Loading...

ကျွန်တော်နှင့် ကျွန်တော့်ကောင်မလေး

အခန်း (၁)
ကွန်တော် အခုတလော ကြားကြားနေရတဲ့ သီချင်းလေးတစ်ပုဒ်။ မိန်းကလေး အတော်များများရဲ့ နှုတ်ဖျားမှာစွဲနေတဲ့ သီချင်း။ ဘာတဲ့ “ကိုယ်ရည်းစားဘေးနားမှာ တစ်ယောက်လုံးရှိတာတောင် ရှင်ကတော့ တခြားမိန်းကလေးတွေငေးကာ” တဲ့။ အဲဒီသီချင်းလေးကို ပြန်စဉ်းစားပြီး ကွန်တော့်ရဲ့ အဖြစ်ကို စဉ်းစားမိကာ ပြုံးမိသည်။
ကွန်တော်ချစ်မိသည့် ကောင်းမလေးက ကွန်တော့်ထက် (၅)နှစ် လောက်ငယ်သည်။ ကွန်တော်ကသာ ကောင်မလေးအပေါ် အရူးအမူး ဖြစ်မိတာပါ။ ကောင်းမလေးက ကွန်တော့်ကို တစ်ခါတေ ရှိတယ်လို့တောင်ထင်ရဲ့လားမသိဘူး။ ကိုယ်ပဲချစ်နေရတာပါ။ တစ်ခါတစ်လေ လက်ဖက်ရည်ဆိုင် အတူထိုင်ဖြစ်တဲ့ အချိန်ကလေးမှာတောင်
“မိုနာ”
“ခုနက ကောင်လေးနဲ့သိလား”
“မေဂျာတူပဲလေ . . .သိတယ်”
“ဘာဖြစ်လို့ မျက်စိမှိတ်ပြလိုက်တာလဲကောင်မလေးရဲ့”
“အသိအမှတ်ပြုတဲ့ အနေနဲ့ အချက်ပြတာလေ လူကြီးရဲ့”
သေလိုက်ပါတော့ကွာ အသိအမှတ်ပြုတာတဲ့။ တစ်ခါတစ်ခါ ချာတိတ်တွေဖြတ်လာရင် လှမ်းခေါ်ပြီး နှုတ်ဆက်တတ်တာ၊ လက်ပြတာ၊ သူမပဲ လုပ်လုပ်နိုင်လွန်းတာ။ ဒီကကောင်ရင်ထဲမှာ မီးတောက်နေတာ တစ်ချက်ကလေးတောင် စောင်းငဲ့လို့ မကြည့်ဘူး။ ဆုန်သင်းပါရ်ရဲ့ “ခဏ-ခဏ” သီချင်းကတော့ ကွန်တော့်ကို ရှဲ့ဆိုလား အောက်မေ့ရတယ်။
“ထင်ကျော် မင်းကောင်းမလေး နောက်တစ်ယောက်နဲ့ တွဲနေတယ်သိလား”
“ဘယ်တစ်ယောက်လဲ”
“သူတို့နဲ့တော့ မေဂျာတူတယ်ထင်တယ်။ ဆိုင်တွေ၊ ကင်တင်းတွေမှာ မကြာခဏတွေ့တယ်” ညီညီက မဟုတ်ရင် ပြောတဲ့ကောင် မဟုတ်ဘူး။ ကွန်တော့်အတွက် မခံချင်လွန်းလို့သာ ပြောခြင်း ဖြစ်နိုင်တယ်။
“ငါ မေးကြည့်လိုက်ပါ့မယ် သူငယ်ချင်း”
“မင်း ကြည့်လုပ်နော် နည်းနည်းပါးပါးလေး ထိန်းပါဦးဟာ”
