ဘယ်လိုမှ နားလည်၍မရနိုင်လောက်အောင် ရှုပ်ထွေးနေသည်။
အခြေအနေက ပေးနေသယောင်ရှိသော်လည်း မိမိမှာရှိထားသည့်၊ စွမ်းရည်၊ နောက်ခံအထောက်အမတို့က လုံးဝဆီနှင့်ရေလိုခြားနား နေသည်။ ”ကတိသစ္စာတည်သောခါဝယ် နွယ်မြစ်သစ်ပင် ဆေးဖက်ဝင်၏” ဆိုတဲ့ ငယ်စဥ်က ကြားနာဘူးခဲ့သော စကားကလေးကလည်း ရင်တွင်းမှာ နေမထိ ထိုင်မသာဖြစ်အောင် ကလိနေသည်။
ယေရှုခရစ်တော်ဘုရားအား ဘဝအသက်တာတွင် အသက်သခင် ကယ်တင်ရှင်အဖြစ် သိလာသည့်အချိန်မှ စတင်၍၊ ဘဝတစ်ခုလုံးကို ဝကွက်ပေးလှူပါသည်ဟု သန္နိဌာန်ချမှတ်ခဲ့သော်လည်း ထိုသို့သော အခြေ အနေသို့ ရောက်လာမည်ဟု ထင်မှတ်မထားမိခဲ့ပါ။ ”ဆင်ကောင်ကြီး အမြီးကျမှထစ်” ဆိုသောစကားလို ”အိမ်ဆောင်သောအခါချင့်တွက်ရမည်” ဆိုသည့် သခင်ခရစ်တော်စကားက ရင်တွင်းမှာ နေရာယူနေသည်။
”ကိုယ်တော်ရယ် . . . သည်လိုလုပ်မှ လောကီ၊ လောကုတ္တရာ အတွက် ကျန်တော်ထမ်းဆောင်နိုင်မယ်ဆိုရင် အလိုတော်ရှိသည့်အတိုင်း သာပြုပါတော့”
ဆုံးဖြတ်ချက်ချလိုက်သည့်နောက် စိတ်အစဥ်တို့မှာရှိသော ဝန်ထုပ်များက နေခြည်မြင်၍ ပျေက်ကွယ်သွားသည့် နှင်းမြူအလား လုံးဝ ကင်းစင်သွားပြီး၊ ပေါ့ပါးလွတ်လပ်နေမိသည်။
ထို့ကြောင့် အိပ်ယာနံဘေးမှ စာရွက်နှင့်ဘောလ်ပင်အား ကောက်ကိုင်လိုက်ပြီး-
”အမေ. . . သားဓမ္မတက္ကသိုလ်ကို ကောင်းကောင်းမွန်မွန် ရောက်ရှိခဲ့ပါတယ်။ သည်နှစ်မှာ ြ.ီငလ (အကြို) မှာသင်ကြားခံယူနေပြီး နောက်နှစ်မှာတော့သား ဘွဲ့ယူပါမယ်၊ နောက် . . . . ”စသည်ဖြင့် ယူရမည့်ဘွဲ့အသီးသီးအား အစီအရီသူရေးချလိုက်တော့သည်။
ဓမ္မပညာကိုသင်ကြားခံယူရာတွင် ယခင်က သင်ခန်းစာပြီးသွား သည့်တိုင် သူအခန်းရှိရာသို့မသွားနိုင်ခဲ့၊ အခြားသူများကဲ့သို့ နိုင်ငံ ရပ်ခြား တွင် ဓမ္မပညာကို လုံ့လဝီရိယဖြင့်သာ ခံယူရန်သက်သက်မဟုတ်၊ မျက်ရည် မျက်ခွက်နှင့် ခံယူခဲ့ရသည်။
ဘာသာစကားဟူသောတံတိုင်းကြီးကြောင့် ယုတ်စွအဆုံး-
”ပါပီကလေးပုတုတု
သူ့စကားက ဝူ ဝူး
သူ့စကားလူမသိ
လူ့စကားသူမသိ
သနားပါဘိ” ဆိုသည့်ငယ်စဥ်က ဖတ်ခဲ့ဘူးတဲ့ ကျောင်းသင်ခန်း စာကဗျာကလေးက သူ့အား လှောင်ပြောင်နေသယောင် ဖြစ်ခဲ့ ဘူးသည်။ ယခုမူကား ထမ်းရွက်ရသောဝန်ကို ထာဝရဘုရားအား ပေးအပ်လိုက်သည့်အတွက်ထင်ရဲ့ အားလုံးကပေါ့ပါးနေသည်။ အခါတိုင်း က မျက်ရည်တို့ကျခဲ့သည်က ပညာရေး၊ ငွေကြေးနှင့် ကျောင်းသားဘဝ၏ အခက်အခဲများ အတွက်ဖြစ်ခဲ့ပေမယ့်။ ယခုတော့ ထိုကျရတဲ့မျက်ရည်တွေ အတွက် သူ ဘုရားသခင်ထံမှာ အောက်ပါအတိုင်း ဆုတောင်းနေမိတော့ သည်။
”ဘုရားသခင် ကျရတဲ့မျက်ရည်တွေတစ်စက်ချင်းကို ကိုယ်တော် သိမှတ်တေယ်မူတယ်၊ ဗူးတော်ထဲမှာ ထားတော်မူတယ်ဆိုတဲ့အတိုင်း သည် မျက်ရည်တွေအတွက် မိဘမောင်ဘွားများ ကိုယ်တော့်ကိုသိလာဖို့ လက်ခံ တော်မူပါ”
ကျေးဇူးတော်အားဖြင့် ပညာသင်နှစ်သတ်မှတ်ထားသည့်အတိုင်း ကုန်ဆုံးသွားခဲ့ပြီ။
ြ.ီငလ မှ စသည် စသည်ဆိုသော ပန်းတိုင်လည်း ပြီးမြောက်ခဲ့ သည်။ နောက် မွေးသမိခင်၊ မွေးသဖခင်၊ ညီလေး၊ ညီမလေးတို့လည်း သခင်ဘုရားထံမှာ သွေးသားနှင့်တော်စပ်ခြင်းမှ ခရစ်တော်အသွေးနှင့်လည်း တောင်စပ်ခြင်းဖြင့် ပုံစံနှစ်မိုျးဖြင့် နှစ်ထပ်ကွင်းစုံစည်းခွင့်ရခဲ့ပြီ။
ထားရှိသောပန်းတိုင်အတိုင်းလည်း ”ဖြစ်စေသတည်း” ဆိုသည့် ကတိတော်အတိုင်း အစစအရာရာတွင် အခက်အခဲ၊ အတားအဆီး၊ ဆူးညောင့်ခလုတ်ကန်သင်းတွေရှိခဲ့ပေမယ့် ခလုတ်မထိ၊ ဆူးမညိဖြင့် ဖြတ်သန်းအောင်မြင်ခြင်းအခွင့်ကိုလှမ်းကိုင်နိုင်ခဲ့သည်။
ကိုယ့်ကုသိုလ်ကြောင့်မဟုတ်၊ ဘုရားသခင် သနားတော်မူရာဖြစ် သတည်းဆိုသည့်အတိုင်း ဘုရားပြုတဲ့ ကျေးဇူးသက်သက်ဆိုတာကိုတော့ သူအနေနှင့် ကောင်းစွာသိမြင်နားလည်ပါသည်။
သို့သော်-
ဘယ်လိုမှ နားလည်၍မရနိုင်လောက်အောင် ရှုပ်ထွေးနေသည်။
အခြေအနေကပေးနေသယောင်ရှိသော်လည်း မိမိမှာရှိထားသည့်၊ စွမ်းရည်၊ နောက်ခံအထောက်အမတို့က လုံးဝဆီနှင့်ရေလို ခြားနားနေသည်။ ”ကတိသစ္စာတည်သောခါဝယ် နွယ်မြစ်သစ်ပင် ဆေးဖက်ဝင်၏” ဆိုတဲ့ ငယ်စဥ်က ကြားနာဘူးခဲ့သောစကားကလေးကလည်း ရင်တွင်းမှာ နေမထိ ထိုင်မသာဖြစ်အောင် ကလိနေသည်။
ဆိုသည့် ဆေးခါးများသာ ဘုရားသခင်သူ့အား မတိုက်ကျေးခဲ့ သော်၊ ထိုသို့ ”ပြီးမြောက်စေသတည်း” ဆိုသောစကားကို ကျန်တော် ပြောနိုင်ပါမည်လားဆိုသည်ကိုတော့ ဘုရားသခင်သိသည်မှန်သော်လည်း၊ ကျန်တော့်အထင်အားဖြင့်တော့ . . . .
ဆယ်မြူရယ်စိုးလွင်