ငြိမ်သက်ခြင်း ချမ်းသာကို ပေးပိုင်သော အရှင် ယေရှုဘုရား ဆိုတာ ရှိတယ်။ အဲ့ဒီဘုရားရှင်က ဒီလောက ကမ္ဘာ နှင့် စကြာဝလာ တစ်ခုလုံးကို ဖန်ဆင်းတယ်လေ။ အစအဦး၌ ဘုရားရှင်က ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်း တယ်။ အလင်း နှင့် အမှောင်ကို ဖန်ဆင်းတယ်။ ကုန်းနှင့်ရေကို ခွဲခြားတယ်။ နေနှင့်လကို ဖန်ဆင်းတယ်။ လှုပ်ရှားတတ်တဲ့ တိရိစ္ဆာန်တွေ၊ ပင်လယ်ငါး၊ ငှက်နှင့် ကုန်းနေ သတ္တဝါတွေကို ဖန်ဆင်းတယ်။ လူတွေကိုတော့ သူရဲ့ ပုံသဏ္ဍာန်နှင့် တညီတည်း ဖန်ဆင်းတယ်။ လူတွေကို ဖန်ဆင်းပြီးတဲ့ အခါ ဘုရားရှင်က အနားယူတယ် မိတ်ဆွေ။ သူဖန်ဆင်းတဲ့ လူသားနှင့် အနားယူဖို့ပေါ့။ လူသားတွေကို ဖန်ဆင်းခြင်းရဲ့ ရည်ရွယ်ချက်က ဘုရားရှင်နှင့် အတူ အနားယူ မိတ္တဟာရ ဖွဲ့ဖို့ လေ။ အဲ့ဒီ ဘုရားရှင်က ငြိမ်သက်ခြင်း ကိုပေးတယ်။ ဝမ်း မြောက်ခြင်းကို ပေးတယ်။ ပျော်ရှင်ခြင်းကို ပေးတယ်။ သက်သာခြင်းကို ပေးတယ်။ ချမ်းသာခြင်းကို ပေးတယ်လေ။ အဲ့ဒီ ဘုရားရှင်က ဖန်ဆင်းထားတဲ့ လူသားတွေကို သူနှင့်အမြဲတမ်း ရှိနေစေခြင်တယ်။ သူလဲ လူသားတွေနှင့် အမြဲရှိနေတယ် ဆိုတာ လူသားတွေကို သိစေခြင်တယ် မိတ်ဆွေ။
ဒါပေမဲ့… လူသား အာဒံနှင့်ဧဝတို့ အပြစ် စပြုမိပြီးတဲ့ နောက်မှာ လူသားတွေရဲ့ ဖန်ဆင်းရှင် မေတ္တာတော်ရှင် ဘုရားသခင်နှင့် ငြိမ်သက်စွာ နားနေတတ်တဲ့ အသား နှလုံးသား နေရာမှာ ကြောက်တတ်တဲ့ ကျောက် နှလုံးသားက အစားဝင်လာ တော့တာဘဲ။ ကြောက်တတ် တဲ့စိတ်က အမှန်ကိုမမြင်တတ်ဘူး။ မေတ္တာကို မခံစားတတ်ဘူး။ ရှုပ်ထွေးခြင်းနှင့် မှောင်မိုက်ကို ဖိတ်ခေါ်တယ်လေ။ ပထမ လူအာဒံကို ဘုရားရှင်က မေးတဲ့အခါ သူ့ရဲ့ကြောက်နေတဲ့စိတ်က အမှန်ကိုဝန်မခံ တော့ဘဲ သူကိုယ်တိုင် ငါ့အသားထဲက အသား ငါ့အရိုးထဲက အရိုးလို့ ပြောခဲ့တဲ့ သူ့မယား ဧဝကို အပြစ် တင်မိ တယ်လေ။ မယားကို ချစ်ပြီး ကာကွယ်ရမဲ့အစား အပြစ်တင်စကားတွေ ပြောမိတယ်။ မယားဧဝ ကို တောင်မကဘူး မိတ်ဆွေ… `ငါမစားရဟု ပညတ်ထားတဲ့ အပင်၏ အသီးကို စားပြီလော`လို့မေးတဲ့ သူ့ကို ဖန်းဆင်းတဲ့ ဘုရားရှင်ကိုတောင် သူက သူ့ရဲ့ အပြစ်ကို ဝန်မခံ၊ မတောင်းပန်ဘဲ `ကွန်တော်၌ ပေးအပ် တော်မူသော မိန်းမသည် ထိုအပင်၏ အသီးကို ပေး၍ ကွန်တော် စားမိပါတယ်။` ဆိုပြီး ဘုရားရှင်ကို အပြစ်တင်တဲ့ လေသံနှင့် ပြန်ပြောတယ် မိတ်ဆွေရယ်။ အပြစ်တရားက အကြောက်တရားကို ယူဆောင် လာတယ်လေ။ ဘုရားရှင်နှင့် မျက်နှာချင်းဆိုင် စကားပြောခဲ့တဲ့ လူသားအာဒံ၊ ဘုရားရှင်ရဲ့ ဥယာဉ်တော် ထဲမှာ အေးချမ်းစွာ သွားလာခဲ့တဲ့ လူသားအာဒံ၊ ဘုရားသခင်ရဲ့ ရင်ခွင်မှာ သက်တောင့် သက်သာ နားနေခွင့်ရှိ ခဲ့တဲ့ လူသားအာဒံ … သူပြုခဲ့တဲ့ အပြစ်ကြောင့် သူထံကို အကြောက်တရား ဝင် ရောက်လာတယ်။ သူ့ကို ဖန်ဆင်းခဲ့တဲ့ မေတ္တာတော်ရှင် ဘုရားသခင်ကို မေ့ပြီး သူခံရမဲ့ အပြစ်ကို ကြောက် ရာက ဘုရားရှင် ပေးထားတဲ့ မိန်းမက ပေးလို့ စားရတာပါ ဆိုပြီး သူမယားကို စွတ်စွဲပြီး သူ့အပြစ်လွတ်ဖို့ လွတ်ရာ လွတ်ကြောင်း သူ့ရှာကြံပြီး အလုံးစုံကို သိတဲ့ ဘုရားရှင်၊ ပြောမဲ့ စကားပြော မထွက်ခင်က သိတဲ့ ဘုရားရှင်၊ သဗေညုတ ဉာဏ်တော်ရှင် ဘုရားသခင် ရှေ့ မှာ အပြစ်ပေါ်မှာ အပြစ် ထပ်ပြု မိတယ်လေ။ တကယ်တော့ ဖန်ဆင်းရှင် ဘုရားသခင်က သူ့သားသမီးတွေကို အရမ်းချစ်ပါတယ်။ စကားလုံးနှင့် ဖေါ်ပြလို့ မရနိုင်တဲ့ အနှိုင့်မဲ့ မေတ္တာနှင့် ချစ်တာ။ အတုမရှိတဲ့ ငြိမ်သက်ခြင်း ချမ်းသာကို ပေးပြီး ဧဒင်ဥယာဉ် ထဲမှာ သူနှင့် ဝမ်းမြောက်စွာ မိတ္တဟာရဖွဲ့ဖို့၊ သူနှင့် အတူ သွားလာဖို့ လူသားကို ဖန်ဆင်း ခဲ့တာလေ။ ဒါပေမဲ့ ကောင်း မကောင်း သိကွမ်းရာ အပင်က အသီးကို စားမိတော့ အာဒံနှင့်ဧဝတို့ သေရမှာကို ကြောက်သွားတယ် မိတ်ဆွေရယ်။ ဘုရားရှင် ပြောထားတာက ဒီဧဒင်ဥယာဉ်ထဲက ကြိုက်တဲ့ အသီးကို စားလို့ ရတယ်။ ဒါပေမဲ့ ဒီ ကောင်း မကောင်း သိကွမ်းရာ အပင်က အသီးကိုတော့ မစားရဘူး။ စားရင် စားတဲ့နေ့မှာဘဲ ဧကန် အမှန် သေရမယ်လို့ အာဒံကို မှာထားတယ် မိတ်ဆွေရယ်။ အာဒံက သူခံရမဲ့ အပြစ်ကို သိနေတော့ သေရမှာ ကြောက်ပြီး အဲ့ဒီ ကြောက်တဲ့စိတ်က ဘုရားရှင်ရဲ့ အနှိုင့်မဲ့ အတုမရှိတဲ့ မေတ္တာကို မေ့လျော့ပြီး လင်မယား တစ်ယောက်နှင့် တစ်ယောက်၊ အပြစ်တင် လက်ညိုးထိုး ခဲ့ကြတယ်။ ကိုယ့်အပြစ် လွတ်ဖို့ လူသား တစ်ယောက်နှင့် တယောက် လက်ညိုးထိုး စွတ်စွဲ အပြစ်တင် တတ်ခြင်း အကျင့် ဗီဇ စခဲ့တဲ့ နေရာလေးပေါ့။ တစ်ယောက်နှင့် တယောက်က လက်ညိုးထိုး အပြစ်တင်လို့ ကိုယ်ပြုခဲ့တဲ့ အပြစ်က လွတ်သွားတာမှ မဟုတ်တာ။ မစားပါနှင့်၊ စားရင် သေမယ်လို့ သေချာ မှာထားတယ်။ စားတဲ့သူတိုင်း သေရမှာဘဲ။ အာဒံစားတယ်… အာဒံ သေရမယ်။ ဧဝလည်း စားတယ်… ဧဝလည်း သေရမယ်။ အာဒံလို မယားဧဝ ပြောတဲစကားကို ချစ်တဲ့ စိတ်နှင့် နာခံပြီး အသီးကိုစားပြီး အပြစ်ကို လုပ်လုပ်၊ ဧဝလို မွေက လှည့်စားတဲ့ စကားကို နားယောင်ပြီး တက်မက်တဲ့ စိတ်နှင့် အသီးကို စားပြီး အပြစ်ကို လုပ်လုပ်။ အဲ့ဒီ အပြစ်ရဲ့ အခက သေခြင်းဘဲ မဟုတ်လား မိတ်ဆွေရယ်၊ အဲ့ဒီ အချိန်က စပြီး အပြစ်ရဲ့ ဗီဇက လူသားတွေထံ ဝင်ရောက်လာတယ်၊ လူသား အာဒံနှင့် ဧဝတို့ ဘုရားရှင်ရဲ့ ဧဒင်ဥယာဉ်ထဲက နှင်ထုတ်ခံရတယ်။ ဘုရားရှင်ရဲ့ နိုင်ငံတော်ကနေပြီး ပြည်နှင်ဒါဏ် ပေးခံရတယ်။ ဘုရားရှင်ရဲ့ နိုင်ငံတော် ဧဒင်ဥယာဉ်ထဲမှာ တုံးက ဘုရားရှင် ရင်ခွင်ထဲမှာ သက်တောင့် သက်သာ နေနိုင်ခဲ့ပေမဲ့ ဘုရားရှင်ရဲ့ နိုင်ငံတော် ဧဒင်ဥယာဉ် အပြင်ဘက်က လောက ကမ္ဘာထဲမှာ တသက်လုံး မျက်နှာက ချေး ထွက်လျက် အစားကို စားရတယ်။ ယခင် ဘုရားရှင်ရဲ့ နိုင်ငံတော် ဧဒင် ဥယာဉ်ထဲမှာ ပျော်ရွင်စွာ၊ ငြိမ်းချမ်းစွာ နေခဲ့ရပေမဲ့ အပြစ် တရားကြောင့် လူမိန်းမဧဝ ကစပြီး ဘုရားရှင်ရဲ့ နိုင်ငံတော် ဧဒင်ဥယာဉ် အပြင်ဘက်က လောက ကမ္ဘာထဲမှာ နာကျင်ခြင်း၊ ပင်ပန်းခြင်း စသော သားဖွား ဝေဒနာကို ခံပြီး သားဖွားရတော့တယ်။ အပြစ် တရားကြောင့် တယောက်ကို တယောက် အပြစ်တင်ခြင်း၊ လက်ညိုးထိုးခြင်းတွေ ဖြစ်လာကြတယ်။ ကောင်း မကောင်းကို သိသွားပြီး သေရမှာကို ကြောက်တဲ့ ဘုရားရှင်ရဲ့ နိုင်ငံတော် ဧဒင်ဥယာဉ် အပြင်ဘက်က ကမ္ဘာလောက လူသား ဖြစ်သွား တော့ တယ်။
အဲ့ဒီ လူသားအာဒံနှင့် ဧဝတို့ရဲ့ အပြစ် အတွက် ဘုရားရှင်ရဲ့ နိုင်ငံတော် ဧဒင်ဥယာဉ် ထဲမှာ တုန်းက ရခဲ့တဲ့ ငြိမ်းသက်ခြင်း သေသွားရတယ်၊ ဝမ်းမြောက်ခြင်း သေသွားရတယ်၊ ပျော်ရှင်ခြင်း သေသွားရတယ်၊ သက်တောင့် သက်သာရှိခြင်း သေသွားရတယ်၊ ဘုရားရှင်ရဲ့ ရင်ခွင်ထဲမှာ အနားယူတတ်ခြင်း သေသွားရတယ်၊ ဘုရားရှင်နှင့် ဆက်သွယ် မိတ္တဟာရ ဖွဲ့တတ်တဲ့ ဝိဉာဉ် သေသွား ရတယ်၊ ပြီးတော့ ဘုရားရှင်နှင့် သဏ္ဍာန်တူ ဖန်ဆင်းခြင်း ခံထားရတဲ့ မြေကြီးက ဖြစ်တဲ့ ကိုယ်ခန္ဒာလဲ သေပြီး မြေမှုန့် ဘဝ ပြန်ရောက် ရတော့တယ်၊ ဒီအပြင် မသေခင် ဒီကိုယ်ခန္ဒာမှာလဲ အပြစ်ကြောင့် ဝေဒနာ ဆိုတာ ဝင်လာတယ်။ နာကျင်ခြင်း ဆိုတာ ဝင်လာတယ်။ ပင်ပန်းခြင်း ဆိုတာ ဝင်လာတယ်။ သူ့အလိုကို လိုက်လုပ် ပေးနေရတာတွေ ဝင်လာတယ်။ ကျိန်ခြင်း အမင်္ဂလာတွေ ဝင်လာတယ်။ ပန်းဥယာဉ် နေရာမှာ ဆူပင် အမျိုးမျိုး ပေါက်လာတယ်။ ခွေး ထွက်အောင် လုပ်မှ အစာ စားရတော့ တယ်လေ။ ပထမ လူသား အာဒံကြောင့် လူ့လောကထဲကို အပြစ်တရားကြောင့် ဖြစ်တဲ့ သေခြင်း တရား ဝင်ရောက်ခဲ့တယ်။ ဒါပေမဲ့ မိတ်ဆွေရယ်… မေတ္တာတော်ရှင်က သူဖန်ဆင်းထားတဲ့ လူသားတွေကို ဒီအတိုင်း ကြည့်မနေရက်ဘူး။ ဘုရားရှင်ရဲ့ နိုင်ငံသား ဘဝ၊ ဧဒင်ဥယာဉ်မှာ သက်တောင့် သက်သာ ရှင်လန်စွာ နေထိုင်ခဲ့ရတဲ့ ဘဝကနေ ပင်ပန်းလွန်းတဲ့ လောကီ လောကသား ဘဝ ရောက်သွားတဲ့ လူသားတွေကို အရမ်း ချစ်တယ်လေ။ ဘယ်လောက်တောင် ချစ်သလဲဆို… လောကီသားတွေ ပျက်ဆီးခြင်းသို့ မရောက်၊ ထာဝရ အသက်ကို ရဖို့ ဘုရားရှင်က မိမိ၌ တပါးတည်းသော သားတော် ယေရှုကို စွန့်သည့် တိုင်အောင် လောကီသား တွေကို ချစ်တယ်လေ။ အဲ့ဒါကို ရှင်ယောဟန် ၃း၁၆ မှာ တိတိကျကျ ဖေါ်ပြ ထားတယ်မိတ်ဆွေ။ သားတော်ယေရှု ဒီလောကမှာ ပထမဆုံး ဟောခဲ့တဲ့ စကားက `နောင်တရကြလော့။ ကောင်းကင် နိုင်ငံတော် တည်လုနီးပြီ။` သားတော် ယေရှုက ဘုရားစင်စစ်ဖြစ်လျက် လူ့ဇာတိကို ခံယူပြီး ဒီလောကထဲကို လာခဲ့တာဟာ လောကီသားတွေကို မပျက်စီး စေချင်လို့၊ ဘုရားသခင့် နိုင်ငံတော်ထဲမှာ ပြန်ပြီး ဖန်ဆင်းရှင် ဘုရားသခင်နှင့် မိတ္တဟာရ ပြန်ဖွဲ့ဖို့၊ ဘုရားရှင်နှင့်အတူ ဝမ်းမြောက် စွာ ရှင်လန်းစွာ သီချင်းဆိုဖို့၊ ဘုရားသခင့် ရင်ခွင်ထဲမှာ သက်တောင့် သက်သာ အနားယူဖို့၊ ဘုရားရှင် နိုင်ငံတော်ထဲမှာ ထာဝရ အသက်ဖြင့် ရှင်လန်းစွာ ဘုရားရှင်နှင့် အတူ နေထိုင်ဖို့ ဖြစ်တယ် မိတ်ဆွေ။
