ဘယ်နှကြိမ် သင်မွေးဖွားပြီးပြီလဲ

တစ်ကြိမ်သာ သင်မွေးဖွားပါက နှစ်ကြိမ်သင်သေရမည်။ သို့သော် နှစ်ကြိမ် သင်မွေးဖွားပါက တစ်ကြိမ်ထက် ပိုမသေရပါ။ ဆက်ဖတ်ပါ၊ သင်နားလည်လာပါလိမ့်မည်။

၁၉၇၆ ခုနှစ်၊ ဂျင်မီ ခါတာ ( Jimmy Carter ) သမ္မတဝင်ပြိုင်စဉ်၌ သူသည် အများလန့်စေသည့် မိန့်ခွန်းတစ်ခုကို ပြောခဲ့သည်။ သူသည် ဒုတိယအကြိမ် မွေးဖွားပြီး ဖြစ်ကြောင်းပြောခဲ့သည်။ တစ်နိုင်ငံလုံး ပြည်သူများက “ သူဘာပြောနေတာလဲ” ဟု မေးခွန်းထုတ်ကြသည်။

နောက်၌မူ ‘ ဒုတိယမွေးဖွားခြင်း’ သည် အသုံးများသော စကားတစ်ခု ဖြစ်လာသည်။ ယခုဆိုလျှင် သမ္မတလောင်းများကို “ ဒုတိယ မွေးဖွားခြင်း ခံပြီးလား” ဟု မေးမြန်းခြင်းမှာ အဆန်းမဟုတ်တော့ပေ။ ဂျင်မီခါတာ မတိုင်ခင်၌ ထိုကဲ့သို့သော မေးခွန်းမျိုးကို သမ္မတ ရွေးကောက်အစီအစဉ် တွင် မေးမြန်းရန် မည်သူကမျှ စိတ်အားထန်ခဲ့ပုံ မပေါ်ချေ။

ချားလ်ကိုလ်ဆန် ( Charles Colson )သည် သူ၏ ရေတံခါး ( Watergate ) စာအုပ်ကြောင့် နိုင်ငံကျော်ဖြစ်ခဲ့သည်။ သူသည် ထောင်ကျခဲ့စဉ်တွင် ဒုတိယမွေးခြင်းခံခဲ့ပြီး၊ နောက် ဒုတိယမွေးဖွားခြင်း ဟူသော ခေါင်းစဉ်ဖြင့် အရောင်းကောင်းဆုံး ဖြစ်လာသည့် စာအုပ် တစ်အုပ်ကို ရေးသားခဲ့သည်။

ရိုနယ်လ် ရီဂန် (Ronald Reagan ) သည် “ ဒုတိယမွေးခြင်းခံပြီးပြီလား” ဟု မေးမြန်းခြင်းခံရစဉ်တွင် “ ငါခံပြီးလား ၊မခံသေးလားဟာ ဒုတိယ မွေးခြင်း ဆိုတာ သင်ဘာကိုဆိုလိုလဲ ဆိုတဲ့အရာအပေါ် မူတည်လိမ့်မယ်” ဟု ဖြေကြားခဲ့သည်။ ဒုတိယမွေးခြင်းဆိုတာ ဘာကိုဆိုလိုလဲ။ ထိုမေးခွန်း၏ အဖြေကို ကျွနု်ပ်တို့သိနိုင်ရန် ရှင်ယောဟန် ခရစ်ဝင်ကျမ်း အခန်းကြီးသုံး ကို ကြည့်ကြရမည်။

နိကောဒင်

“ယုဒလူတို့တွင် အရာရှိဖြစ်သော နိကောဒင်အမည်ရှိသော ဖာရိရှဲတယောက်သည်…” ( ယောဟန် ၃း၁)။ ထိုလူနှင့် ပတ်သက်၍ ပထမဆုံးသိရသည်မှာ သူသည် မောရှေ၏ ပညတ်တရားကို စောင့်ထိန်းသော ဘာသာရေးဆရာ ဖာရိရှဲဖြစ်သည်။ ဖာရိရှဲတို့၏ ပေါ်လွင်သော အကျင့်တစ်ခုမှာ မိမိကိုယ်ကို ဖြောင့်မတ်သည်ဟု မှတ်သော စိတ်နေသဘောထားပင်။

