Loading...

မၿပီးေသးပါ

New_Constructionတစ်နေ့ ကျွန်တော်လမ်းလျှောက်သွားစဉ် ဆောက်လုပ်ဆဲတိုက် တစ်လုံးကို သတိပြုမိပါတယ်။ အဲဒီနေရာရှေ့ မှ ဖြတ်နေကြမို့ သတိထားမိတဲ့သဘောပါ။ ပထမ တော့ မြေကွက်လပ်သာဖြစ်နေပြီး တော်တော်ကြာမှ အုတ်မြစ်ချကာ အဆောက်အဦး ဆောက်လုပ်နေတာ ဖြစ်ပါတယ်။ ကျွန်တော်တွေးမိတာက ဘယ်လိုပုံစံမျိုးဆောက်မှာ လဲ။ အခုမြင်နေ တဲ့ အတိုင်းက တိုင်တွေသံတွေမို့ ပုံစံမပေါ်ဖြစ်နေတာပေါ့။ အိမ်မှာပြော နေကျ စကားတစ်ခွန်းရှိတယ်။ ““ မပြီးခင်—-မမြင်စေနဲ့”” တဲ့။ အိမ်မှာတစ်ခုခုလုပ်ပြီ ဆိုရင် စပ်စု၊ ေ၀ဖန်၊ စတာတွေကြောင့် ““မပြီးသေးဘူး၊ မပြောနဲ့ အုံး၊ စောပါသေး တယ်”” ဆိုတဲ့သဘော ပြန်ခုခံတဲ့သဘောနဲ့ ဒီစကားလုံးကိုသုံးတာပါ။

လူတွေဟာ စပ်စုလိုတဲ့သဘော ရှိပြီး မပြီးခင်ကပင် ကောက်ချက်ချအပြစ်တင် လိုတဲ့ သဘောရှိကြပါတယ်။ အမှန် တကယ် မှာတော့ ပြီးအောင် လုပ်ရသူတွေ အဖို့တော့ အနှောက်အရှက်ဖြစ်တော့တာပေါ့။ လူဆိုတာ မိမိစိတ်ကူးနဲ့ မိမိဖြစ်ချင်တာကို လုပ်ယူ ပုံဖေါ်တတ်ကြပါတယ်။ ဒီလိုသဘောရှိရတာဟာလည်း ဘုရားသခင်ရဲ့ သဏ္ဍာန်ကြောင့် ပဲဖြစ်တယ်။ ဘုရားသခင်ဟာ ကမ်္ဘာကြီးကို သူ့ရဲ့စိတ်ကူးနဲ့ သူဖြစ်ချင်တဲ့သဘော အတိုင်း ပုံဖေါ်ခဲ့တာပါ။ ကမ်္ဘာကြီးကို ဖန်ဆင်းတုန်းက လက်စမသပ်ခင် ကျွန်တော်တို့ လေ့လာစူးစမ်းခွင့်ရခဲ့ရင် ဘာပုံကြီးလဲ၊ ဘာတွေလုပ်နေတာလဲ၊ လို့ ေ၀ဖန်ကြပါအုံး မယ်။ ကိုယ်တော်ကတော့  ကောင်းတယ်။ အဆုံးမှာအကောင်းဆုံးပဲလို့ သတ်မှတ်ခဲ့ တယ်။

ယေဇကျေလ၃၇မှာ ယေဇကျေလနဲ့ ဘုရားသခင်တွေ့စုံပြီး ယေဇကျေလမြင်ခဲ့ ရတဲ့ အဖြစ်အပျက်ကို တွေးမိပါတယ်။ အရိုးပုံကြီးကနေ ဗိုလ်ခြေအပေါင်းအဖြစ်ကို အဆင့်ဆင့်ကူးပြောင်းသွားတဲ့ဖြစ်အင် ကို မြင်ခဲ့ရတဲ့ ယေဇကျေလရဲ့ ရူပါရုံ ကို တွေ့ရမှာ ပါ။

အရိုးပုံဟာ သွေ့ချောက်နေပါပြီ။ ဘုရားသခင်အမိန့်ရှိတဲ့အခါ သူ့အရိုးနဲ့သူ ဆက်သွားပြီး လူအရိုးစု ဖြစ်သွားပါတယ်။ ထိုမှတဆင့် အကြောပေါ်လာပြီး အသား တက်လာတယ်။ ထိုမှ အရေဖုံးပြီး လူသားတစ်ယောက် လို ပြည့်စုံတဲ့ ပုံသဏ္ဍာန် ဖြစ်ပေါ် လာတယ်။ ဒါပေမယ့် အသက်မရှိသေးပါ။ နောက်အသက် သွင်းလိုက်တဲ့အခါ အလွန် များတဲ့ ဗိုလ်ခြေအဖြစ်သို့ ရောက်ရှိပါတော့တယ်။ ဘုရားသခင်က ဤသို့ပြုနိုင်ပါတယ်။ မပြုခင်မှာ ယေဇကျေလကိုမေးတာက ““ ဤအရိုးတို့သည် အသက်ရှင်နိုင်သလော”” ဟုပင် ယေဇကျေလက ““ ကိုယ်တော်သိတော်မူသည်”” ဟုသာ ပြန်လျှောက်ပါတယ်။

အကယ်၍ သင်သာဖြစ်ခဲ့ရင် ဘယ်လိုပြန်လျှောက်မှာလဲ။ အရိုးပုံကြီးကြည့်ပြီး ဘယ်လိုအဖြေ ထွက်မှာလဲ။ ကျွန်တော့် အိမ်က ပြောနေကျစကားလို မပြီးခင်မမြင်တာ ပိုကောင်းပါလိမ့်မယ်။ သို့မဟုတ် ကျွန်တော်တို့ရဲ့ မယုံနိုင်ခြင်း အနုတ် လက္ခဏာအတွေး များကြောင့် ကိုယ်တော့်အလုပ်ကို အနှောက်အရှက် ဖြစ်နေလိမ့်မယ်။

ဘုရားသခင်မလုပ်နိုင်တာ မရှိပါဘူး။ ဘုရားသခင် လုပ်တဲ့အရာများဟာလည်း ကောင်းသော အရာတွေသာဖြစ်ပြီး အဆုံးမှာ အလွန်ကောင်းမှာပါ။ ဒါပေမယ့် မပြီး သေးခင်အချိန်လေးမှာ သင်ယုံနိုင်ဖို့နဲ့ အတွေးမမှားဖို့ လိုပါလိမ့်မယ်။

ရန်နိုင်၀င်း

Save