ကြာလာတော့လည်း သူငယ်ချင်တွေက ကွန်တော့်ဘက်က မခဲချင် ဖြစ်လာကြည်။ ကွန်ကော့်မှာတော့ ကောင်းမလေးနားရောက်ရင် မပြောရက်တော့။ ကွန်တော်က ချစ်ရသူဆိုတော့ ခွင့်လှတ်နေရသည်ကို ကျေနပ်နေသည်။ အေးချမ်းမေရဲ့ “အရူးအမူးချစ်တဲ့လူမိုက် ဘယ်မှာအဆုံးသတ် ခရီးလှပါ့မလဲ” ဆိုတဲ့နအတိုင်းပဲ အပြစ်ကို မမြင်တော့ပေ။
တစ်ခါတလေ ကောင်မလေးက ကွန်တော့်ကို
“ကိုကြီး ချစ်ရတာပင်ပန်းလား”တဲ့။
ပြီးတော့
“ကိုကြီးရယ် ချစ်တယ်ဆိုတာ ပေးဆပ်ခြင်း တစ်မျိုးပဲ။ အစကတော့ အဲဒီလောက် နားမလည်ဘူး သိလား။ ဒါပေမယ့် အခုတော့ နားလည်လာတယ်။ သခင်ခရစ်တော်တောင် လောကသားတွေကို တစ်ဘက်သတ် ချစ်မေတ္တာနဲ့ချစ်ပြီး ပေးဆပ်ခဲ့တာပဲ။ဒါကြောင့် အချစ်ဆိုတာ ပေးဆပ်ခြင်းပဲပေါ့”
“ကောင်မလေး တရားတွေ။ဘာတွေ ပေါက်လို့ပါလာ။”
“ကိုကြီးရယ် မနောက်ပါနဲ့၊ မိုနာတကယ်ပြောတာ၊ မိုနာကျတော့ မပေးဆပ်နိုင်ဘူးလေ၊ ဒီတော့ ရယူရတာပေါ့၊ ဒီတော့ ကိုကြီးကိုမေးတာချစ်ရတာ ပင်ပန်းလားလို့”
“မိုနာရယ် ချစ်တယ်ဆိုတာ ပင်ပန်းတယ်လို့တော့ ဘယ်ဟုတ်မလဲ။ သခင်ခရစ်တော်ရဲ့ အဂ္ဂါပေမေတ္တာလိုတော့ မအေးမြပေမယ့်လို့ ချစ်နေရတာ ကို ကျေနပ်နေတဲ့သူလေ။ ကောင်မလေး အလိုရှိသရွေ့တော့ ကောင်မလေးနားမှာ နေပေးမှာပဲ။ မင်းအလိုမရှိရင်တောင်
မင်းလေး မမြင်နိုင်တဲ့နေရာကနေ ကိုယ်ရှိပြီးချစ်နေမှာ သိလား”
အခန်း(၂)
ကွန်မမှာ မကောင်းတဲ့ အကျင့်တစ်ခုကို ပြပါဆိုရင် တော်တော် များများက စိတ်ဆိုးမိလိမ့်မယ်။ အဲဒါကတော့ သူတစ်ပါးရဲ့စိတ်ထဲမှာ ဘာဖြစ် ကျန်ခဲ့မလဲဆိုတာ မတွေးတဲ့အကျင့်နဲ့ စိတ်ထင်ရာလျောက်လုပ်ပြီး ပျော်ပျော်နေတာပဲ ဖြစ်တယ်။ တခြားလူအတွက်တော့ မဟုတ်ပေမဲ့၊ ကွန်မရဲ့ လူကြီးအတွက်တော့ မှန်လိမ့်မယ်။
ကွန်မအတွက်နဲ့ သူငယ်ချင်းတွေရှေ့မှာ အရှက်ကွဲပေါင်းလဲ များပြီ။ ကွန်မ သူ့ရဲ့ရှေ့မှာပဲမဟုတ်တာဘလုပ်ဖြစ်သွားတတ်သည်။ မဟုတ်တာတော့ မဟုတ်ပါဘူး။ သူငယ်ချင်းတွေနှင့်ဆို လွတ်လွတ်လပ်လပ် ပေါင်းသင်တာ ကွန်မရဲ့ အကျင့်ဖြစ်နေသလို၊ သူများလိုရှက်ကိုးရှက်ကန်းနှင့် မပေါင်းသင်းပဲ ဖော်ရွေစွာ ပေါင်းသင်းမှုသည် အများရှေ့တွင် ပြောရာ ဖြစ်လေသည်။ ကွန်မရဲ့ သူငယ်ချင်းတစ်ချို့က
