ကယ်တင်ခြင်း

ဘာသာတရားတွေအားလုံးရဲ့ရှေ့မှာ ကျုပ်တို့ဘိုးဘေးတွေရဲ့ နတ်ကိုးကွယ်မှု ဆိုတာရှိတယ်။ ဒီဝေါဟာရဟာ ဟိန္ဒြူစကား(Natha) က လာတာဖြစ်တယ်။ “သခင်” လို့ အဓိပ္ပါယ်ရတယ်။ အရာရာတိုင်းမှာ ပိုင်ဆိုင်တဲ့ “သခင်” ရှိကြောင်း ရှေးနှစ်ပေါင်း များစွာကစပြီး ယုံကြည်ခဲ့ကြတယ်။ ဒါကို “နတ်” ကိုးကွယ်မှုက သင်သေပြနေတယ်။ မိမိတို့ရဲ့အပြစ်က လွတ်ဖို့ “နတ်” ကို ပူဇော်ပသမှုတွေ ခေတ်အဆက်ဆက် ကတည်းက တည်ရှိလာခဲ့တယ်။ နတ်က ဖမ်းစားတဲ့အခါ (နတ်မကြိုက်တာ လုပ်မိ/ပြစ်မှား မိတဲ့အခါ) သေကောင်ပေါင်းလဲ နာမကျန်းဖြစ်တယ်။ ဆိုတော့ မိသားစုဝင်တစ်ဦးဦး နတ်ဆရာ ဆီကို သွားရတယ်။ နတ်ဆရာရဲ့ ညှန်ကြားချက်အရ တိရိစ္ဆာန်တစ်ကောင်ကို သတ်၊ အသွေးသွန်းပြီး ပူဇော်ပသ တောင်းပန်တဲ့အခါ နတ်ဖမ်းစားပြီး…

Read More

သင့်အတွက်

ငြိမ်သက်ခြင်း ချမ်းသာကို ပေးပိုင်သော အရှင် ယေရှုဘုရား ဆိုတာ ရှိတယ်။ အဲ့ဒီဘုရားရှင်က ဒီလောက ကမ္ဘာ နှင့် စကြာဝလာ တစ်ခုလုံးကို ဖန်ဆင်းတယ်လေ။ အစအဦး၌ ဘုရားရှင်က ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်း တယ်။ အလင်း နှင့် အမှောင်ကို ဖန်ဆင်းတယ်။ ကုန်းနှင့်ရေကို ခွဲခြားတယ်။ နေနှင့်လကို ဖန်ဆင်းတယ်။ လှုပ်ရှားတတ်တဲ့ တိရိစ္ဆာန်တွေ၊ ပင်လယ်ငါး၊ ငှက်နှင့် ကုန်းနေ သတ္တဝါတွေကို ဖန်ဆင်းတယ်။ လူတွေကိုတော့ သူရဲ့ ပုံသဏ္ဍာန်နှင့် တညီတည်း ဖန်ဆင်းတယ်။ လူတွေကို ဖန်ဆင်းပြီးတဲ့ အခါ ဘုရားရှင်က အနားယူတယ် မိတ်ဆွေ။ သူဖန်ဆင်းတဲ့ လူသားနှင့် အနားယူဖို့ပေါ့။ လူသားတွေကို…

Read More

ကုသိုလ်နဲ့ ငရဲ

သေခြင်းရဲ့တမလွန်မှာ “ငရဲ” ရှိကြောင်းကို ဘာသာတရားတိုင်းက လက်ခံထားကြတယ်။ ဆိုတော့ လူသားတိုင်းရဲ့ အနာဂတ်တမလွန်မှာ စောင့်စားနေတဲ့ “ငရဲ” က လွတ်ဖို့ လူသားတိုင်း နည်းလမ်းမျိုးစုံနဲ့ ကြိုးစားနေကြတယ်။ ဒီလိုကြိုးစားမှုတွေထဲမှ ကုသိုလ်ကောင်းမှုပြုခြင်း နည်းလမ်းတစ်ရပ်လည်း ပါဝင်နေတယ်။ ဒါကြောင့် သက်ရှိလူသားတွေက မိမိတို့ ငရဲကလွတ်မြောက်ပြီး အပါယ်တံခါးပိတ်ဖို့ ကောင်းမှုကုသိုလ်တွေ ကြိုးစားလုပ်ဆောင်ကြ တဲ့အပြင် သေလွန်ပြီးသူတွေ ငရဲကို မသွားဖို့အတွက် ရည်စူးပြီး ကျန်ရစ်သူမိသားစုတွေက သူတို့အတွက် ကုသိုလ်ကောင်းမှု အလှူဒါနတွေ ပြုလုပ်ပေးတဲ့ဓလေ့ကိုလည်း တွေ့ရတယ်။ ဒါပေမဲ့ ကမ္ဘာဦးကစပြီး ဖန်ဆင်းရှင်ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခဲ့တဲ့ အပြစ်သား(၂)ဦးက မွေးဖွားလာတဲ့လူသား (အပြစ်သား) အားလုံးဟာ အချိန်တန် အရွယ်ရောက်လာတော့ အပြစ်တွေကို တာဝန်ကျေပွန်စွာလုပ်ကြတယ်။ “အကျန်ုပ်သည်…

