Loading...

MERRY CHRISTMAS

တိတ်ဆိတ်ည
သန့်ရှင်းည
သူငယ်တော် အိပ်စဥ်ခါ
ကောင်းကင်မှာ ကြယ် လင်းရောင်ခြည်
သူငယ်တော် ပေါ်ထွန်းတောက်သည်
ကောင်းကင် ငြိမ်သက်ခြင်းသည်
သူငယ်ပေါ်မှာတည်၏။

တိတ်တဆိတ် လွမ်းရင်း အဲဒီသီချင်းလေးကို ညည်းနေမိတယ်။
သူငယ်တော်က ကောက်ရိုးတွေကြားမှာ၊ နွားစားခွက်ထဲမှာ၊ နွေးထွေးမှု သိပ်မရှိပါဘဲ အိပ်စက်လို့ …။ ကောင်းကင်မှာ ကြယ်တစင်းလင်းလက် … ပညာရှိတွေက အဲဒီကြယ်ကတဆင့် မင်းလောင်းကိုရှာ .. ဒဏ္ဍာရီပဲဖြစ်ဖြစ် တကယ်ပဲ ဆိုဆို … သူကွလာခြင်းက လူသားတွေအတွက်တဲ့ .. နွားစားခွက်ထဲက ခရစ္စမတ်မှသည် ဟိုတယ်ပေါ်က ခရစ္စမတ်ထိ အဓိပ္ပာယ်က ဒါပါပဲ …။ ကျမကတော့ ကျမ ရေးခဲ့တဲ့ သီချင်းလေးတပုဒ်ကို ရွတ်နေမိတယ် …။

ဘယ်သူတွေကို မစကြမယ် စာရင်းလုပ်ထားလိုက်ဦး
ညီညီညာညာ တေးဖွဲ့ကြဖို့ သီချင်းသစ်တို့ရှာဦး
မွေးဖွားတော့မယ့် ခရစ်တော်ရှင်အတွက် သီချင်းသစ်များနဲ့တို့ကြိုဆိုစို့
အတွေးဆိုးများ ဖယ်ထားလိုက်ကြဟေ့ ..

ကာရံညီကဗျာလေးများရွတ်ဆို လက်တွဲလို့သွားပါစို့
ဟိုမှာ ဟိုမှာ ချမ်းလွန်းလို့တဲ့ နွေးထွေးမှုများဝေဦး
ဆာငတ်မွတ်သိပ်လို့ သူတို့တွေနေစရာမရှိလို့အားနည်းစိတ်ငယ်သူကို
ဖေးမကြဖို့တို့တတွေသွားစို့

ကယ်တင်ရှင် ကွလာတော့မယ် ဒီသတင်းကောင်း တို့ဝေမျမယ်
ကယ်တင်ရှင် ကွလာတော့မယ် ဒီသတင်းကောင်း တို့ဝေမျမယ်
နှင်းများဖွေးဖွေးကျနေပါစေ ချမ်းအေးလွန်းလို့တုန်းခိုက်နေပါစေ လက်ခုပ်တီးလို့တို့တတွေသွားစို့
ကယ်တင်ရှင် ကွလာတော့မယ် ……. ။ ။
(သီချင်းသံစဥ်ကိုတော့ ကြံုကြိုက်ရင် တင်ပေးပါ့မယ်)
ခရစ်စမတ်မှာ ပျော်ရှင်ပါစေ
ချစ်ခင်စွာဖြင့်
တူးတူးသာ