သစ်လွင်ယုံကြည်သူများ၏ ပထမခြေလှမ်းများ

“သင်တို့သည်သခင်ယေရှုခရစ်ကိုခံယူပြီးသည်ဖြစ်၍၊…ထိုသခင်၌ကျင်လည်ကြလော့။” (ကောလောသဲ ၂း၆ ) သခင်ယေရှုကို သင့်ကယ်တင် ရှင်အဖြစ် မည်သို့လက်ခံခဲ့သနည်း။ ယုံကြည်ခြင်းအားဖြင့်မဟုတ်လော။ ဆိုလိုသည်မှာ ကိုယ်တော်ကို ယုံကြည်သောအားဖြင့် သင်လက်ခံခဲ့ သည်။ “ထိုသူကိုလက်ခံသမျှသောသူတည်း ဟူသော ကိုယ်တော်ကို ယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။” (ယောဟန် ၁း၁၂ )။ ယုံကြည်ခြင်းသည် လက်ခံခြင်းဖြစ် သည်။ ကယ်တင်ခြင်းအတွက် ထိုယုံကြည်ခြင်း တစ်ခုသာ လိုအပ်သည်။ သစ်လွင်ယုံကြည်သူတစ်ဦးအနေဖြင့် မည်သည့်အရာများလုပ်ရမည် နည်း။ ကိုယ်တော်အား ယုံကြည်ခြင်းဖြင့် လက်ခံခဲ့သည်နည်းတူ ယုံကြည်ခြင်းအားဖြင့် “ကိုယ်တော်၌ လျှောက်လှမ်းရမည်”။  “ဖြောင့်မတ်သောသူမူကား၊ မိမိယုံကြည်ခြင်းအားဖြင့် အသက်ရှင် လိမ့်မည်။”( ဟဗက္ကုတ်၂း၄၊ ရောမ ၁း၁၇၊ ဂလာတိ၃း၁၁၊ ဟေဗြဲ၁၀း၃၈ တို့ကိုဖတ်ပါ။…

Read More

ဘယ်နှကြိမ် သင်မွေးဖွားပြီးပြီလဲ

တစ်ကြိမ်သာ သင်မွေးဖွားပါက နှစ်ကြိမ်သင်သေရမည်။ သို့သော် နှစ်ကြိမ် သင်မွေးဖွားပါက တစ်ကြိမ်ထက် ပိုမသေရပါ။ ဆက်ဖတ်ပါ၊ သင်နားလည်လာပါလိမ့်မည်။ ၁၉၇၆ ခုနှစ်၊ ဂျင်မီ ခါတာ ( Jimmy Carter ) သမ္မတဝင်ပြိုင်စဉ်၌ သူသည် အများလန့်စေသည့် မိန့်ခွန်းတစ်ခုကို ပြောခဲ့သည်။ သူသည် ဒုတိယအကြိမ် မွေးဖွားပြီး ဖြစ်ကြောင်းပြောခဲ့သည်။ တစ်နိုင်ငံလုံး ပြည်သူများက “ သူဘာပြောနေတာလဲ” ဟု မေးခွန်းထုတ်ကြသည်။ နောက်၌မူ ‘ ဒုတိယမွေးဖွားခြင်း’ သည် အသုံးများသော စကားတစ်ခု ဖြစ်လာသည်။ ယခုဆိုလျှင် သမ္မတလောင်းများကို “ ဒုတိယ မွေးဖွားခြင်း ခံပြီးလား” ဟု မေးမြန်းခြင်းမှာ အဆန်းမဟုတ်တော့ပေ။ ဂျင်မီခါတာ…

