အားငယ်စိတ်ကို မည်ကဲ့သို့ ကျော်လွန်နိုင်မည်နည်း။

မိိမိကိုယ်မိမိ သိမ်ငယ်သည်ဟူသော အားငယ်စိတ်ကို
မည်ကဲ့သို့ ကျော်လွန်နိုင်မည်နည်း။
How to overcome feeling of inferiority?

သော့ချက် ကျမ်းပိုဒ် ။     ။  ရောင့်ရဲသော စိတ်ပါလျင်၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းသည် ကြီးစွာသော အကျိုးစီးပွားမှန်၏။  (၁ တိ၊ ၆း၆)

ချစ်သောမိတ်ဆွေ
လူ့ဘဝမှာလူတိုင်းလိုလို တစ်ကြိမ်တစ်ခါ သို့မဟုတ် တစ်ကြိမ်မက ကြုံတွေ့ရသော ခက်ခဲမှုပြဿနာများ ရှိပါ သည်။ အချို့ လူများအဘို့ တစ်သက်တာလုံး ကြုံတွေ့ရသော ရေရှည်ပြဿနာ ဖြစ်ကာ အထူးသဖြင့် လူငယ်များအဖို့ နာကျင် ဝေဒနာ ဖြစ် ပြီး ထိခိုက်နစ်နာလှပါသည်။

ဤကဲ့သို့ ထိခိုက်နာကျင်နစ်နာစေသည့် ပြဿနာကား အဘယ်နည်း။
မိမိသည် အခြားလူများလောက် မကောင်းကြောင်း၊ မိမိသည် အကျဥ်းတန်၍အခြားသူများကဲ့သို့ တပ်မက်ဖွယ်မကောင်းခြင်း၊ မိမိသည်နုံအ၍ အခြားသူများက မိမိထက်လိမ္မာပါးနပ်ထက်မြတ်ကြောင်း၊ မိမိသည်ဆုံးရှုံးသူ၊ရှုံးနိမ့်သူဖြစ်ကြောင်း စသည့် ခံစားချက်များဖြစ်သည်။ ၄င်းကို မိမိကိုယ်မိမိ သိမ်ငယ်သည်ဟူသော အားငယ်စိတ်များဟုခေါ် သည်။

အဘယ်ကြောင့်ကွန်ုပ်တို့မှာ မိမိကိုယ်မိမိ သိမ်ငယ်သည်ဟူသော အားငယ်စိတ်များ ရှိနေကြပါသနည်း။
မိမိကိုယ်မိမိ သိမ်ငယ်သည်ဟူသော ခံစားချက်စိတ်သည် လောက၏မှားယွင်းသော တန်ဖိုးထားမှုများကို လက်ခံခြင်းကြောင့် ဖြစ်သည်။ မှားယွင်းသော အတွေးအခေါ်မှ မှားယွင်းသော အပြုအမူများနှင့် မှားယွင်းသော ခံစားစိတ်များ ဖြစ်ပေါ်လာကြောင်း လေ့လာပြီးဖြစ်သည်။ ဤအကြောင်း အရာမှာ မှားယွင်းသောခံစားစိတ်များသည် မိမိကိုယ်မိမိ သိမ်ငယ်သည်ဟူသော ခံစားချက် စိတ်များပင်ဖြစ်သည်။

လောကမှ တန်ဖိုး အထားဆုံးသောအရာကား အဘယ်နည်း။
လောကမှတန်ဖိုး အထားဆုံးအရာ သုံးခုရှိပါသည်။ (၁) ဆွဲဆောင်မှုရှိသောရုပ်ရည် (၂) အသိဥာဏ်၊ ဂုဏ်သတင်း (၃) ငွေကြေးဥစ္စာ တို့ဖြစ်ပါသည်။ လူအများစုအထူးသဖြင့် လူငယ်များက ဤအရာသုံးမျိုုးနှင့် ပြည့်စုံမှ မိမိကိုယ် မိမိ ကျေနပ်ကြသည်။

(၁)ဆွဲဆောင်မှုရှိသောရုပ်ရည်/တပ်မက်ဖွယ်သောရုပ်ရည်။
လောကီအမြင်အရ လူတစ်ယောက်၏ဥပဓိရုပ်ရည်သည် ထိုသူ့အတွက်အရေးကြီးဆုံး အချက်ဖြစ်သည်။ သင်သည် ရုပ်ချောပါက တန်ဖိုး ရှိပြီး ရုပ်မချောပါက တန်ဖိုးသိပ်မရှိဘဲ ပျော်ရှင်မှုလည်း ရနိုင်မည်မဟုတ်ဘူးဟု ကမ္ဘာကြီး က ခံယူ ထားသည်။