ရှင်ယောဟန် ၁၄း၆ မှာ ယေရှုက၊ ငါသည် လမ်းခရီး ဖြစ်၏၊ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကို အမှီ မပြုလျင် အဘယ်သူမျ ခမည်းတော်ထံသို့ မရောက်ရ။ မေတ္တာတော်ရှင် ဘုရားသခင်က လောကီ လူသား အားလုံး သမ္မတရားကို သိ၍ ကယ်တင်ခြင်းသို့ ရောက်ဖို့ အလိုရှိတယ် မိတ်ဆွေ။ ယေရှု ခရစ်တော် ကိုယ်တိုင်က ငါသည် သမ္မာတရား ဖြစ်တယ်လို့ ပြောတယ်လေ။ ဒါကြောင့် ယေရှု ခရစ်တော်ကို သိ၍ ကယ်တင်ခြင်းသို့ ရောက်စေဖို့ ဒီလောကီ နိုင်ငံက ကယ်နှုတ်ပြီး ခမည်းတော် ဘုရားသခင် စိုးစံသော ကောင်းကင် နိုင်ငံတော်ထဲသို့ သွင်းပေးချင်တယ် မိတ်ဆွေ။ ဟော့ဒီ… ပင်ပန်းလွန်း၊ ရှုတ်ထွေးလွန်း၊ မှောင်မိုက်တွေ ဖုံးလွမ်းနေတဲ့ လောက ကမ္ဘာ အမိုက်မှောင်က နေပြီး ဘုရားရှင်ရဲ့ ကောင်းကင် နိုင်ငံတော်ကို မရောက်ချင်၊ မသွားချင်ကြတဲ့သူ တယောက်မှ မရှိပါဘူး မိတ်ဆွေရယ်။ မိတ်ဆွေလည်း ကောင်းကင် နိုင်ငံတော်ကို ဝင်စားချင်မှာပါ။ လောကီ အမိုက်မှောင်မှာ သားရေး၊ သမီးရေး၊ အိမ်ထောင်ရေး၊ မိသားစုရေး၊ လူမှုရေး၊ သာရေး၊ နာရေး စသည့် အမှုရေးရာတွေနှင့် ငြိမ်သက်မှုမရှိ၊ ဝမ်းမြောက်မှု တွေ ကုန်ဆုံးပြီး ပင်ပန်းနေ၊ အားအင် ကုန်ခမ်း နေတဲ့ သူဖန်ဆင်းထားတဲ့ လူသားတွေကို ဒီ လောကီ အမိုက်မှောင် တန်ခိုးမှ လွတ်မြောက် စေချင်တယ်။ သားတော်ရဲ့ ကောင်းကင် နိုင်ငံတော် ထဲမှာ သွင်းပေး ထားချင်တယ် မိတ်ဆွေ။ သမ္မာတရားကို သိ၍ ထိုသမ္မာတရားသည် သင့်ကို လှတ်လိမ့်မည် လို့ ရှင်ယောဟန် ၈း၃၂ မှာ ဖေါ်ပြထားတယ် မိတ်ဆွေရယ်။ မိတ်ဆွေရဲ့ ဘဝမှာ ဘုရားရှင်ရဲ့ နိုင်ငံတော် တည်ထောင်ပြီ ဆိုရင်တော့ ဘုရားရှင်ရဲ့ အလိုတော်သည် ကောင်းကင်ဘုံမှာ ပြည့်စုံ သကဲ့သို့ မြေကြီးပေါ်မှာ ရှိတဲ့ မိတ်ဆွေရဲ့ ဘဝမှာ ပြည့်စုံပြီလေ။ ကောင်းကင်ဘုံမှာ ဝေဒနာ ဆိုတာ မရှိဘူး၊ နာကျင်ခြင်း ဆိုတာ မရှိဘူး၊ ပင်ပန်းခြင်း ဆိုတာ မရှိဘူး၊ ဟိုလူ့အလို ဒီလူ့အလို လိုက်ပြီး လုပ်ပေးနေရတာ မရှိဘူး၊ ကျိန်ခြင်း အမင်္ဂလာ မရှိဘူး၊ ခွေး ထွက်စရာလဲ မလိုတော့ဘူး မိတ်ဆွေရယ်။ ကောင်းကင်ဘုံ မှာက ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ ပျော်ရွင်ခြင်း အပြည့်နှင့် ဘုရားရှင်ရဲ့ မျက်မှောက်တော်၊ ရှေ့တော်၊ ရင်ခွင်တော်မှာ သက်တောင့် သက်သာ နားနေ နိုင်ပြီပေါ့။ ကောင်းကင်ဘုံမှာ ကျေးဇူးတော် ချီးမွမ်းစရာ နှင့် ဂုဏ်တော် ချီးမွမ်းစရာဘဲ ရှိတော့တာ မိတ်ဆွေ။ ဘုရားရှင် စီစဉ်ထားတဲ့ နိုင်ငံတော်ကို ဝင်စားဖို့၊ ကောင်းကင်ဘုံရဲ့ အရသာကို မိတ်ဆွေ မြေကြီးပေါ်မှာ ရှိစဉ် ခံစားနိုင် ဖို့ကတော့ သားတော် ယေရှု ခရစ်တော်ကိုဘဲ အမှီ ပြုရမှာပါ။ ယေရှု ကိုယ်တိုင်က… ငါသည် လမ်းခရီး ဖြစ်၏၊ ငါ့ကို အမှီ မပြုလျင် အဘယ်သူမျ ခမည်းတော်ထံသို့ မရောက်ရလို့ မိန့်ခဲ့ တယ်လေ။ ယေရှု ခရစ်တော်ရဲ့ လမ်းကို အမှီပြုပြီး၊ ခရစ်တော် လူသားတွေ အတွက် ပြုခဲ့တာတွေကို ယုံကြည်ပြီး လက်ခံယုံနှင့် ကောင်းကင်က ဘုရားရှင် နိုင်ငံသား၊ ဘုရားရှင်ရဲ့ သားသမီး ပြန် ဖြစ်ရသော အခွင့်ကို ရပါတယ်မိတ်ဆွေ၊ ယေရှုခရစ်တော် ဘာတွေ လုပ်ပေးခဲ့တယ် ဆိုတာ မိတ်ဆွေ သိချင် မှာပေါ့နော်။ ယေရှု ခရစ်တော်က မိတ်ဆွေ အပါအဝင် လူသားတွေရဲ့ အပြစ်ကြောင့် ခံသင့်တဲ့ အပြစ်ဒါဏ်ကို သူက ခံပေး သွားတယ်။ အဲ့ဒီ အပြစ်ဒါဏ်က သေဒါဏ် မိတ်ဆွေရယ်။ ဘုရားရှင်က ပြောထားတဲ့အတိုင်း အပြစ်ရဲ့ အခက သေခြင်းတဲ့။
မိတ်ဆွေ အပါအဝင် လူသား အားလုံးရဲ့ အပြစ်က သေခြင်းဘဲ။ အဲ့ဒီ သေခြင်းကို ခရစ်တော် ယေရှုက မခံသင့် မခံထိုက်ပါဘဲလျက် ခံသွားပေးခဲ့တယ်။ အဲ့ဒါ ယေရှု ခရစ်တော်ရဲ့ ကြီးမားလှတဲ့ ကရုဏာတော်ပေါ့။ ပြီးတော့… ယေရှု ခရစ်တော်က သူ့ရဲ့ အသွေးကို သွန်းပြီး မိတ်ဆွေ အပါအဝင် လူသား အားလုံးရဲ့ အပြစ်တွေကို ဆေးကြောပေးခဲ့ပြီး သူတပါးတည်းသာ ခံသင့်တဲ့ ဖြောင့်မတ်ခြင်းကို သူပြုခဲ့တဲ့အမှုကို ယုံကြည်သူ အယောက်စီတိုင်း မခံယူသင့်ဘဲလျက် သူ့ကို ယုံကြည်ယုံလေးနှင့် ပေးခဲ့တယ်လေ။ အဲဒါ ယေရှု ခရစ်တော်ရဲ့ မဟာ ကျေးဇူးတော်ပေါ့။ ယေရှု ခရစ်တော်က မိတ်ဆွေ အပါအဝင် လူသားတွေရဲ့ အပြစ် အတွက် အသေခံပြီး ပြီးသွားတာ မဟုတ်ဘူး။ ထူးခြားတာက သင်္ဂြလ်ခြင်းကို ခံပြီး သုံးရက်မြောက်သောနေ့မှာ ပြန်ပြီး ရှင်ပြန်ထမြောက်ခဲ့တဲ့ ဘုရား၊ ယုံကြည်သူ အယောက် စီတိုင်းနှင့် အတူ အမြဲရှိတဲ့ အသက်ရှင်တော်မူသော တပါးတည်းသော ဘုရားရှင်ဖြစ်တယ် မိတ်ဆွေ။ ယေရှု ခရစ်တော် နာကျင်စွာ ရိုက်ခံခဲ့သော ၃၉ ချက်သော ဒါဏ်ချက်တွေဟာ မိတ်ဆွေ အပါအဝင် လူသားတွေရဲ့ အနာရောဂါ၊ ဝေဒနာ၊ နာကျင်မှုတွေ အတွက်လေ။ အဲဒါကြောင့်… ယေရှု ခရစ်တော်ကို ယုံကြည်သူ သားသမီး တယောက်စီ တိုင်းက `လက်ဝါး ကားတိုင်တွင် ရိုက်ခံ ခဲ့သော ဒါဏ်ချက်အားဖြင့် အနာ ပျောက်လျက်ရှိ၏` ဒါအပြင်… ယေရှု သခင်က မိတ်ဆွေ အပါအဝင် လူသားတွေအတွက် ကျိန်ခြင်းကို ခံပေးသွားခဲ့တယ်။ ယေရှု ခရစ်တော်ကို ယုံကြည်သ ူသားသမီး တယောက်စီတိုင်းက ပညတ်တရား၏ ကျိန်ခြင်းမှ ရွေးနှုတ်တော်မူခြင်းကို ခံရပြီး၊ အာဗြဟံ ခံရသော ကောင်းကြီး မင်္ဂလာသည်လဲ ယေရှု ခရစ်တော်အားဖြင့် ခံစားရတာပေါ့ မိတ်ဆွေ။ လောကီ အမိုက်မှောင်ထဲမှာ ဆူပင်အမျိုးမျိုး၊ အခက်အခဲ အမျိုးမျိုးတွေနဲ့ ခွေးထွက်ပြီး ပင်ပန်းစွာ လုပ်ကိုင် စားသောက် နေရတဲ့ဘဝ အတွက်လဲ ယေရှု ခရစ်တော်က ဆူရစ် သရဖူကို ခေါင်းပေါ်မှာ အတင်ခံပြီး သူ့ကို ယုံကြည်သူ သားသမီး တယောက်စီတိုင်းကို ဧဒင်ဥယာဉ်ထဲက ဘဝကို ပြန်ပေးခဲ့တယ်။ ခရစ်တော် ယေရှုက ကားတိုင်ပေါ်မှာ နောက်ဆုံး ပြောခဲ့တဲ့ စကားက`အမှုပြီးပြီ။` ဟုတ်တယ်မိတ်ဆွေ… ယေရှု ခရစ်တော်က သူပြုပေးရမဲ့ အမှုအားလုံးကို ပြုပေးပြီးပြီ။ အဲ့ဒါကို ယုံကြည်တဲ့ သားသမီး တယောက်စီတိုင်းကို ချမ်းသာ ပေးဖို့ စောင့်နေတယ်။ မိတ်ဆွေ ပျောက်ဆုံးနေတဲ့ ငြိမ်သက်ခြင်း ချမ်းသာ၊ ဝမ်းမြောက်ခြင်း ချမ်းသာ၊ ပျော်ရှင်ခြင်း ချမ်းသာ၊ ပြည့်ဝသော ချစ်ခြင်းချမ်းသာ၊ သက်သာခြင်း ချမ်းသာ အစရှိသည့် ချမ်းသာ… ကောင်းကင် နိုင်ငံတော် ချမ်းသာ ကို ပေးချင်တာ။ မိတ်ဆွေလဲ အဲ့ဒီ ကောင်းကင် နိုင်ငံတော်နှင့် ဆိုင်သော ချမ်းသာကို လိုချင်မှာပါ၊ အဲ့ဒီ ချမ်းသာက စစ်မှန်တဲ့ ချမ်းသာ၊ မပြောင်းလဲ မဖေါက်ပြန် မပျက်စီး ထာဝရ ကာလ တည်တဲ့ ချမ်းသာလေ။
အဲ့ဒီ ကောင်းကင် နိုင်ငံတော်ရဲ့ ချမ်းသာကို လိုချင်တယ်။ မိတ်ဆွေ ဘာတွေ လုပ်ရမလဲလို့ သိချင်မှာပေါ့။ လွယ်လွယ်လေးဘဲ မိတ်ဆွေ… မိတ်ဆွေဘက်က ဘုရားရှင်ကို ခေါ်ဖို့နှင့် ခရစ်တော် ယေရှု ပြုပေးခဲ့တာကို ကျေးဇူးတင်ပြီး ယုံကြည်စွာ လက်ခံ ယူလိုက်ဖို့ပါဘဲ။ မိတ်ဆွေ လက်ခံချင်တယ် ဆိုရင်… ကောင်ကင်ဘုံရှင် ထာဝရဘုရား ကျနု်ပ်သည် အပြစ်သား ဖြစ်ပါ၏။ အပြစ် လောကသား