Loading...

အသည်းနုနုမခူးရ

ရာသီတွေရယ် အို နေညိုခြင်းရဲ့ တစ်ဖက်မှာ ဆက်လက်ရှင့်သန်နေဆဲပါအဖေ။ ရေကြည်တစ်ပေါက် မသောက် ရရင်လည်း ရှိပါစေ၊ ““မျော်လင့်ခြင်းတဲ့ အဲဒီတွင်းလေးကိုပဲ အဝီစိရောက်အောင် ဆက်တူးရင်း …။

လူတွေက ကွန်မကို ပြောကြတယ်၊ လမ်းလျောက်တာ မငြင်သာဘူး၊ စက်ဘီးစီးတာ အရမ်းမြန်တယ်၊ ဆိုင်ကယ် စီးကြမ်းတယ်၊ ကားမောင်းတာ ပရမ်းပတာနဲ့တဲ့။ ကွန်မလူတွေရဲ့ အသံကိုနားထောင်ကြည့်မိတဲ့အခါ၊ အဲဒီဂုဏ်သတိ်္တတွေဟာ ကွန်မမှာတကယ်ရှိတဲ့အရာတွေ လား၊ လူတွေပေးထားလို့ ကွန်မရရှိလိုက်တဲ့အရာတွေလား၊ ဘယ်အရာဟာ တကယ့် အမှန်တရားလဲဆိုတာတော့ သိမ်မသေချာပါဘူး။ ဒါပေမဲ့ …

ကွန်မအတွက် သိပ်သေချာတာတစ်ခုက၊ အသည်းနုနုလမ်းမ တစ်ခုအပေါ် မငြင် မသာ၊ ပရမ်းမတာနဲ့၊ ကြမ်းတမ်းမြန်ဆန် မောင်းနှင့်ဖြတ်သန်းခဲ့ဖူးပါရဲ့။ ကွန်မသိထားတာက ““လမ်းကြမ်းသည် ဖြေးဖြေးမောင်းပါ””။ အဲဒီတုန်းက ချစ်သူက ကွန်မကို စကားတစ်ခွန်း ဆိုခဲ့တယ်။ ငါတတ်တဲ့ မြေကြီးစကားနဲ့ ကောင်ကင်ကြီးနားလည်အောင် ပြောပြနိုင်ဖို့ဆိုတာ သိပ်ခက်တယ်၊ (ကျေးဇူးပြု၍) အသည်းနုသည် ဖြေးဖြေးမုန်းပါ”” … တဲ့။

နွေဦးရဲ့ လေရှုးနဲ့အတူ သောကအပူတွေကို မှုတ်ထုတ်ရင်း လှည့်ထွက််သားသော ကဗျာဆန်တဲ့ ချစ်သူရဲ့နောက်ကျောကို ငေးကြည့်လှောင်ရီရင်း၊ ပွဲသိမ်းလက်သီးတစ်လုံး အမိအရပေးလိုက်တယ်။ ဟေ့သက ကိုယ်က လေယာဥ်တော့မဟုတ်ဘူး၊ ဒါပေမဲ့ ရာသီဥတု မကောင်းရင်၊ကွင်း (RAW WAY့) မကောင်းရင် မဆင်းဘူး””…။

နောက်ကိုတစ် ချက်မှလည့်မကြည့်ဘဲ သူ့ ထွက်သွားခဲ့ရတယ်။ ပန်းပွင့် လေးတွေကို အမှတ်မထင် ခူးယူပြီး တစ်ချက်လောက် နမ်းရှိုတ်ပြီးတော့ ဝဲပြစ် လိုက်တတ်တဲ့ ကွန်မ၊ အိမ် ပြန်ရောက်တဲ့အခါ ခြံထဲက နှင်းဆီးပန်း တစ်ဖွင့်ကို တစ် ချက်လောက် နမ်းရှိုတ်ဖို့၊ လှမ်းအခူးမှာ အမှတ်မထင် နှင်းဆီခူး၊လက်ကို စူးသွား ခဲ့ရတယ်။ အဲဒီညမှာ ကွန်မ ရင်ထဲဆူးတဲ့ စူးဟာ ယနေ့ အထိထုတ်လို့မရ၊ ထားရ နာကျင်၊ဘဝရဲ့သခင် ကိုယ် တော် ရှင်ကများ ပြုပြင်စီရင် လိုက်လေရော့လား။