Read More

ဟေရှာယ၏ ဧဝံဂေလိတရား

ဟေရှာယသည် ဓမ္မဟောင်းကျမ်းမှ ပရောဖက်တစ်ဦးဖြစ်သည်။ သူ၏ ဆက်ကပ်မှုကို “ အကျွနု်ပ်ရှိပါ၏” ဟူသော စကားအားဖြင့် တိုင်းတာ ခြုံငုံနိုင်သည်။ ထိုစကားသည် ယေရုရှလင်ဗိမာန်တော်၌ ဘုရားသခင်၏ ဘုန်းတော်ရူပါရုံမြင်မက်ခဲ့ပြီးနောက် သူပြောသော စကားဖြစ်သည်။ ထိုအချိန်၌ သူသည် မိမိညစ်ညူးမှုကို သိမြင်ပြီး သန့်ရှင်းစင်ကြယ်စေခြင်း ကို လက်ခံရရှိကာ မိမိဘဝအသက်တာကို အပ်နှံခဲ့သည်။ သူသည် ဘုရားသခင်၏ မြင့်မြတ်တော်မူခြင်းနှင့် သန့်ရှင်းတော်မူခြင်းကို လေးနက်စွာ နားလည်ပြီး ထိုအကြောင်းကို မရပ်မနား ဟောပြော ခဲ့သည်။ သူရေးသားသော ဟေရှာယအနာဂတ္တိကျမ်းတစ်လျှောက်လုံးတွင် ဘုရားသခင်အား “ ဣသရေလ၏ သန့်ရှင်းသော ဘုရား” ဟု ၂၈ ကြိမ်တိုင်တိုင် ဖော်ပြထားသည်။ ကျန်ကျမ်းတစ်ခုလုံး စုစုပေါင်းလျှင်ပင် ၆…

Read More

စိတ်ချမှုစကား သုံးခွန်း

ယနေ့ သင်သေဆုံးပါက ကောင်းကင်ဘုံကို သင်ရောက်လိမ့်မည်လော။ အများစုက ဤမေးခွန်းကို “ ရောက်မယ်လို့ မျှော်လင့်ပါတယ်” ဟု တုန့်ပြန်တတ်ကြသည်။ “ ဟုတ်ကဲ့၊ ကျွနု်ပ်ကောင်းကင်ဘုံကို ရောက်မယ်” ဟု အနည်းစုကသာ ဖြေကြားသည်။ သင်ကော မည်သို့ ဖြေကြားမည်နည်း။ အသက်ကြီးသော တရားဟောဆရာတစ်ယောက်မှာ ထောင်ထဲ ဝင်ထွက်သည့် အကြိမ်များနေခဲ့သည်။ အမာရွတ်ပြည့်သော သူ့ကြောပြင်သည် သူတွေ့ကြုံရသော ကြောက်မက်ဘွယ် ဒုက္ခဝေဒနာကို သက်သေပြနေသည်။ ယုံကြည်ခြင်း၌ သူ့သားဖြစ်သော တိမောသေကဲ့သို့ ထိုရှင်ပေါလုနှင့် နီးကပ်သူ၊ သူ့ကိုချစ်မေတ္တာထားသူ မရှိပါ။ သေရတော့မည့်အချိန်နီးကပ်ကြောင်းသိသည်တွင် ထိုတမန်တော် ရှင်ပေါလုက သူ၏ ထာဝရကယ်တင်ခြင်းစိတ်ချမှုကို အောက်ပါ ကျမ်းပိုဒ် တွင် ဤသို့ဆိုထားသည်။ “ထိုအကြောင်းကြောင့် ဤဆင်းရဲ…

Read More

ရေတွင်းနားက အမျိုးသမီး

“ လူသားသည် ပျောက်သော သူတို့ကိုရှာ၍ ကယ်တင်အံ့သောငှါ ကြွလာသတည်း..” (လုကာ ၁၉း၁၀)။ ယေရှုခရစ်သည် အပြစ်သားများကယ်တင်ရန် လောကသို့ ကြွရောက်လာခဲ့သည်။ ကိုယ်တော်က “ ..ကျန်းမာသော သူတို့သည် ဆေးသမားကိုအလိုမရှိကြ။ နာသောသူတို့သာလျှင် အလိုရှိကြ၏။… ဖြောင့်မတ်သောသူတို့ကို နောင်တသို့ခေါ်ခြင်းငှါ၊ ငါလာသည်မဟုတ်။ ဆိုးသောသူ တို့ကိုခေါ်ခြင်းငှါ၊ ငါလာသတည်း..” ဟု မိန့်တော်မူခဲ့သည်( မဿဲ ၉း၁၂၊၁၃)။ ရှင်ယောဟန်အခန်းကြီး ၄၌ ဤ သမ္မာတရား၏ သက်သေသရုပ်ဖော် ထားသည်ကို တွေ့ရသည်။ ယေရှုနှင့် တပည့်တော်များ ယုဒပြည်မှ ထွက်သွား၍ မြောက်ပိုင်းဒေသရှိ ဂါလိလဲပြည်သို့ ဦးတည်ခဲ့ကြသည်။ ယုဒလူအများစုမှာ ရှမာရိပြည်ကို မဝင်ဘဲ အရှေ့ခြမ်းမှ ပတ်၍ ခရီးသွားလေ့ရှိသည်။ “…