ယေရှုက ဖာရိရှဲအကြောင်းကို အောက်ပါဥပမာ၌ ပုံဖော်ပြောဆိုထား သည်။ “ကိုယ်ကုသိုလ်ကို အမှီပြု၍ သူတပါးကိုမထီမဲ့မြင်ပြုတတ်သောသူ အချို့တို့အား မိန့်တော်မူသော ဥပမာကား၊လူနှစ်ယောက်တို့ သည် ဆုတောင်းပဌနာပြုခြင်းငှါ ဗိမာန်တော်ပေါ်သို့ တက်ကြ၏။ တယောက်ကား ဖာရိရှဲ ဖြစ်၏။ တယောက်ကား အခွန်ခံဖြစ်၏။ ဖာရိရှဲသည် တယောက်တည်းရပ်လျက်၊ အိုဘုရားသခင်၊ သူတပါးတို့ သည် အနိုင်အထက်လုယူခြင်း၊ မတရားသဖြင့်ကျင့်ခြင်း၊ သူ့မယားကို ပြစ်မှားခြင်း အပြစ်ရှိသကဲ့သို့ အကျွန်ုပ်၌မရှိသည် သာမက၊ ဤအခွန်ခံ ကဲ့သို့ ပင် မဟုတ်သောကြောင့် ကျေးဇူးတော်ကြီးလှပေ၏။ အကျွန်ုပ် သည် ခုနှစ်ရက်တွင် နှစ်ရက် အစာရှောင်ပါ၏၊ ဥစ္စာရှိသမျှတို့ကို ဆယ်ဘို့ တဘို့ လှူပါ၏ဟု ဆုတောင်းပဌနာပြု၏” (လုကာ ၁၈း၉-၁၂ )။

နိကောဒင်သည်လည်း ဖာရိရှဲဖြစ်သည်အလျောက် ဘုရားသခင်ကို ယုံကြည်ခဲ့သူပင်။ ဗိမာန်တော်ဝတ်ပြုခြင်း၌ ပါဝင်ပြီး မတ်တတ်ရပ်ကာ သီးသန့် ဆုတောင်းလေ့ရှိသူလည်းဖြစ်သည်။ မိမိဖြောင့်မတ်ခြင်းအတွက် ရုန်းကန်နေသောကြောင့် ဆိုးသွမ်းမိုက်မဲသော အပြစ်မျိုး၌ ကာမဂုဏ် စည်းစိမ်ခံစားခြင်းမရှိဘဲ စာရိတ္ထကောင်းမွန်သူဖြစ်သည်။ တစ်ပတ်လျှင် နှစ်ကြိမ် အစာရှောင်ခြင်း၊ ရက်ရောစွာ ပေးလှူခြင်း၊ ဆယ်ပို့တစ်ပို့ ပေးလှူခြင်းတို့ကို အစဉ်ပြုသူလည်းဖြစ်သည်။

ယောဟန် ၃း၁၀ အရ သူသည် “ ဣသရေလလူတို့၏ ဓမ္မဆရာ” ဖြစ်သည်။ နိကောဒင်သည် ပညတ်တရားသင်ပေးသော ဆရာ ဖြစ်နိုင် သည်။ လူအများ၏ အမြင်တွင် သူသည် စံပြပုဂ္ဂိုလ်၊ ပညာတတ်၊ စာရိတ္ထုကောင်းသူ၊ ချမ်းသာသူဖြစ်နေခဲ့သည်။ သို့သော် “ သင်သည် ဒုတိယမွေးဖွားခြင်းခံရမည်” ဟု ယေရှုကိုယ်တိုင် မိန့်မှာခြင်းခံရသူလည်း ဖြစ်နေသည်။


