ဘုရားသခင် ကျန်းမာစေပြီ

ကျန်းမာသက်ရှည်စွာနေချင်တာ လူတိုင်းရဲ့ဆန္ဒဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျွနု်ပ်တို့မျှော်လင့်တဲ့အတိုင်း ဘ၀မှာ အမြဲတမ်းဖြစ်လာလေ့မရှိပါဘူး။ ကျွနု်ပ်တို့ရဲ့ခန္ဓာကိုယ်ဟာ ဖျားနာခြင်းတွေကို အမြဲတမ်းတော့ ခုခံတွန်းလှန်နိုင်ခြင်းမရှိပါဘူး။ လူတော်တော်များများဟာ ငယ်ငယ်ရွယ်ရွယ်မှာပဲ သေဆုံးကြရပါတယ်။ ဒါ့အပြင် လူများစွာဟာ သေခြင်းကိုရင်ဆိုင်ဖို့အဆင်သင့်မဖြစ်ကြသေးတာကြောင့် ကျွနု်ပ်တို့ရဲ့ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင်နေစေဖို့ ကြိုးစားတတ်ကြပါတယ်။ ဒါပေမယ့်လည်း အဲသလိုကြိုးစားနေရင်းကြားထဲမှ ရောဂါတွေရဲ့နှိပ်စက်မှုကို အချိန်ကာလကြာရှည်စွာ ခံစားလာရတဲ့အခါ သင်ဘယ်လိုလုပ်မလဲ။