ဤအချက်သည် စာတန်၏လိမ်လည်မှုများထဲမှ တစ်ခုဖြစ်သည်။ မှားယွင်းသော ခံယူချက်ဖြစ်သော်ငြားလည်း လူအများက ယုံကြည်လက်ခံ ထားပြီး သူတို့အပေါ်နက်ရှိုင်းစွာ အကျိုးသက်ရောက်မှု ရှိပါသည်။ အချို့သူများသည်မိမိ ရုပ်ရည် အပေါ် ကျေနပ်မှု မရှိခြင်းကြောင့် မိမိကိုယ်မိမိ ကြည့်၍ မရ၊ မိမိကိုယ်မိမိ မုန်းတီးမိသည်။

““ ငါသည် သူနဲ့သာတူမယ်ဆိုရင်တော့ သိပ်ပျော်လိမ့်မည် ””ဟုစသည်ဖြင့် ထင်မြင်နေသည်။ အကယ်စင်စစ် ရုပ်ရည် ချောမောခြင်းက လူကို ပျော်ရှင်အောင် မလုပ်နိုင်ပါ။ နာမည်ကျော်စိတ်ပညာရှင် တစ်ဦးမှ အလွန်ချောမောလှပသော ယောကျာ်း၊ မိန်းမများအထဲမှ အချို့တို့၏ခံစားချက်နှင့် သူတို့၏အခြားသူများအပေါ် ခံစားချက်များကို လေ့လာ သုံးသပ်ရာတွင် ထိုသူတို့၌ စိတ်ဓာတ်ကျခြင်း၊ အထီးကျန်ခြင်း၊ လုံးဝပျော်ရှင်မှုကင်းမဲ့ခြင်းတို့ကို အ့သြရလောက်အောင် တွေ့မြင် သိရှိခဲ့ပါသည်။

ဘုရားသခင်သည် ကွနု်ပ်တို့အားအပြင်ရုပ်သဏ္ဍာန်ကိုကြည့်ပြီး လူကိုယ် တန်ဖိုး မဖြတ်စေလိုပါ။ သမ္မာကျမ်းစာက ၁ရာ ၁၆းရ ““ လူသည် အဆင်းသဏ္ဍာန်ကိုကြည့်ရှုတတ်၏။ ထာဝရဘုရားမူကား နှလုံးကို ကြည့်ရှုတတ်သည်”” ဟု ဆိုပါ သည်။

(၂) အသိဥာဏ်၊ ဂုဏ်သတင်း
လောကအဆိုအရ၊““သင်သည် ထူးခွန်ထက်မြတ်ပါက တန်ဖိုးရှိပြီး၊ မထူးခွန် မထက်မြတ်ပါက တန်ဖိုးသိပ်မရှိပါ””

ဤအချက်သည်လည်း စာတန်၏လိမ်လည်မှု နောက်တစ်ခုပင်ဖြစ်သည်။ သင်၏တန်ဖိုးသည် သင်၏တော်၊ တတ်မှုပေါ် မူမတည်ပါ။ အချို့ လူငယ်များသည် ကျောင်းနေစဥ်ချိန် အခြားကလေးများကဲ့သို့လွယ်ကူစွာ မသင်ယူနိုင် သဖြင့် ခက်ခဲမှုကြံုတွေ့ ရကြပါသည်။ သူတို့က မှားယွင်းသော အဖြေပေးသည့်အခါ အတန်းထဲရှိ အခြားကလေးများ လှောင်ပြောင်သဖြင် ့သူတို့ကိုယ်သူတို့ နုံချာ၊အန၊သိမ်ငယ်သည်ဟု ခံစားလာတော့သည်။

