Loading...

သူယောင်တောကို အဖြတ်မှာ

ဇော်ဂျီတပသီတို့ ပျော်ပါးရာအရပ် ဟိမဝန္တာတောမှာ “သူယောင်” လို့ခေါ်တဲ့ နွယ်ပင်ကြီး တစ်မျိုးရှိသတဲ့။ အဲဒီ “သူယောင်” နွယ်ပင်ကြီးမှာ လူမိန်းမနဲ့သဏ္ဌာန်တူတဲ့ အသီးတွေရှိသတဲ့ သူယောင်သီးဟာ အလွန် လှတယ်လို့ ပြောကြပါတယ်။ အဲဒီလိုအလွန်လှတဲ့ သူယောင်သီးတွေကို လူမိန်းကလေးလို လှည့်ဖြားပြီး ပြုစားတတ်ကြလို့ လှလည်းလှ လှည့်စားတတ်တဲ့ အရာအားလုံးကိုလည်း “သူယောင်မယ်” လို့ တင်စားခေါ် ဆိုတတ်ကြတယ်။
မြန်မာအဘိဓာန် အတွဲ၄၊ စာမျက်နှာ ၁၉၄
*************
သင်းအုပ်ဆရာရဲ့ သမီးဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျော်လင့်ခဲ့ပါ။ စိတ်ကူးယဥ်ပြီး ယောင်လို့မှ အိပ်မက် မမက်ခဲ့ဘူးပေါ့။ တောက်တီးတောက်တဲ့ လုပ်တဲ့အဖေလို့ ပြောရင်လည်း မကောင်း။ သက်ပြည့် ပင်စင်ယူ ညနေပိုင်းကျမ်းစာကျောင်း တက်ရာကနေပြီး ကျောင်းလည်းဆင်း တွဲဘက်သင်းအုပ်အဖြစ် ရွေးကောက်ခြင်းခံရပြီး အခု သိက္ခာတော်ရသင်းအုပ် ဖြစ်လာခဲ့ပါတယ်။
အရာရှိကို ကြိုပို့လုပ်တဲ့ ရုံးကားပေါ်က အပြီးဆင်းပြီး သာသနာ့ကွင်း ရှိရာ နေပူပူ မြေပူပူမှာ သွားလာနေရတာ ပျော်နေသလိုပဲ အဖေ့ကို ကြည့်ရတာ အခုမှ သွက်လက် ပေါ့ပါးနေသလိုပဲ အဖေ့တို့ တပည့်တော်စုတွေ ရှိရာ သာသနာ့ကွင်းထဲ သွားရင်ဖြင့် ဘယ်သားသမီးမှ မလိုက်ချင်ကြပါ။ အဖေအလှူခံရင်သာ တတ်နိုင်တဲ့ဘက်က ၀ိုင်းလှူကြပါတယ်။ တပည့်တော်စု များထံမှ အဖေပြန်လာရင် သတင်းမျိုးစုံကြားရတတ် ပါတယ်။
အဖေ့ပြောပုံအရ တပည့်တော်စု (၁)ခုဟာ အတော်ဝေးဆိုပဲ။ ကားလမ်းမကနေ မြစ်ဆိပ် ကူးတို့ကူး ဆက်သွား ညနေမှ ရောက်သတဲ့ မလွယ်ပါ။ သည့်ထက်ဝေးလံ ခေါင်သီသောနေရာမှ ကိုယ်ကျိုးစွန့် ဝန်ထမ်း များကို အတော်လေးစားမိပါတယ်။ တစ်နှစ်လုံးနေမှ သင်းအုပ်အတွက် ထောက်ပ့စရိတ် (၁၂၀၀၀ိ/) တစ်သောင်းနှစ်ထောင်ကျပ် မိခင်အသင်းတော် ကထုတ်ပေးပါတယ်။ တစ်လမှာ တစ်ထောင်ကျပ် အဲဒီဆရာတွေ ဘယ်လိုများ စားနေကြပါသလဲ အရမ်းကို သိချင်လို့ အဖေ့ကိုမရမက မေးမိပါတော့တယ်။