အသစ်ဖွားမြင်ရန် လိုအပ်ခြင်း

နိကောဒင်သည် ယေရှုပြုတော်မူသော အံ့သြဘွယ်အမှုတို့ကို မြင်တွေ့ခဲ့ သည်။ ထိုကြောင့် ညမှောင်တွင် ယေရှုထံ လာ၍ “ ညဉ့်အခါ ယေရှုထံ တော်သို့ လာ၍၊ အရှင်ဘုရား၊ ကိုယ်တော်သည် ပြတော်မူသော ဤနိမိတ် လက္ခဏာတို့ကို ဘုရားသခင်၏ အခွင့်မရှိလျှင် အဘယ်သူမျှ မပြနိုင် သည်ကို အကျွန်ုပ်တို့သည် ထောက်၍၊ ကိုယ်တော်သည် ဘုရားသခင့် အထံတော်မှ ကြွလာတော်မူသော ဆရာဖြစ်ကြောင်းကို သိကြပါ၏” ဟု ပြောဆို ခဲ့သည်။ (  ယောဟန် ၃း၂ )။ အလွန်တော်သည့်လူပါဘဲ။ နိမ့်ကျလှသော လက်သမားတစ်ဦးကို “အရှင်ဘုရား” ဟု ကင်ပွန်းတပ် ခေါ်ခဲ့သည်။ ယေရှုသည် ဘုရားသခင်၏ တရားကို သွန်သင်သော ဆရာကောင်းဖြစ်ကြောင်း သူအသိအမှတ် ပြုထားသည်။ ယေရှုကိုလည်း သူလေးစားသည်။

“ ယေရှုက၊ ဒုတိယမွေးခြင်းကို မခံသောသူ မည်သည်ကား၊ ဘုရာသခင်၏နိုင်ငံတော်ကို မမြင်ရဟု ငါအမှန်အကန် ဆိုသည်ဟု ပြန်၍မိန့်တော်မူ၏။ နိကောဒင် ကလည်း၊ အသက်ကြီးသောသူသည် မွေးခြင်းကို အဘယ် သို့ခံနိုင်ပါမည်နည်း။ အမိဝမ်းထဲသို့တဖန်ဝင်၍ မွေးခြင်းကို ခံနိုင်ပါမည်လောဟု လျှောက်၏။ ယေရှုကလည်း၊ ရေနှင့်ဝိညာဉ်တော်မမွေးသောသူမည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်သို့ မဝင်ရဟု ငါအမှန်အကန်ဆို၏” ( ယောဟန် ၃း၃-၅)။

အသက်ကြီးသော ထိုဣသရေလ ဓမ္မဆရာက ယေရှုပြောသောအရာကို နားမလည်မှန်း သိသာလှသည်။ “ဇာတိပကတိလူသည် ဘုရားသခင်၏ ဝိညာဉ်တော် အရာတို့ကိုမခံမယူ။ ထိုအရာတို့သည် မိုက်မဲသောအရာ ဖြစ်သည်ဟု ထင်တတ်၏။ ထိုအရာတို့ကို ဝိညာဉ်အား ဖြင့်သာပိုင်းခြား၍ နားလည်နိုင်သောကြောင့်၊ ဇာတိပကတိလူသည် နားမလည်နိုင်”  ( ၁ကော ၂း၁၄ )။

ရှင်းလင်းသည့်အရာတစ်ခုရှိသည်။ ထိုနိကောဒင်သည် ဒုတိယမွေးခြင်းကို မခံသေးပါက ဘုရားသခင်၏ နိုင်ငံတော်ကို ဝင်ရောက်ခွင့် (သို့ )မြင်ခွင့် ပင် ရမည်မဟုတ်။ အသစ်မွေးခြင်းမခံသေးသော လူများတို့တွင် ထိုဖာရိရှဲ ထက် အကျင့်ကောင်းသောသူ ရှာဖွေရန် ခက်ခဲလှပေမည်။ လူသည် ဘုရားသခင်အပေါ် မိမိယုံကြည်နိုင်မှု၊ အကျင့်ကောင်းကျင့်နိုင်မှု၊ စာရိတ္ထ ကောင်းမွန်မှုတို့ကို အခြေခံ၍ ကောင်းကင်ဘုံရောက်နိုင်သည်မှန်ခဲ့သော် နိကောဒင်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် ကောင်းကင်ရောက်ဖို့ အလားအလာအရှိဆုံးဖြစ်ပေမည်။ သို့သော် သူကိုယ်တိုင်ပင် ဒုတိယမွေး ခြင်းခံဖို့ရန် လိုအပ်နေသေးသည်။

