ဗေဒင်နှင့် စိတ်ကုသခြင်း အပေါ် အသင်းတော်ရဲ့ သဘောထား

မေး။ ။လူကြီးတစ်ယောက်က ဗေဒင်ဟောတာလဲမှန်တယ် ၊စိတ်ဝေဒနာတွေကိုလည်း ကုပေးတယ်။ အဲဒီတော့ ကျန်မသိချင်တာက ဒီအရာတွေနဲ့ပက်သတ်ပြီး အသင်းတော်ရဲ့ သဘောထားကို သိပါရစေ။ သမီးမှန်မှန်ကန်ကန် ရှင်းပြချင်လို့ပါ။

ဖြေ။ ။ လူတွေဟာ မိမိအသက်အရွယ် ကြီးလာရင် ကျန်းမာရေးမှကောင်း ပါမလား။ မိမိရဲ့ အနာဂတ်မှာ ဘာတွေဖြစ်မလဲ စသည်ဖြင့် အမြဲ စိုးရိမ်ပူပန် နေတက်ကြပါတယ်။ ကျန်းမာရေး မကောင်းရင်၊ စိုးရိမ်သောကတွေနဲ့ လှမ်းမိုးနေမယ်ဆိုရင်၊ ဘဝဟာ တကယ်ကို စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်ပါတယ်။

တကယ်လို့ လူတစ်ယောက်ရဲ့ ကျန်းမာရေး ချတ်ယွင်းလာပြီဆိုရင် ဒီရောဂါဝေဒနာတွေကို ဘယ်လိုပျောက်ကင်းအောင် ကုသလဲဆိုတာအပေါ် အာရုံထားကြခြင်းကလည်း မှန်ကန်တဲ့ အလုပ်ဖြစ်ပါတယ်။ အကယ်၍ ဒီရောဂါကို ကုသလိုမပျောက်ကင်းနိုင်ဘူး ဆိုလျင်လည်း ဒီရောဂါဝေဒနာကြောင့် ဖြစ်ပေါ်ခံစားရတဲ့ စိတ်သောကတွေကို ဘယ်လိုဖြေဖျောက်ရမလဲ ဆိုတာကို ကြိုးစားကြပါတယ်။ ကျန်းမာရေးကောင်းမွန်တဲ့ သူတွေတောင်မှ ဘဝမှာ စိတ်ပျက်ခြင်းတွေ၊ စိုုးရိမ်ပူပင်သောကတွေ ရှိကြတာပါပဲ ဖြစ်ပါတယ်။

ခရစ်ယာန်တစ်ယောက်အနေနဲ့ ရောဂါဝေဒနာ ၊ အဖျားအနာတွေကို ဘယ်လိုတုန့်ပြန်ရမလဲ။ ဖျားနာတဲ့သူတွေကို သခင်ခရစ်တော်က ကုစားပေးတော်မူခြင်းဟာ ကောင်းကင်နိုင်ငံတော်ရဲ့ လက္ခဏတစ်ခုဖြစ်ပါတယ်။ သခင်ခရစ်တော်ဟာ သူတို့ရဲ့အရပ်ဒေသ တဝိုက်ကို ရောက်ရှိနေတယ်လို့ သတင်းကြားတာနဲ့ လူတွေဟာ ဖျားနာနေတဲ့သူတွေကို ထမ်းစင်တွေပေါ်တင်ပြီး သခင်ခရစ်တော်ရဲ့ ဝတ်ရုံတော်အနားကို တို့ခွင့်ရစေရန် အလို့ငှာ သယ်ဆောင်သွားကြပါတယ်။ အဖျားအနာ၊ ရောဂါဝေဒနာတွေဟာ မကောင်းတဲ့အရာ ဖြစ်ပြိး ကျန်းမာ သက်သာလာအောင် နည်းလမ်းတွေကို ရှာကြံကြဖို့ ခရစ်ယာန်တွေမှာ တာဝန်ဝတ္တရားရှိပါတယ်။ ဆေးရုံတွေဆိုတာ အကြောင်းမဲ့ သူ့အလိုအလျောက် တည်ဆောက်ထားကြတာ မဟုတ်ပါဘူး။ နာမကျန်းဖြစ်နေတဲ့ သူတွေအပေါ် သခင်ခရစ်တော်ရဲ့ သနားကြင်နာစိတ်က လှုံဆော်ပေးတာကြောင့် လူတွေက ဆောက်လုပ်ပေးထားတာ ဖြစ်ပါတယ်။ ဆေးအတက်ပညာနဲ့ မိမိဘဝကို အပ်နှံထားတဲ့ သူတွေဟာ ကျန်တော်တို့ မျက်စိနဲ့ မြင်နိုင်တဲ့ ဘုရားသခင်၏ နိုင်ငံတော်ရဲ့ လက္ခဏတစ်ရပ်ဖြစ်ပါတယ်။