“အဖေ မိဝေး ဖဝေး ဆွေမျိုးမနီးနဲ့ ဒီဆရာတွေ အဝေးကြီးမှာ အမှုတော်ဆောင်တာ ဒီလစာနဲ့ ဘယ်လိုစားကြသလဲ သမီး သိချင်တယ် ဖေ”
“ကိုယ်ကျိုးစွန့် ဘုရားအမှုတော်ဆောင်တွေလေ ယုံကြည်ခြင်နဲ့ အသက်ရှင်ကြတာပေါ့ ဒီထက်ဝေးတဲ့နေရာ ဆိုးတဲ့နေရာတွေတောင် ရှိသေးတယ်”
“ရွာသားတွေက ကွေးရတာလား ဘယ်လိုလုပ်ကိုင် စားသောက်ကြလဲ သိချင်တယ် ပြောပြ ဖေရာ”
“ဒီသမီး ဇွတ်ပါလား နားထောင် တစ်ချို့အသင်တော်က အင်အားတောင့်တော့ သင်းအုပ်ဆရာတွေကို ကွေးနိုင်ပေမယ့် တစ်ချို့အသင်တော်တွေက တည်ထောင်စ တပည့်တော်စုတွေကတော့ ဘယ်ကလာကွေးနို်င်မှာလည်း ဆရာတွေကလည်း ကိုယ့်လုပ်အားကိုယ် စိုက်ထုတ်ရတာပေါ့”
“အဲဒီတောမှာ ဘာသွားလုပ်နိုင်မလဲ ဖေ ရဲ့”
“ခက်ပါလား တစ်ချို့ဆရာတွေက လယ်ထွန်စားရတယ် တစ်ချို့က ကြက် ဘဲ ဝက် နွား မွေးပြီး ဝမ်းစာရှာရတာပေါ့ ရှင်ပေါလု တဲရှင်ချုပ်ပြီး အသက်မွေးဝမ်းကြောင်းလုပ်ရင်း သာသနာအကျိူး သယ်ပိုးတာလေ သူတို့လည်း ရာသီပေါ်သီးနှံအလိုက် စိုက်ပျိုးစားသောက်ရတာပေါ့ကွယ်”
“တော် တော် မလွယ်တဲ့ သာသနာအလုပ် အဖေတို့မို့လို့ လုပ်တယ် သမီးသာဆို မလုပ်ဘူး”
“ဒီလိုမပြောနဲ့သမီး ဒါဘုရားရှင်ရဲ့အလုပ် သူ ရွေးကောက်ပြီဆိုရင် ဘယ်သူမှ တားဆီးပိုင်ခွင့် မရှိသလို ငြင်းပယ်နိုင်စွမ်းလည်း မရှိဘူးသမီး ဆရာမလည်းဖြစ်ပြီ ကလေးလိုမတွေးနဲ့တော့။ နေ့ခင်းဘက်ကျောင်းတက်ပြီးရင် ညနေဘက် ဘုရားအတွက် အချိန်ပေးဦး”
“ဟာ အဖေကလည်း လုပ်ပြီ”
“ဒီနှစ်အတွက် Form ရောင်းရင် အဖေဝယ်လာခဲ့မယ်။ ဒါမှ သမီး သိသင့်သိထိုက်တာတွေ သာသနာ့အကြောင်း အမှုတော်ဆောင်ရတဲ့ အကြောင်းတွေ သိလာမယ်။ လူတိုင်းသာသနာ့အသိစိတ်ဓါတ်တွေ ရှိဖို့ လိုအပ်နေပြီ”
“အခုမှခက်ပြီ ဒီဆရာတွေ လစာနဲ့စားစရိတ် မေးမိတာမှ ကျမ်းစာကျောင်းတက်ရတော့မယ်” “ငြင်းလို့လည်းမကောင်း”
************
အဖေ့ တိုက်တွန်းအားပေးမှုကြောင့် (၂) နှစ် ဆိုသောအချိန် ကုန်လွန်ခဲ့ပါပြီ။ သိသင့်သိထိုက်တာတွေအားလုံး သင်ယူလာခဲ့ရသလို သိချင်တာတွေအားလုံး ရှာဖွေစုဆောင်းနည်းလည်း သင်ပေးလိုက်ပါတယ်။
အခုတလော အဖေ့မျက်နှာ မကောင်းပါ။ ညနေ ဝတ်ပြုပြီးချိန်မှာ အဖေက . . .
