တွေးမိသည့်ပုစ္ဆာ

ငါ့ဒူးကိုချိုး
အဖေါ်နဲ့ခွါ
ဘယ်ဆီကိုမသိ
သူခေါ်ဆောင်ရာ
ငါလိုက်ရရှာ …။

ငါ့ဒီခန္ဓာ
နှစ်ခြမ်းခွဲလို့
အမြင်ရယ် မသင့်တော်
ရက်စက်လိုက်ကြ
ပြင်းပြဝေဒနာ
ဘယ်ဝဋ်ကြွေးရယ်မှ
ပြေနိုင်ပါ့မလား …အိုသံသရာ …။

ငါ့အူကိုထုတ် မကျေနပ်နိုင်
လက်ကိုခုတ်ထစ်
တွေးကြည့်ရင်မှာ
ဤသခင်ဟာ
လူစင်စစ်မှ ဟုတ်ပါလေစ …။

ကိုယ်တွေ့ရယ် မယုံနိုင်စရာ
သူတကာ အပြုံးနဲ့ကြိုလို့
လူတကာ ရင်ဝယ် အေးမြစေဖို့
သယ်ဆောင်လာ ဒီစမ်းရေအေးက
ငါ့ကိုယ်ကဆင်း …။

လမင်းဒီ (ဧရာဝတီ ၊ ကရာနီ)

Save