Read More

လူဖြစ်သော ယေရှုခရစ်တည်းဟူသောအာမခံတစ်ဦး

“ဘုရားသခင်တဆူတည်းရှိတော်မူ၏။ ဘုရားသခင်နှင့် လူတို့၏ စပ်ကြား မှာ၊ လူဖြစ်သော ယေရှုခရစ်တည်းဟူသော အာမခံတဦးတည်း ရှိ၏။ ထိုအာမခံသည် လူအပေါင်းတို့ကို ရွေးအံ့သောငှါ ကိုယ်ကိုကိုယ် စွန့်တော်မူပြီ”( ၁ တိမောသေ ၂း၅၊၆ ) အာမခံ။ အာမခံ ဆိုသည်မှာ အဘယ်နည်း။ ဤ အာမခံ ( Mediator ) ဟူသော စလုံး၏ အဓိပ္ပါယ်ကို Webster’s New World Dictionary တွင် ရှာမတွေ့နိုင်သည်မှာ ထူးဆန်းလှသည်။ New King James Version မှ လွဲ၍ အခြားဘာသာပြန်ကျမ်းများ၏ ဓမ္မဟောင်းကျမ်းတွင်လည်း ဤ စလုံးကို မတွေ့ရချေ။ NKJV ကမူ…

Read More

ကြီးမြတ်လှသော ကယ်တင်ခြင်း

ရေတပ်စစ်ဆင်ရေးသင်တန်းမှ စခန်းသွင်း သင်တန်းနည်းပြ တစ်ဦးက “ ငါ့စကားကို နားမထောင်ရင် အကျိုးဆက်ကို ကိုယ့်ဟာကို ပေးဆပ်ကြပါ” ဟု အော်ဟစ်နေသည်။ သင်တန်းသားလူသစ်များက လှောင်ပြုံးပြုံးလျက် “ ငါတို့ နားထောင်ချင်တဲ့နေရာမှာဘဲ နားထောင်မှာပေါ့” တွေးကြသည်။ ထို၌ နည်းပြက ဆက်ပြောသည်မှာ “ဒီနေ့ ဓါတ်ငွေ့ခန်းထဲမှာ အချိန်တော်တော်ကြာ လေ့ကျင့်ခန်း ဆင်းကြမယ်။ ဒါကြောင့် ဓါတ်ငွေ့ကာမျက်နှာဖုံးတပ်ဆင်နည်းကို ငါသင်ပေးမယ်” ဟူ၍။ ထိုအခါ သင်တန်းသားအားလုံးလည်း စကားပြန်နားထောင် ကြသည်။ ကျမ်းစာက အရေးကြီးလှသော မေးခွန်းကို တည်ကြည်ပြတ်သားစွာ မေး သည်။ “ ဤမျှလောက်ကြီးစွာသော ကယ်တင်တော်မူခြင်းတရားကို ငါတို့သည် နားမထောင်ဘဲနေလျှင် အပြစ်ဒဏ်နှင့် အဘယ်သို့ လွတ်ကြ လိမ့်မည်နည်း”…

Read More

ယေရှုခရစ်၏ ဧဝံဂေလိသတင်းကောင်း

ကျမ်းစာ၏ အရေးကြီးဆုံးသော သတင်းစကားမှာ ယေရှုခရစ်၏ ဘုန်းကြီးသော ဧဝံဂေလိတရား ပင်ဖြစ်သည်။ တပည့်တော်များထံ ကိုယ်တော်နောက်ဆုံးမိန့်ဆိုခဲ့သော အမိန့်တော်မှာ “ သင်တို့သည် လောကီနိုင်ငံအရပ်ရပ် ရှိသမျှသို့ သွား၍၊ ဝေနေယျသတ္တဝါအပေါင်းတို့အား ဧဝံဂေလိတရားကို ဟောကြလော့” ( မာကု ၁၆း၁၅ )ဟူ၍ ဖြစ်သည်။ ထိုတရားသည် လူတိုင်းကြားနာရန်လိုအပ်သည့် ယေရှုခရစ်၏ တရားပင်ဖြစ်သည်။ “ ထိုသခင်၏ နာမတော်မှတပါး ငါတို့ကိုကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိ” ( တမန်တော် ၄း၁၂ )။ ကိုယ်တော်သည် သက်ရှိထင်ရှားခဲ့ဖူးသမျှတို့ ၌အကျော်ကြားဆုံးပုဂ္ဂိုလ်ဖြစ်သည်။ အသက်တာတော်နှင့် သွန်သင်တော်မူချက်တို့၏ လူတို့အပေါ် လွှမ်းမိုးနိုင်စွမ်းသည် အဘယ်သူ၌မျှ မရှိသောအရာပင်။ နိုင်ငံတကာက သူ၏…