“ဟိုး . . . မြစ်တစ်ဖက်ကမ်းက တပည့်တော်စုမှာလုပ်တဲ့ ဆရာလေ ထွက်စာတင်ပြီ။ ကျောင်းပြန်လာတက်မယ် ပြောတယ်။ စွန့်စားလာတာလည်း(၄)နှစ် ရှိုပြီပဲ”
“အဖေ ဒါဆို ဘယ်သူသွားမှာလည်း”
“ဆုတောင်းပြီး လူရှာနေကြတယ် အခုမှအရှိန်ရခါစ ရှိ။ သေးတာ။ အဆက်ပြတ်လို့ မဖြစ်ဘူး”
“ဆရာ မရခင်စပ်ကြား အဖေတို့မိခင်အသင်းတော်ကပဲ သွားရမှာပေ့ါ”
အဖေ့အသံမှာ အားမပါ မဖေမသွားလို၍မဟုတ် ကိုယ်ကျိုးမစွန့် နိုင်ကြသောလူငယ်များကို အားမရခြင်းဖြစ်သည်။ ထမသင်းအုပ်မှာ မိခင် အသင်းတော်ရဲ့ ကြီးလေးသောတာဝန်ကိုယူထားပြီး အဖေက သွားရပေမည်။ အမေကလည်း မလိုက်နိုင်ပါ။ ကွန်မကောျာင်းတက်ရင် အမေအိမ်စောင့်ရမယ်လေ။ ကျောင်းရက်ရှည်ပိတ်ရင် အဖေလာကြိုရင် အမေလိုက်နေပေးမယ်လို့ စီစဥ်ထားကြပါတယ်။
အဖေတော့ဖြင့် အထုပ်အပိုး ပြင်ပြီး သွားနှင့်ပြီ။ ကိုယ်ကျုုိးစွန့် လူငယ်ဆရာများထွက်ပေါ်လာပါစေလို့ ဆုတောင်းနေရပါတယ်။ အဖေပါသွားသော အခြောက်အခြမ်းလေး တစ်လသာခံပေမည်။ ကုန်ရင် အဖေလယ်လိုများ စားမလဲဆိုတာ သတိရတိုင်း စဥ်းစားမိပါတယ် ဒီနေ့ အဖေသွားတာ(၂၅) ရက် ဆိုပြီး ပြက္ခဒိန်မှာ ကြက်ခြေခတ်လိုက်ပါတယ်။ ညနေ ကျောင်းကပြန်လာတော့ အဖေ ပြန်ရောက်နေပြီ။
“ဟယ် အဖေ ပြန်လာပြီ”
“ဖေ နေကောင်းရဲ့လား ကိစ္စနဲ့ပြန်လာတာလား၊ ဘယ်တော့ ပြန်သွားရမှာလဲ”
“နားပါဦးသမီးရယ် အဖေပြောပြမယ် ကျမ်းစာကျောင်းကကျောင်းဆင်းပြီးတဲ့ ဆရာလေးတစ်ပါး ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ရောက်လာတယ် သူအခြေတကျဖြစ်မှ အဖေပြန်လာတာလေ”
“အဲဒီဆရာ အမြဲနေရင် ကောင်းမှာနော်”
“အေးပေါ့သမီးရယ် လူဆိုတာ ကိုယ့်တက်လမ်းကိုယ် ရှာကြရသေးတယ်လေ။ အရင်ဆရာလေးလည်း အဆင့်မြင့် ပြန်တက်ပြီးအောင်ရင် သူ့အတွက်ရော နောင်သာသနာ့အတွက်ပါ ပိုကောင်းလာတာပေါ့”
“အဖေသာ ဒီလိုတွေးတယ် အခု အဒီဆရာမလာရင် အဖေ အဲ ဟိုမှာပဲ နေရမှာနော်”
“အဖေတို့ လူကြီးတွေနေရာ တက်ခဲမဲ့ စွန့်စားမဲ့ လူငယ်တွေ မရှိတော့ အဖေတို့ သွားပ့ါဗျား လူသာအိုမယ် သာသနာ့အတွက် နုပျိုဆဲပဲ ဆိုတာ ဒီလူငယ်တွေကို လက်တွေ့ပြရုံပေါ့”
“သြော် အဖေရယ်”
အဲဒီနောက်ပိုင်း အဖေဟာ လိုအပ်တဲ့ရက်လောက်သော သွားပါတော့တယ် စိတ်ချရပြီလေ။