ဘဝကို မလိုချင်တော့ပါ။ အပြစ်၏ အခကား သေခြင်း ဆိုသည်ကို ကွန်ုပ်သိရပါပြီ။ ထိုအခကို ယေရှု ခရစ်တော်သည် ကွနု်ပ်ကိုယ်စား ကွနု်ပ်အပြစ်ကွေး အတွက် အသေခံ သွားတာကို ယုံပါပြီ။ ဘုရားသခင်သည် ယေရှု ခရစ်တော်ကို သုံးရက်မြောက်သောနေ့တွင် ရှင်ပြန် ထမြောက် စေခဲ့တာကို စိတ်နှလုံးက လက်ခံ၍ ယုံပါ၏။ အကွနု်ပ်ကို စောင့်မတော်မူပါ ဘုရား။ ကိုယ်တော် ယေရှု ခရစ်တော်ကို အကွနု်ပ် ခိုလုံပါ၏။ ကိုယ်တော် ယေရှု ခရစ်တော်သည် အကွနု်ပ်ကို လောက မှောင်မိုက် တန်ခိုးမှ ရှေးနှုတ်၍ ကယ်တင်သောအရှင် ဖြစ်တော်မူသည်ဟု စိတ်နှလုံးက ယုံကြည်၍ သားတော်ယေရှုခရစ်တော်၏ နာမတော်မြတ်ဖြင့် ဆုတောင်းလျောက်ဆိုပါ၏ အဖ မြတ်စွာသော ထာဝရဘုရား။ အာမင်။ အဲ့ဒီလို စိတ်နှလုံးက ယုံကြည်ပြီး ဆုတောင်း လျောက်ဆို လိုက်တယ်ဆို ကယ်တင်ခြင်း ရပါပြီ။ ထာဝရဘုရားကို ပဌနာပြု ဆုတောင်းတဲ့သူ ရှိသမျ တို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရ ကြတယ်လို့ နှုတ်ကပတ်တော်မှာ ဆိုထားတယ် မိတ်ဆွေ။ မိတ်ဆွေ မှောင်မိုက် လောကီထဲမှာ မရှိတော့ဘူး။ မိတ်ဆွေကို မှောင်မိုက်က အုပ်စိုးလို့ မရတော့ဘူး။ မိတ်ဆွေက မှောင်မိုက်နှင့် မဆိုင်တော့ဘူး။ မိတ်ဆွေကို မှောင်မိုက် တန်ခိုးမှ ရှေးနှုတ်ပြီး ထာဝရဘုရားက ချစ်တော်မူသော သားတော် ယေရှု ခရစ်တော်၏ နိုင်ငံထဲသို့ သွတ်သွင်းတော်မူ ပြီးပြီလေ။ မိတ်ဆွေက ကောင်းကင် နိုင်ငံသား ဖြစ်သွားပြီ။ အမြင့်ဆုံးသော ဘုရားရှင်ရဲ့ သားသမီး ဖြစ်သွားပြီ။ ကမ္ဘာဦးတုန်းက ဘုရားရှင် ဖန်ဆင်းထားတဲ့ ဧဒင်ဥယာဉ်ထဲက လူသားတယောက်ရဲ့ ရပိုင်ခွင့် အားလုံးကို မိတ်ဆွေ ပြန်ရ သွားပြီ။ အဲ့ဒီ ယေရှု ခရစ်တော် အားဖြင့် ထာဝရဘုရား ပြန်ပေးတဲ့ ကောင်းကင် နိုင်ငံသား ဘဝ ဟာ ထာဝရ ဖြစ်တယ် မိတ်ဆွေ။ မိတ်ဆွေထံကနေ ဘယ်သူမှ လုယူလို့ မရဘူး။ ခက်ခက်ခဲခဲ လုပ်ရလို့လား မိတ်ဆွေ။ လွယ်လွယ်လေးပါဘဲ။ မသိလို့သာ မရယူနိုင်ကြတာပါ။ ယေရှု ခရစ်တော်က ပြုပေး သွားတာကို စိတ်နှလုံးက လက်ခံပြီး ယုံကြည်စွာ နှုတ်က ဝန်ခံ လိုက ်ယုံလေးပါ။ မိတ်ဆွေကို ထာဝရဘုရား ကောင်းကြီး ပေးပါစေ။
ယေရှုခရစ်တော်၌
Zaw Thet Oo