည်။ ဆာလံ သီချင်းကိုရေးသားသောဒါဝိဒ်အသက်တာတွင် နှုတ်ကပတ်တော်စကားအလုံးစုံမှန်ကန်ကြောင်း သက်သေကိုလက်တွေ့ ခံစားရပါ သည်။ သူကိုယ်တိုင်၏အသက်တာ၌ လက်တွေ့ခံစားရသလို အခြားလူများလည်း လက်တွေ့မြည်းစမ်း၍ သက်သေ ခံစားနိုင်ဖို့ရန် မေတ္တာနှင့် ဝေငှသက်သေခံထားခြင်းဖြစ်ပါသည်။ ထိုကြောင့် နှုတ်ကပတ်တော်စကား မှန်ကန်ကြောင်း သက်သေကို ကျနု်ပ်တို့ကိုယ် တိုင်ခံစားပြီးသောအခါ သိုထားဖို့ရန်မဟုတ်ပါ။ သက်သေကိုအခြားသူများအား ဝေငှပြောကြားဖို့ ကိုယ်တော်အလိုရှိပါသည် (ဟေရှာ၊၅၅း၁ဝ)။

သခင်ခရစ်တော်သည် သေခြင်းကိုအောင်မြင်၍ ရှင်ပြန်ထမြောက်တော်မူသောအရှင်ဖြစ်သည်သာမက နှလုံးသားနှင့်် တမ်းတ၍ အော်ဟစ်သူတိုင်းကိုုတုန့်ပြန်သက်သေထူဖို့ ယနေ့စောင့်မျော်နေပါသည်။ ယနေ့ဤနှုတ်ကပတ်တော်ကိုကြား၍ ခိုင်မာ သောသဘော၊ မထီမဲ့မြင်ပြုသောသဘောမရှိဘဲ မိမိအသက်တာကို ပြန်လည်ဆန်းစစ်၍ နှုတ်ကပတ်တော်စကားအတိုင်း ကိုယ်တော် အားမြည်းစမ်းခေါ်ကြည့်ပါ။ ထို့သို့ခေါ်လျင် ထာဝရအကျိုးရလဒ်ခံစားနိုင်သောသက်သေကို သင်တွေ့မြင်ခံစားရ မည်ဖစ်ကြောင်း မေတ္တာနှင့်သတိပေးဝေငှလိုက်ရပါသည်။

Dr.တင်မောင်ထွန်း

From: http://www.mtruth.net/2010/11/blog-post_5478.html

Save

Save