***********
(၂) နှစ်လောက်ကြာသွားမယ် ထင်ပါတယ်။ နွေရာသီကျောင်းပိတ်ရက်မှာ အဖေနဲအမေ တပည့်တောစုတွေရှိရာ ထွက်သွားကြပါတယ်။ ကွန်မလည်း တစ်ယောက်ထဲဆိုတော့ မနက်ညပေါင်းချက်ထားပြီး အားနေချိန်မှာ မရှင်းရတာကြာပြီဖြစ်တဲ့ စာအုပ်စင်ကို ရှင်းဖို့ စတင်လိုက်ပါတယ်။
အဖေ့ စာအုပ်စင်နဲ့ ကွန်မစာအုပ်စင်ဟာ အပြိုင်ရှုတ်ပွနေပါတယ် အဖေ့စာအုပ်စင်ပြီးမှ ကွန်မစာအုပ်စင်ဘက် လှည့်နိုင်ပါတယ်။ မလိုအပ်တော့တဲ့စာအုပ်တွေ ရောင်းဖို့အတွင်းဘက် လှန်လှောရင်း အဖုံးတွေဖြုတ်တန်ဖြုတ်ပါတယ်(401)ရုက္ခဗေဒ စတုတ္ထနှစ် ဆိုတဲ့စာအုပ် အတွင်းဘက်မှာ ကဒ်လေးတစ်ခုထွက်လာပါတယ်။ တစ်ချပ်တည်းသာရှိတဲ့ ခရစ္စမတ်ကဒ် ငှက်လေးခြောက်ကောင် သစ်ကိုင်းမှာပျော်ရှင်စွာ နားနေတဲ့ ပုံလေး၊ တွေ့ဖူးခဲ့ပြီးသားပုံဖြစ်လို့ လယ်သူ ဘယ်တုန်းက ပေးတယ်ဆိုတာ အမှတ်ရဆဲပါ။ အချိန်ကတော့(၇) နှစ်လောက် ရှိပြီပေါ့။ မစွန့်ရက်လို့ ထုတ်ယူပြီး ထပ်မံကြည့်ချိန်မှာ ငှက်ပုံများ အောက်ဘက် အနားကွတ်ဘောင် အနီရင့်ပေါ်မှာ စာလုံးအပြာ သေးသေးလေးတွေ
“ဆွေးမြေ့မှုမရှိတဲ့ ငှက်လေးတွေလို ပျော်ပျော်ရှင်ရှင် နေချင်တယ်”
ဘုရားရေ အရင်ပေးခဲ့တဲ့ညက ဒီစာလုံးလေးတွေကို မမြင်ခဲ့ပါလားနော် အနောက်ဘက်မှာဘာမှ မရေးထားဘူးဆိုတာ သိခဲ့ရတယ် ကွန်မ သက်ပြင်ရှည်တစ်ချက် ချလိုိက်မိပါတယ်
အချိန်တွေက ကြားခဲ့ပြီလေ။
*********
“မနော် ဒီညနေ သီတာတို့ အဆောင်လာခဲ့ပါလား”
“ဘာကွေးမှာလဲ”
“အစားပုတ် ရေတာရှည်ဝက်အူချောင်းကွေးမယ် ပြီးတော့ သူနဲ့ မိတ်ဆွက်ပေးမလို့လေ”
“ရိုးမဆောင်ကလေ ဇူးထဲကပဲ မနော်တွေ့ရင် သိချင်သိမှာ ဆက်ဆက်လာခဲ့နော်”
အစိုးရဆောင်မရလို့ မာလာဆောင်ရဲ့ အရှေ့ဘက် ဦးဘသော်ခြံ ထဲရှိတဲ့ အဆောင်တွေမှာ သီတာ ငှားနေရပါတယ်။ သူတို့တစ်လမ်းခြားတဲ့ အဆောင်က ရိုးမဆောင်ပါ။ အခု မရှိတော့ပါဘူး။ အဲဒီညနေ သီတာရယ် သီတာ့ချစ်သူရယ် အပြင် ”ကိုကျော်စိုး” ကိုလည်း သိခဲ့ရပါတယ်။ သီတာ့ ချစ်သူနဲ့ ရေတာရှည်မှာ အတူနေပြီး ဇူမေဂျာ အတူတူတွေလေ။
