Loading...

တည်နေမည့်သစ္စာ

ဘဝဆိုတာပြဇာတ်တစ်ပုဒ်ပါပဲ . . .ချစ်တဲ့သူနဲ့တွေ့ရင် ပြံုးရပျော်ရသလို၊ မုန်းတဲ့သူ၊ မကြည်ဖြူတဲ့သူနဲ့ တွေ့ရင် မဲ့ရ၊ ရွဲ့ရ၊ ဟန်ဆောင်ရတာလည်းမလွယ်၊ ဘဝဇာတ်ခုံရဲ့ လှည့်ကွက်များထဲမှာ ရုန်းကန်လှုပ်ရှားနေရပြီ။ ပျော်ရတဲ့မချိန်တွေမျိုးမှာ တအားပျော်လိုက်ပြီးစိတ်ညစ်စရာ၊ စိတ်ဆင်းရဲစရာတွေနဲ့ ကြံုရရင်တော့ ဟန်လုပ်ပြီး မျက်ရည်မကျအောင်ထိန်းရတာလည်းအမောပဲ . . .ဒါနဲ့လူမျိုးတိုင်းကို ဘုရားသခင်ကဖန်ဆင်းထားတာ . . .လူမျိုးမတူရင် မချစ်ရတော့ဘူးလား . . .လူကကန့်သတ်ထားလိုက်တဲ့ပညတ်တွေ ပါလေ . . .
ချစ်တဲ့သူနဲ့ပေါင်းစည်းရမှ ဘဝတစ်ခုဖြစ်လာတာ မဟုတ်ဘူး။ လူမျိုးမတူပေမဲ့ တူညီနေတဲ့အရာတစ်ခုက သူနဲ့ကွန်တော် အပြန်အလှန် မြတ်နိုးတွယ်တာကြတဲ့ချစ်သူတွေပါ . . . ဘဝမျိုးပေါင်းစုံ ကျင်လည်နေသူ သူပေါင်းစုံကြားထဲမှာ လူမျိုးကွဲပြားနေတဲ့ သူနဲ့ ကွန်တော်တို့နှစ်ဦးရဲ့ ဘဝကတော့ . . .
************

“ဒါ ကွန်တော့်ရဲ့ ပထမဆုံးရတဲ့လခတွေပါ ဒက်ဒီနဲ့မာမီအတွက် . . .”
ကွန်တော်မာမီနဲ့ဒက်ဒီလက်ထဲ အပ်လိုက်ပါတယ်။ တကယ်တော့ ဒီငွေလေးဟာ ဒက်ဒီတို့အတွက် မလိုအပ်ပေမဲ့ ကွန်တော့်ရဲ့ ပထမဦးဆုံးလုပ်အားခကို အသိအမှတ်ပြုပေးခြင်းလည်းဖြစ်ပေမည်။“ကောင်းပြီ ငါ့သား . .Thanks, God Gless You”
Amen ဆိုတဲ့စကားကို ကွန်တော် စိတ်ထဲမှာဘဲပြောပြီး ကွန်တော်လှည့်ထွက်ခဲ့တယ်။
ကွန်တော့် ဒက်ဒီက ဆရာဝန်တစ်ယောက်ဖြစ်သလို၊ မာမီကစျေးထဲတွင် ရှေဆိုင်ဖွင့်ထားသူပါ။ ချမ်းသာကွယ်ဝတဲ့ ကွန်တော့်မိစ်ဘနှစ်ပါးက ဂုဏ်မမက်ပေမဲ့ မာနတော့ရှိတယ်။ သိက္ခာမာန တွေပါပဲ . . .ကွန်တော်က ကုမ္မဏီတစ်ခုမှာ လူချစ်လူခင် ပေါတဲ့ မန်နေဂျာတစ်ယောက်ပေါ့ . . .