ရေဖြင့် မွေးဖွားခြင်း

ရေဖြင့် မွေးဖွားခြင်းဟု ယေရှုက ဆိုရာတွင် ဘာကိုဆိုလိုသနည်း။ ကျမ်းစာသင်ကြားသူအကြား အနက်ဖွင့်ပုံ မတူညီမှုများရှိနေသည်။ ၎င်းတို့အနက် လုံးဝလက်ခံနိုင်ဖွယ်မရှိသော အနက်ဖွင့်တစ်ခုမှာ ရေသည် ချွေးဖြစ်သည်ဟူသော ဖွင့်ဆိုချက်ပင်။ ကောင်းကင်ဘုံကို သင်ရောက်လို ပါက ဘုရားသခင်အတွက် အတော်အတန်ကြိုးစားရမည်၊ ဘုရားသခင့် နိုင်ငံတော်အတွက် ချွေးထွက်သည်အထိ လုပ်ဆောင်ရမည်။ ဤ အနက် ဖွင့်ချက်သာမှန်ကန်ပါက နိကောဒင်သည် ဘုရားသခင့်နိုင်ငံတော် ဝင်စားဖို့ အရည်အချင်းပြည့်မှီသူဖြစ်ခဲ့ပေမည်။

ဒုတိယ၊ အချို့က ရေသည် ရေနှစ်ခြင်းဗတ္တိဇံကို ဆိုလိုသည်ဟု ထင်ကြသည်။ ထိုအထင်မှန်ပါက ရေနှစ်ခြင်းသည် ကယ်တင်ခြင်း အတွက် သတ်မှတ်သော လိုအပ်ချက်ဖြစ်ပေမည်။ ဤကျမ်းချက်ကို အသုံးပြုပြီး ဗတ္တိဇံ အသစ်မွေးဖွားပေးမှုအကြောင်းအရာ ဟောပြောသူ များလည်း ရှိသည်။ သူတို့၏ အနက်ဖွင့်ချက်မှန်ခဲ့သော် ရှင်ယောဟန် သည် သူရေးသော ခရစ်ဝင်ကျမ်းပါ ထာဝရကယ်တင်ခြင်းဆိုင်ရာ ကတိတော်များအကြောင်း ကို ပြန်လည် ပြုပြင်ရေးသားရန် လိုပေလိမ့်မည် (  ယောဟန် ၃း၁၆၊၃၆၊ ၅း၂၄၊၆း၄၇)။

တတိယ၊ လူသိများသော အနက်ဖွင့်ဆိုမှုမှာ ရေသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ဟူ၍။ ကျမ်းချက်တစ်ချက်နှင့် တစ်ချက် နှိုင်းယှဉ်ကြည့် လျှင် ထိုအနက်ဖွင့်ပုံမှာ အံဝင်လှသည်။ “မဖောက်ပြန် မပျက် ဆီးတတ် သော မျိုးစေ့တည်းဟူသော အသက်ရှင်၍ အစဉ်အမြဲတည်တော်မူသော ဘုရားသခင်၏ နှုတ်ကပတ်တော် အားဖြင့် ဖြစ်ပွားသောကြောင့်၊ ညီအစ်ကိုများကို ချစ်ယောင်မဆောင်၊ အမှန်ချစ်ခြင်း အလိုငှါ၊ စိတ်ထဲမှာ သမ္မာတရား ကိုနားထောင်လျက်၊ ကိုယ်စိတ်နှလုံးကို စင်ကြယ်စေပြီး သည်နှင့်အညီ၊ စင်ကြယ်သောစိတ်နှင့် အချင်းချင်းအားကြီးသော ချစ်ခြင်းမေတ္တာရှိကြလော့။.” (၁ပေတရု ၁း၂၃ )။ ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် ဒုတိယမွေးခြင်းကို ကျွနု်ပ်တို့ ခံရသည်မှာ သံသယဖြစ်ဖွယ်မရှိ။ နှုတ်ကပတ်တော်မပါဘဲ ဒုတိယမွေး ခြင်းခံရသူမရှိနိုင်။ ဧဖက် ၅း၂၆ တွင် “ နှုတ်ကပတ်တော်ရေ၌ ဆေးကြော ခြင်း” အကြောင်းကို ကျွနု်ပ်တို့တွေ့ရသည်။ ဤ အနက်ဖွင့်ဆိုချက်သည် ခိုင်မာလှသော်လည်း၊ မသိသာလေး လွဲမှားမှုရှိနေသည်။