ကိုကျော်စိုးဟာ ရိုးသားပြီး အေးလွန်းလှပါတယ်။ ကျောင်းစာတွေကိုသာ အဓိကထားပြီး အသောက်အစား မရှိ။ အဖေါ် အပေါင်း မရှိ။ အမေ တစ်ခုသားတစ်ခု ဆိုတာလည်း သီတာပြောပြတယ်လေ။ ရည်းစားမရှိတဲ့ ကွန်မနဲ့သူ့ကို သီတာတို့က စ နောက် ကြပါတယ်။ သူကပဲ အတောလေး ရှက်နေရှာတယ််။ မဖွင့်ဖြစ်သေးတဲ့ “လိုက်ဘရီ” အသစ်မှာ ဓါတ်ပုံတွဲရိုတ်ပြီး ကိုယ့်ပုံကိုယ် ပြန်ညှပ်ယူကြပါတယ်။ ခေါက်အိပ်ထဲတည့်လို့ရတာပေါ့။သူ့ူမှာရှိသေးလားမသိ။ ကွန်မမှာ အခုထိ ရှိနေသေးတယ်။
သီတာတို့စုံတွဲ သွားတိုင်း လိုက်ပေးနေရတော့ သူနဲ့ကွန်မ အမြဲလိုလို တွေ့မိပါတယ်။ ဒါပေမယ့် သူက ကျောက်ရုပ်။ ကွန်မမှာသာ အဖြေတစ်ခုကု် အသင့်ဆောင်ထားမိခဲ့တယ်။ သူ့နှုတ်ဖျားက အမေးတစ်ခု ထွက်မလာခဲ့။ ဒီလိုနဲ့ စတုတ္တနှစ်ရောက်လာကြပါတယ်။ အဲဒီနှစ် ခရစ္စမတ်မှာပါ။ သီတာတို့ အဆောင်မှာ ခရစ္စမတ် ညစာစားပွဲ လုပ်ကြတော့ ကွန်မတို့ ဆုံမိကြပါတယ်။ ကိုကျော်စိုးဟာ သူ့အိပ်ထဲက စာအုပ်တွေကြားမှာ ညှပ်ထားတဲ့ ဒီကဒ်လေးကို ထုတ်ပြီး ပေးခဲ့ပါတယ်။ ကွန်မထင်ထားတာက သူအနောက်ဘက်မှာ ရင်ဖွင့်စရာစကားတွေ ရေးထားမယ်ပေါ့။ ဘာမှမတွေ့ရလို့ ဖတ်စာအုပ်ကြား ညှပ်ထားလိုက်မိတယ်။
အဲဒီ ခရစွမတ်ပြီးတဲ့နောက် သုံးလေးကြိမ်တွေ့ပါတယ်။ စကား မပြောဖြစ်ခဲ့ကြပါ။ အဲဒီနောက် ပျောက်သွားလိုက်တာ စာမေးပွဲလည်း လာမဖြေတဲ့အထိပါပဲ။ သီတာ့တို့ကို မေးကြည့်တော့ အဆောင်သမားတွေ အချင်းချင်း မပြောချင်ဘူးထင်ပါရဲ့ အင်တင်တင်ဖြစ်နေကြတယ်။ ကိုယ်လည်း သူနဲ့ ဘယ်လိုမှ မပတ်သက်သေးတော့ သည်လောက်ပဲ မေးပိုင်ခွင့်ရှိတယ် မဟုတ်လား။
အဲဒီကဒ်လေးကို ဓါတ်ပုံအဲလ်ဘမ်ကြား ညှပ်လိုပ်ပြီး ကျန်တဲ့ စာအုပ်များ ဆက်ရှင်းရပါတယ်။
********
အဖေတို့ ပြန်လာပြီ။ ဒီတစ်ခါ အဖေ့မျက်နှာ တအားရှင်လန်း တက်ကွနေပါလား။ ရေမိုးချိုး၊ ထမင်းစားပြီး ပြောပြပါတယ်။
“သမီးရယ် အဖေအားရလိုက်တာ။ အသင်းတော်လုပ်ငန်း လူငယ်၊ ကလေး၊ လူကြီး၊ အမျိုးသမီးအားလုံး ဦးဆောင်နိုင်တဲ့အပြငိ သူကိုယ်တိုင် လယ်ထွန်တယ် လယ်မလုပ်နိုင်တဲ့ သူဆီမှာ လယ်ငှားတာ့ စျေးသက်သာတယ် နွားကို ငှားတာကြတော့ သူများလယ်ကို ထွန်ပေးတဲ့အခနဲ့ ပြန်ခုနှိမ် ကုန်စရာ သိပ့်မရှိဘူးပေါ့။ စပါးပြီးတော့ မြေပဲ၊ နှမ်းသီးထပ်တွေ စိုက်သေးတယ်။သူ့ဝမ်းစာ လောက်ရုံလေး ဖယ်တာနော် လိုအပ်တဲ့မိသားစုတွေပေးပြီး ကျန်တာ အကုန်ရောင်းရတဲ့ငွေနဲ့ ဗိမာန်တော် ဆောက်နေတယ်ကွယ်။ လိုအပ်တာတွေတော့ ဖြည့်ဆည်းပေးရတော့မယ် သူလုပ်သွားတာ တအားပဲ”