“မိုးနာ နင်ဝဋ္ဋ်လည်မယ်နော်” တဲ့
ကွန်မ ဘာအတွက်နဲ့ ဝဋ္ဋ်လည်ရမှာလည်းနော်
“မိုနာ အဲဒီလို မလုပ်နဲ့လေ နင်စိန်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ လယ်သူ့အတွက်မှ မကောင်းဘူး။ ကိုထင်ကျော်ကို နည်းနည်းလေးငဲ့အုံး”
ကွန်မကို ကွန်မ ပြန်သုံးသပ်သည်။ ငါ အရမ်းမှားနေပြီလားလို့ပါ။ ကွန်မက ရယူတာကို ကျေနပ်ပြီး အမှန်တကယ် ကွန်မလက်တွေ့လည်။ ရယူခွင့် ရခဲ့တာပဲလေ။ ဒါပေမယ့် ရယူမှုရဲ့နောက်က အခွင့်နအရေးကို ယူခဲ့မိပြီလား။ ကွန်မနဲ့လူကြီးရဲ့ကြားမှာ ပွင့်လင်းမှုတော့ရှိသည်။ ကွန်မပြောသမျကို နားထောင်ပေးပြီး သူပြောသမျကို ကွန်မက နားထောင်ပေးသည်။ တစ်ခုတော့ရှိသည်။ ကွန်မက မျက်စိအစာကွေးတတ်သောကြောင့် သူ့တော့အနှောင့်အယှက် ဖြစ်မလားတော့မသိပေ။
ကွန်မလည်း လူကြီးကို မေးဖူးသည် “ချစ်ရတာ ပင်ပန်းလားလို့”
သူပြောတာကတော့ ချစ်ရတာကိုပဲ ကျေနပ်နေသည်တဲ့
ထူးခြားတာတစ်ခုကတော့ ကိုကြီးနဲ့ကွန်မ အကြိုက်တူသည်။ အကြိုက်တူတာမှ အစားအသောက် ကြိုက်တာကအစ တူသည်။ ချော့ကလက် အအေးကြိုက်သလို သူလည်း အရမ်းကြိုက်သည်။ အားကစားလုပ်ရင်တောင် သူက Tennis ကစားတာကြိုက်ပြီး၊ ကွန်မကစားတဲ့ အားကစား ဖြစ်နေတတ်သည်မှာ တိုက်ဆိုက်မှုတစ်ခုလော။ ဒါပေမဲ့ ကိုကြီးက မပွင့်တစ်ပွင့်သာ သူများကို ဆက်ဆံပြီး ကွန်မကတော့ မှန်တယ်ထင်ရင် ပွင့်ပွင့်လင်းလင်းသာ ဆက်ဆံလိုက်သည်။
ချစ်သူသက်တမ်းတစ်လျောက် ထူးခြားပြီး ပျော်ရွင်ခွင့်ရသည့် အရာများ မရှိသော်လည်း အမှတ်တရ နေ့ရက်များ ရှိခဲ့သည်။ ထိုအမှတ်တရ နေ့များကို ကွန်မက မေ့လျော့နေတက်ခဲ့ပေမယ့် လူကြီးကတော့ သတိရစွာဖြင့် ပြောတတ်သည်။ လူကြီးက ကွန်မထက်ပဲ ကြီးလို့လား မသိဘူး။ အရာရာကို တည်တည်ငြိမ်ငြိမ်နဲ့ ဆုံးဖြတ်တတ်ပေမယ့် ကွန်မကတော့ ကမှုးရှူးထိုးဆန်စွာ ပြုလုပ်တတ်သည်။