လူသည်ရှုံးနိုမ့်လေလေ၊ စိတ်ဓာတ်ကျလေလေဖြစ်သည်။ တဖြည်းဖြည်းနှင့်သူ့ကိုယ်သူ လုံးဝရှုံးနိမ့်သူဟု ထင်မြင်လာသည်။ သူဘာဘဲ လုပ်လုပ် မမှန်နိုင်ပါ၊ မကောင်းပါဟုထင်ပြီး လက်လျော့သွားနိုင်သည်။ ဤသို့ဖြင့် ပို၍သာမှားပြီး ကိုယ့်ကိုယ်ကို ပို၍သာ နိမ့်ကျ သိမ်ငယ်သည်ဟု ခံစားလာသည်။

ဘုရားသခင်သည် မည်သည့် လူတစ်ဦးတစ်ယောက်ကိုမျ၊ သူ၏အသိဥာဏ်အားဖြင့် တန်ဖိုးမဖြတ်ပါ။ သခင် ယေရှုသည် သူ့၏ တပည့်တော် များကို ရွေးခဲ့စဥ်အခါ ထိုအချိန်ကာလ၌ အတော်ဆုံး၊ အထက်ဆုံးလူများကို မရွေးချယ် ခဲ့ဘဲ ရိုးသားသော သာမာန် လူများကိုသာ ရွေးချယ်ခဲ့ပါသည်။ ၁ကော ၁း၂၆မှာ ကျမ်းစာက ““ညီအစ် ကိုတို့၊သင်တို့ကို ခေါ်တော် မူခြင်းအကြောင်းအရာကို ဆင်ခြင်ကြ လော့။ ခေါ်တော်မူသောသူတို့တွင် လောကီ ပညာရှိ အများမပါ၊ ထင် ရှားသော လူကြီးများ မပါ၊ မင်း အမျိုးအနွယ် ဖြစ်သောသူ အများမပါ””ဆိုထားပါသည်။

(၃) ငွေးကြေးဥစ္စာ
လောကကြီးမှ လူတစ်ယောက်၏တန်ဖိုးကိုဖြတ်သော တတိယအချက်မှာ ငွေကြေးဥစ္စာကွယ်ဝခြင်းဖြစ်သည်။ လောကအဆိုအရ ““သင်သည် အရေးပါသောသူနှင့်ပျော်ရှင်သောသူ ဖြစ်လိုပါက သင်၌ငွေရှိရမည်။””

ဤအချက်သည်လည်း စာတန်၏လိမ်လည်မှုများထဲက တစ်ခုဖြစ်သည်။ ငွေကြေးဥစ္စာသည် လူတစ်ယောက်ကို ပျော်ရှင်မှု မပေးနိုင်သကဲ့သို့ တန်ဖိုးလည်း မဖြတ်နိုင်ပါ။ သခင်ယေရှုက လု ၁၂း၁၅မှာ ““စည်းစိမ်ရှိသော်လည်း စည်းစိမ်၌ အသက်မတည်””ဟု မိန့်တော်မူခဲ့သည်။ ကွယ်ဝချမ်းသာ မှုကို မိမိတို့၏ပန်းတိုင်အဖြစ် ထားသောလူများစွာတို့သည် အပြစ်ဒုစရိုက်များထဲသို့ ကျရောက် ကြ သည်။

ကျမ်းစာက ၁တိ ၆း၉မှာ““ငွေရတတ်ခြင်းငှါ အလိုရှိသောသူတို့သည် အပြစ်သွေးဆောင်ခြင်း၊ ဘမ်းမိခြင်း၊ မိုက်မဲဖျက် ဆီး တတ်သော တပ်မက်ခြင်းများထဲသို့ ကျရောက်တတ်ကြ၏။ ထိုသို့သောအားဖြင့်လူတို့သည် အကျိုးနည်းခြင်း၊ ပျက်စီးခြင်း၌ နစ်မွန်း တတ်ကြ၏။””ဟုမိန့်တော်မူ၏။

ဘုရားသခင်ကကွနု်ပ်တို့အား ပျော်ရှင်ဖို့အတွက် ငွေမလိုကြောင်းသိမြင်စေလိုသည်။ကျမ်းစာက ၁တိ၆း၆-၈ မှာ ““ရောင့်ရဲ သော စိတ်ပါလျင် ဘုရားဝတ်၌မွေ့လျော်ခြင်းသည် ကြီးစွာသောအကျိုးစီးပွားမှန်၏။ အကြောင်းမူကား၊ ငါတို့ သည် ဤလောက ထဲသို့အဘယ်အရာမျမပါဘဲ လာသည်ဖြစ် ၍ထွက်သွားလျင်လည်း၊ အဘယ်အရာကိုမှ ယူ၍ မသွားနိုင်ဟု ထင်ရှား လျက်ရှိ၏။””ဟု ဆိုထားပါသည်။