ကွန်မဘဝရဲ့ ညအခါတွေဟာ အမြဲတမ်းလသာခဲ့ ဖူးပါတယ်။ ငယ်ငယ်က ဆရာမသင်ပေး ဖူးတဲ့ကဗျာ။ ညအခါ လသာသာ၊ ကစားမလား၊ နားမလာ”” …. ကြီးလာတော့ အဲဒီကဗျာလေးကို ဆက်တွေးဖြစ်တာက ““ကစားချင်၊ ကစား၊ နားချင်နား၊ လောကရဲ့ကစားကွင်း ကျဥ်းချင်ကျန်းမယ်၊ ကျယ်ချင်ကျယ်မယ်၊ တစ်ယောက်နဲ့ တစ်ယောက်ရဲ့ ဘဝ၊ ညနဲ့ လဟာ တူနိုင်မယ်မထင်ပါရဲ့။ ကွန်မဘဝရဲ့ ညအခါတစ်ရက် လငပုပ်ဖမ်းလို့ အလှပျက်၊ အထီးကျန်၊ ရက်စက်ခြင်းတွေဟာ ကွန်မကို ပွေ့ဖက်၊ ကြေကွဲခြင်းတွေနဲ့ အတူအိပ်စက် နာကျင်မှုတွေနဲ့ အိပ်ပျက်ခဲ့ဖူးတယ်။

““သတိ ..သမီးကို အဖေပြောစရာရှိတယ်။ သမီး အရွယ်လည်းရောက်၊ ပညာအသွင်းပြည့်စုံပြီ။ ကိုယ်ခြေ ထောက်ပေါ်ကိုယ် ရပ်တည်နေနိုင်ပြီ။”” ““အခုအဖေ တကယ် ပြောတာလား၊”” ““အဖေအားလုံး စီစဥ်ပြီးပြီ။”” ရင်ထဲမှာ တဆက်ဆက် နာကျင်သွားတယ်၊ လူမှန်းမသိခင်က အမေ ဆုံး၊ လူမှန်းသိတော့ အဖေ့ကို ဆုံးရှုံးပြန်ပြီးပေါ့ ..”” ““အဖေ .. အဖေ မယူလို့မရဘူးလား”” ““ခြေလွန်၊ လက်လွန်ဖြစ်သွား လို့၊ အဖေလည်း အမြန်စီစဥ်လိုက်ရတာ”” ရင်ထဲက နာကျင်မှု ရှက်ဒေါသထောင်းကနဲ ထသွားတဲ့အခါ၊ ““အဖေဟာ ယုံကြည်သူတစ်ယောက်ဖြစ်ပြီးတော့…”” ကွန်မစကား မဆုံးလိုက်ရခင် အဖေရဲ့ရှက်ဒေါသဟာ ကွန်မပါးပြင်ပေါ် ကျရောက်လာတယ်။““ဖြန်း”” …

“ပါးပြင်ပေါ်က နာကျင်ခြင်းဝေဒနာထက်၊ စိတ် ထဲက ကြေကွဲတဲ့ဝေဒနာက ပိုပြီးနာတယ် အဖေ … ပိုပြီး နာတယ်”

နာကျင်မှုနဲ့ ကြေကွဲမှုပေါင်းစပ်လို့ ဒြပ် ပြုတဲ့အခါ …။

““လူ၏ စိတ်ဝိညာဥ်သည် မိမိနာခြင်းဝေဒနာကို ခံနိုင်၏။ ကြေကွဲသော စိတ်ကိုကား၊ အဘယ်သူသည်းခံနိုင် သနည်း။”” (သု၊ ၁၈း၁၄)။

အရှက်တရားဟာ ကုန်းဆင်းမှာ ဘီးပေါက် ခဲ့တဲ့ ““ည””။ လမသာတဲ့ ““ည””၊ ကွန်မ ကစားရမလား၊ နားရမလား ကိုယ်တော်။

သတိရခြင်းကို သတိရမိနေတဲ့အခါတွေမှာ ကွန်မရဲ့အသက်ကို အဖေနာမည်နဲ့ တယ်လီဖုန်း ဆက်ခွင့်ပြုပါ။ ကွန်မကိုယ်ထဲမှာ စိတ်ထဲမှာ စွဲထင်ကျန် နေတဲ့ အဖေရဲ့ကိုယ်ရန့ကို ဘာနဲ့ အစွန်းခွတ်ရမလဲ။ အတွေးထဲမှာ ကြားနေရတဲ့ အဖေစကားသံတွေ အတွက် ဘယ်ခလုပ်ကို ပိတ်ရမလဲ။