သိပ္ပံနဲ့ နည်းပညာတွေက အံသြစရာကောင်းလောက်တဲ့ အောင်မြင်ခြင်းတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ လူတွေကလည်း ဆေးဝါးတွေ စေ့စပ်သေချာတဲ့ စက်ကိရိယာတွေထက် ပိုပြီးကောင်းတဲ့ အရာတွေ ဆေးပညာလောကမှာ ရှိနေတယ်ဆိုတာကို ပို၍ပို၍ သိရှိ လာကြပါတယ်။ အပ်စိုက်ကုသခြင်း၊ နှိပ်နယ်ခြင်း၊ ဆေးဖက်ဝင်တဲ့ သစ်မြစ်သစ်ဥ ၊ အရွက်တွေနဲ့ ကုသခြင်းတွေက ဆေးပညာမှာ အဓိက အပိုင်းကနေ တရားဝင်အဖြစ် ယုံကြည် အားကိုးလောက်တဲ့ အရာတွေဖြစ်လာကြပါတယ်။ ကမ္မဌာန်းထိုင်ခြင်း ၊ တရားထိုင်ခြင်းဖြင့်လည်း တစ်ချို့သော ရောဂါဝေဒနာတွေကို ကုသပျောက်ကင်းနိုင်တယ်ဆိုတာတွေ တွေ့ရှိလာကြပါတယ်။

ဒါကြောင့် တရားထိုင်ခြင်းကို သင်ပြပေးတဲ့ လူတွေလည်း အမြောက်အများ ရှိလာပါတယ်။ ဒီလိုသင်ပြပေးတဲ့လူတွေက ခရစ်ယာန် အယူဝါဒကို ယုံကြည် လက်ခံတဲ့သူတွေ မဟုတ်ရင်တောင်မှ သူတို့က သင့်ရဲ့ ခရစ်တော်ထံ ယုံကြည်ခြင်းကို စွန့်လှတ်ပစ်ဖို့ မတောင်းဆိုဘူးဆိုရင်၊ မိမိဟာ ခရစ်ယာန် တစ်ယောက်အနေနဲ့ သူတို့ရဲ့ အတွေးအမြင်ကနေ အကျိုးရမယ်ဆိုရင် အင်မတန်မှ သင်လျော်တဲ့ လိုက်လုပ်သင့်တဲ့ အလုပ်တစ်ခု ဖြစ်ပါတယ်။

သူတစ်ပါးရဲ့ ရောဂါဝေဒနာတွေကို ကုစွမ်းနိုင်စွမ်းရှိတဲ့ ကျေးဇုူးတော်ကို ရရှိထားတဲ့ လူသားတွေလည်း ရှိပါတယ်။ သူတို့ဟာ သခင်ခရစ်တော်ရဲ့ အမည်နာမကို အတိအလင်းကြီး ကုသတာမဟုတ်ပေမဲ့ သူတို့ထံကို ကုသဖို့ရောက်လာတဲ့ လူတွေရဲ့ ဘာသာယုံကြည်ချက်ကို အသိအမှတ်ပြုတယ် ဆိုရင် သူတို့ရဲ့ ကုသပေးမှု့ကို ခံသင့်ပါတယ်။ သတိပြုရမဲ့အချက် တစ်ခုရှိပါတယ်။