သင်၏အတွေးအခေါ်များကို ပြောင်းလဲပါ။
ဥာဏ်ပညာဆိုသည်မှာ ဘုရားသခင်မြင်သကဲ့သို့မြင်တတ်ခြင်းဖြစ်သည်။ ဘုရားသခင်သည် လူတစ်ယောက်၏ တန်ဖိုးကို ဖြတ်ရာ၌ သူ၏ပြင်ပသဏ္ဍာန်၊ဥာဏ်ပညာ၊ငွေကြေးဥစ္စာ၊ရာထူးကို မကြည့်ပါ။ ဘုရားသခင်သည် ဆင်းရဲသူ ချမ်းသာသူ နှစ်မျိုးကို တန်းတူပင် ဆက်ဆံပါသည်။ ကျမ်းစာက ရော ၂း၁၁မှာ““ဘုရားသခင်သည် အဘယ်သူ၏ မျက်နှာ ကိုမျမှတ်တော် မမူ””ဟု ဖော်ပြ ထားပါသည်။

ဆွဲဆောင်မှုရှိသောရုပ်ရည်၊ ဥာဏ်ပညာနှင့်ငွေကြေးဥစ္စာတို့သည် မကောင်းသောအရာများ မဟုတ်ကြပါ။ လောကတွင် ထိုအရာများကို နေရာမှန် မထားခြင်းကြောင့်သာ မှားယွင်းသော တန်ဖိုးဖြစ်နေသည်။ လောကီမှားယွင်းသော ယုံကြည်ခြင်းနှင့် မှားယွင်းသော တန်ဖိုးထားသည့်အရာများ ကို လက်ခံပါက မိမိကိုယ်မိမိ သိမ်ငယ်သည်ဟူသော ခံစားချက်များ ခံစားလာလိမ့်မည်။

ကွနု်ပ်တို့ကို ကွနု်ပ်တို့အမြင်၊ခံစားချက်မှန်သို့ပြောင်းလဲဖို့အတွက် ကွနု်ပ်တို့၏အတွေးအခေါ်ကို ပြောင်းလဲရမည်။ ကွန်ုပ်တို့၏တန်ဖိုးသည် ကွနု်ပ်တို့၏ပြင်ပသဏ္ဍာန်၊ ဥာဏ်ပညာထက်မြက်မှု၊ ချမ်းသာကွယ်ဝမှု၊ ရာထူးရာခံ အဆင့် အတန််းအပေါ် တွင် မူမတည်ကြောင်း မြင်ရမည်။

ကွနု်ပ်တို့ကိုကွနု်ပ်တို့ ဘုရားမြင်သကဲ့သို့ မြင်ရမည်။ ဘုရားသခင်ရှေ့မှောက်တွင် ကွနု်ပ်တို့ မည်မျတန်ဖိုးရှိသနည်း။ သူပေးဆပ်ခဲ့သ လောက် ကွန်ုပ်တို့တန်ဖိုးရှိကြပါသည်။ ကွနု်ပ်တို့ကိုရွေးနှုတ်ရန် သူ၏သားတော်ကို ပေးဆပ်ခဲ့ပါသည်။ ဤအချက် သည် ကွန်ုပ်တို့ သူ့ရှေ့မှောက် တွင် မည်မျတန်ဖိုး ရှိကြောင်းပေတည်း။

ကွနု်ပ်တို့ကို ဘုရားသခင်ချစ်ပြီး လက်ရှိအခြေအနေအတိုင်း လက်ခံကြောင်းလည်း မြင်ရမည်။ သူ၏ချစ်မေတ္တာသည် ကွနု်ပ်တို့သည် ဘယ်သူဘယ်ဝါတွေ၊ ဘာရှိပြီး ဘာလုပ်သလဲအပေါ် မူမတည်ပါ။ ဘုရားသခင်က ““သင်သည် အောင်မြင်သည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ၊ သင့်ကို သင်မည်သို့ပင် ထင်မြင်သည်ဖြစ်စေ၊ အခြားသူများက သင့် ကိုမည်သို့ပင်ထင်မြင်သည်ဖြစ်စေ”” ““ငါသင့်ကိုချစ်သည်””ဟုပြောပါသည်။

