ဒီနေ့မှတ်စု

YadanaOoမနက်၁၀နာရီလောက် ရှိပြီ… မိုးက မတိတ်သေးတာကြောင့် လမ်းပေါ်မျာ ကားများ မီးထွန်းလျှက် ခပ်ဖြေးေ့ဖြး မောင်းနေကြသည်။ စွေနေသော မိုးက ၃ရက်မျှ ရှိနေသော်လည်း တိတ်မဲ့ အရိပ်အရောင် မမြင်ရ။ စိုစိစိုစိနဲ့ နေရတာ တော်တော် အဆင်မပြေတာပဲ..စိတ်ညစ်စရာကောင်းလိုက်တာ..။ မိုးရေထဲမှာ ကားတန်းကြီးကို ကြည့်ရင်း သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်မိသည်။
`~ကိုယ်တော်..မိုးတိတ်ပေးပါလို့ ဆုတောင်းရင် ကောင်းမလားလား…~လို့ မေးလိုက်မိသည်။ “  စိတ်ထဲက ဖြစ်စေချင်တာကို တောင်းဆို ဖို့ နှုတ်က ချက်ချင်းပဲ ထွက်သော ကျမရဲ့ ဆုတောင်းချက်ကို ကိုယ်တိုင်ပြန် ဆန်းစစ်ရင်း….ဆုမတောင်းခင် “ တောင်းရမှာလား.”..လို့ ကျမ တွေးမိလိုက်တာကို သတိထားလိုက်မိသည်။ ကိုယ်တော် ကျမကို ဖော်ပြတဲ့ အရာလေးတစ်ခု..။ တောင်းတိုင်းသာ ပေးနေရင်..ရလို့ ချီးမွမ်းတာပဲ ဖြစ်နေမယ်. မရဘူး ဆိုရင်ကော…တဲ့ ။  သေချာ စဉ်းစားပါ။ တစ်လုံးချင်း စဉ်းစားပါ…။ တောင်းတိုင်းသာ မက… မတောင်းတာလဲ ကျမရဘူးပါတယ်..။ ကိုယ်တော်က ကျမကို သိပ်ချစ်တဲ့ အတွက် ပေးခဲ့တာတွေ…ဘယ်လောက်များလဲ ဆိုတာ… ဘ၀မှာ မရေတွက် နှိုင်အောင်ပါပဲ။
ကိုယ်တော့်ကို ကျမဖြစ်စေချင်တာတွေ တစ်ချိန်လုံး တောင်းနေခဲ့တာ..။ ကိုယ်တော့်ကို သတိ မရလိုက်နဲ့ ၊ ရလိုက်တာနဲ့ တောင်းဖို့ချည်းပဲ ဖြစ်နေခဲ့တာ…, ဒါဆို ကျမဟာ ကိုယ်တော့်ကို ကိုယ့်အလို အတွက်ပဲ အသုံးချနေတာပဲပေါ့..။ လုပ်ပေးပါ…ဖြစ်စေပါ…စတဲ့ ပေးပါနဲ့ တစာစာ တောင်းနေတာပေါ့…။ ဒါ မဖြစ်သင့်ဘူးပဲ…။ ကဲ အခုလည်း.. မိုးရွာထဲ ကားမောင်းထွက်လာရင်း… ကျမ ဘာလုပ်လဲ.. ကိုယ်တော့်ကို မိုးတိတ်ပေး လို့ ပြောအုံးမလို့ စဉ်းစားနေတယ်လေ… ။
ကျမ ရှက်လာမိသည်။ တောင်းတာကို ရှက်တာထက်…မရောင့်ရဲ တာကို ရှက်တာ။  မိုးရွာသော်လည်း.. လုံခြုံစွာ သွားနေလာနေရတယ်.. ။ဘေးကင်းစွာရှိနေရတယ်..။  ကျမ အတွက် မလုံလောက်ဘူးလား..။ ဒီအချင်းအရာလေး အားဖြင့်  “ ရောင့်ရဲခြင်း ရှိလျှင် ကြီးစွာသော စည်းစိမ်မည်၏ “ ဆိုသော နှုတ်ကပတ် စကားကို သတိရလာစေပါသည်။
တောင်းချင်တဲ့ စိတ်က ကြီးစိုးနေတော့ “ တောင်းကြလော့, တောင်းလျှင်ရမည်..” ဆိုတဲ့ ကျမ်းပိုက်ကို အပိုင် ကိုင်စွှဲပြီး တောင်းနေတာ..တဖြေးဖြေး အလိုကြီးကြီးလာပြီး ရောင့်ရဲဖို့ မေ့လျှော့လာခဲ့တယ်။
ရှင်မသဲ ၆မှာ ပြောထားတဲ့ “ သင်တို့ အလိုရှိသမျှကို သင်တို့ မတောင်းမီ..သင်တို့ အဖ သိတော်မူ၏ “ ဆိုတာနဲ့တင် ကျမတို့ အတွက် သူအားလုံး သိပြီးသားဆိုတာ ကျမ သဘောပေါက်သင့်သည် မဟုတ်ပါလား။
ကားမောင်းနေရင်း…ရွာနေတဲ့ မိုးကို ကြည့်ကာ…” မိုးရွာလည်း ချီးမွမ်းမည်… နေပူလည်း ချီးမွမ်းမည်..ကိုယ်တော် ကောင်းမြတ်သော ကြောင့် အချိန်တိုင်း ချီးမွမ်းနေပါမည်… “ ဟု ၀မ်းမြောက်စွာ ပြောလိုက်ပါသည်။ ထို အခါ… မိုးရွာခြင်းကြောင့် ကျမ စိတ်မညစ်တော့ပါ…။ ညီးတွုားခြင်းက ကျမကို ဘာများ ကောင်းကျိုးပေးလို့လဲ..။ အကျိုးမဲ့ တဲ့ အပြင် ကိုယ်တော့ ကျေးဖူးတော်ကိုပါ စော်ကားမိနေ သလို ဖြစ်နေသေးတယ်။
“ရတယ်.. ကိုယ်တော်.. သမီး အဆင်ပြေတယ်…  မိုးရွာရွာ မရွာရွာ..ကိုယ်တော် ရှင် အလွန်ကောင်းမြတ်ပါတယ်..”  အခု ကျမ စိတ်တွေ မိုးရွာထဲမှာ ၀မ်းမြောက် ရွှင်လန်းနေသည်။  မထူးဆန်းဘူးလား..။ ။ ကြီးမြတ်သော ဘုရား..ကောင်းမြတ်သော ဘုရား…နာမတော် ဘုန်းကြီးပါစေသော်…။
(To God be the glory)