ပန်းကလေးများ မနွမ်းစေချင် အခန်း ၁

(၁)

မိုးလွန် ဆောင်းဦး ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မျှသာရှိနေသည်…။

စစ်ရေယဉ် ”အင်းမ” သည် မိုု့မောက်၍ တအိအိရွေ့လျားလာသော လှိုင်းလုံးများကို မညည်းမညူ ဖြတ်နေ၏။ အပြာရောင်ပင်လယ်ပြင်ကိုု ဖြတ်၍ တိုက်ခတ်လာသော လေသည် ဆားနံ့နှင့် မိုုးနံံ့လေးရောပြီး သင်းနေသည်။

ကောင်းကင်၌ မိုုးသားလေး ဟိုုတကွက်၊ ဒီတကွက်တော့ရှိနေသေးသည်။ မိုုးသေး မိုုးဖွဲလေးများ မမြော်လင့်ဘဲ ရွာချနိုုင်သေးသည်ဖြစ်ရာ မိုုးလွန် ဆောင်းဦး ပင်လယ်ပြင်ကိုု အဏ္ဏဝါပျော် သဘောၤသားတိုု့က ဘယ်သောအခါမ ျှ စိတ်မချကြ။
မိုုးသားတိမ်တိုုက်လေးများ လွတ်ကင်းနေသော ကောင်းကင်တွင်မူ ကြယ်ပွင့်လေးများ တလက်လက်နှင့် မျက်တောင်ခတ်နေကြသည်။

ပဲ့စင်၏မှုန်မှုန်မွှားမွှား အလင်းရောင်လေးဖြင့် လက်ပတ်နာရီကိုု ကျွန်တာ်ငုံု့ကြည့်မိ၏။ မနက်(၂)နာရီခန့်ပင် လိုုပါသေးကလား..။

စစ်ရေယာဉ်တစ်စင်းလုံုးဉ တဂျူံးဂျူံးမြည်နေသော စက်သံများမှလွဲ၍ အားလုံုးဆိတ်ငြိမ်လျက်ရှိသည်။ တာဝန်ကျများမှအပ အားလုံုးအိပ်မောကျနေကြ၏။

ပဲ့စင်ထက်တွင်မူ တက်မကိုုင်တပ်သား၊ ခရာ တပ်သား၊ တာဝန်ကျ တပ်ကြပ်ကြီးတိုု့ရှိနေကြသည်။ တဦးတစ်ယောက်မှ စကားမပြောဘဲ တာဝန်ကိုုယ်စီ ထမ်းဆောင်နေကြ၏။
လှိုင်းလုံုးတစ်လုံုးကိုု စစ်ရေယာဉ်၏ဦးပိုုင်းနှင့် ထိတွေ့လိုုက်သည့်တပြိုင်နက် သိမ့်ကနဲခါသွားပြီး ရေပန်းများဖွာ၍ ထွက်လာသည်။ ဦးပိုုင်းတစ်ခုံုးလုံုး လိုုှုင်းလုံုးပေါ်သိုု့ မော့ပြီးကြွတက်လာသည်။ လှိမ့်၍လာသော လိုုှု်င်းလုံုးကြီးများသည် တလိမ့်လိမ့်နှင့် ရေယာန်၏ခါးပိုုင်းဆီသိုု့ ရောက်လာချိန်တွင် ဦးပိုုင်းသည်လည်း ထိုုးစိုုက်သွားပြီး ရေပြင်ကိုုနှစ်ခြမ်းခွဲလိုုက်ပြန်သည်။ ဖွာကနဲတက်လာသော ရေပေါက်များသည် ပင်လယ်ရေ၏ ဖော့စ်ဖရပ်စ်ဓါတ်ကြောင့် တလက်လက်ဖြစ်နေသည်။