Read More

ချင့်ချိန်တိုင်းတာ တွေးကြည့်စရာ

လူတိုင်းလူတိုင်းက “ ကောင်းတာလုပ်ရင် ကောင်းတာရမည်” ဟူ၍ ဆိုတတ်ကြပါသည်။ သို့သော် လက်တွေ့တွင်ကား ထိုစကားလုံး လှလှကလေးသည် အံမဝင်ခွင်မကျ “ခွကျကျ”ဖြင့် လေထဲတွင် အိပ်ဆောက်သည့်နှယ်ပင်ဖြစ်သောကြောင့်၊ ကောင်းတာလုပ်ရင် ကောင်းတာရမည် ဆိုသော ဖြစ်နိုင်ချေရှိသည် မရှိသည်ကို လက်တွေ့ကျကျဖြင့် ဤသို့ကြည့်ရှုနိုင်ပါသည်။ ၁။ အချိန်။ အချိန်မည်သည် မည်မျ အရေးကြီးကြောင်းကို ကွန်ုပ်တို့သည် သိပါသည်။ “အချိန်သည် တန်ဘိုး”  “အချိန်သည် ငွေ”  “အချိန်နှင့် ဒီရေသည် လူကိုမစောင့်” စသော စကားပုံများကို သိသည့်အားလျော်စွာ၊ ယနေ့ကောင်းတာလုပ်ရင် ကောင်းတာရမည်ဆိုသည်ကိုပင် သိသော်ငြား လည်း “မိမိတို့၏၊ စားရေး၊ နေရေး၊ ဝတ်ရေး၊ ထိုင်ရေး “ စသော အရေးများစွာအတွက်…

Read More

ထာဝရအာမခံချက်

ထာဝရဘုရားရှင်သည် ကောင်းမြတ်သော ဘုရားရှင်ဖြစ်ကြောင်း ဦးနှောက်အသိဖြင့် ကြားသိနားလည်ရသော်လည်း လက်တွေ့ အသက်တာထဲ၌ ကောင်းမြတ်ကြောင်းသက်သေကို ကျန်ုပ်တို့ မခံစားရသေးပါက ဘာအကျိုးကျေးဇူး မှရှိမည်မဟုတ်ပေ။ အတိတ်ကာလက ထာဝရဘုရား၏ တန်ခိုးကြီးမားမှု၊ ကောင်းမြတ်မှုကို အသက်တာ၌ ခံစားရကြသော ဘုရားသခင်ရွေးကောက် သည့် ပုဂ္ဂိုလ်အသီးသီးတို့၏ အတွေ့အကြံုနှင့်သက်သေခံချက်ကို သမ္မာကျမ်းစာတော်မြတ်တွင် ကျန်ုပ်တို့တွေ့ခဲ့ရသည်။ အတိတ်ကာလ၌ မိမိကောင်းမြတ်ကြောင်း သက်သေထူသောဘုရားသည် ယနေ့တိုင်ပြောင်းလဲ ခြင်းမရှိပါ။ အတိတ်ကာလတွင် လူကို ကျေးဇူးပြု၍ ကွယ်ကာသောဘုရား၏ ကောင်းမြတ်မှုကို ယနေ့ပစ္စုပ္ပန်ကာလတွင် ကျန်ုပ်တို့ခံစားရမှသာ အနာဂါတ်ကာလတွင် ဘုရားရှင်အပေါ် စိတ်ချစွာအမှီပြုအသက်ရှင်နိုင်မည်ဖြစ်သည်။ ယနေ့ ပစ္စုပ္ပန်ကာလ၌ ဖြစ်ပျက်မည့်အရာများ၊ ကမ္ဘာနှင့်အဝှမ်း တွေ့ကြံုရမည့် အခြေအနေများကို သမ္မာကျမ်းစာတော် မြတ်၌ ရှေးနှစ်ပေါင်းများစွာကပင် ကြိုတင်၍ ပရောဖက်ပြုထားချက်များရှိပါသည်။…