“ကောင်မလေး တကယ်လို့ အချစ်သာမရှိရင် နေရာတိုင်းဟာ အဓိပ္ပါယ်မဲ့နေလိမ့်မယ်။ အချစ်တွေ အမြဲရှင်သန်အောင် လူကပဲလုပ်တာ” တဲ့။
ကွန်မက အဲဒီလောက်ထိ မတွေးထားဘူးလို့ သူ့ကိုပြောတော့ ကွန်မကို အားမရစွာနဲ့
“ကောင်မလေးရယ် အရာရာကို အလေးအနက်ထားစေချင်တယ်”
“ဒါဆို ကွန်မကို ဘာကြည့်ပြီး ရွေချယ်တာလဲ”
“ပထမအချက်ကိုတော့ မပြောတော့ဘူး၊ ဒုတိယအချက်ကတော့ ဘုရားကိုသိလို့၊ ကျမ်းစာထဲမှာပြောထားတယ်လေ မညီတဲ့ထမ်းပိုးကို မထမ်းနဲ့လို့”
ကွန်မလည်း အမှန်တကယ် ကွန်မအပေါ် အလေးအနက်ထားတဲ့ သူကို ကွန်မကပြန်ပြီး ဖြည့်ဆည်းပေးရမှာပေါ့။
အခန်း(၃)
နှင်းတွေတဖွဲဖွဲကျနေတဲ့ ဆောင်းမနက်ခင်းလေးတစ်ခု။
ကွန်မက မနက်အစောကြီးထကာ လက်းလျောက်ဖို့ စိတ်ကူးလိုက်သည်။ နှင်းတွေထဲမှာ လက်းလျောက်ပြီး အပြန် ကောဖီဝင်သောက်ဖို့ ဆုံးဖြတ်ပြီး Walking Shoes စီးလိုက်သည်။
မြူတွေ မှုံနေအောင်ကျနေတဲ့ ကားလမ်းမကြီးပေါ်မှာ အားပါ . . . သာယာလိုက်တာ
ဤကဲ့သို့သော ရူခင်းတွေ့တိုင်း အဝေးကြီးရောက်သွားရသကဲ့သို့ ခံစားရသည်။ ချက်ချင်းသတိရမိတာမတော့
“ဒီအချိန် ကိုကြီးရော ဘာလုပ်နေလဲ” ဟုတွေးလိုက်မိသည်။
ကိုကြီးဆိုမှ အခုတလော ပျောက်ချက်သား ကောင်းနေသည်။ Church မှာလည်း ဂီတာတီးတာမတွေ့။ C.E လည်း တက်တာမတွေ့။ ကွန်မကိုများ စိတ်ခုထားလား။မအားတာပဲ ဖြစ်မှာပါလေ။
စဉ်းစားရင်းနဲ့မှ “အမှတ်တရ Cafe” ဆိုင်လေးရှေ့ အရောက် ဝင်မည်စိတ်ကူး . . . ဟောတော့် . . .လူကြီး “အယ်” ဘေးမှာက ကိုကြီးအရွယ် မမ တစ်ယောက်။ သူတို့နှစ်ယောက် စကားပြောနေပုံက လေးလေးနက်နက် ရှိနေသည့်ပုံ။ ဟိုမမ ကတော့ စူးစိုက်ပြီးကို နားထောင်နေတ ာ။ ရုတ်တရက် ကွန်မရဲ့နားထဲမှာ ကြားယောင်လာတဲ့ စကားတစ်ခွန်းက “မိုနာ . . .