ယေရှုက ယောဟန် ၃း၅ ကို ယောဟန် ၃း၆ဖြင့် ပြန်ရှင်းပြ ထားသည်။   “ဇာတိပကတိမွေးသောအရာသည် ဇာတိပကတိဖြစ်၏။ ဝိညာဉ်တော်မွေး သောအရာသည် ဝိညာဉ်ဖြစ်၏။” ထိုကြောင့် ရေဆိုသည်အရာကို စကားရှေ့နောက်ချိတ်ဆက်ကာ အနက်ဖွင့်ဆိုသင့်သည်။ နိကောဒင် ကိုယ်တိုင်ကလည်း ယောဟန် ၃း၄တွင် အမိဝမ်းအကြောင်း ပြောဆိုထား သည်။ ထိုကြောင့် ဤနေရာက ရေသည် ရေကိုဆိုလိုသည်။ ကလေး မွေးဖွားလာရာ သားအိမ်ရေမြွာမှ ရေပင်ဖြစ်သည်။ ကိုယ်ဝန်ဆောင်ချိန်၌ သန္ဓေသားကို ရေက ဖုံးအုပ်ထားသည်။ အပိုဒ်ငယ် ၅မှ “ရေနှင့်မွေးဖွား ခြင်း” သည် အပိုဒ်ငယ် ၆မှ “ဇာတိပကတိမွေးဖွားခြင်း” ကို ဆိုလိုသည်။ မွေးလာသော ကလေးတိုင်း ရေအားဖြင့် မွေးဖွားသည်။ ဤကျမ်းချက်က ခန္ဓပိုင်းမွေးဖွားခြင်းကို ဆိုလိုသည်။

လူတိုင်းမွေးမွေးချင်း အမှားနှင့် အပြစ်၌ မွေးဖွားလာသည်။ “အကျွနု်ပ်သည် မွေးစကပင် အပြစ်ပါလျက်ရှိပါ၏၊၊ အမိဝမ်းထဲမှာ ပဋိသန္ဓေယူစဉ်ပင် အပြစ်စွဲပါ၏” (ဆာလံ ၅၁း၅)။ ပုံမှန်မွေးဖွားပြီးလျှင် ဝိညာဉ်တော်၌ ကျွနု်ပ်တို့ ပြန်လည် မွေးဖွားဖို့ ရန် လိုအပ်သည်။

ဝိညာဉ်တော်ဖြင့် မွေးဖွားခြင်း

ဝိညာဉ်တော်အားဖြင့် မွေးဖွားသောသူသည် ဒုတိယမွေးခြင်းခံသူ၊ အထက်မှ မွေးဖွားသူ၊ ဘုရားသခင်ဖွားမြင်စေတော်မူသောသူဖြစ်သည်။ ထိုအမှုသည် အသွေးအသားနှင့်လူက မတတ်စွမ်းနိုင်သော၊ ဘုရားသခင် ကသာ တတ်စွမ်းနိုင်သောအမှုဖြစ်ကြောင်း သိသာလှသည်။

ယေရှုက နိကောဒင်အား သူရင်းနှီးပြီးသားဖြစ်သော ဓမ္မဟောင်း အဖြစ် အပျက်အားဖြင့် ဒုတိယမွေးခြင်းအကြောင်းကို ရှင်းပြခဲ့သည်။ “ မောရှေ သည် တော၌မြွေကို မြှောက်ထားသကဲ့သို့ လူသားသည် မြှောက်ထား ခြင်းကို ခံရမည်။ အကြောင်းမူကား၊ ထိုသားတော်ကို ယုံကြည်သော သူအပေါင်းတို့သည် ပျက်ဆီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရမည်အကြောင်းတည်း”  ( ယောဟန် ၃း၁၄၊၁၅ )။

