ကယ်တင်ခြင်း

ကယ်တင်ခြင်း

ဘာသာတရားတွေအားလုံးရဲ့ရှေ့မှာ ကျုပ်တို့ဘိုးဘေးတွေရဲ့ နတ်ကိုးကွယ်မှု ဆိုတာရှိတယ်။ ဒီဝေါဟာရဟာ ဟိန္ဒြူစကား(Natha) က လာတာဖြစ်တယ်။ “သခင်” လို့ အဓိပ္ပါယ်ရတယ်။ အရာရာတိုင်းမှာ ပိုင်ဆိုင်တဲ့ “သခင်” ရှိကြောင်း ရှေးနှစ်ပေါင်း များစွာကစပြီး ယုံကြည်ခဲ့ကြတယ်။ ဒါကို “နတ်” ကိုးကွယ်မှုက သင်သေပြနေတယ်။ မိမိတို့ရဲ့အပြစ်က လွတ်ဖို့ “နတ်” ကို ပူဇော်ပသမှုတွေ ခေတ်အဆက်ဆက် ကတည်းက တည်ရှိလာခဲ့တယ်။
နတ်က ဖမ်းစားတဲ့အခါ (နတ်မကြိုက်တာ လုပ်မိ/ပြစ်မှား မိတဲ့အခါ) သေကောင်ပေါင်းလဲ နာမကျန်းဖြစ်တယ်။ ဆိုတော့ မိသားစုဝင်တစ်ဦးဦး နတ်ဆရာ ဆီကို သွားရတယ်။ နတ်ဆရာရဲ့ ညှန်ကြားချက်အရ တိရိစ္ဆာန်တစ်ကောင်ကို သတ်၊ အသွေးသွန်းပြီး ပူဇော်ပသ တောင်းပန်တဲ့အခါ နတ်ဖမ်းစားပြီး သေကောင်းပေါင်းလဲဖြစ်နေတဲ့ လူမမာ ပြန်လည်ကျန်းမာ လာတယ်။ ဒီအသွေးသွန်း ခြင်းဟာ အပြစ်လှတ်ခြင်းနဲ့ တိုက်ရိုက်ပတ်သက် ဆက်နွယ်နေတယ်။ ဒါကြောင့် အချို့သော ဘာသာတရားတွေမှာ တိရစ္ဆာန်ကိုသတ်၊ ပူဇော်ပြီး အပြစ်ဖြေတဲ့ အလေ့အထ ခုချိန်ထိကျင့်သုံးနေကြဆဲပါ။ “အသွေး” ဟာ လူတို့ရဲ့အပြစ် ဖြေရာ ဖြစ်ကြောင်းကို သမ္မာကျမ်းစာကလည်း ဖော်ပြထားတယ်။

“လူအပြစ်ကိုဖြေသောအရာကား အသွေးဖြစ်သတည်း”(ဝတ်၊ ၁၇း၁၁)။
“အသွေးမသွန်းလောင်းဘဲ အပြစ်လှတ်ခြင်းမရှိ”(ဟေဗြဲ၊ ၉း၂၂)။