နင်ဝဋ္ဋ်လည်မယ်နော်” ဟူသော စကားပင် ဖြစ်သည်။ ကော်ဖီသောက်ချင်စိတ် မရှိတော့၍ ပြန်လှည့်လာခဲ့သည်။ ဒါပေမယ့် ကွန်မရဲ့ အတွေးတွေများ မှားမနေဘူးလားဟု မေးခွန်းမေးမိသည်။ ကိုကြီးသူငယ်ချင်းလည်းဖြစ်နိုင်တာပဲ။ ခေါင်းရှုပ်စွာဖြင့် မည်သည့်အရာမှ စဉ်စားမနေတော့ပဲ အိမ်သို့သာ ပြန်လာခဲ့သည်။ အိမ်ရောက်သည်နှင့် မေမေက
“သမီး သူငယ်ချင်း ရောက်နေတယ်။ ဘယ်သွားစရာရှိလဲ”
“ဖိုးကျော် ထင်တယ် မေမေ” မြို့ထဲမှာ စာအုပ်တစ်အုပ် သွားရှာရမှာ သူနဲ့ချိန်းထားတာ သမီးမေ့နေလု့ိ”
“အေးအေးသွားသွား သြော်သမီး တခြားတော့ဘာမှ မပြောလိုဘူး ဒါပေမဲ့ ကိုယ့်ကြောင့် သူများမထိခိုက် ပါစေနဲ့ကြားလား”
“ဟုတ်ကဲ့ သမီးနားလည်ပါတယ် မေမေ”
မေမေဘာကို ပြောချင်တာလည်းဆိုတာ စဉ်းစားမိသည်။ ထိုနေ့က ထင်ကျော်နှင့်အတူ စာအုပ်ရှာသာရှာလိုက်ရသည် အမေပြောသည့် ကိုယ့်ကြောင့်သူများ မထိခိုက်စေနဲ့ ဆိုသည့် စကားသာ ကြားယောင်နေမိသည်။ တစ်ခု စဉ်းစားမိတာက ကွန်မကြောင့် ကိုကြီးကိုများ ထိခိုက်သွားစေတာလား။
ထိုနေ့တွင်ပင် ဖိုးကျော် ကွန်မကို Propose လုပ်ခဲ့သည်။ ဒါပေမဲ့ ကွန်မမှာ ကိုကြီး ရှိနေပြီပဲ။
အခန်း(၄)
ကြည့်စမ်း ကွန်တော့်ကောင်းမလေးနဲ့ သူ့ သူငယ်ချင်း တရယ်ရယ် တမောမောနဲ့ စာအုပ်တွေ ရှာနေကြသည်။ ကွန်တော့်ကိုတော့ တွေ့ ပုံမပေါ်။ လွတ်လွတ်လပ်လပ်ပင် စကားပြောနေကြသည်။ ကောင်လေးက ပြောလိုက်သူမက သူ့ကို ရယ်ပြလိုက် ရိုက်လိုက်နှင့် ရှုပ်ရှက်ခတ်နေသည်။
“ကောင်မလေးရယ် ကိုယ့်ကြောင့် မင်းစိတ်အနှောင့်အယှက်ဖြစ်နေလား။ ကိုယ်မင်းကို ဘာလုပ်ပေးရမလဲ” နောက်ဆုတ်ဖို့စကား မင်းမပြောလိုက်ပါနဲ့နော်။ ကိုယ်မင်းနဲ့ လာမတွေ့ဖြစ်ပေမယ့် မင်းနောက်မှာ ငါရှိနေတယ် ကောင်မလေးရယ်” ကောင်းလေးနဲ့ကောင်မလေး “အဆင်ပြေနေပြီလား” လို့ပြေးမေးချင်စိတ် ပေါက်ပေါက်လာတယ် ကောင်မလေးရာ။