စစ်ရေယာဉ်တစင်းလုံုးလည်း ဘယ်တိမ်းညာယိမ်းနှင့် တအိအိလူးလိမ့်နေရရှာသည်။ စစ်ရေယာဉ်၏ ဦးတည်လမ်းကြောင်းမျာ အနောက်တောင်(၂၄၀) ဒီဂရီဖြစ်သည်။ လိုုအပ်သော ဦးတည်လမ်းကြောင်းဉ တက်မထိန်းထားရန် မလွယ်ကူလှပါ။ လှိုင်းလုံုးများ၏ တွန်းဖယ်လှုပ်ရှားနေမှုကြောင့် ရေယာဉ်တစင်းလုံုး ဘယ်ညာယိမ်းထိုုးနေသည့်အခါများတွင် တက်မကိုုင်ရဲဘော်အတိုု့ တက်မကိုု အပတ်ပေါင်းများစွားလှည်၍ ပြန်လည်ထိန်းယူရသည်။ တနာရိမ ျှ တက်မ ထိန်းရသည်မှာ လက်အံသေယူရ၏။
စိးကရက်တစ်လိပ်ကိုု မီးညှိလိုုက်ပြီး ကျွန်တော်လည်း ပဲ့စင်ကုုလားထိုုင်မှ ထလိုုက်သည်။ လှိုင်းလုံုးများကြောင့် မရွေ့လျားရစေအောင် ပဲ့စင်ကုုန်းပတ်နှင့် ထိုုကုုလားထိုုင်ကိုု မူလီစုုတ်ထားရ၏။
ပဲ့စင်အလယ်ရှိ တက်မကိုုင်အိမ်မြှောင်ကိုု စစ်ဆေးကြည့်ရုုမိသည်။ ရေယာဉ်၏ဦးတည်ချက် လမ်းကြောင်းမှန်မှ လိုုရာဒေသသိုု့ ရောက်ပေတော့မည်။ အိမ်မြှောင်၏ ဒိုုင်ခွက်အတွင်းမှ မီးထွန်းထားသဖြင့် မီးရောင်လေးသည် ငုံု့ကြည့်နေသော ကျွန်တော်၏ မျက်နှာပြင်ပေါ်သိုု့ လာပြီးအရောင်ဟပ်နေသည်။

ထိုု့နောက် ပဲ့စင်ရှေ့ပိုုင်းသိုု့ လေ ျှာက်လာခဲ့မိပြန်သည်။ ပဲ့စင်အား ကာရံထားသော သံမဏိပြားများအပေါ်၌ မှီပြီး အဆုံုးမရှိ ပင်လယ်ပြင်ကြီးကိုု

လှမ်း၍မေ ျှာ်ကြည့်လိုုက်သည်။

ကြယ်ရောင်လေးမှုန်မှုန်မွှားမွှားနှင့် မလင်းတလင်းအောက်၌ ပင်လယ်ပြင်၏ မိုုးကုုပ်စက်ဝိုုင်းတစ်ခုုလုံုးကိုု ဝိုုးတိုုးဝါးတားသာ မြင်နေရ၏။ ချစ်စရာကောင်းလှသော အသဲဘဝင်ကိုုစိမ့်၍ အေးမြနေစေသော ပင်လယ်ပြင်…။
ဒီပင်လယ်ပြင်ကိုု ချစ်မိ၍ ကျွန်တော်အဘိုု့ ရေတပ်ထဲသိုု့ ရောက်လာခြင်းဖြစ်၏။ ငယ်ရွယ်လှသော ကလေးဘဝကတည်းက ပင်လယ်ပြင်ကိုု ချစ်နေခဲ့မိသည်။ အချိန်အားတိုုင်း ပင်လယ်ပြင်ကိုုသာ စိတ်ကူးယဉ်မိသည်။ အမြဲပင် လှိုင်းထလှုပ်ရှားနေသော ပင်လယ်ပြင်ကြီးကိုုသာ အိပ်မက်မြင်မက်နေမိသည်။

စိတ်ကူးရတိုုင်း စာရွက်လေးများပေါ်ပင်လယ်ပြင်နှင့် ဆိုုင်သည့် ရုုပ်ပုံုလေးများကိုု ရေးခြစ်နေမိတတ်၏။

အတိအိလှိုင်းလုံုးများနှင့် ကြွရွှနေသော ပင်လယ်ပြင်ကြီး ဖြူဖွေးနေသော သဲသောင်ပြင်နှင့်ကျောက်ဆောင်များ၊ လှိုင်းလုံုးကြီးများ တဖွားဖွားရိုုက်ခတ်နေသော ကျောက်စွယ်ကျောက်တန်းများ…။။။။။။
ပင်လယ်ပြာပြာကိုု နောက်ခံပြုလ ျှက် ရောင်စုံုဖြာထွက်နေသော နေဝင်ဆည်းဈာပုံုများ၊ မြူးတူးပျံဝဲနေသော ချစ်စရာငွေစင်ယော်လေးများ…။ထိုုသိုု့သော ပန်းချီးကားချပ်များကိုုသာလ ျှင် ကျွန်တော်နှစ်ကြိူက်နေမိတတ်သည်။

မြန်မာလူမျိူးများသည် ဇာတိအားဖြင့် အဏ္ဏဝါပျော် လူမျိူးများမဟုုတ်ကြဟုု ယေဘုုယျယူဆခံနေရသည်ကိုု အားမလိုုအားမရဖြစ်နေခဲ့သည်။ တိုုင်းတပါးမှ လူမျိူးများ ပင်လယ်ကိုု စွန့်စား ကျော်ဖြတ်နေချိန်တွင် မြန်မာလူမျိူးတိုု့သည် မိုုးခေါင်ရေ၇ှားအရပ် မြန်မာပြည်အလယ်ပိုုင်း၌သာ ချောင်ကုုတ်နေခဲ့ကြသည်ဟုုထင်၏။