အဖေပြောရင်း မျက်ရည်ကျလာသည် ကျေနပ်စွာ ကျသော မျက်ရည်ပါ။“
သမီး အမှတ်တရ ခေါင်းလောင်း လှူချင်တယ်အဖေ”
“ကောင်းလုက်တာ မှတ်ထားလိုက််ပြီနော်”
အဲဒီနောက်ပိုင်း အမေလည်း အလှူခံဖြတ်ပိုင်းနဲ့ အလုပ်များသလို အဖေတို့ လူကြီးတွေကလည်း တပည့်တော်စုကနေ အသင်းတော် တစ်ပါး အနုမောဒနာ ဆက်ကပ်အခမ်းအနားအတွက် စိုင်းပြင်းနေကြပါတယ်။
မိခင်အသင်းတော်မှာလိုအပ်သော ထုင်ခုံ၊ စားပွဲ၊ တရားဟောစင် အခြားအသုံးအဆောင်များ လှူမှာ ဖြစ်ပါတယ်။ အဲဒီအခမ်းအနားမှာ အဖေနဲ့ အမေသာ သွားကြပါတယ်။ ကွန်မက အိမ်စောင့်ရတာပေါ့။
ဓါတ်ပုံတွေရလာတော့ အမေတို့ ကြည့်ကြပါတယ်။ ကွန်မလည်း ကြည့်ရင်း အဓိကသင်းအုပ်နေရာက ဆရာကို မြင်ဖူးတယ်။ အဖေ့ကိုမေးကြည့်တော့ . . .
“အဲဒါ ဆရာဦးကျောစိုးလေ သမီးတို့အရှယ်ပဲ ရှိဦးမှာ တကယ် ကြိုးစားတယ် . . .
“အဲဒီဆရားလား . . .ကိုကျော်စိုး”
“သမီးသိလို့လား”
ကျောင်းတုန်းက သူငယ်ချင်းလေ ဘယ်လိုရောက်လာတာလဲ မသိဘူး”
“အဖေ သမီးသူ့အကြောင်းသိချင်တယ် ပြောပြပါလာ”
“လာပြန်ပြီ သိချင်ရင်ဇွတ်ပဲ ရေတာရှည်ဇာတိ . . . မိဘမရှိ . . .မွေးချင်းမရှိ . . .ဘွဲ့ရ . . . ဓမ္မာစက္ကသိုလ်ကျောင်းဆင်း . . . အမှုတော်ဆောင် အိမ်ထောင်မရှိ” “ဘာသိချင်သေးလဲ”
“အဲဒီ နောက် ဆုံးအချက်ပဲ သိချင်တာအဖေရဲ့”
“သမီးနော် အဖေကို နောက်စရာလား”
ကွန်မဟာ ကျောင်းတက်စဥ် အခါကလို ဆယ်ကျော်သက် မဟုတ်တော့ပေမယ့် ဘယ်လိုဖြစ်မှန်းမသိ။ ဝမ်းသာမိသည်က အမှန်။ ဓါတ်ပုံတွေထဲက အထင်ရှားဆုံးနဲ့ အကြီးဆုံးပေါ်တဲ့ပုံကို ယူပြီး အသေအခြာကြည့် မိပါတယ်။ ရင့်ကျက်လာတာနဲ့အတူ နှုတ်ခမ်းမွေးထားတာက လွဲလို့အရင်လို ကြည့်ကောင်းနေတုန်းပါပဲ။
ကြမ္မာရဟတ် တစ်ပတ်လည်တာ (၇)နှစ်ကြာမှ ပြန်တွေ့ရပါလား
**********
“အဖေ ဒီနှစ်ခရစ္စမတ် ကိုကျော်စိုးတို့ အသင်းတော်ကို သွားရင် သမီးလိုက်ချင်တယ်”
“သမီးမှာ တခြားကိစ္စရှိလား သမီး”
“ရှိတယ် . . . ဖေ . . . သူဘာလို့ နောက်ဆုံးနှစ်မှာ ပျောက်သွားတယ်၊ ဘာတွေဖြစ်တယ်ဆိုတာ သမီးသိချင်တယ် . . .ဖေ။”
“သမီးရယ် အဖေ ပြောပြရင်ကော ဖြစ်မလား”
“ဖေကြီးသိတယ် ဒါဆိုပြောပြ”