ကွန်တော်တို့က ဘုရားဖန်ဆင်းထားတဲ့ လူသားတွေထဲက “ကရင်” လူမျိုးနွယ်ဝင်ဖြစ်တယ်။ လောကဓံတရားသည် ဆန့်ကျင်ဘက်တရားနှစ်ခု အမြဲဒွန်တွဲလျက်ပဲ၊ ကွန်တော်ချစ်သူက စတိုးဆိုင်ဖွင့်ပြီး သူ့ရဲ့ကိုယ်ပိုင်ဘဝကိုထူထောင်သူ။ ချစ်စရာ ကောင်းသော ကချင်သမီးပျိုလေးတစ်ဦးပေါ့ . . ကွန်တော်နဲ့ ကွန်တော့်မိဘတို့ဆက်ဆံရေးကြဲသွားပြီး အနေစိမ်းသွားတာ ကွန်တော့်ရဲ့ အချစ်ဆုံးချစ်သူရဲ့ မိဘတွေကြောင့်ပါ။ ဘဝမှာ ကြုံချင်တာ မ ကြုံရသလို မဆုံချင်တာတွေနဲ့ဆုံရတဲ့အခါ ဘဝင်မကျတာ မျိုးရှိလေရဲ့။ ကြုံတွေ့ရတာတွေ ခွန်အားဖြစ်စေတဲ့အရာရှိသလို အင်အားမဲ့စေတဲ့ အရာမျိုးလည်းရှိတယ်။ ဘာပဲဖြစ်ဖြစ်ကိုယ့်ဘဝကိုယ်သာပိုင်သည်။
************

“ ကို . . ဝေသီတို့ဘာဆက်လုပ်ရမှာလဲ”
“ဝေသီရယ် . . .ဒီအတိုင်းဘဲထားလိုက်တော့၊ ဝေသီ့ ဖေဖေမေမေတွေက အယူသီးလွန်းအားကြီးတယ်နော်”
“ဟုတ်တယ် ကို . . ဝေသီနားမလည်တော့ဘူး၊ စိတ်ညစ်သွားပြီ . .ကိုနဲ့ တော့ဝေသီမခွဲနိုင်ဘူး”
“ဝေသီ့ကိုလည်း ကိုပစ်မထားပါဘူး . .ဒီလိုလုပ်မယ် . .ဝေသီတို့ဘက်က သဘော်မတူဘူး၊ ကိုယ့်မိဘလည်းခုဆို ကိုယ့်ကို တင်းသွာပြီ၊ ဒီတော့သူူတို့သဘောမတူတဲ့အတိုင်း မယူကြဘူး၊ လက်မထပ်ကြတော့ဘူး၊ ဒီအတိုင်းဘဲ သစ္စာပြပြီး နေသွားကြမယ်၊ တွဲသွားကြမယ်”
“ကောင်းတယ်၊ စေ့စပ်ထားတဲ့အတိုင်းပဲပေါ့”
“ဟုတ်တယ်လေ”
“စေ့စပ်ကြောင်းလမ်းလည်းမဖျက်ဘူးပေါ့”
“မဖျက်ဘူးလေ . .ဝေသီ ကိုကိုယ်နားလည်ပြီး ကိုယ့်ကို လည်းနားလည်မှုနဲ့ ချစ်ကြတာကိုပြေတာလေ”
“ဟုတ်တယ်ကို . .ဝေသီ သိပြီ”
သူတို့နှစ်ဦး အချစ်နဲ့တည်တဲ့အိမ်ထောင်ကို ပညတ်တရားက မဆောက်စေလိုတော့လည်း၊ အချစ်နဲ့ပြည့်တဲ့သစ္စာတရားကိုတော့ ကိုယ်ပိုင်နှလုံးသားထဲမှာ ကိုယ်စီထားရှိတယ်။ ဝေသီနဲ့ကနေဒီဦး တို့နှစ်ဦး စေ့စပ်ကြောင်းလမ်းပြုပြီးမှ ကြံုရတဲ့ပြဿနာတစ်ခု။ အချစ်ကိုအဓိပ္ပါယ်အမျိုးမျိုးဖွဲ့ကြတယ်။ ကနေဒီဦးဆိုသော ကုမ္ပဏီမှ မန်နေဂျာတစ်ဦး ဖွဲ့လိုတဲ့အချစ်ဒဿနာကတော့
“အချစ်ကိုဘယ်လောက်ပဲ စည်းစိတ်တွေခြားထားပါစေ၊ ဂုဏ်ဓနတွေကာရံ ထားပါစေ၊ ပညတ်တရားတွေနဲ့ မွမ်းမံထားပါစေ၊ ဝ္လါအစွဲတွေနဲ့တားဆီးထားပါစေ၊ ကွန်တော့်အချစ်ကတည်မြဲရှင်သန်နေမယ်”
ဝေသီရဲ့ခံစားချက်တစ်ခုက “အချစ်မပါတဲ့ အိမ်ထောင်ရေးမျိုးကို ဒီ(၂၁)ရာစုမှာ လူငယ်များ ကွန်မအပါမဝင် စိတ်ဝင်စား ကြမည်မဟုတ်။”