လက်တွေ့လုပ်ဆောင်ရန် အကြံပြုချက်များ။
အောက်ပါအချက် အနည်းငယ်သည် သင့်ကိုသင် သိမ်ငယ်သည်ဟု ခံစားခြင်းမှ ကျော်လွန်ရန်အထောက်အကူ ဖြစ်စေမဲ့ လက်တွေ့ လုပ်ဆောင်ဖို့ အကြံပြုချက်အချို့ ဖြစ်ပါသည်။

၁။ သင်သည် တစ်ကိုယ်တည်း မဟုတ်ကြောင်း သိမှတ်ပါ။
သင်တစ်ဦးတည်သာ ကိုယ့်ကိုသိမ်ငယ်သည်ဟု ခံစားနေရခြင်း မဟုတ်ပါ။ သင်နေ့စဥ်ကြံုတွေ့ရသောသူတို့သည် ပြုံးကြ၊ စကားပြောကြ၊ ရယ်မောကြသူတို့မှာ ပူပင်သောကကင်းဝေးသည်ဟု ထင်ကောင်းထင်ပေလိမ့်မည်။ တကယ်တော့ အားလုံးလိုလိုပင် အတွေးထဲ၌ မိမိကိုယ့်ကို သိမ်ငယ် သည် ဟူသော အားငယ်စိတ် ရှိကြပါသည်။   အခြားသူများသည် သင့် ကဲ့ သို့ပင် စိတ်အား ငယ် တတ် သည်ကို သင်အမှန် သိရှိလာပါက သူတို့ကို နားလည်ဖို့ လွယ်ကူ ပေမည်။

၂။ စစ်မှန်သော မိတ်ဆွေဖွဲ့ပါ။
မိတ်ဆွေဖွဲ့ရန် သင်ရုပ်ရည်ချောမောလှပ (သို့) ဥာဏ်ပညာထက်မြက်(သို့)ငွေကြေးချမ်းသာဖို့မလိုပါ။ ကောင်း သော မိတ်ဆွေရရှိရန် အကောင်းဆုံးနည်းလမ်းမှာ သင်ကိုယ်တိုင် ကောင်းသောမိတ်ဆွေဖြစ်ဖို့တည်း။ သူတစ်ပါးကို ဘယ်သောအ ခါမျ မနောက်ပြောင်ပါနှင့်။ သူတို့ကို လက်ရှိ အခြေအနေအတိုင်း လက်ခံပြီးလေးစားစွာ ဆက်ဆံပါ။သူသည် သင့်အတွက် အရေးပါ ကြောင်းသိစေပါ။ အထူးသဖြင့် မိတ်ဆွေဖွဲ့ ရန်ခက်ခဲ သူများ အပေါ်နား လည်ပေးပါ။ ဤသို့ပြုမူ ဆောင်ရွက်ခြင်းဖြင့် သူတို့ သည် သင့်ကို ခင်မင်ရင်းနှီး ကွမ်းဝင်လာပါလိမ့်မည်။ စစ်မှန်သော မိတ်ဆွေ ရရှိခြင်းထက် မည်သည့်အရာကမျ သင့်ကိုယ်ကို ယုံကြည် စိတ်ချမှု မပေးနိုင်ပါ။ အခြားသူများကသင့်ကို ကြိုက်နှစ်သက်၍ ချီးမွမ်းကြောင်း သိလာ သည့်အခါ သာ၍လွယ်ကူစွာ သင့် ကို သင် လက်ခံလာပေမည်။

၃။ တစ်ခုခုကို ကောင်းမွန်ဖြစ်မြောက်စွာ လုပ်ဆောင်နိုင်အောင် သင်ယူပါ။
လူတိုင်းမိမိကိုယ်မိမိ လေးစားကာ သေချာမှန်ကန်သိမှတ်ဖို့ လိုပါသည်။ ထိုသို့သိမှတ်နိုင်ဖို့ နည်းလမ်းတစ်ခုမှာ အလုပ် တစ်ခုခုကို ကောင်းမွန်ဖြစ်မြောက်စွာ လုပ်ဆောင်အောင် သင်ယူရပါမည်။

