Loading...

နှလုံးသားနှင့်တမ်းတခေါ်သံ

နှလုံးသားနှင့် တမ်းတခေါ်သံ

ယနေ့လောကတွင် ခရစ်ယာန်မဟုတ်သေးသော်လည်း  အသက်ရှင်တော်မူသော ဘုရားကို ယုံကြည်သောသူများစွာရှိ နေပါသည်။ ဘုရားသခင်၏ရှေ့တော်တွင် ခရစ်ယာန်ဖြစ်ခြင်း၊ မဖြစ်ခြင်းသည်အဓိကမဟုတ်ပါ။ သန့်ရှင်းသောဝိညာဥ်တော်၏ ဖေါ်ပြမှုကြောင့် မနောအာရုံအသိက အသက်ရှင်သောဘုရားရှိကြောင်း၊ အသက်ရှင်သောဘုရားသည် မိမိကိုတွေ့မြင်နေ ကြောင်း နားလည်ပြီး၊ ဘုရားကိုယုံကြည်သူတိုင်းအား ဘုရားရှင်ကအသိအမှတ်ပြုပါသည်။ မည်သည့်ဘာသာဝင်ဖြစ်ပါစေ၊ အပြင်လက္ခဏာ သည် အဓိကကျပါသည်။

ဘုရားသခင်သည် မျက်နှာမလိုက်ပါ။ ဆင်းရဲနွမ်းပါးသောကြောင့် အားမငယ်ပါနှင့်။ ချမ်းသာကွယ်ဝ သောကြောင့် လည်း ဝါကွားမောက်မာခြင်းမပြုပါနှင့်။ ဘုရားသခင်သည် မည်သူမျက်နှာကိုမျ မမှတ်ပါ။ အပြင်သမဏ္ဍာန်၏ နွမ်းပါးမှု၊ ကွယ်ဝမှုသည် ဘုရားရှေ့တွင်မပေါ်လွင်ပါ။ အတွင်းနှလုံးသား၏ စိတ်ထားသည်သာ ပေါ်လွင်ပါသည် (တမန်၊ ၁ဝး၃၄-၃၅)။ ထိုကြောင့်ကျနု်ပ်တို့၏ လုပ်ဆောင်မှုမှန်သမျသည် မည်မျပင်ပန်းစွာလုပ်ဆောင်ပါစေ၊ အဓိကမကျပါ။ မည်ကဲ့သို့သော စိတ်နှလုံး နှင့်လုပ်ဆောင်နေသည် ဆိုခြင်းက သာလွန်၍ အဓိကကျပါသည်။ ကျနု်ပ်တို့၏ လုပ်ဆောင်မှုထက် အတွင်းစိတ်ထား မှန်ကန်မှုကို ဘုရားရှင်ကသိမှတ်ပါသည်။

တရားသဖြင့်ကျင့်ဆောင်သူ

ဘုရားသခင်ထံတော်မှ ကယ်တင်ခြင်းကျေးဇူးကို မည်သူခံစားရပါသနည်း။ ဘုရားသခင်ရှေ့တွင် မည်သူ မျက်နှာရပါသနည်း။ ယုဒလူများသာ ကယ်တင်ခြင်းရသည် မဟုတ်သလို ခရစ်ယာန်များသာ ကယ်တင်ခြင်းရသည် မဟုတ်ပါ။ လူအမျိုးမျိုးရှိသည်တွင်၊ ဘုရားသခင်ကို ကြောက်ရွံ့၍ တရားသဖြင့် ကျင့်ဆောင်သောသူသည် ဘုရားရှင်ရှေ့တွင် မျက်နှာရသည် သာမက ကယ်တင်ခြင်း ကျေးဇူးကိုလည်းခံစားခွင့်ရှိသည်။

