သေခြင်းရဲ့တမလွန်မှာ “ငရဲ” ရှိကြောင်းကို ဘာသာတရားတိုင်းက လက်ခံထားကြတယ်။ ဆိုတော့ လူသားတိုင်းရဲ့ အနာဂတ်တမလွန်မှာ စောင့်စားနေတဲ့ “ငရဲ” က လွတ်ဖို့ လူသားတိုင်း နည်းလမ်းမျိုးစုံနဲ့ ကြိုးစားနေကြတယ်။ ဒီလိုကြိုးစားမှုတွေထဲမှ ကုသိုလ်ကောင်းမှုပြုခြင်း နည်းလမ်းတစ်ရပ်လည်း ပါဝင်နေတယ်။ ဒါကြောင့် သက်ရှိလူသားတွေက မိမိတို့ ငရဲကလွတ်မြောက်ပြီး အပါယ်တံခါးပိတ်ဖို့ ကောင်းမှုကုသိုလ်တွေ ကြိုးစားလုပ်ဆောင်ကြ တဲ့အပြင် သေလွန်ပြီးသူတွေ ငရဲကို မသွားဖို့အတွက် ရည်စူးပြီး ကျန်ရစ်သူမိသားစုတွေက သူတို့အတွက် ကုသိုလ်ကောင်းမှု အလှူဒါနတွေ ပြုလုပ်ပေးတဲ့ဓလေ့ကိုလည်း တွေ့ရတယ်။
ဒါပေမဲ့ ကမ္ဘာဦးကစပြီး ဖန်ဆင်းရှင်ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခဲ့တဲ့ အပြစ်သား(၂)ဦးက မွေးဖွားလာတဲ့လူသား (အပြစ်သား) အားလုံးဟာ အချိန်တန် အရွယ်ရောက်လာတော့ အပြစ်တွေကို တာဝန်ကျေပွန်စွာလုပ်ကြတယ်။ “အကျန်ုပ်သည် မွေးစကပင် အပြစ်ပါလျက်ရှိပါ၏။ အမိဝမ်းထဲမှာ ပဋိသန္မေယူစဥ်ပင် အပြစ်စွဲပါ၏”(ဆာလံ၊ ၅၁း၅)။ ဒါဟာ လူသားတွေရဲ့ မွေးရာပါဗီဇအပြစ်ဖြစ်တယ်။ သရက်ပင်က အချိန်တန်တော့ သရက်သီးကိုသီးတယ်။ အုန်းပင် ကတော့ါ အုန်းသီးသီးသလိုဘဲ အရွယ်ရောက်လာတဲ့ အပြစ်သားရဲ့ဗီဇ(အပင်)က ကျုပ်တို့လူသားတွေ နေ့စဥ်(ကာယကံ၊ ဝစီကံ၊ မနောကံ) ကံ(၃)ပါးနဲ့ ကျူးလွန်နေတဲ့ မကောင်းမှုအကုသိုလ် “ဒုစရိုက်အပြစ်” (အသီး)တွေကို ဖြစ်ပေါ်လာတာ မဆန်းပါဘူး။ “လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြပြီ” (ရောမ၊ ၃း၂၃)။ သူ့ထက်ငါ ပိုကောင်းတယ်။ ငါ့ထက် သူပိုကောင်းတယ်စသည်ဖြင့် ပြောဆိုနေကြပေမဲ့ လူတိုင်းလိုလို မလွဲမသွေ အကုသိုလ်တွေကို နည်းမျိုးစုံ၊ အနည်းနဲ့အများ ကျူးလွန်နေကြပြီး ဘုရားသခင်ရဲ့ မျက်မှောက်တော်မှာ အသရေ ပျက်နေကြတယ်။ လောကမှာ “ဖြောင့်မတ်သောသူမရှိ၊ တစ်ယောက်မျမရှိ” လို့ ကျမ်းစာကဖော်ပြထားတယ် (ရောမ၊ ၃း၁၀)။ ပြီးတော့ အပြစ်သားတစ်ယောက်က မိမိရဲ့ “ငရဲတစ်ပိဿာ” အတွက် “ကုသိုလ်တစ်ပဲ” နဲ့ ဘုရားသခင်ကို မျက်နှာလုပ်၊ ဖာထေး၊ လဘ်ထိုးနေခြင်း ဟာလည်း စက်ဆုပ်ရွံ့ရှာစရာတစ်ခုဖြစ်တယ်။ မျက်နှာမလိုက်ဘဲ၊ သန့်ရှင်း ဖြောင့်မတ်တော်မူတဲ့ ဘုရားသခင်က လက်မခံနိုင်ပါဘူး။ လူနူတစ်ယောက်က မသန့်ရှင်းတဲ့ သူ့လက်တွေနဲ့ အကောင်း စားလက်ဘက်သုပ်ကို သုပ်ပြီး လူကောင်းကို ကျေးနေသလိုပါဘဲ။ “အကျန်ုပ်တို့ရှိသမျသည် စင်ကြယ်ခြင်းမရှိကြပါ။ ပြုဘူးသမျသော ကုသိုလ်ကောင်းမှုတို့သည် ညစ်သောအဝတ်နှင့်တူကြပါ၏” (ဟေရှာ၊ ၆၄း၆)။
လူသားတွေဟာ မိမိတို့ အသက်ရှင်နေထိုင်ကြတဲ့ “ယာယီတဲ” အချိန်တို (လူ့လောက) အတွင်းမှာ အသက်ရှင်ရပ်တည်ဖို့အတွက် လောဘတစ်ကြီးရှာဖွေစုဆောင်း သိုမှီးဖို့ ကြိုးစား နေကြတယ်။ တရားတဲ့နည်း၊ မတရားတဲ့နည်း (နည်းမျိုးစုံ)နဲ့ ဆိုပါတော့။ ဒါပေမဲ့ လောကမှာရှိတဲ့ ကျုပ်တို့ရဲ့ စည်းစိမ်ဥစ္စာကွယ်ဝမှု၊ ပညာ၊ အာဏာ၊ ရုပ်ရည်နဲ့ အခြားအရာတွေကို နောင်တမလွန်အထိ သယ်သွားလို့မရပါဘူး။ သေခြင်းရဲ့ တမလွန်အထိ ကျုပ်တို့နဲ့အတူ ပါသွားမဲ့ အရာတွေကတော့ ကုသိုလ်(ကောင်းမှု)တွေနဲ့ အကုသိုလ် (မကောင်းမှု)တွေ သာဖြစ်တယ်။ ဒါတွေက ကျုပ်တို့ ငရဲကို သွားဖို့ (ဒါမှမဟုတ်) ငရဲကိုမသွားဖို့အတွက် အဆုံးအဖြတ်ပေးမယ်ဆိုတာ မေးစရာမလိုပါဘူး။ ဒါပေမဲ့ ကျုပ်တို့ရဲ့ ကုသိုလ်နဲ့ အကုသိုလ်တွေ ဘယ်ဟာက ပိုများနေသလဲ ဆိုတာ စဥ်းစားစရာပါဘဲ။