ရေနှင့်ပက်သက်လာလ ျှင် ကျွန်တော်တိုု့လူမျိူးများသည် ကြောက်ရွံ့တတ်သည်။ အထက်မြန်မာပြည်မှ ဧရာဝတီမြစ်ကြောင်းတလျောက် စုုန်ဆင်းလာပြီး အောက်အရပ်သိုု့ လှေကြီးများဖြင့် ကုုန်ကုုူးသွားသည်ကိုုပင်လ ျှင် သက်စွန့်ဆံဖျားသွားရသောခရီးဟုုထင်ပြီး ပန်းသပြေညောင်ရေလောင်း၍ ဆုုမွန်ကောင်းတောင်းနေလေ့ရှိကြသည်။

ရေယာဉ်၏ခန့်မှန်းတည်နေရာ မှတ်သားထားသောရေပုံုကိုု ကြည့်မိသည်။ အကွာအဝေးကိုု ကွန်ပါနှင့်တိုုင်းသည်။ ရေယာဉ်သွားရာလမ်းကြောင်းကိုု စစ်ဆေးကြည့်၏။ “အင်းမ” သည် ရန်ကုုန်မှ ပုုသိမ်သိုု့ ပင်လယ်ပြင်မှတဆင့် သွားနေခြင်းဖြစ်၏ အနောက်တောင်ဆီသိုု့ တနာရီရေမိုုင်နုှုန်း ဆယ်မိုုင်ခန့်ဖြင့် ခုုတ်မောင်းနေသည်။ မကြာမီ ”ခရစ်(ရှ)နား” မီးပြ( ယခုုအခေါ်စန္ဒာမီးပြ) ကိုု တွေ့ရတော့မည်။ ၎င်းမှကျော်၍ ”ဘယ်ရာဂူအား” မီးပြ၊ ပြီးလ ျှင် လိပ်ကျွန်း (Diamond Island) မီးပြ၊ ထိုု့နောက်မှ ပုုသိမ်မြစ်ထဲသိုု့ ချိူးဝင်ရပေမည်။

ရေပုံုစားပွဲရှိမီးကိုု ငြိမ်းသတ်လိုုက်ပြီး ပဲ့စင်ကုုလားထိုုင်ပေါ်သိုု့ ပြန်ထိုုင်လိုုက်၏။ ဦးခေါင်းကိုု နောက်မှီလိုုက်ပြီး၊ ကျွန်တော်၏ဘဝကိုု ပြန်လည်ဆန်းစစ်မိသည်….။ တက္ကသိုုလ်တွင် ပညာသင်ဆဲ၊ ဗိုုလ်လောင်းအဖြစ်နှင့် ရေတပ်ထဲသိုု့ ဝင်လာမိသည်။ အသက်(၂၀)ကျော်သည်မှ ရက်ပိုုင်းလေးပင် စွန်းပါသေးသည်။ သာမန်ကျောင်းသားဘဝမှ စစ်သားဘဝသိုု့ ရောက်လာသည်နှင့် ပတ်ဝန်းကျင်တစ်ခုုလုံုး ပြောင်းလဲလာတော့သည်။ မြင်နေကျ၊ တွေ့နေကျ ပတ်ဝန်းကျင်များမှ ခွဲခွာလာခဲ့ရသည်မှာ စိတ်ထဲ၌ တမျိူးကြီးဖြစ်နေမိသည်။

တက္ကသိုုလ်တွင်ရှိစဉ်က သင်ကြားခဲ့ရသော ပညာရပ်များကိုု မေ့ပြီး၊ ယခုုတွင် ရေကြောင်းပညာရပ်များကိုုမေ့ပြီး ၊ ယခုုတွင်ရေကြောင်းပညာရပ်များကိုု ပြောင်းလဲသင်ကြားမှတ်ယူနေရသည်။ ဗိုုလ်လောင်းဘဝက တနေကုုန်စစ်ရေးပြခဲ့ရသည်မှာလည်း ပင်ပန်းလှ၏။ တနေရာနှင့်တနေရာကိုု လမ်းလေ ျှာက်သွားမနေရဘဲ အပြေးချီတက်ရသည်။ နံနက်ခရာမှုတ်သည့်အချိန်မှစပြီး၊ ညအိပ်ယာဝင်သည်အထိ တချက်မှမနားရ။ အော်ဟစ်ကြိမ်းမောင်းသံ၊ ကြမ်းတမ်းလျသော စကားသံ၊ ဆဲဆိုုမြည်တွန်သံများမှာ တပ်ထဲတွင် ဝသီဖြစ်နေ၍ ပဲ့တင်ထပ်နေသည်။

