အားနည်းခြင်းအဖြစ်၌

စာနာနားလည်နိုင်တဲ့သူတွေဟာ ကိုယ်တိုင်တကယ်ခံစားဖူးတဲ့သူ၊ ဒါမှမဟုတ် တကယ့်ကို ခံစားပေးတဲ့သူ ချည်းပါပဲ။ နှုတ်ပါးစပ်ဖွင့်ဟပြီး ပြောရုံနဲ့လုံလောက်တဲ့ကိစ်္စတော့မဟုတ်ဘူး။ လိုအပ်မှုတွေများလာရင် လူတွေဟာ အားငယ်လာတတ်တယ်။ အဲဒီလိုအပ်မှုတွေကြောင့်ပဲ ဘဝမှာ တွန်းအားဖြစ်လာပြီး သူတစ်ပါးကို ကူညီမစတတ်တဲ့ သူတွေဖြစ်လာတတ်ပါတယ်။ တချို့ကပညာရေးမှာ အားနည်းကြတယ်။ ဒါပေမယ့် ကိုယ်ကဘွဲ့တွေ၊ ဒီဂရီတွေရ လာတဲ့အခါ ပညာဂုဏ်မောက်တဲ့သူတွေလည်း ရှိတာပေါ့။ တချို့ကိုယ်လက်အင်္ဂါချို့ယွင်းတဲ့သူတွေကြပြန်တော့လည်း အင်္ဂါစုံစုံလင်လင်ရှိတဲ့သူတွေထက် ကမ်္ဘာကြီးကို ကောင်းကျိုးပြုနိုင်ကြပါတယ်။

ကိုယ်ကပြည့့်ဝစုံလင်မှသူတစ်ပါးကို ဝေငှမယ် ကူညီမယ်ဆိုပြန်တော့လည်း ဒါမျိုးကဖြစ်ခဲပါတယ်။ ကိုယ့်မှာ ပိုလျံတဲ့အရာတွေကို ဝေငှဖို့တော့ တော်တော်လေးစဥ်းစားကြပါတယ်။ အရင်းခံဇစ်မြစ်ကို သုံးသပ်ကြည့်ရင် မေတ်္တာ သဘောဆိုတာ သိသာထင်ရှားပါတယ်။ မေတ်္တာစိတ်သဘောရှိရင် ကူညီမစဖို့ဝန်လေးကြမှာမဟုတ်ပါဘူး။ မေတ်္တာ တော့ထားပါတယ်.. သဘောတော့မကောင်းနိုင်ဘူးဆိုတာမျိုးလည်း ကြားဖူးပါရဲ့။ ကိုယ့်မှာရှိတဲ့မေတ်္တာကို ဖော်ပြဖို့ တွန့်တိုတာလား။ ဒါမှမဟုတ် မေတ်္တာဆိုတာကို မရှိဘဲနဲ့ရှိတယ်လို့ ကြော်ငြာချင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

မာသာထရေဇာ၊ သမ်္မတအေဗရာဟမ်လင်ကွန်းတို့ရဲ့မေတ်္တာဖော်ဆောင်မှုကို လူတကာကအသိအမှတ်ပြုကြ ပါတယ်။ မေတ်္တာထားပါတယ်ဆိုပြီး ကွန်စနစ်လက်ခံတာမျိုး၊ ဒုက်္ခရောက်တဲ့သူတွေကို လျစ်လျုရှုတာမျိုးမဟုတ်ပါဘူး။ တကယ်ကို စွမ်းစွမ်းတမံလုပ်ဆောင်ခဲ့တဲ့သူတွေပါ။ သူတို့ခံစားရတဲ့ဘုရားသခင်ရဲ့မေတ်္တာတော်ကို လေးလေးနက်နက် ဆင်ခြင်ပြီး သူတစ်ပါးအပေါ်မေတ်္တာပြခဲ့တယ်ဆိုတာ ဘယ်သူကမှ မငြင်းဆိုနိုင်ပါဘူး။ ကိုယ်ကိုယ်တိုင်ဘုရားရဲ့မေတ်္တာ တော်ကို မခံစားရသေးရင်တော့ မပြောတတ်ဘူးပေါ့ဗျာ။

အားနည်းသူကိုဖေးကူတာဟာ ကိုယ့်မှာလည်း အားနည်းလျက်နဲ့လုပ်ဆောင်ရတာမျိုးပါ။ သူက ဆုတောင်း တာအားသန်ရင် ကွန်တော်က သူ့ကို နှုတ်ကပတ်တော်နဲ့ခွန်အားပေးမယ်။ သူ့မှာငွေကြေးအားဖြင့် ပြည့်စုံရင် ကွန်တော့် မှာရှိတဲ့အတတ်၊ အသိပညာနဲ့အတူတူလုပ်ဆောင်မယ်။ တစ်ယောက်နဲ့တစ်ယောက်ဖြည့်ဘက်ပါပဲ။ သူသာလို့ငါနာတယ်၊ ငါသာလို့သူနာတယ်ဆိုတာမျိုးမဖြစ်သင့်ပါဘူး။

ဘုရားသခင်ရဲ့မေတ်္တာတော်ဟာ သခင်ယေရှုအားဖြင့် ဒီလောကမှာပေါ်လွင်ထင်ရှားလာသလို သခင်ယေရှု ကို ယုံကြည်လက်ခံကြတဲ့ ကွန်တော်တို့အားဖြင့် ဆက်လက်ပေါ်လွင်လာဖို့ ဘုရားသခင်အလိုရှိပါတယ်။

ရေတွင်းထဲကျနေတဲ့သူများတွေ့ရင် လက်တွဲပြီးအိမ်အရောက်ပို့ပေးလိုက်ပါ။ တစ်နေ့ကိုယ်မြောင်းထဲခြေ ချော်ကျတဲ့အချိန်ကျရင် တစ်ယောက်ယောက်က လက်ကမ်းပေးပါလိမ့်မယ်။ အားနည်းတဲ့သူတွေ့ရင် ကိုယ်အားနည်း တဲ့အရာကို သတိရလိုက်ပါ။ ကူညီဖို့စိတ်ဆန်္ဒတွေ ပေါ်ပေါက်လာကောင်း ပေါ်လာပါလိမ့်မယ်။

စေ့စေ့တွေးသော်ရေးရေးပေါ်ပါတယ်။ မိတ်ဆွေလည်း နဖူးပေါ်လက်တင်ပြီး စဥ်းစားလိုက်ပါ။ ဘုရားသခင် ကသင့်အားဖြင့် ဘယ်သူ့ကိုကူညီမစမလဲဆိုတာပေါ့။

အားနည်းနေတယ်လို့ကိုယ့်ကိုယ်ကို ယူဆနေသလား။ ရှိတဲ့အားလေးနဲ့သူတစ်ပါးကို ကူညီမစလိုက်ပါဦး။ အားနည်းနေတဲ့ရှင်ပေါလုအတွက် ခရစ်တော်ပေးခဲ့တဲ့အဖြေဟာ ကွန်တော်တို့အတွက်လည်းခွန်အားပါပဲ။

““ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည် ”” ( ၂ကော ၁၂း ၉)

Jubal