Read More

နှလုံးသားနှင့်တမ်းတခေါ်သံ

ယနေ့လောကတွင် ခရစ်ယာန်မဟုတ်သေးသော်လည်း  အသက်ရှင်တော်မူသော ဘုရားကို ယုံကြည်သောသူများစွာရှိ နေပါသည်။ ဘုရားသခင်၏ရှေ့တော်တွင် ခရစ်ယာန်ဖြစ်ခြင်း၊ မဖြစ်ခြင်းသည်အဓိကမဟုတ်ပါ။ သန့်ရှင်းသောဝိညာဥ်တော်၏ ဖေါ်ပြမှုကြောင့် မနောအာရုံအသိက အသက်ရှင်သောဘုရားရှိကြောင်း၊ အသက်ရှင်သောဘုရားသည် မိမိကိုတွေ့မြင်နေ ကြောင်း နားလည်ပြီး၊ ဘုရားကိုယုံကြည်သူတိုင်းအား ဘုရားရှင်ကအသိအမှတ်ပြုပါသည်။ မည်သည့်ဘာသာဝင်ဖြစ်ပါစေ၊ အပြင်လက္ခဏာ သည် အဓိကကျပါသည်။ ဘုရားသခင်သည် မျက်နှာမလိုက်ပါ။ ဆင်းရဲနွမ်းပါးသောကြောင့် အားမငယ်ပါနှင့်။ ချမ်းသာကွယ်ဝ သောကြောင့် လည်း ဝါကွားမောက်မာခြင်းမပြုပါနှင့်။ ဘုရားသခင်သည် မည်သူမျက်နှာကိုမျ မမှတ်ပါ။ အပြင်သမဏ္ဍာန်၏ နွမ်းပါးမှု၊ ကွယ်ဝမှုသည် ဘုရားရှေ့တွင်မပေါ်လွင်ပါ။ အတွင်းနှလုံးသား၏ စိတ်ထားသည်သာ ပေါ်လွင်ပါသည် (တမန်၊ ၁ဝး၃၄-၃၅)။ ထိုကြောင့်ကျနု်ပ်တို့၏ လုပ်ဆောင်မှုမှန်သမျသည် မည်မျပင်ပန်းစွာလုပ်ဆောင်ပါစေ၊ အဓိကမကျပါ။ မည်ကဲ့သို့သော စိတ်နှလုံး နှင့်လုပ်ဆောင်နေသည်…