ခံယူချက်ချင်းတူမှသာ ဘဝနှစ်ခုကို တစ်ခုတည်း တည်ဆောက်၍ ရမည်။
ကွန်တော်ဘွဲ့ ယူပြီးသောနေ့မှပေါ့ ၁၉၉၈၊ ဧပြီလ နွေဦးရာသီအချိန်။
“ဒက်ဒီ ကွန်တော့်ကို စေ့စပ်ကြောင်းလမ်းပြုပေးမယ် မဟုတ်လား”
“ငါ့သားရယ် မင်းတစ်ယောက်တည်းဘဲ ငါ့မှာသားရှိတာ၊ မလုပ်ပေးလို့ ဘယ်သူကိုလုပ်ပေးရမှာလဲကွ”
“ဟုတ်ပြီ ဒက်ဒီ မနက်ဖြန် ကွန်တော် ဝေသီ့ကိုပြောထားမယ်နော်”
မာမီရဲ့ စေတနာကပိုလွန်းတယ်၊ လက်စွပ်လဲဘို့ ဝေသီအတွက်ရော၊ ကွန်တော့်အတွက်ပါ ကောင်းဆုံးစိန်ပွင့်နဲ့မွမ်းမံထားတဲ့ ရှေလက်စွပ် တစ်ကွင်းစီ စီစဥ်ထားပြီးသား။
ကွန်တော်တို့ စီစဥ်ပြင်ဆင်ထားသည့်အတိုင်း စေ့စပ်ပွဲ ပြုလုပ်ခဲ့တယ်။ ပျော်ရှင်စွာနဲ့စေ့စပ်ပွဲပြီးဆုံးခဲ့တယ်။ စေ့စပ်ပြီးနောက် တစ်နေ့မှာတော့ ဝေသီက ကွန်တော့်ဆီသို့ရောက်လာခဲ့တယ်။
“ကို . .မေမေကဝေသီကို ဘာပြောလဲဆိုတော့ ကိုနဲ့တိုင်ပင် ခိုင်းတယ်လေ”
“ဘာအကြောင်းလဲ . .ဝေသီ”
“စိတ်ညစ်ပါတယ် ကိုရာ . .ကိုနဲ့ဝေသီကို သဘောမတူဘူးတဲ့”
“ဘာ . .ဝေသီ ဘယ်လိုပြောတယ်”
“ဟုတ်တယ် ကို . .လူမျိုးမတူလို့တဲ့ . .စေ့စပ်တဲ့နေ့က အားနာလို့လိုက်လျောပေးတာတဲ့ ကို . . .”
“ဘယ်လိုလဲဗျာ . . ဝေသီ့မိဘတွေက . .ဒါကလေးအလုပ်မဟုတ်ဘူး”
“နောက်ပြီးပြောသေးတယ် ၊တကယ်လို့သဘောမတူတဲ့ကြားက မင်းတို့လက်ထပ်ရင် မင်းတို့သားဦး ဒါမှမဟုတ် သမီးဦးမွေးရင် သူတို့ကိုပေးရမယ်တဲ့”
ဒေါသထွက်နေသော ကနေဒီဦးမှာ မျက်နှများနီရဲသွားသည်။ မျက်လုံးများတောက်လာသည်။
“တောက် . . ဓိပ္ပါယ်မရှိတာ၊ ဒါ သက်သက်မဲ့ ဝေသီရဲ သိက္ခာကို စော်ကားတာ၊ ကို့မိဘကိုလည်း စော်ကားတာဘဲ”
မျက်ရည်ဝဲနေသော ဝေသီမှာ ချစ်သူနှင့် မိဘအကြား ဗျာများနေခဲ့တယ်။ ဝေသီနဲ့ကွန်တော် တို့နှစ်ယောက်ရဲ့ ချစ်ခရီးဟာ အနာတရနဲ့ ပြည့်နှက်နေတဲ့ ခရီးသည်တစ်ဦးလိုပါပဲ၊ ခူးချိန်တန်ပေမဲ့ ခူးဆွတ်ခွင့် မရခဲ့တဲ့ ကွန်တော့်ရဲ့အချစ်ပန်းတစ်ပွင့်။ အလှကြည့်ရုံကလွဲလို့ ပိုင်ဆိုင်ခွင့် မရခဲ့ပါ။ သို့သော် ချစ်သူကို သစ္စာပြုခွင့်ရလို့ပဲ ကျေနပ်ပါပြီ။ လူမျိုးမတူလို့ဆိုတဲ့ စည်းတစ်ခုဖြင့် မချစ်ရတော့ဘူးလား။ တရားမဲ့မှုကြောင့်လား၊ မသိကျိုးကွန် ပြုတာလား၊ ဝေသီနဲ့ကွန်တော် နောက်မဆုတ်ဘူး ဆိုတာတော့သေချာတယ်။
