Exodus: Gods and Kings (2014)

ဘီစီ ၁၃၀၀ က တော်ဝင် မိသားစုဝင်စစ်သူကြီးတစ်ယောက် ဖြစ်တဲ့ မိုးဇက်ဟာ ဟစ်တိုက်စ်စစ် တပ်ကို မင်းသားရမ်မက်ဇက်နဲ့ အတူ တိုက်ခိုက်ခဲ့ပါတယ်။ ဖာရို ဘုရင်ဆေတီက မိုးဇက်နဲ့ ရမ် မက်ဇက်တို့တစ်ယောက်ကိုတစ် ယောက် ကယ်ဆယ်ရင်း ခေါင်း ဆောင်ဖြစ်လာမယ်ဆိုပြီး ဟော ကိန်းထုတ်ခဲ့ပါတယ်။ ဟစ် တိုက်စ်စစ်တပ်နဲ့ တိုက်ပွဲဖြစ်ရာ မှာ အသက်အန္တရာယ်ကြုံခဲ့တဲ့ရမ် မက်ဇက်ကို မိုးဇက်က ကယ်တင် ခဲ့ပါတယ်။

အဲဒီနောက်တော့ မိုးဇက် ဟာ ဟေဗြဲကျွန်တွေကို ကြီးကြပ် သူ စိတ်ယုတ်စိတ်မာရှိတဲ့ ဝိုက် ရွိုင်ဟီဂပ်ရှိရာပီသွန်မြို့ကို စေ လွှတ်ခြင်းခံရပါတယ်။ မိုးဇက် ရောက်တဲ့အချိန်မှာတော့ ဂျော့ရှ် ပါဆိုသူတစ်ယောက်ကို ဆိုးဆိုး ရွားရွားအခြေအနေနဲ့တွေ့ခဲ့ရပြီး နန်ဆိုတဲ့ဟေဗြဲလူမျိုးကောင်လေး တစ်ယောက်နဲ့ပါဆုံခဲ့ရပါတယ်။ နန်ရဲ့ညီမလေး မီရီယမ်ကိုဖာရို ဘုရင်ဆီပို့ခဲ့တဲ့အကြောင်းပါ သိခဲ့ ရတဲ့အတွက် မိုးဇက်ဒေါသထွက် ခဲ့ရပါတယ်။

ဖာရိုဘုရင်ဆေတီသေဆုံးခဲ့ ပြီးနောက် မန်ဇစ်မြို့ကို မိုးဇက်ပြန်ရောက်ချိန်မှာတော့ ရမ်မက် ဇက်က ဖာရိုဘုရင် ဖြစ်နေပါပြီ။ ဟီဝပ်က မိုးဇက်ရဲ့ မျိုးရိုးမှန်ကို ထုတ်ဖော်ပြောကြားခဲ့ပေမယ့် ရမ် မက်ဇက်က ယုံကြည်ဖို့ ခက်ခဲနေခဲ့ပါတယ်။ တစ်ရက်မှာတော့ ဘုရင်မတူရာဆီမှာ အစေအပါး လုပ်နေတဲ့ မီရီယမ်အကြောင်းမေး မြန်းခဲ့ပါတယ်။ ရမ်မက်ဇက်က မီရီယမ်ရဲ့ လက်ကိုဖြတ်ဖို့ လုပ်ချိန်မှာ မိုးဇက်က ဝင်ကယ်ခဲ့ပြီး သူဟာ ဟေဗြဲလူမျိုးတစ်ယောက်ဖြစ်ကြောင်း ဖွင့်ပြောခဲ့ပါတယ်။ ဘုရင်မ တူရာက မိုးဇက်ကိုသတ်ခိုင်းချင်ပေမယ့် ရမ်မက်ဇက်ကတော့ အီဂျစ်ကနေ ပြည်နှင်ဒဏ်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီနောက် သဲကန္တာရဘက်ကိုထွက်သွားခဲ့တဲ့မိုးဇက်ဟာ အိမ်ထောင်ကျခဲ့ပြီးသားတစ်ယောက်ပါ ထွန်းကားခဲ့ပါတယ်။ နောက်ကိုးနှစ်ကြာတဲ့အခါ အီဂျစ်ကိုပြန်သွားခဲ့ပြီး နန်းဂျော့ရှဝါတို့နဲ့ ပြန်ပေါင်းစည်းခဲ့ပါတယ်။ အဲဒီမှာ ဘုရားသခင်ရဲ့ တမန်တော်ဆိုတဲ့ မာလက်ဟာ အီဂျစ်မှာကပ်ဆိုး ၁၀ မျိုးကျရောက်ပြီး ဘေးဒုက္ခကြုံမယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။

အီဂျစ်မှာ ဘယ်လိုဘေးဒုက္ခတွေကြုံရမှာလဲ။ မိုးဇက်ကကော ဘာတွေအကူအညီပေးဦးမှာလဲ။ သမ္မာကျမ်းစာမှာပါတဲ့ မိုးဇက်ရဲ့ ပညတ်တော် ၁၀ ပါးနဲ့ပတ်သက်တဲ့အကြောင်းအရာကိုပါရှုစားရမှာဖြစ်လို့ ပရိသတ်တွေအတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်လမ်းတစ်ခုပါပဲ။ မိုးဇက်နေရာ က ခရစ်ရှန်ဘေးလ်၊ ရမ်မက်ဇက်အဖြစ် ဂျိုရယ်အက်ဂါတန်ဆေတီအဖြစ် ဂျွန်တာတာရှိတို့က သရုပ်ဆောင်ပေးထားတာပါ။

ရုပ်ရှင်အညွှန်း – 7daydaily
Credit To : Flim2mm.com
IMDB 6.1 ရထားတဲ့ဇတ်ကားဟာ 2h:30mins ကြာမြင့်ပါတယ်။ 691 MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။

 
Ref: http://allmyanmarsubtitlemovies.blogspot.com/2016/12/exodus-gods-and-kings-2014_83.html