ဣသရေလလူမျိုးတို့သည် ကန္တရတော၌ ပြစ်မှားခဲ့ကြသည်။ ဘုရားသခင် က သူတို့အလယ်တွင် အဆိပ်ပြင်းသော မြွေကို စေလွှတ်ခဲ့သည်။ အချို့မှာ မြွေကိုက်ခံရပြီး သေခဲ့ကြသည်။ ဘုရားသခင်ညွှန်ပေးသည့် အတိုင်း မောရှေသည် ကြေးမြွေရုပ်ကို ထုလုပ်ပြီး သစ်တိုင်၌ ဆွဲထား သည်။ ထိုမြွေရုပ်ကို ကြည့်သောသူတိုင်း အသက်ရှင်ရသည်၊ မကြည့် သော သူကားသေကြေရကြသည်။ ယုံကြည်ခြင်းအကြည့်တစ်ချက်၌ အသက် ရှိသည်။

လူသားဖြစ်သော ယေရှုခရစ်သည် သစ်တိုင်၌ ဆွဲထားခြင်းခံရပြီး ကျွနု်ပ်တို့၏ အပြစ်အတွက် အသေခံတော်မူခဲ့သည်။ အသက်ရဖို့ ယေရှုခရစ်ထံ ချဉ်းကပ်လာသူနှင့် ကိုယ်တော်ကို ယုံကြည်သောသူသည် ဘုရားသခင်၏ နိုင်ငံတော်၌ ထာဝရအသက်ရှင်ခွင့်ကို ရမည်။ ယုံကြည် သောသူသည် ကိုယ်တော်ကို ကြည့်သောအချိန်လေး၌ပင် ဒုတိယ မွေးခြင်းကို ခံရသည်။

အချို့ခရစ်ယာန်များသည် သေခြင်းကို မြည်းစမ်းရမည်မဟုတ်။ ယေရှု သည် သူ့ကိုယုံကြည်သောသူတို့အား သိမ်းယူရန် ပြန်လည်ကြွလာအုံး မည်။ ဘုန်းလွှမ်းခြုံသော အာကာသစုဝေးခြင်း၌ သူတို့သည် ခန္ဓာအသွင် ပြောင်းလဲခြင်းရှိလိမ့်မည်။

ထိုသို့ဆိုလျှင် ဒုတိယမွေးခြင်းမခံသောသူ၌ကော အဘယ်သို့နည်း။ သူတို့သည် ခန္ဓာသေခြင်းနှင့် ငရဲမီးအိုင်၌ ဒုတိယသေခြင်းကို ရင်ဆိုင် ကြုံတွေ့ရမည်။ “ထိုအခါ မရဏာနှင့်မရဏာနိုင်ငံကို မီးအိုင်ထဲသို့ ချပစ်လေ၏။ ထိုသေခြင်းကား ဒုတိယသေခြင်းဖြစ်သတည်း” (ဗျာဒိတ် ၂၀း၁၄ )။ တစ်ကြိမ်မွေးကနှစ်ကြိမ်သေ၊ နှစ်ကြိမ်မွေးက တစ်ကြိမ် သေ(သို့) သေဖြစ်ချင်မှသေမည်။

သင်သည် ဒုတိယမွေးခြင်းခံရဖို့ မဖြစ်မနေလိုအပ်သည်။ သတင်းကောင်း မှာ သခင်ယေရှုကို သင့်ကယ်တင်ရှင်အဖြစ် ယုံကြည်လိုက်ပါက သင် ဒုတိယမွေးခြင်းခံရလိမ့်မည်။ ထိုခရစ်တော်၌ သင်သည် လူသစ် ဖြစ်လာမည်။

From: http://knowingjesuschrist.com/languages/burmese-myanmar/first-steps-for-new-believers/591-how-many-times-have-you-been-born