***************

ကွန်တော်တို့နှစ်ဦးရဲ့ပြဿနာကို ဒက်ဒီနှင့်မာမီအား ရင်ဖွင့်လိုက်သည်။
“ဒက်ဒီ . .ဒါကွန်တော်သစ္စာကိုပြချင်တာ . .တစ်ယောက်တည်းကိုဘဲ ကွန်တော်သစ္စာရှိရှိ ချစ်သွားချင်တယ်”
“သား . .မင်းကိုမကြည်ဖြူတဲ့မိသားစုအသိုင်းအဝိုင်းနဲ့ ဘယ်လိုရင်ဆိုင်မှာလဲ၊ ဒီလိုအစွဲကြီးတဲ့ ၀ါဒတွေဟာခေတ်ကုန်သွားပြီ၊ မင်းရှေ့မတိုးနဲ့တော့ သားရာ၊ ငါလည်း မင်းတို့ချစ်ခြင်းကိုတားတယ်”
ဒက်ဒီ တစ်ခါမှ ဒေါသမကြမ်းဖူးပါ၊ ဒီတစ်ခါ တကယ်ဒေါသထွက်သည်။
ဒက်ဒီ . .သူတု့ိတားပေမဲ့ ကွန်တော်တို့နောက်မဆုတ်ဘူး၊ အခုဒယ်ဒီက တားပြန်တယ်၊ ဒါပေမဲ့ ကွန်တော်တို့နှစ်ယောက် နောက်မဆုတ်နိုင်ဘူး၊ ကွန်တော်ဒီတစ်သက်မှာ တစ်ယောက်တည်းနဲ့ တစ်ခါဘဲချစ်မယ် . .”
ကွန်တော်ပြောပြီးချကနဲ ထွက်သွားသည်။
တစ်ခဏပဲဖြစ်ခွင့်ရတဲ့ ဘဝတစ်ခုမှာ ကိုယ့်ဘဝတစ်ခုမှာ ကိုယ့်ဘဝကိုယ် ရပ်တည်နိုင်ပြီပဲ၊ ဟန်ဆောင်မှုတွေနဲ့ လှမ်းခြံုထားတဲ့ ဝတ်ရုံတွေကြားထဲ ဆက်ပြီး မခြုံချင်တော့ဘူး၊ ရာစုသစ်ထဲမှာ အတွေးအခေါ်ဟောင်းတွေ စွန့်တန်က စွန့်သင့်ပြီ။ ကွန်တော်နှင့်ကွန်တော့်ချစ်သူ အနာဂတ်ဆီကို ဦးတည်ဘို့ခြေလှမ်းတွေကြိုးစားလှမ်းလျက်။ ကွန်တော်တို့ အနာဂတ် အတွက် အချစ်ကိုဖွဲ့စည်းထားတာပါ။ နောက်ဆုတ်ဘို့မဟုတ်ပါ။ အပြုံးတုတွေကြားထဲမှာ ကွန်တော်တို့ချစ်ခြင်းက ရှင်သန်နေဆဲ၊ ကျဆုံးသွားခြင်းမရှိပါ။ အရင်က လိုတော့ ကြည်နူးမှုပြည့်အဝ မရှိဘူးပေါ့၊ ရုရှားကဗျာတစ်ပုဒ် လိုပေါ့ . .
“ပျော်စရာကောင်းတဲ့နှစ်တွေ . .သာယာကြည်နူးစရာ ကောင်းတဲ့ နေ့တွေ . .နွေဦးရာသီရဲ့ရေစီးကြောင်းလေးတွေလိုဘဲ. . .ဟိုဝေးကို ခရီိရှည်ထွက်သွားလေရဲ့ . . .
***********

ပြဿနာတွေဖြစ်ပြီးတဲ့နောက်မှာတော့ . . .