သင်နှစ်သက်ပြီး စိတ်ပါဝင်စားသောအလုပ်၊ အတတ်ကို ရှာယူပြီး လုပ်ဆောင်ပါ။ ““ကွနု်ပ်တူရိယာအတတ်ပညာ တစ်ခုခုကို ကောင်းမွန်စွာ တီးမှုတ်တတ်အောင်သင်ယူမယ်””(သို့မဟုတ်)““ကွနု်ပ်အချိန်ပိုင်း လုပ်ငန်းလေးအောင်မြင် ရမယ်”” (သို့မဟုတ်) ““ဖြစ်နိုင်သမျ ဘတ်စကတ်ဘော ကစားတတ်အောင် သင်ယူမယ်”” (သို့မဟုတ်) တင်းနစ်အားက စားသမား ကောင်း တစ်ဦးဖြစ် အောင်ကြိုးစားမယ်”” (သို့မဟုတ်) ““မိတ်ဆွေ ဖွဲ့နိုင်သမျ ဖွဲ့မယ်”” (သို့မဟုတ်) ““ထမင်း ချက် ကောင်းကောင်းတစ် ဦးဖြစ်အောင် သင်ယူမယ်””စသည့်ဖြင့် မိမိကိုယ်မိမိ ပြန်ပြောပါ။

မိမိကိုယ်မိမိ သနားပြီး အချိန်မဖြုန်းပါနှင့်။ သင့်မှာရှိသောအရည်အချင်းအစွမ်းအစနှင့် အကောင်းဆုံး လုပ်ဆောင်ပါ။ မိမိ၏အစွမ်းအစကို ပိုမိုကွမ်းကျင်လာအောင် လုပ်ဆောင်ခြင်းဖြင့် သင့်ကိုယ်သင် ပိုမို ကျေနပ်လာမည်။ သင်လုပ်ဆောင်သည့် အလုပ် တစ်ခုမှာ တတ်နိုင်သမျ အကောင်းဆုံး ဇောက်ချလုပ်ခြင်းအားဖြင့် သင်ကိုယ်ကို သင်ပို ၍နှစ်သက်လာမည်။

သင်၏ပြဿနာများကို ရိုးသားဖြောင့်မတ်စွာ ရင်ဆိုင်ပါ။
သင်သည် တစ်ယောက်တည်း တိတ်ဆိတ်ငြိမ်သက်သောအရပ်၌ ငြိမ်ဝပ်စွာနေ၍ ဆင်ခြင်စဥ်းစားပါ။ ရိုးသားစွာ နှင့် သင့်ကိုယ်သင် မကြိုက်မနှစ်သက်ဆုံး အကြောင်းအချက်များကို ရေးချပါ။သင်နှင့် ဘုရားသခင်သာ သိပါစေ။

သင်၏ဝတ်စားဆင်ယင်ပုံကြောင့် လူတွေကသင့်ကို တစ်မျိုးတစ်မည် ထင်နေပါသလား။ ဤအချက်မှာ သင့်ကို သင်ပြု ပြင်နိုင်သဖြင့် သင် ပြုပြင်သင့်ပါသည်။ သင်၏လုပ်ငန်းခွင်၌ ပျင်းရိပြီး နမော်နမဲ့ ဖြစ်နေပါသလား။ ဤအတွက် သင့်ကိုသင် တစ်နည်းနည်း ပြုပြင်ပြောင်းလဲပါ။ အရာရာမှာ ဘုရားသခင်၏ဘုန်းတော်ထင်ရှားဖို့ လုပ်ဆောင် သင့်ပါ သည်။ ဂရုမပြု၊ နမော်နမဲ့ လုပ်ဆောင်ခြင်းသည် ဘုရားသခင်၏ဘုန်းတော် မထင်ရှားနိုင်ပါ။

မိမိ၌ရှိသည့် ပြဿနာမှန်သမျ ရေးချပါ၊ သို့မှသာ သင်သည် ရိုးသားစွာရင်ဆိုင် ဖြေရှင်းနိုင်မှာ ဖြစ်သည်။ ဤ အတွက် သင့်ကို ကူညီနိုင်မည်။ သင်လည်း ယုံကြည်အားထားနိုင်သော ရင့်ကျက်သူ သက်ကြီးသူ တစ်ဦးဦးကို အကူအညီ တောင်းခံပါ။