“မတော်တဆတစ်ခုမှာ နှလုံးသားတစ်လုံး လည်း ရစရာမရှိတော့ပါ” ဆိုတဲ့ …ချစ်သူ လူကြံု ပါးလိုက်တဲ့စကား ကွန်မပြန်ကြားနေရတယ်။ ကွန်မ ဘဝမှာ ““တ”” စရာဆိုလို ကောင်းကင်ဘုံ၌ ရှိတော်မူ သော ““အဖ”” ဘုရားသခင်၊ ကိုယ်တော်ရှင်က လွဲပြီး ဘယ်သူရှိအုံးမှာလဲ။

ခွင့်ပြုပါကိုယ်တော်၊ ကိုယ်တော်ရှင်က မပေး ဘူးဆိုရင်တောင် ကိုယ်တော်ထံမှာပဲ ဆက်လက် တောင်းခံနေမှာပါ။ကွန်မရင်ထဲကဘဝ၊ အဖေပြန်လာ မယ့် “ည”တွေ ကို မျော်လင့်ရင်း၊ ““ရေကြည်တစ်ပေါက် မသောက်ရရင်လည်း နေပါစေ၊ ““မျော်လင့်ခြင်းတဲ့”” အဲဒီတွင်းလေးကိုပဲ အဝီစီရောက်အောင် ဆက်တူးရင်း …။ လမသာတဲ့ ညတွေနဲ့အတူ၊ လောကရဲ့ကစား ကွင်း အကျဥ်း၊ အကျယ်၊ ဆိုဒ်မျိုးစုံအလယ်မှာ ကွန်မ ကစားနေတတ်ပြီ အဖေ။

မာယာညကို ချစ်တဲ့အဖေ၊ အဖေကိုချစ်တဲ့ ကွန်မ၊ ကွန်မချစ်တဲ့ တစ်ချိန်ကချစ်သူ၊ သြော် … ချစ်သူတွေ … ချစ်သူတွေ။ တစ်ချိန်က ချစ်သူကတော့ သိနိုင်ပါမလား၊ အခု ကွန်မချစ်တတ်သွားပြီ ကိုယ်တော်။ အသီးအရွက် နုနုတွေကို ကွန်မကြိုက်တယ်။ နုနယ်လှပတဲ့ ပန်းပွင့်လှလှလေး တွေကို ကွန်မနှစ်သက်တယ်။ အသည်းနုနုလေးတစ် ပွင့်ကို ကွန်မတချက်နမ်းရှုတ်စွန့် ပစ်လိုက်ဖူးတယ်။ အဖေကိုချစ်တဲ့ နှလုံးသား နုနုလေးတစ်ပွင့်ဟာ လည်း လေတချက်အဝှေ့မှာ ပွင့် ချိန်ကုန်ခဲ့ဖူးတယ်။

ကွန်မလက်မှာ နှင်းဆီ ဆူးရဲ့ဒဏ်ရာ၊ မနာတော့ပေမယ့် အမာရွတ်လေး သေးသေးလေး ရှိ နေပါသေးတယ်။ တစ်ခါတစ်ခါ ကိုယ့်ပါးပြင် ကိုယ့်ဖာသာကိုယ် ယောင်ရမ်းစမ်းမိတဲ့ အခါတွေမှာ ရင်ထဲမှာ အလွန်နာကျင်သွားရတဲ့ ဒဏ်ရာမဲ့အနာလေး၊ ကျေးဇူးပြု၍ ကိုယ်တော် ကုသပေး လှည့်ပါ။ လောကချစ်သူတို့ရေ ကွန်မဆုတောင်းမေတ်္တာတွေ ပို့သပေးနေတတ်ပြီ။ ““အချင်း ချစ်သူ၊ သင်၏ စိတ်နှလုံးသည် ကောင်းစားသကဲ့သို့ သင်သည် အရာရာ၌ ကောင်းစားခြင်းနှင့် ကျန်းမာခြင်း ရှိမည့်အကြောင်း ငါဆုတောင်း၏ (၃ယော ၁း၂)။ အသည်းနုနုခူးတမ်းကစားပွဲများတွင် ကွန်မအကွမ်းဝင်ခဲ့ဖူးလို့ သတိပေးပါရစေ။
သတိ၊အသည်းနုနုမခူးရ

တေမိ