(တမန်၊ ၁ဝ)တွင် ကော်နေလိအမည်ရှိသူသည် ယုဒလူမဟုတ်ပါ။ ခရစ်ယာန်လည်းမဟုတ်ပါ။ အခြားတပါး အမျိုးသားဖြစ် ပါသည်။ သူသည် တပ်မှူးတစ်ဦး ဖြစ်ပါသည်။ ထိုမျမကသူသည်ဘုရားသခင်ကို အာရုံပြုတမ်းတပြီး အလှူဒါနကိုပြုသောသူဖြစ်ပါ သည်။ နှလုံးသားဖြင့် ဘုရားကိုကြောက်ရွံ့သောသူဖြစ်သည်။ အလှူဒါနပြု၍ ကောင်းကင်နိုင်ငံသို့ ရောက်နိုင်မည်မဟုတ်ပါ။ နှလုံးသားနှင့်ဘုရားကိုကြောက်ရွံ့ယုံကြည်ပြီးမှ တရားသဖြင့် ပြုမူကျင့်ဆောင်သူသာ ဘုရားကို ကြောက်ရွံ့ယုံကြည်ပြီးမှ တရားသဖြင့်ပြုမူကျင့်ဆောင်သူသာ ဘုရားရှေ့တွင်မျက်နှာရပြီး အသိအမှတ်ပြုခံရကာ၊ ကယ်တင်ခြင်း ကျေးဇူးကိုလည်း ခံစားနိုင်မည် ဖြစ်သည်။ ကော်နေလိသည် နှလုံးသားနှင့်ဘုရားရှင်ကိုတမ်းတကာ တရားသဖြင့် ကျင့်ဆောင်ပြုမူသောကြောင့် ဘုရားရှင်၏ ကျေးဇူးတရားကိုခံစားရပါသည်။

မထင်မှတ်သူများ
ဘုရားရှင်များကိုယုံကြည်၍ ကောင်းကင်နိုင်ငံတော်သို့ ရောက်ရှိသည့်အချိန်တွင် ကျနု်ပ်တို့ မထင်မှတ်ထားသောစွာကို ကောင်းကင်နိုင်ငံတွင် တွေ့ရမည်ဖြစ်သည်။ ထိုအထဲတွင် အပြင်လက္ခဏာအားဖြင့် ခရစ်ယာန်မဟုတ်သော သူများစွာ ပါဝင်ပေလိမ့်မည်။ ထိုိမျသာမက ကျနု်ပ်တို့ ထင်မှတ်ထားသူများထဲမှ အချို့ကို ကောင်းကင်နိုင်ငံတော်၌ တွေ့ရ လိမ့်မည် မဟုတ်ပေ။ မြေကြီးပေါ် တွင် ဧဝံဂေလိတရားကိုများစွာလှည့်လည်ဟောပြောနေကြသူတို့ဤား ခရစ်တော်က “သင်တို့ကို ငါမသိ” ဟုငြင်းဆိုကြောင်း (မဿဲ၊ ၇ း ၂၁ -၂၃) တွင် ကျနု်ပ်တို့ တွေ့ကြရသည်။ ထိုသူများသည် ဘုရားရှင်၏ အကြောင်းကိုသာသိ၍ ဟောပြောနေသူများ ဖြစ်သော်လည်း ဘုရားသခင်ကို နှလုံးသားနှင့် မတွေ့၊ မသိ၊ မမြင်ကြ သူများဖြစ်ပေသည်။ ထိုကြောင့် ယနေ့ကျနု်ပ်တို့သည် သခင်ယေရှု၏အကြောင်းကိုသာသိ သူလား။ (သို့တည်းမဟုတ်) သခင်ယေရှုကို ပုဂ္ဂိုလ်တော်မြတ်အနေနှင့် ကိုယ်တိုင် ထိတွေ့သက်သေရကာ ယုံကြည်ခိုလှုံနေသူလားဟူ၍ မိမိအသက်တာကို သတိပြုစစ်ဆေးသင့်ပေသည်။

