ကြည် နူး ရိပ် လေး ရဲ့ နေ ရာ

ကွန်မရဲ့ဘဝမှာအမြဲတမ်းရောက်ခဲ့တဲ့ နေရာလေးကတော့ ဘုရားကျောင်းပဲ ဖြစ်တယ်။ ကွန်မတို့ရဲ့ ဘုရားကျောင်းက အင်မတန်သာယာတဲ့နေရာလေးပေါ့ … ကွန်မအတွက်တော့ သခင်ယေရှုတရားဟောခဲ့တဲ့ အရှေ့အလယ်ပိုင်းကဒေသကိုရောက် နေသလိုမျိုးခံစားမိတယ် … ကွန်မရဲ့ ၀ိညာဥ်ထွက်ပေါက်ပေးတဲ့နေရာ၊ စိတ်အာဟာရ အပေးနိုင်ဆုံး နေရာလေးပေါ့ … ဘုရားကျောင်းဆိုတာ ကွန်မအတွက်တော့ သုခဘုံနန်းလို့ပဲ တင်စားပါရစေ။ ကွန်မမိသားစုလေးထဲမှာ ကွန်မရဲ့ ယောကျာ်းက ဝန်ထမ်းတစ်ယောက်ပေါ့ … အချစ်ဆုံးလို့ ခေါ်ရပေမယ့် မိသားစုလေးနဲ့ ခွဲခွာပြီးနေခဲ့တာနှစ်နှစ်ရှိခဲ့ပြီးပေါ့ အခုတော့ သူက ကောင်းကင်ဘုံကနေ ကြည့်နေမှာပါ။ ဇာနည်ဆိုတဲ့သားတစ်ယောက်နဲ့ ချန်ချန်ဆိုတဲ့ သမီးတစ်ယောက်ရှိတယ်။ ကွန်မရဲ့ နှလုံးသားပုံရိပ်လေးတွေပေါ့။ ကွန်မရဲ့ယောကျ်ား ကတော့ ယုံကြည်ခြင်းမှာတအားပြင်းထန်တယ်။ ဘာမဆို အာမင် ထူးနိုင်တယ်။ ဘုရားသခင် လုပ်ပေးတာပါဆိုပြီး ချီးမွမ်းလေ့ရှိတယ်။…

Read More