“လာပြန်ပြီ ဒီဇွတ်မေးတတ်တာ သူပြောပြတာနော်။ အဲဒီနောက်ဆုံးနှစ်မှာ ပျော်ပျော်နေတတ်တဲ့ ကျောင်းသူတစ်စုဟာ သူ့ကို အတင်း အပေါင်းအသင်းလုပ်၊ ကျောင်းမတက်ခိုင်း၊ ဆေးလိပ်၊ အရက် သောက်ခိုင်းရာက မှုယစ်ဆေးပါ သုံးခိုင်းတယ်လေ။ အူတူအတ လူရိုးက ပွေပွေရှုတ်ရှုတ် ကလေးမတွေနဲ့ တွေ့တော့ ဆေးစွဲသွားတယ်ဆိုပါတော့။ ဒီတော့မှ မချောတွေက အောင်နိုင်သူအလား။ လူရိုးဟာ သချိုင်္င်းမှာပဲရှိတယ်။သူတို့အလောင်းအစားလုပ်တာနိုင်ပြီ ဆိုပြီးတော့ ထားခဲ့တယ်လေ။ သူကတော့ မရတော့ဘူး။ ကျောင်းစာမေးပွဲ လည်း မဖြေရ။ ဆေးသုံးစွဲမှုနဲ့ အဖမ်းခံရ။ အဲဒီအချိန်မှာပဲ အမေကဆုံး။ တကယ်ဒုက္ခရောက်ရတာပေါ့။ ထောင်ထဲနေချိန်မှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး သာသနာပြုအဖွဲ့ရဲ့ အားပေးဆုတောင်းမူကြောင့် ပြောင်းလဲတဲ့ အသက်တာရခဲ့တယ်။ အဲဒီကထွက်တော့ အဲဒီအဖွဲ့အကူအညီနဲ့ ကျန်တဲ့ နောက်ဆုံးနှစ်ကိုအဝေးသင်နဲ့ဆက်ပြီး ဘွဲ့ရခဲ့တယ်။ ပြီးတော့ ကျမ်းစာကျောင်းက ဆရာတွေနဲ့ ဆက်သွယ်အကူညီတောင်းပြီး ဓမ္မတက္ကသိုလ် ကျောင်းဆင်းတစ်ယောက်ဖြစ်လာတာပေါ့။ အချည်အနှောင်မဲ့လို့သာ အဲဒီနေရာမှာ နေနိုင်တာပေါ့ သမီးရယ်။”
“သမီးနဲ့သူငယ်ချင်း ဖြစ်ရုံပဲလား . . . တခြားကိစ္စများရှိသေးလား”
“ရှိတယ် . . . ဖေ . . . သူနဲ့တွေ့ပြီးမှ ဖေ့ကို ပြောပြလို့ရမှာ”
“ဒါဆိုလည်း ပြီးတာပါပဲ”
မိဘနဲ့သားသမီး ပွင့်လင်းစွာ ဆက်ဆံလာခဲ့ကြလို့ ဘာဖုံးကွယ်မှုမှမရှိကြပါ။ လာမယ့် ခရစ္စမတ်ကို ရင်ခုန်စွာနဲ့ စောင့်မျော်မိပါတယ်။
သူပေးခဲ့တဲ့ကဒ်လေးကို ပလပ်စတစ်လောင်းပြီး မှန်ဘောင်လေးထဲထည့်သိမ်းထားလိုက်ပါတယ်။
သူရှိရာအရပ်ကို ခရစ္စမတ်ဝတ်ပြုခြင်း မတိုင်မီ ရောက်သွား ကြပါတယ်။ ဘုရားကျောင်းထဲမှာ လူငယ်တွေကို Bible Study သင်ပေးနေတယ်။ သူစာသင်တဲ့နံရံတစ်ဘက်မှာ ကွန်မထိုင်နားလိုက်ပါတယ်။ ပြီးတော့ နားထောင်လိုက်တာပေါ့။
“ဆရာ . . . ၂ကော ၁၁း၁၄ မှာ စာတန်သည် လင်းသော ကောင်းကင်တမန် ဖြစ်ယောင်ဆောင်တတ်သည်ဆိုတာ ဥပမာလေး ပြောပြပါလား . . .ဆရာ”
“စာတန်ဟာ မကောင်းဆိုးဝါး လူဆိုးလူမိုက်ဆိုတာ အားလုံးသိကြတယ်။ အဲဒီပုံစံလာရင် လူတွေလက်ခံကြဘူးလေ။ ဒါကြောင့်ကောင်းကင်တမန်လိုယောင်ဆောင်ပြီး ပုံမှားရိုက်အယုံသွင်းတာလေ”