ဘာသာတရား
ယနေ့လောကတွင် အချို့သောသူများသည် မိမိတို့ ထင်မြင်ယူဆထားသည့်အတိုင်း အကျုးိခံစားရမည်ဟု မျော်လင့်သော်လည်း မခံစားရဘဲမျက်မြင်အခြေအနေအရ အကျိုးဆုံးရှုံးနေသူများစွာရှိပါသည်။ ခရစ်ယာန်အများစုမှာ မိမိတို့သာ ကယ်တင်ခြင်းရမည်။ မိမိတို့ကို သာ ဘုရားသခင်က စကားပြောသည်ဟု ထင်မြင်ယူဆကြပါ သည်။ ကော်နေလိသည် ခရစ်ယာန်တစ်ဦးမဟုတ်ပါ။ သို့သော်နှလုံးသားကိုသိ မြင်တော်မူသောဘုရားက ကော်နေလိ၏ အတွင်းနှလုံးသားကိုမြင်၍ မိမိ၏ တမန်တော်ကို စေလှတ်ကာကော်နေလိအား စကားပြောခဲ့ပါ သည်။ လောကတွင် ဘာသာတရားများစွာရှိပါသည်။ ဘာသာတရားများမှာ လူ၏အကျိုးအတွက် ဘုရားသခင်က ခွင့်ပြုထားသောအရာ များဖြစ်သည်။ ဘာသာတရားတိုင်းက လူကိုအပြစ်ရှိကြောင်း၊ အပြစ်ကြောင့်သေခြင်းတရားကိုရင်ဆိုင်ရခြင်းဖြစ်ကြောင့်၊ သတိပေးဖေါ်ပြထား ခြင်းဖြစ်သလို၊ (ရော၊ ၅ း ၁၂) တွင်လည်းဖေါ်ပြထားပါသည်။ လူသည်သင်္ခါရသားသက်သက်မဟုတ်ပါ။ ထာဝရကဏ္ဍနှင့်တွဲဖက်၍ ရှင်သန်နေသူ ဖြစ်ပါသည်။ ဘာသာတရားကြောင့် မိမိ၌ အပြစ်ရှိကြောင်း သိမြင်ပါက သင်္ခါရကဏ္ဍကို အလေးထားအသက်မရှင်ဘဲ ထာဝရ ကာလအတွက်စဥ်စား၍ ကြိုတင်ပြင်ဆင်သင့်ပေသည်။

ငါ့ကိုခေါ်လော့

သမ္မာတရား၏  အသိပေးဖေါ်ပြမှုကြောင့် ကျန်ုပ်တို့သည် ကံသုံးပါးဖြင့် နေ့စဥ်နှင့်အမျအပြစ်ကျူးလွန် နေကြောင်းသိမြင်လာပြီဆို လျင် ထိုအပြစ်တရား၏ စိုးမိုးချယ်လှယ်မှုအောက်မှ လွတ်မြောက်ရာလမ်း ရှိကြောင်းသတိပြုပါ။ သခင်ယေရှုက “ငါ့ကိုယုံကြည်သောသူသည် အပြစ်စီရင်ခြင်းမခံရ”ဟုသတိပေးပါသည်။ (ယော၊ ၃း၁၈)။ ထိုကတိကိုလက်တွေ့ သိရှိခံစားလိုပါက “ငါ့ကိုခေါ်လော့၊ ငါထူးမည်” ဟုပြော ထားပါသည်။ ကိုယ်တော်အသက်ရှင်ကြောင်း လက်တွေ့သိလိုပါက ကိုယ်တော်သည် အမှန်တက်ယအသက်ရှင်၍ ကျနု်ပ်တို့ကို အပါယ်ငရဲ မှကယ်တင်သော ဘုရားဖြစ်ကြောင်း သက်သေပြပါဟုခေါ်နိုင်ပါသည်။ ထိုသို့ခေါ်ပါက ကိုယ်တော်သည် အသက်ရှင်၍ အပြစ်တရားမှ ကယ်တင်နိုင်သော ဘုရားဖြစ်ကြောင်း ကျနု်ပ်တို့လက်တွေ့သိရှိယုံကြည်ဖို့သက်သေထူ၍ မစပေလိမ့်မည်။

ဘုရားရှင်သည် မျက်နှာမလိုက်ပါ။ သခင်ယေရှု၏ နာမ၌ခေါ်သူတိုင်းကိုထူး၍ သက်သေထူပါသည်။ ထိုကြောင့်ယနေ့ကျနု်ပ်တို့၏ အသက်တာ၌ ကိုယ်တော်နှင့် ပုဂ္ဂိုလ်ချင်းထိတွေ့မှု သက်သေမခံစားရသေးပါက၊ ကိုယ်တော်ကို စိတ်နှလုံးနှင့် တမ်းတလျက်ခေါ်ပါ။ ကိုယ်တော် အသက်ရှင်ကြောင်း သက်သေရမည် ဖြစ်သည် သာမက၊ အ့သြဖွယ်သက်သေ အမျိုးမျိုးကို အသက်တာ၌လက်တွေ့ခံစားရမည်ဖြစ်ပါကြောင်း၊ မေတ္တာနှင့်အသိပေးဝေငှလိုက်ရပါသည်။

မူရင်း။ ။ http://burmesebible.com/sermons/utmt/zg/03.htm

Save