အိပ်မက်သစ်

စိတ်သစ် လူသစ်
ဘဝသစ် အကျႌသစ် ဘောင်းဘီသစ်
စက်္ကန့်အသစ် သီချင်းအသစ်
အချစ်သစ် ဒုက်္ခအသစ်
အသစ် . . .
အသစ် . . .
အသစ်တွေများ . . . ။

အဟောင်းထဲက အုတ်မြစ်
သမိုင်းနောက်ခံနဲ့ထုဆစ်
ရှင်သန်မွေးဖွားတဲ့ခရီးသစ်
ပျင်းရိတာတွေ စွန့်ပစ်
အနာဂတ်ကို ဆက်ချစ် . . . ။

အဟာင်းတွေရဲ့ သချႋူင်းမှာ
သင်္ဂြိုဟ်ခံရတဲ့ အခါ
အိပ်မက်သစ်က
ဆက်ပြီး . . .
ဆက်ပြီး . . .
မျှော်လင့်ခြင်းကြိုးစကို
ချပေးနေလေရဲ့ . . . ။    ။
စောခိုင်မြဲအောင် (လွိုင်ကော်)