ဥပမာပြရရင် ဘုရားရှင်ကို ယုံကြည်ပြီး ကိုယ့်လုပ်အား ကိုယ်မကိုးစား အလုပ်မလုပ်ပဲ ဖြတ်လမ်းနည်းနဲ့ ကြီးပွားချင်ကြတာလေ လောင်းကစားတွေ၊ ၂လုံး ၃လုံး တွေဟာလဲ အလင်းရဲ့ တမန်တွေပေါ့ ဘယ်နှစ်ဆရမယ် မက်လုံးပေး တိုးရင်းမှပ်သွားကြတာပဲ၊ ပေါက်တဲ့လူတွေကလည်း ခဏပဲ။ စာတန်ရဲ့ဇာတိနောက်တော့ ပေါ်လာတာပါပဲ”
“မင်းတို့ကျောင်းသားအရွယ်လေးတွေဆိုတော့ နားလည်အောင်ပြောရင် မကောင်းတဲ့အပေါင်းအသင်းတွေဟာ စာတန်လိုပဲ ကောင်းကင်တမန် အယောင်ဆောင်ပြီး လာရောတယ်။ နောက်မှ ကျောင်းပြေးဖို့၊ စာမလုပ်ဖို့၊ ဆရာမိဘစကား နားမထောင်ဖို့၊ ဆေးလိပ်၊ အရက်၊ ဆေး သုံးဖို့၊ တိုက်တွန်းလာတော့တာပဲ၊ ဒါဟာ စာတန်ရဲ့ လှည့်ကွက်တစ်ခုပဲပေါ့။ နားလည်ပြီနော်”
“ဟုတ်ကဲ့ပါ ဆရာ”
“မနက်ဖန် ဝတ်ပြုပြီးရင် ဆက်သင်မယ်နော်”
“ဟုတ်ကဲ့”
လူငယ်လေးများ ပြန်သွားကြပေမယ့် သူထွက်မလာသေး။ ကွန်မဘုရားကျောင်းထဲ ဝင်သွားမိပါတယ်။ သူဟာ ပြူတင်းအပြင်ဘက်ကိုငေးရင်း တစ်စုံတစ်ခုကို တမ်းတနေသလို ကွန်မဝင်လာသောခြေသံကိုပင် မကြား
“ဆရာ . . . ကိုကျော်စိုး”
မထင်မှတ်တဲ့ အရပ်ဒေသမှာ လုံးဝ မမျော်လင့်ထားသူကို တွေ့ရတော့ သူအတော်အံသြနေပါတယ်
“နော်”
“ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ”
“ဆရာ . . .စော . . .ဒို့အဖေလေ”
“ဟုတ်လား . . .စကားမစပ်မိဘူးနော်”
“ဒို့လည်း ဓါတ်ပုံတွေ မြင်မှသိတာ”
“မေ့လောက်ပြီထင်တယ်နော်”
“မေ့လောက်အောင် ထားခဲ့တာကိုး . . .ရော့”
“နော် အခုထိ သိမ်းထားတယနော််”
“အဲဒီပုံအောက်ကစာကို အခုမှမြင်တာ”
“ဒါကြောင့်ဖြစ်မယ် အဲဒီနောက်နေ့မှာ ဘာအဖြေမှ မရဘဲကိုး”
“ထင်ထင်ရှားရှား အနောက်မှာရေးပါလား”
“ရှက်လို့လေ”
“အရင်ကတည်းကတွေ့ရင် ဆောင်းထားတဲ့အဖြေ ပေးပြီးပြီ”
“မသိဘူးလေ . . .မေးဖို့ကလည်း . . .ရှက် ကြားထဲမှာ သူယောင်မယ်တောထဲမှာ မျောပါသွားသေးတယ်”
“ဒါဟာဘဝရဲ့ သင်ခန်းစာပေါ့ ခုနလူငယ်လေးတွေကို သွန်သင်နိုင်တယ်မဟုတ်လား”
“ဒို့ဘဝမှာ ဘုရားရှင်ကလွဲရင် ဘာမှ မရှိတော့ဘူးလို့ ထင်နေတာ ဒီမွေးနေ့တော်ပွဲမှာ ဆရာစောနဲ့ လူကြီးစုံရာမှာ နားဖောက်လိုက်မယ်နော်”
“မရှက်ဘူးလား”
“ဒီတစ်ခါ မရှက်တော့ဘူး”
Jonathan’s Heart