လူတစ်ယောက် နာမာမကျန်းဖြစ်လာ ပြီဆိုရင် ပျောက်ချင်ဇောနဲ့ ဟိုအရာ ကောင်းနိုးနိုုး ဒီဟာကောင်းနိုးနိုးနဲ့ စိတ်ထဲပေါ်လာသမျတွေနဲ့ လျောက်ပြီးကုသခြင်း အားဖြင့် တန်ဖိုးရှိတဲ့ စွမ်းအင်တွေ အလဟသ ဖြစ်မသွားစေဖို့ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ပထမအချက်က ဝေဒနာခံစားသူက ရောဂါပျောက်ရင်ပြီးရော ဖြစ်ချင်ရာဖြစ်ဆိုတဲ့ စိတ်စိုးရိမ်မှု့ပေါ် အမြတ်ထုတ်ချင်တဲ့ ရေနစ်သူကို ၀ါးကူလို့ ထိုးတဲ့သူတွေ ရှိပါတယ်။ ဒုတိယအချက်က ဆရာများသား သေဆိုသလို သိပ်ပြီးအများကြီးနဲ့ ကုသတဲ့အခါမှာ နည်းမှန် လမ်းဖြစ်လင့်ကစား ဝေဒနာသည်ဟာ သူ့ရဲ့ စိုးရိမ်သောကတွေ ပိုများလာပြီး အစွမ်းထက်ဆုံးသော ဆေးများပင်သူ့အတွတ် အကျိုးအာနိသင် မသက်ရောက်တော့ပဲ့ ဖြစ်ပါတယ်။

ရောဂါဝေဒနာ ပျောက်ကင်းသက်သာအောင်လည်း လူတွေက နည်းလမ်းတွေ ရှာဖွေကြရမှာ ဖြစ်ပါတယ်။ သခင်ခရစ်တော်ကိုယ်တိုင် နာမာမကျန်းဖြစ်နေတဲ့ သူတွေကို ကုသခဲ့ပါတယ်။ ဒါပေမဲ့ သခင်ခရစ်တော်က လူတစ်ယောက်ရဲ့ ရှေ့ကကြမ္မာကို ဘယ်သောအခါမျ ဟောကိန်း မထုတ်ခဲ့ပါဘူး။ ဗေဒင်ဟောခြင်းဆိုတာ လူတစ်ယောက် သူဘာပဲ လုပ်လုပ် ထည့်သွင်းမစဥ်းစားဘဲ ရှေ့ဖြစ်လာမယ့် အရာတွေကို ဟောခြင်းဖြစ်ပါတယ်။ ရှေ့မှာ ဘာဖြစ်မယ်ဆိုတာ သေချာပေါက် သိပြီး စိုးရိမ်သောကကို ပျောက်စေခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလိုသိလိုခြင်းဟာ ဘုရားသခင်ကို အရာအားလုံထက် ပိုပြီး ချစ်ရမယ်ဆိုတ ပညတ်ချတ်နဲ့ တိုက်ရိုက် ဖီလာ ဆန့်ကျင်နေပါတယ်။

တစ်စုံတစ်ယောက်ကို ချစ်တယ်ဆိုရင် သူ့ထံမှာယုံကြည် စိတ်ချမှု့ကို ထားခြင်းဖြစ်ပါတယ်။ ဘုရားသခင်ရှိတယ် ဆိုတာကို ယုံကြည်ခြင်း သက်သက်ထက် အများကြီး သာလွန်ပါတယ်။ ကျန်တော်တို့ကို စက္ကန့်မလပ် ချစ်တော်မူတဲ့ ကျန်တော်တို့ရဲ့ အသက်သာကို ပြည့်ပြည့်ဝ၀၊ အဓိပယ်ရှိရှိ ရှင်သန်စေလိုတဲ့ဘုရား မှန်မှန််ကန်ကန်သစာရှိရှိ ဆက်သွယ်ခြင်းမျိုး ဖြစ်တယ်။ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာတော်ကို ယုံကြည်ပြီး ဘဝကို ပြည့်ပြည်ဝ၀ ရှင်သန်ဖို့ရန် ဘုရားသခင်က အလိုတော်ရှိတဲ့အတွက် ကျန်တော်တို့ ခရစ်ယာန်တွေဟာ ဗေဒင် မေးခြင်း ၊ဗေဒင် ဟောကိန်းတွေကို ယုံစားခြင်း မပြုကြဖို လိုအပ်တာဖြစ်ပါတယ်။

