ငါသည် ချစ်ခြင်းအားဖြင့် ကြင်နာသည်ဖြစ်၍

၁ ဤကဲ့သို့ မှတ်သားနာယူခဲ့ပါ၏ သတင်းဆိုသည်မှာ လူကို ခွေးက ကိုက်လျင် သတင်း မဟုတ်ပါ။ ခွေးကိုလူက ပြန်ကိုက်မှသာ သတင်းမည်ပါ၏တဲ့။ ရူူှင်းလင်းချက်ကတော့ ခွေးဆိုသည်မှာ လူကို ကိုက်တတ်သော သဘာဝရှိသောကြောင့် ကိုက်တတ်သောခွေးက လူကို ကိုက်ခြင်း ဖြစ်သောကြောင့် မထူဆန်းသောကြောင့် သတင်းအဖြစ် ရေးသားတင်ပြ၍ မရပေ။ သို့စေကာမူ သဘာဝကြောင့် ပြန်ဖြစ်၍ အကိုက်ခံရမည့်လူက ကိုက်ရမည့်ခွေးကို ပြန်ကိုက်လျင်တော့ သတင်းဖြစ်သွားပြီတဲ့။ ၂ သစ္စာရယ်၊ အိန္ဒြေရယ်၊ ကွန်တောရယ် ဟူသော ငယ်သူငယ်ချင်း သုံးဦး ရှိကြပါသည်။ သစ္စာက သွက်လက်ဖျတ်လတ်သည်။ ရုပ်ရည်ကတော့ ဗွီဒီယို မင်းသမီးလေးတစ်ဦးနှင့် တော်တော်တူပါသည်။ စားပြော ပွင့်လင်းသည်။ လူမှုရေးတိုင်းမှာ ထိပ်တန်းကပါသည်။…

Read More

သမိုင်းဝင်မျက်ရည်

(၁) ကမ္ဘာကျော်ဘောလုံးသမားတစ်ဦး။ဗိုလ်လုပွဲတွင် ရှုံးသောအခါ မျက်ရည်တွေတွေကျပုံကို တီဗွီဖန်သားပြင်တွင် တွေ့ခဲ့ရ၏။ ရုပ်ရှင် မင်းသမီးတစ်ဦး။ ဇာတ်ကားအတွင်းမဟုတ်ဘဲ၊ အပြင်တွင်တကယ် မျက်ရည်ကျသည်ကို ကျန်တော်မြင်ဖူးသည်။ အိုင်းရှဲဒိုးများကိုဖြတ်၍ စီးဆင်း လာသော မျက်ရည်များသည် အနက်ရောင်များအဖြစ် စီးဆင်းလာ၏။ ကျန််တော့်တွင် သူငယ်ချင်းတစ်ယောက်ရှိသည်။ အလွန်စိတ်ဓာတ်မာသူတစ်ဦး။ သို့သော် မိန်းကလေးတစ်ဦး၏ မျက်ရည်စတို့ကိုတွေ့ သောအခါ၊ ယခုတိုင်အောင် ထိုမိန်းကလေး၏ ကျိုးနွံစွာလုပ်ကျေးခဲ့သည်မှာ နှစ်ပေါင်းကြာခဲ့ပြီ။ ကျန်တော်ကိုယ်တိုင်ပင် ချစ်သူ၏ မျက်ရည်စတို့ကြောင့်ပင် တရားဟောဆရာတစ်ဦးဖြစ်လာခဲ့သည်။ “မာရိမှစ၍ လိုက်လာသော ယုဒလူတို့သည် ငိုကွေးကြသည်ကို ယေရှုသည် မြင်တော်မူ သောအခါ အလွန်ညှိုးငယ်ခြင်း၊ စိတ်ပူခြင်းရှိ၍ အလောင်းတော်ကို အဘယ်မှာထားကြသနည်းဟု မေးတော်မူလျင် သခင် ကွ၍ကြည့်တော်မူပါဟု လျောက်ကြ၏။ ယေရှုသည် မျက်ရည်ကျတော်မူ၏။”…

Read More