ဖြေရှင်း၍ မရနိုင်သော ပြဿနာများ
သင်ရေးချပြုစုသော ပြဿနာများအထဲမှ ဖြေရှင်း၍မရနိုင်သောပြဿနာများကို သင်မည်ကဲ့သို့လုပ်မည်နည်း။ လူတိုင်း တွင် ဤပြဿနာမျိုး အနည်းနှင့်အများ ရှိကြပါသည်။ ဤပြဿနာများကို အကောင်းဆုံးဖြေရှင်းနည်းမှာ အားလုံးကို သခင်ယေရှုလက်ထဲသို့ အပ်နှံလိုက်ခြင်းပေတည်း။ သခင်ဘုရားကို သင်မတတ်နိုင်ကြောင်း ဝန်ခံပြီး၊ သူ့ကို အပ်နှံ လိုက်ပါ။ သင်ဆုတောင်းသည့်အခါ အောက်ပါအတိုင်း သင်တွေးခေါ်ပြီး ဆုတောင်း သင့်ပါသည်။

““ချစ်သော သခင်ယေရှုဘုရား၊ ကွန်ုပ်အကြောင်းအလုံးစုံကို သခင်သိပါသည်။ ကွနု်ပ် မဖြေရှင်းနိုင်သော ပြဿနာများကိုလည်း သခင် သိပါသည်။ ဤ ပြဿနာအားလုံးကို သခင်ထံ အပ်နှံပါသည်။ ကွန်ုပ်ကိုယ်ရော ပြဿနာအားလုံးပါ သခင်အား အပ်နှံပါသည်။ ယခု အချိန်မှစ၍ သခင် ထံပြဿနာအားလုံး အပ်နှံပြီးသည့်အတွက် စိုးရိမ်ပူပန်ခြင်း မရှိတော့ပါ။ ကွနု်ပ်ဘဝကို တစ်နည်း တစ်ဖုံ လှပ တင့်တယ်အောင် လုပ်ဆောင်ပေးမည့် သခင်၏မေတ္တာ၊သခင်၏ပညာနှင့်သခင်၏တန်ခိုးကို ယုံကြည်စိတ်ချပါ၏။””

ဤကဲ့သို့ ဆုတောင်းပြီးသည့်အခါ သင်၏ပြဿနာများအားလုံးကို ဘုရားသခင်ထံသို့ ထာဝရအပ်နှံပြီး ကြောင်း သင်္ကေတအဖြစ် ပြဿနာ စာရင်းစာရွက်ကို၊ဖျက်ဆီးလိုက်ပါ။ သင့်ပြဿနာများကြောင့် သင့်စိတ်အနှောင့် အယှက်ဖြစ်လာလျင် သင် ၏ဆုံးဖြတ်ချက်များကို ပြန်လည်သတိရပါ။ ပြီးလျင် သင့်ပြဿနာအားလုံးကို ဘုရားသခင် ထံအပ်နှံပြီးလို့ ဘုရားသခင်က ဖြေရှင်း ပေးမည်ဟု ယုံကြည်စိတ်ချပြီးကြောင်း ဘုရားသခင်အား ပြောလိုက်ပါ။

ရှာဖွေတွေ့ရှိသော ရတနာ
လောကီ တန်ဖိုးထားသည့်အရာများ ကို လက်ခံပါက သိမ်ငယ်သည်ဟူသော ခံစားချက်များ ခံစားလာလိမ့်မည်။ ဘုရားသခင်၏တန်ဖိုးထားသောအရာ များကို လက်ခံပါက သိမ်ငယ်သည်ဟူသော ခံစားချက်များ အဝေးသို့ ထွက်ခွါသွားလိမ့်မည်။

မေးခွန်းများ

၁။ မိမိကိုယ်မိမိသိမ်ငယ်သည်ဟူသော အားငယ်စိတ်သည်ဘယ်ကဖြစ်ပေါ်လာသနည်း။
(က) ကွန်ုပ် ကိုယ်တိုင်ထံမှ၊
(ခ ) လောက၏မှားယွင်းသော တန်ဖိုးထားမှုများကို လက်ခံခြင်းမှ၊

၂။ လောကမှတန်ဖိုးအထားဆုံးသောအရာ သုံးမျိုးကားအဘယ်နည်း။
(က) ဆွဲဆောင်မှုရှိသောရုပ်ရည်၊ အသိဥာဏ်ဂုဏ်သတင်း၊ ငွေကြေးဥစ္စာ၊
(ခ ) ငွေကြေး၊ ကားများ၊ အဆင့်အတန်း၊