Read More

မြည်းစမ်း၍ ခေါ်ကြည့်ပါ

ဘုရားသခင်သည် ကောင်းကင်မြေကြီးနှင့် လောကဓါတ်အရာများကိုဖန်ဆင်းသည်သာမက လူကိုလည်းဖန်ဆင်း တော်မူ သောအရှင်ဖြစ်သည်။ ဤလူကိုဖန်ဆင်းရာတွင် မြေကြီးကိုယူ၍ လက်တော်နှင့်စေ့စပ်ကာ ပုံသွင်းပြီးနှာခေါင်းမှ နာမ်သက်(ဇီဝသက်) ကိုမှုတ်သွင်းတော်မူ၍ လူသည်အသက်ရှင်သောသတ္တဝါအဖြစ် တည်ရှိလာခြင်းဖြစ်ပါသည်။ မြည်းစမ်းကြည့်ပါ လူ၌သင်္ခါရကဏ္ဍနှင့်တွဲဖက်ကာ အစဥ်ထာဝရတည်မည့်နာမ်သက်ရှိသောကြောင့် ဤလောကမှစုတေ့သောအခါ ဘဝသည် ဆုံးမသွားဘဲ ထာဝရခရီးကိုဆက်ရဦးမည်။ သို့ဖြစ်သောကြောင့် လူသည်ဤလောက၌အသကရှင်စဥ် မိမိကိုဖန်ဆင်း သောဘုရား နှင့်အဆက်မဖြစ်မချင်းစိတ်နှလုံးထဲ၌ငြိမ်သက်အေးချမ်းမှုမရနိုင်ပါ။ ဘုရားရှင်သည် ကျနု်ပ်တို့ကိုဖန်ဆင်းသော အရှင်ဖြစ်ကြောင်း သိရှိ ယုံကြည်နိုင်သည့်သက်သေရဖို့ ကိုယ်တော်ကိုမြည်းစမ်း၍ ခေါ်ကြည့်နိုင်ပါသည်။ ဘုရားရှင်က နှလုံးသားကိုသိမြင်တော်မူသော အရှင်ဖြစ်တော်မူသည့်အတိုင်း ကိုယ်တော်နှင့် တွေ့မြင်မည်သည့်ဘာသာဝင်ဖြစ်ပါစေ၊ ဘုရားရှင်ကခွဲခြားမှုမရှိပါ။ လာလိုသော သူတို့သူတို့ထံသို့လာနိုင်ကြောင်း ကိုယ်တော်ကအသိပေးခေါ်ဖိတ်လျက် ရှိပါသည်။ ကိုယ်တော်၏စကားပေါ်တွင် ယုံကြည်တုန့်ပြန် ကိုးစားမည်ဆိုလျင်ယုံကြည်ခြင်း၏ အကျိုးရလဒ်ကိုအမှန်ပင်ခံစားရ မည်ဖြစ်သည်။ တစ်ဖက်မှလည်း ကိုယ်တော်စကားကိုသံသယ…

Read More

မေးခွန်းတစ်ခုမေးပါရစေ

မေးခွန်းတစ်ခုမေးပါရစေ? မိတ်ဆွေသည် ထာဝရသုခချမ်းသာဘုံသို့ ဧကန်မုချရောက်ရန် တစ်စုံတစ်ဦးက မိတ်ဆွေအားနုတ်ကပတ်တော်အားဖြင့် ပြောပြခဲ့ဖူးပါသလား။ မကြားဖူးဘူး၊ မဖတ်ဖူးဘူး၊ ပြောတဲ့သူမရှိဖူးဘူးဆိုရင် ယနေ့မိတ်ဆွေအတွက် မေးခွန်းတစ်ခုလောက် မေးပါရစေ။….။ မိတ်ဆွေ သမ္မာကျမ်းစာထဲမှာ သတင်းဆိုးနှင့်သတင်းကောင်း ဆိုပြီး နှစ်ရပ်ရှိပါတယ်။ သတင်းဆိုးကတော့ မိတ်ဆွေနဲ့ကျန်တော်တို့ နေတဲ့ ဤလောကကြီးပေါ့။ သတင်းကောင်း ကတော့ ထာဝရသုခချမ်းသာဘုံသို့ အရောက်ပို့ဆောင်ပေးတဲ့ ဘုရားသခင်အကြောင်းပါ။ ကဲ..မိတ်ဆွေနှင့်ကျန်တော်တို့ကျင်လည်တဲ့လောကကြီးက သတင်းဆိုးအကြောင်း ဆွေးနွေးကြည့် ကျရအောင်။ (၁)။သတင်းဆိုး-မိတ်ဆွေသည် အပြစ်သားတစ်ယောက်ဖြစ်၏။ သမ္မာကျမ်းစာထဲမှာ ဘာပြောလဲဆိုရင် လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင် ရှေတော်၌ အသရေပျက်ကြပြီ။ ရောမသြဝါဒစာ ၃း၂၃ ကို ဖတ်ကြည့်ရအောင် ဒုစရိုက်ကိုပြု၍ လို့ပြောလိုက်ဒါနှင့်ဘုရားသခင်ချမှတ်ထားတဲ့စံချိန်ကိုမရောက်ဘဲ လွဲချော်သွားခြင်းကိုဆိုလိုဒါဖြစ်တယ်။ဥပမာ။ ။ကျန်တော်တို့ရဲ့လိမ်လည်ပြောဆိုခြင်း၊မုန်းတီးခြင်း၊ကိလေသာ လွန်ကျူးခြင်း၊အတင်းအဖျင်းပြောခြင်းတို့ဟာ ဘုရားရဲ့စံချိန်မမှီခြင်းကိုဆိုလိုသည်။…

Read More