မိမိအိပ်ယာကိုု သပ်ယပ်စွာ ပြင်ပြီး တပ်စစ်သည့်အခါ နံဘေး၌ တောင့်တောင့်ရပ်နေရသည်။ တိုုက်ထားသောဘိနပ်များသည် ပြောင်လက်၍နေရသည်။ ခေါက်ထားသော အဝတ်အစားများသည် ဘီရိုုထဲ၌ သပ်သပ်ရပ်ရပ်ရှိရသည်။ အရာခံ၊ အကြပ်နည်းပြဆရာများက တဆင့်စီတင်းကြပ်စွာ ခိုုင်းလွန်းတတ်သဖြင့် ညှဉ်းဆဲကြသည်ဟူ၍ပင် ယူဆမိ၏။ ခံနိုုင်ရည်ရှိမရှိ စုံုစမ်းကြ၏။ တချက်မ ျှ အမှားမခံ။

ကျောပိုုးအိတ်ထဲတွင် အုုတ်ခဲများထည့်၍ သေနတ်ထမ်းပြီး စစ်ရေးပြကွင်းထဲ၌ ပြေးခဲ့ရသည်။ ပခုံုးများပေါက်၍ မခံမရပ်နိုုင်အာင်ပင်ဖြစ်ခဲ့သည်။ ရေချိူးသည့်အခါများတွင် စပ်ဖျင်းဖျင်းဖြစ်၍ ညည်းတွားခဲ့ရ၏။ ပိန်ပိန်ပါးပါး ကျွန်တော့ကိုုယ်ခန္ဓာသည် နုံုးချိလျက်သာ ဖြစ်နေခဲ့သည်။ အုုတ်ခဲနှင့် သဲများဖြင့် ရေယာဉ်ကုုန်းပတ်ကိုု ကြမ်းတိုုက်ရ၍၎င်း၊ လှိုင်းလုံုးလေဒဏ်များ စပ်ကြားလက်အံသေအောင် သက်ကယ်လှေ လှော်ခတ်ရ၍၎င်း၊ ကျွန်တော်၏လက်ချောင်းလေးများသည် သွေးချေပေါက်ပြဲ သွေးထွက်ကုုန်၏။။။

ပေါင်(၆၀) ခန့်လေးသော စစ်ရေယာဉ် “မေယုု”၏ (၄)လက်မ ကျည်ဆံတုံုးကြီးကိုု ပခုံုးထက်ထမ်းပြီး ထိုုင်ချည်ထချည်အကြိမ်(၁၀၀)လုုပ်ခဲ့ရသည့်ကိုု သတိရမိ၍ ပြူံးမိသည်။ ပြစ်မှုမှာ တခြားမဟုုတ်။ ပင်လယ်ပြင်တွင် လှိုင်းမူးမိသောကြောင့်ပင်။ ဤရောဂါကိုု ဤဆေးနှင့်ကုုခြင်းကား အလွန်သင့်လေစွ။ ယခုုဆိုုလ ျှင် ဗိုုလ်လောင်းဘဝမှ ဝဋ်ကျွတ်ပြီး ကောင်မရှင်ပင်ရချေပြီ။ ပခုံုးထက်၌ ရွှေလှိုင်းတစ်ရစ် တပ်ဆင်ပြီး ”ဒုုဗိုုလ်” ဟုုသောအဆင့်နှင့် စစ်ရေယာဉ်အင်းမ၌ တွဲဘက်အရာရှိလေးဖြစ် နေချေပြီ။

“အင်းမ” သိုု့ရောက်ကာစတွင် တာဝန်များဆောင်ရွက်ရသည်မှာ ရှိုးတိုုးရှမ်းတန်းနိုုင်လှသည်။ အရာခံအကြပ်များအားလုံုးလိုုလိုုပင် ကျွန်တော့်ထက် အသက်ကြီးကြ၍ သူတိုု့အား အမိန့်ပေးရသည်မှာ အားတောင့်အားနာဖြစ်မိ၏။ ရဲဘော်များနှင့်လည်း အသက်အရွယ် မတိမ်းမယိမ်းဖြစ်နေ၍လည်း “မင်း” နှင့် “ငါ” ပြောရမည်ကိုု ဝန်လေးနေမိသည်။ မကြာခဏ ”ခင်ဗျား” ”ကျွန်တော်” ဟူ၍ ပြောရုံုမက၊ ိုုသေလေးစားစွား “ကောင်းပါပြီ ခင်ဗျား” “ဟုုတ်ကဲ့ခင်ဗျား” ဟုု ပြောမိသဖြင့် စစ်ရေယာဉ်မှုးက ခေါ်ပြီး ပဲ့ပြင်ပေးခဲ့ရဘူး၏။
(ဆက်ရန်)