၃။ ဘုရားသခင်သည် အပြင်ပန်းသဏ္ဍာန်ကိုကြည့်ပြီးမှ  လူကိုတန်ဖိုးဖြတ်ပါသလား။
(က) ဟုတ်သည်။
(ခ ) မဟုတ်ပါ။

၄။ ဘုရားသခင်သည် ဥာဏ်ပညာထက်မြက်မှုကိုကြည့်ပြီးမှ လူကိုတန်ဖိုးဖြတ်ပါသလား။
(က) ဟုတ်သည်။
(ခ ) မဟုတ်ပါ။

၅။ ဘုရားသခင်သည် ကွယ်ဝချမ်းသာမူကိုကြည့်ပြီးမှ လူကိုတန်ဖိုးဖြတ်ပါသလား။
(က) ဟုတ်သည်။
(ခ ) မဟုတ်ပါ။

၆။ မိမိကိုယ်မိမိနှင့်ပတ်သက်ပြီးခံစားချက်များပြောင်းလဲရန်အတွက်၊ မိမိ၏————————————- ပြောင်းလဲရမည်။
(က) ဆွဲဆောင်မှုရှိသောရုပ်ရည်၊
(ခ ) မိတ်ဆွေများ၊
(ဂ ) တွေးခေါ်သောအရာများ၊

၇။ ဥာဏ်ပညာဟူသည်ကား——————————————————
(က) သင်၌ ရနိုင်သမျ လေ့လာ သင်ယူခြင်း၊
(ခ ) ကျောင်း၌ ကောင်းသောအရည်အချင်း ရရှိကြောင်း ဖေါ်ပြခံရခြင်း၊
(ဂ ) အရာရာကို ကြည့်မြင်ရာ၌ ဘုရားမြင်သကဲ့သို့ မြင်ခြင်း၊

၈။ မိမိကိုယ်မိမိသိမ်ငယ်အားငယ်စိတ်ဝင်လာသည့်အခါ ————————————-

(က) အနည်းငယ်မျသော လူများသာ ၄င်းကို အမှန်တကယ်ဖြစ်ပျက် တွေ့ကြံု ခံစားရသည်။
(ခ ) လူများအားလုံးနီးပါး တနေရာရာ၌ တချိန်ချိန်၌ ဤ ခံစားမှုမျိုး ရှိကြသည်။

၉။ မိမိကိုယ်မိမိသိမ်ငယ်သည်ဟူသောအားငယ်စိတ် ပေါ်လာရသည့်အကြောင်းရင်းမှာ——————-
(က) ရုပ်ရည် မလှပခြင်း၊
(ခ ) လုံလောက်သောငွေကြေး မရှိခြင်း၊
(ဂ ) ကွန်ုပ်၏အပေါင်းအသင်းများဖြစ်သော အခြားသူများကဲ့သို့ ခေတ်ဆန်မှု မရှိခြင်း၊
(ဃ) လောက၏ တန်ဖိုးထားမှုများကို လက်ခံခြင်းမှ၊

၁၀။ သင်မဖြေရှင်းနိုင်သော ပြဿနာများကိုကိုင်တွယ်ရန်အတွက် အကောင်းဆုံးနည်းလမ်းမှာ သခင်ယေရှုအား လုံးဝ အပ်နှံလိုက်ခြင်းဖြစ်သည်။

(က) မှန်
(ခ ) မှား

အလွတ်ကျက်မှတ်ရန် ကျမ်းပိုဒ်။   ။
ရောင့်ရဲသော စိတ်ပါလျင်၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းသည် ကြီးစွာသော အကျိုးစီးပွားမှန်၏။  (၁ တိ၊ ၆း၆)

ကျမ်းချက် အလွတ် ကျက်မှတ်ခြင်းသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို စဥ်းစားဆင်ချင်ခြင်းအတွက် အကောင်းဆုံးသော နည်း တစ်ခု ဖြစ်သည်။

သင်သည် ဤ သင်ခန်းစာများလေ့လာခြင်း၌ ဝမ်းမြောက်ခြင်းရှိပါက သင်၏မိတ်ဆွေများကိုလည်း ဤ အကြောင်းအရာများကို သိစေပါ။

(စောဂေးလယ် )

Ref: Practical Christian Living Lesson