Read More

မိရိုးဖလာ

ကမ္ဘာပေါ်က တိုင်းရင်းသား လူမျိုးနွယ်စု အားလုံးမှာ ချစ်စရာကောင်း တဲ့ ဓလေ့ထုံးစံတွေ ကိုယ်စီ ရှိကြတယ်။ ကျုပ်တို့ အရှေ့ တိုင်းသား တွေမှာလည်း ဒီလိုပါဘဲ။ ရှေးနှစ်ပေါင်း များစွာ မိဘ ဘိုးဘွားတွေရဲ့ လက်ထက်က စပြီး လက်ဆင့်ကမ်း ခံယူကျင့်သုံးလာခဲ့တဲ့ ထုံးတမ်းအစဥ်အလာတွေကို တွေ့ရတယ်။ အဲ့ဒီအထဲမှာ “မိရိုးဖလာ” ကိုးကွယ် ခြင်းဟာလည်း အပါအဝင်တစ်ခုပေါ့။ “ခင်ဗျား ဘာကိုးကွယ်သလဲ”လို့ မေးလိုက်တဲ့အခါ အများစုက “မိရိုးဖလာ” ကိုးကွယ်မှု လို့ အဖြေပေးလေ့ရှိကြတယ်။ ဒါကြောင့် “မိရိုးဖလာ”ကိုးကွယ်မှုရဲ့ဇစ်မြစ်ကို အလေးအနက်စဥ်းစားကြည့် သင့်တယ်။ နောက်ပြီး ကျုပ်သိရှိထားတဲ့ “မိရိုးဖလာ”အကြောင်းကို တင်ပြချင်တယ်။ လက်တွေ့ကျကျ ရိုးရိုးလေးစဥ်းစားကြည့်ရအောင်။ ကမ္ဘာပေါ်မှာ ကျုပ်တို့လက်ရှိ မြင်တွေ့နေကြရတဲ့…

Read More

လောက၏ အဖြေ

လူဟာ မွေးဖွားခြင်းက အစပြုလို့ တစ်နေ့ကို သွားတိုင်း သေခြင်းကို တစ်လှမ်း လှမ်းနေခြင်း မဟုတ်ပါလား။ လူတစ်ယောက်ကို တကယ်လို့ အဆွေ သေရင် ဘယ်ကို သွားမှာလဲ လို့မေးရင် သင်္ချိုင်းကုန်း သွားမှာပေါ့လို့ ဖြေကောင်း ဖြေလိမ့်မယ်။ အပုပ်ကောင် သရုပ်ဆောင်ထားတဲ့ ခန္ခာကိုယ် ကတော့ မြေကြီးကလာလို့ မြေကြီးဆို တဲ့ သင်္ချိုင်းကုန်းကို သွားရမှာအမှန်ပါ။ ဒါပေမယ့် လူ့အတွင်းမှာရှိတဲ့ လူ့ဝိညာဥ်က ဘယ်ကိုသွားမှာလဲ။ အဆွေက ကောင်းတာလုပ်ရင် ကောင်းတာ ရောက်မှာပေါ့လို့ ဖြေကောင်းဖြေမယ်။ ကောင်းမှုတစ်ခု နေ့စဥ်ပြုလို့ ဆိုစကားရှိပေမယ့် လူဟာ ကောင်းတာကို အမြဲမပြုလုပ်နိုင်ပါဘူး။ လူရှေ့မှာ ကောင်းသလိုရှိပေမယ့် လူမသိတဲ့ လောဘ၊ ဒေါသ၊ မောဟလွန်ကျူးခြင်း၊…

Read More

ဘုရားကို ဘယ်သူ ဖန်ဆင်းသလဲ

မကြာခဏ ဆိုသလိုပင် ယုံကြည် သူများကို မယုံကြည်သူ များက ယခုလို မေးလေ့ ရှိပါသည်။ “ဘုရားရှိကြောင်း သက်သေပြပါ“ ထိုသို့ အမေးခံရသည့်အခါတိုင်း ယုံကြည်သူများထံမှ အောက်ပါကဲ့သို့ အကျိုးအကြောင်းပြ၍ ဖြေရှင်းလေ့ရှိပါသည်။ “ တိုက်တာ အဆောက်အဦး များကို ကြည့်ပါ။ ထိုအရာများသည် သူ့အလိုအလျောက် ဖြစ်လာပါသလား? တိုက်တာ အဆောက်အဦး တစ်ခု ဖြစ်ရန် အသိဉာဏ် ရှိသော လူသားများမှ တွက်ချက်မှုများကို ပြုလုပ်၍ တည်ဆောက်ရသည်။ အသိဉာဏ်ရှိသော လူသား မပါလျှင် ထို အဆောက်အဦးတို့သည် အဘယ်ကဲ့သို့ ဖြစ်တည် လာနိုင်ပါမည်နည်း။ ထို့အတူပင် သစ်ပင်ပန်းမာန်၊ တိရိစ္ဆာန်၊ လူ အပါအ၀င် ကမ္ဘာကြီးနှင့် တကွ…

Read More