“ထင်ကျော် မင်းစိတ်ညစ်နေပြီလား”
“ညီညီ”
“နားလည်လိုက်ပါသူငယ်ချင်း၊ ကိုယ့်ဘက်ကသာ မမှားမိအောင်ကြိုးစား၊ ပြီးတော့် မင်းကောင်မလေးနဲ့ ဘာမှ ဟုတ်ပုံမပေါ်ပါဘူး၊ ဖြူဖြူစင်စင်လေးဖြစ်ပုံရတယ်”
“Tennis သွားရိုက်ရအောင်”
Tennis ရိုက်တာတောင် စိတ်မပါတဲ့ ကွန်တော့်ရဲ့အဖြစ်ကို မြင်ရင် ချာတိတ်ရယ်မလားပဲ။ ကွန်တော်က ချစ်ရသူဖြစ်တော့ ပေးဆပ်မှုတော့ ရှိရမှာပဲလေ။ ကွန်တော်ရဲ့ ပေးဆပ်မှုက ဲလောကီသားတွေအပေါ် ပေးဆပ်တဲ့ ခရစ်တော်ရဲ့မေတ္တာလောက် မရှိတာမို့ လောကီသားအတွက် ပေးဆပ်ခဲ့တဲ့ ကိုုယ်တော်ရဲ့ မေတ္တာကို ချီးမွမ်းမိသည်။ ထိုသို့ ချီမွမ်းမိသည်နှင့် တစ်ပြိုင်နက် ဘုရားသခင်မှာ တစ်ခါတည်းဆုတောင်းလိုက်သည်။ အဲဒီဆိုတောင်းကတော့ ကွန်တော်တို့ရဲ့ ချစ်ခြင်းခိုင်မြဲစွာ တည်ရှိဖို့နဲ့ တစ်ယောက်အပေါ် တစ်ယောက်ကောင်းစွာနားလည်မှုရှိနိုင်ဖို့အတွက်ပဲပေါ့။ ပြီးတော့ ကွန်တော်တို့နှစ်ယောက် အတူလက်တွဲနိုင်ဖို့အတွက် ရည်စူးလျက် ဆုတောင်းရင်းနှင့် . . .
အခန်း(၅)
အခုတလော ကိုကြီးကိုရှာလေ မတွေ့လေ ဖြစ်နေသည်။ ကိုကြီး ဘယ်တွေ လျောက်သွားနေတာလဲ။မမတစ်ယောက်နဲ့တွဲတာ တစ်ခါ တွေ့ပြီးနောက် နောက်ထက်ကို မတွေ့တော့တာ။
လူကြီး ကွန်မကို စိတ်ညစ်သွားပြီထင်တယ်။ လူကြီးရယ် တကယ်တော့ ဟိုတစ်ခါက ကိုကြီးနဲ့ တွေ့ပြီးတဲ့နောက် ကွန်မဘယ်အပေါင်းအသင်းနဲ့မှ၊ ဘယ်ယောက်က်ျားလေးသူငယ်ချင်းနဲ့မှကို မတွဲတော့တာ အယုတ်စွဆုံး သူငယ်ချင်းမိန်းကလေးတွေနဲ့တောင် မနောက်ပြောင်တော့လို့ ကွန်မကိုကွန်မ အ့သြနေရတယ်။ တကယ်တော့ကွန်မဟာ ကိုကြီးချစ်မှန်းသိလို့ အခွင့်ကောင်းယူခဲ့တာပဲ။ ဒီလောကမှာကိုကြီးသာ ကွန်မရဲ့ အချစ်ဆုံး၊ တန်ဖိုးအထားဆုံး၊ နာလည်မှု အရှိဆုံးဟာ ကိုကြီးပါလို့ ကိုကြီးကို ပြေးပြောချင်တယ်။