ကွန်တော်ရဲ့ ကုမ္ပဏီအလုပ်က ဝေသီရဲ့စတိုးဆိုင်နဲ့ (၅) ဖာလုံ လောက်ဝေးတယ်။ ကွန်တော်အလုပ်သွားရင် ဝေသီ့ကို ဝင်ခေါ်တယ်။ ပြန်လာရင် ဝင်ပို့တယ်။ Sunday ရောက်ရင်လည်း Church သွားရင် သူ့ကိုဝင်ခေါ်တယ်၊ ပြန်ပို့တယ်၊ သစ္စာမပျက်ခိုင်မာတဲ့အချစ်နဲ့ဖွဲ့စည်းထားတဲ့ ချစ်ခြင်းကို ကွန်တော်တို့ ဆက်လက်တည်ဆောက်သွားနေတယ်။ ချစ်သူနှစ်ဦးရဲ့ ရင်ခုန်သံဟာ အရင်အတိုင်းပါဘဲ။ မပြောင်းလဲဘူး၊ ရှင်သန်နေဆဲပါ။
ကွန်တော့်မိဘတွေက ကွန်တော့်အပေါ် စိမ်းကားသွားပေမဲ့ အရမ်းကြီးတော့မဟုတ်၊ ဝေသီ့မိဘတွေလည်း ကွန်တော်တို့နှစ်ဦးကို အကြည့်စိမ်းစိမ်းတွေနဲ့ ကြည့်ပေမဲ့ အချစ်ခွန်အားတွေနဲ့ ပြည့်နေတဲ့ ကွန်တော်တို့ နှစ်ဦးက ဂရုမစိုက်။ သူတို့ပညတ်တွေကို မလွန်ဆန် ဘူးလေ၊ တည်ငြမ်နေပြီ၊ အနယ်ထိုင်နေပြီဖြစ်တဲ့ ကွန်တော်တို့နှစ်ဦးရဲ့ ချစ်ခြင်း၊ ဘယ်အရာနဲ့မှေနှောက်ပါလေစေ၊ လှုပ်ရှားမှုမရှိတော့ပါ။ပျော်ခဲ့ရတဲ့ အချိန်တွေမှာ ပျော်ခဲ့ပြီပြီး၊ စိတ်ညစ်ရတဲ့ အချိန်တွေမှာလည်း ရင်ဆိုင်ခဲ့ပြီးပြီ၊ အခုဖြူဖြူစင်စင်တည်ငြိမ်နေပြီဖြစ်လို့ ကြေကွဲ ဝမ်းနည်းမှုတွေ ခံစားစရာမလိုပါ။ ပြည့်စုံတဲ့ဘဝနှစ်ခုက ပေါင်းစည်း မပြုနိုင်တာ အ့သြစရာမကောင်းပါ။ ပုံစံခွန်ဆန်တဲ့ဘဝကို မရင်ဆိုင်ချင်ပါ။ ပို်င်ဆိုင်ရမှ အချစ်လို့ခေါ်တာမဟုတ်ပါ။
ကွန်တော်နဲ့ဝေသီ အခိုင်အမာလက်ကိုင်စွဲတဲ့အရာတစ်ခုက “ယေရှုခရစ်၌ယုဒလူမရှိ၊ ဟေလသလူမရှိ၊ ကွန်မရှိ၊ လူလွတ်မရှိ၊ ယောက်ျားမရှိ၊ ထိုသခင်၌ သင်တို့ အပေါင်းသည် တစ်လုံးတစ်ဝတည်း ဖြစ်ကြ၏။ ဂလာ၊ ၃း၂၈”
**********

(၅)နှစ်ကျော်ခဲ့ပြီ . . .ကွန်တော်တို့နှစ်ဦး အချစ်တည်မြဲဆဲ . . .မပျောက်ပျက်တဲ့မေတ္တာနဲ့ သံယောဇဥ်တွယ်တာနေဆဲ . .မိဘများ၏ မျက်လုံးစိမ်းများကို ရင်ဆိုင်ရဆဲ . .အချစ်ဝဲဂယက်ထဲမှာ ရှင်သန်နေဆဲ . . .ကမ္ဘာတည်သရွေ့ . .ကွန်တော်တို့ချစ်ခြင်း တည်နေမှာပါ . .
ရာသက်ပန်သစ္စာတည်သွားမှာပါ . . .ကွန်တော့် နှလုံးသား တံခါးသော့က သူ့ဆီမှာ . .သူ့နှလုံးသားသော့လည်း ကွန်တော့် ဆီမှာ . . .
ကွန်တော်တို့တစ်ပတ်တစ်ခါ ဆုံစည်းပြီး အစာရှောင် ဆုတောင်းခြင်းသည် မိဘများ၏နားလည်မှု ပြန်လည်ရရှိအတွက်ပင် . . .။

မေသစ္စာ (ထားဝယ်)