လူတွေဟာ အနာဂတ်ကို စိုးရိမ်ပူပန်တာကြောင့် ဗေဒင်ဆရာတွေထံ ချည်းကပ် အားကိုး ကျတာဖြစ်ပါတယ်။ စိုးရိမ်ပူပန်ခြင်း ဆိုတာက သဘာဝအရလူတွေရဲ့ အားနည်းချက် တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစိုးရိမ်ပူပန်ခြင်းကို ကိုင်တွယ်ဖြေရှင်းရာမှာ ရှေ့အနာဂါတ်မှာ ဘာတွေဖြစ်မယ် ဆိုတာကို သိအောင်ပြုလုပ်ခြင်း (သို့) ဗေဒင် မေးတာဟာ ဖြေရှင်းနည်း မဟုတ်ပါဘူး။

ကျန်တော်တို့ ပြုလုပ်ရမှာက ဆုတောင်းမေတ္တာအားဖြင့် ဘုရားသခင်ထံမှာ ယုံကြည်ခြင်းသာ ဖြစ်ပါတယ်။ နေ့စဥ်နေ့စဥ် အသစ်အသစ် ကြံုတွေ့ရတဲ့ ဘဝရဲ့ပြဇာတ်ကို လက်ခံတတ်လာတဲ့အခါမှာ ဘဝဟာ ပိုပြီး ရှင်သန်လာမှာ ဖြစ်ပါတယ်။ ဒီလိုသာ ယုံကြည်စိတ်ချစွာ လက်မခံတတ်ဘူးဆိုရင် ကျန်တော်တို့ဟာ ဘယ်တော့မှ ပျော်ရှင်ခြင်းကို ခံစားရမှာ မဟုတ်ပါဘူး။ မှန်ပါတယ်။ ကြေကွဲဝမ်းနည်းစရာ အဖြစ်ဆိုးတွေနဲ့လည်း ရင်ဆိုင်ရမှာ၊ ကြံုလာမှာပါပဲ။ ဒါပေမယ့် ဒါတွေကို ကြိုတင်သိအောင် ကြိုးစားခြင်း (ဗေဒင်မေး)လည်း ဝမ်းနည်းစရာတွေက အဆုံးသတ် မသွားပါဘူး။ ဘုရား၌ ယုံကြည်စိတ်ချမှုရှိခြင်းဖြင်သာ ဒီအရာတွေကို ကျော်လှားနိုင်ပါတယ်။

ယုံကြည်ခြင်းမရှိဘူးဆိုရင် မျော်လင့်ခြင်းဆိုတာ မရှိနိုင်ပါဘူး။ အ့အားသင့်ခြင်းကို ဖြစ်စေတဲ့ ရှေ့အနာဂတ်အတွက် ထင်ကြေးတွေပဲ ရှိနေပါလိမ့်မယ်။ မျော်လင့်ချက်နဲ့ အသက်ရှင်မှသာ ကိုယ်ခန္ဓာအဖျားအနာတွေ အတွက်ရော၊ ကျန်းမာသန်စွမ်းဆုံးသော သူကိုတောင် နှိပ်စက်တဲ စိုးရိမ်ပူပန်သောကတွေကိုရော ငြိမ်းစေမယ့် အကောင်းဆုံးသော ကုသခြင်း ဖြစ်ပါတယ်။ မျော်လင့်ခြင်းဆိုတာက ဘာတွေ ဘယ်လိုပဲ ဖြစ်နေ ဖြစ်နေ၊ ထာဝရအချစ်မေတ္တာရှင်ရဲ့ မျက်မှောက်တော်မှာ တည်တည်ငြိမ်ငြိမ် နေထိုင်တတ်ခြင်းဖြစ်ပါတယ်။

ဘုန်းတော်ကြီး(ရစ်ချတ်လှမင်းဦး)

မူရင်း။ ။ http://yaenatyar.blogspot.com/2010_07_01_archive.html#3787685588397764241