ကိုကြီးကပြောမှာပေါ့ “ကောင်မလေးက အလေးအနက် အရှိဘူးလို့” ဒါပေမဲ့ ကိုကြီးရယ် ကွန်မရဲ့ ဆင်ခြင်မှု နောက်ဆုံးရလဒ်ကတော့ ကိုကြီးရဲ့ ရှောင်ခွာထွက်ပြေးခြင်းပဲဆိုရင် ကိုကြီးရယ် မတွေးချင်ပါဘူး။ ကိုကြီးသာ ကွန်မရဲ့ အချစ်ဆုံးလို့ပြောရင် နောက်ကျနေပြီလား။
ရက်ကနေ လ၊ လကနေ နှစ်၊ နွေ၊မိုး၊ဆောင်း အချိန်အခါတွေတောင် တစ်ပတ်လည်သွားပြန်ပြီ။ ကွန်မရဲ့ ရင်ထဲရာသီတွေလို ပြောင်းလဲသွား တတ်ရင် အကောင်းသား။ မပြောင်းလဲသော ကွန်မရဲ့ နောင်တနဲ့ အချစ်တွေကို ပိုက်ထွေးလာခဲတာ။ တစ်နှစ်ရှိသွားနေပြီ။ ကိုကြီးတစ်ယောက် ကိုယ်ကျိုးစွန့် လူငယ်အဖွဲ့နဲ့ သံလွင်မြစ်အရှေ့ ဘက်ကမ်း “မော်ဖ”ဒေသဘက်ကို သွားဆက်ကပ်တာလည်း(၁) နှစ် ရှိသွားပြီ။
ကိုကြီးရဲ့ သူငယ်ချင်း ကိုညီညီက-
“ထင်ကျော် ပြန်လာတော့မယ်- ညီမလေး၊ ညီမလေးတို့နှစ်ယောက်ဆွေးနွေးတော့နော် အချိန်တန်ပြီလေ”
“ကိုကြီးရဲ့ ညီမလေးလိုခင်ရတဲ့ မိုနာဟာ ထင်ကျော် မြင်ခဲ့ရတဲ့ တွေ့ခဲ့ရတဲ့ ပုံစံမျိုးမဟုတ်တော့ဘူးဆိုတာ ပြလိုက်နော်” တဲ့။
ကိုကြီးကို မြင်ချင်တဲ့စိတ်ရယ်။ အရင်က ကိုကြီး စိတ်ညစ်ခဲ့ရတဲ့ အရာတွေကို ပျောက်ဖို့အတွက် ကိုကြီးရဲ့ မေတ္တာရင်ခွင်ထဲကို ခိုဝင်ဖို့ ကွန်မ အဆင်သင့်ဖြစ်နေပြီဆိုတာ ကိုကြီးရယ် သိစေချင်လိုက်တာ။ ပြီးတော့လေ ကိုကြီးနဲ့ကွန်မ နားလည်မှု ပြန်ရနိုင်ဖို့ ကွန်မ နေ့တိုင်း ဆက်ကပ်ပြီး ဆုတောင်းတယ်ဆိုတာ ဘယ်သူမှ မသိပေမဲ့ဘုရားသခင် သိပါတယ်နော် ပြီးတော့ ကိုညီက ပြောသေးတယ်
“ညီမလေး မိုနာ တကယ်တော့ ဒီကောင်ကြီးက မိုနာ့ကို ပိုင်ဆိုင်ခွင့် ရချင်ပေမယ့် ဘုရားအမှုတော်အတွက် ဆက်ကပ်ရအောင်လို့ အဲဒီအရမ်း ကြမ်းပြီးသွားချင်သူနည်းတဲ့ဒေသကို ရွေးသွားတာပါ”
ကြည့်စမ်း ဘုရားကိုချစ်လို့ ဆုတောင်းရင်း ဆက်ကပ်တာတဲ့ ကိုကြီးရယ် . . .
