သတင်းကောင်း – အဖွင့်မိတ်ဆက်

သတင်းကောင်းဆိုသည်မှာ ကျွနု်ပ်တို့အပြစ်အတွက် အသေခံ၍ သင်္ဂြိဟ်ခြင်းခံရပြီး သေခြင်းမှ ပြန်လည် ထမြောက်တော်မူသော ဘုရားသခင့် သားတော် သခင်ယေရှုခရစ်၏ ဘုန်းကြီးသော ဧဝံဂေလိ သတင်းတော်ပင် ဖြစ်သည်။ ကိုယ်တော်သည် မိမိကို ယုံကြည်သော သူတို့အားထာဝရအသက်ကိုကတိပေးတော်မူသည်။ (ယောဟန် ၃း၁၆ )။

ထိုသတင်းကောင်းကို အောက်ပါအတိုင်း ရိုးရှင်းစွာ ဝေဌနိုင်သည်။

· ကြီးမြတ်လှသော ကယ်တင်ခြင်း- လူအများသည် ကယ်တင်ခြင်း အကြောင်းကို လုံးလုံးနားမလည်ကြပေ။ ကယ်တင်ခြင်းလိုအပ်မှု၊ ကယ်တင်ခြင်းလမ်းစဉ်၊ ကယ်တင်ခြင်း၏ ရလာဒ်စသည်တို့ကို ရှင်းလင်းစွာ ဖော်ပြထားသည်။

· အကြိမ်မည်မျှ သင်မွေးဖွားသနည်း- ယေရှုက ယုဒဘာသာရေး ခေါင်းဆောင်တစ်ဦးကို “ ဒုတိယမွေးဖွားခြင်းခံရမည်” ဟု မိန့်ဆို ခဲ့သည်။ သတင်းကောင်းမှာ သင်လည်း ဒုတိယအကြိမ် မွေးဖွား ဖို့ရန် ဖြစ်နိုင်သည်။

· ရေတွင်းနားက မိန်းကလေးတစ်ဦး – စာရိတ္ထပျက်ပြားသော အမျိုးသမီးတစ်ဦး ယေရှုခရစ်နှင့် တွေ့ဆုံခဲ့သည်။ ကိုယ်တော်က သူမ၏ အသက်တာကို ပြောင်းလဲစေခဲ့ပြီး သူမ၏ ဆာငတ်သော ဝိညာဉ်အား အသက်စမ်းရေကို ပေးတော်မူခဲ့သည်။

· စိတ်ချမှု စကားသုံးခွန်း – ယနေ့ သင်သေသွားလျှင် ကောင်းကင် ဘုံသို့ရောက်လိမ့်မည်လော။ လူအများစုက “ အဲလို မျှော်လင့် ပါတယ်” ဟုဖြေကြသည်။ ထာဝရလုံခြုံမှုသင်ရနိုင်ကြောင်း သင်သိခွင့်ရှိသည်။

· လူဖြစ်သော ယေရှုခရစ်တည်းဟူသောအာမခံတစ်ဦး – ယနေ့ ကျွနု်ပ်တို့သည် ဘာသာရေးယုံကြည်မှုမျိုးစုံက သွန်သင်ပေးသော နည်းလမ်း ပေါများသည့် ခေတ်တွင် နေထိုင်ကြသည်။ သို့သော် ဘုရားသခင်ထံရောက်နိုင်သော လမ်း တစ်ခုတည်းသာ ရှိသည်။ ယေရှုသည် ထိုလမ်း ပင်ဖြစ်သည်။

· ဟေရှာယ၏ ဧဝံဂေလိတရား – ခရစ်တော်မမွေးဖွားမီ နှစ်ပေါင်းခုနှစ်ရာအကြာတွင် ပရောဖက်ဟေရှာယက ကိုယ်တော်၏ မွေးဖွားခြင်းအကြောင်း၊ အများရှေ့ထွက် သာသနာလုပ်ငန်းအကြောင်း၊ အသေခံခြင်း၊ သင်္ဂြိုဟ်ခြင်း၊ ရှင်ထမြောက်ခြင်းအကြောင်းနှင့် ဒုတိယအကြိမ် ကြွလာတော်မူ မည့် အကြောင်းတို့ကို ကြိုတင် ဟောကိန်းထုတ်ခဲ့သည်။ ထိုအကြောင်းမှာ အမှန်ပင်တည်း။