အခန်း(၆)
မြူတွေနဲ့အုံ့ဆိုင်းနေတဲ့ ဆောင်ရာသီ စောစောစီးစီး ဘုရားကျောင်းမှာ အလုပ်ရှုပ်နေကြသည်။ ကိုယ်ကျိုးစွန့်လူငယ်တွေ ရောက်တော့မှာတဲ့။ အဲဒီအထဲမှာ ရင်အခုန်ဆုံးနဲ့ စိတ်လှုပ်ရှားနေသူကတော့ “မိုနာ” ပဲပေါ့။
ကိုကြီး ခေါ်မှခေါ်ပါ့မလား ဟူသော အတွေးနှင့်ပါ။ အတွေးများနှင့် တွေးနေစဉ်မှာပင် ခရီးသည်ကား ဆိုက်လာလေသည်။ လူငယ်များလည်း မိမိတို့ သက်ဆိုင်ရာ အသိကိုယ်စီကို ကြိုဆိုနှုတ်ဆက်ကြသည်။ ကားပေါ်မှ တစ်ယောက်ပြီးတစ်ယောက် ဆင်းလာတာ ကုန်နေပြီ။ ကွန်မချစ်တဲ့ ကိုကြီးကိုတော့ မတွေ့ရပေ။ ကွန်မသည် ငယ်တစ်ဦးဦးကို မေးမည်ဟု စိတ်ကူးလိုက်တိုင်း လူငယ်များက အလုပ်ရှုပ်နေသည့်ဟန်ဖြင့်ရှိနေတော့ မမေးမိတော့။ တဖြည်းဖြည်း ကွန်မသည် ကားနားရောက်မှန်းမသိ ရောက်လာခဲ့သည်။
ကိုကြီးကို မတွေ့တော့ ဝမ်းနည်းစိတ်က ရင်မှာ လှိုက်ကနဲ ဖြစ်လာသည်။ ဝမ်းနည်းစိတ်နဲ့အတူ မျက်ရည်က အလိုလိုနေရင်း ကျလို့နေပါပြီ။ ကွန်မကားကိုမှီရင်း ထိုင်ငိုလိုက်တော့သည်။
“ဟိတ် ဟိတ် ဟာ ကောင်မလေး”
“ဟင့် . . .”
“ဘာလို့ ငိုရတာလဲကွာ ကိုကြီးလာတာ ပျော်ရမယ့်ဟာကို”
“. . ..”
“မငိုနဲ့တော့ကွာ၊ တိတ်တော့နော် ချာတိတ်၊ ချာတိတ်ရဲ့ မကြောင်းကို ညီညီကတဆင့် သိပြီးပြီ”
“ကိုညီက ဘာပြောထားတာလဲ”
“မင်းကောင်မလေး မရမ်းလိမ္မာပြီလို့ ပြောတာလေ”
“ကွန်မက ဘယ်တုန်းက ဆိုးလို့လဲ”
“ကောင်မလေးရယ် ကိုယ်ပိုင်ဆိုင်ထားတဲ့ အရာတစ်ခုကို စွန့်လွတ် လိုက်ရမှာ အကြောက်ဆုံးဆိုတာ လူ့သဘာဝပါကွာ”
“ကိုကြီးကလည်း (၂)နှစ်ပဲ ဆက်ကပ်ပြီးနေပြီ ကျမ်းပိုဒ်(၁) ပိုဒ် ကိုတောင် မဖတ်မိဘူးလား”
“ဘယ်ကျမ်းပိုဒ်လဲ”
“ကွန်မအတွက်ပါ ကိုကြီးရယ် ရှောလမုန် ၁းရ” လေ
“ . . . . . . .”
“ကျေးဇူးတင်ပါတယ် ကောင်မလေးရယ်”
ကွန်မ နှစ်သက်နှစ်လိုရာ အရှင်၊ ကိုယ်တော်သည် သိုးများကို အဘယ်မှာ ထိန်းတော်မှုသည်ကိုလည်းကောင်း၊ မွန်းတည့်အချိန်၌ အဘယ်မှာ အရိပ်ခိုစေတော်မှုသည်ကိုလည်းကောင်း ပြတော်မှုပါ။ ကွန်မသည် အခြားတစ်ပါးသော သိုးထိန်းနောက်သို့ အဘယ်ကြောင့် လမ်းလှဲ၍ လိုက်ရပါအ့နည်။
(ရှောလမုန် ၁းရ)
နန်းချယ်ရီ(K.M.E)