အခြေအနေများကို ဘယ်လို တုန့်ပြန်မလဲ

ထိုအခါ ယေရှုနှင့် ပါသောသူ တယောက်သည် လက်ကိုဆန့်၍ ထားကို ဆွဲထုတ်ပြီးလျင် ယဇ်ပုရောဟိတ်မင်း၏ ကျန်တယောက်ကို ခုတ်သဖြင့် နားရွက်ပြတ်လေ၏။ ယေရှုကလည်း သင့်ထားကို သူ့နေရာ၌ ပြန်ထားလော့။ ထားကိုကိုင်သောသူ ရှိသမျတို့သည် ထားဖြင့် ဆုံးခြင်းသို့ ရောက်ကြလိမ့်မည်။ ယခုပင် ငါ့အဘကို ငါ့တောင်းနိုင်သည် ကို၄င်း၊ တောင်းလျင် ကောင်းကင်တမန် တဆယ်နှစ်တပ်မက ငါ့ထံသို့ စေလှတ် တော်မူမည်ကို၄င်း၊ သင်သည် မထင် သလော။ သို့ဖြစ်လျင် ဤသို့သော အမှုအရာ တို့သည် ဖြစ်ရမည် ဟူသော ကျမ်းစာချက်သည် အဘယ်သို့ ပြည့်စုံအ့နည်းဟု မိန့်တော်မူ၏။ (ရှင်မဿဲ ၂၆း၅၁-၅၄၊ ယောဟန် ၁၈း၁၀-၁၁)

ဒီကျမ်းပိုဒ်မှာ အခြေအနေတစ်ခုကို တုန့်ပြန်ပုံများတွေ့ရတယ်။
တစ်ခုက ပေတရုရဲ့တုန့်ပြန်မှု၊
တစ်ခုက သခင်ယေရှုရဲ့တုန့်ပြန်မှု။
ပေတရုက သခင်ယေရှု ဘယ်သူလဲဆိုတာကို ကောင်းစွာ သိထားသူပါ။
(မသဲ ၁၆း၁၆။ ရှိမုန်ပေတရုက၊ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင် တော်မူသောဘုရားသခင်၏ သားတော်ဖြစ်တော် မူသည်ဟု လျောက်လေ၏။)ဒီနေရာမှာ ပေတရုက အကောင်းဆုံးကို တုန့်ပြန်ခဲ့တာပါ။ ဒါပေမယ့် သခင်ယေရှုက ငါ လုပ်နိုင်ပါတယ်။ ငါအကူအညီတောင်းရင် ဘုရားသခင်က ငါ့ကို ကာကွယ်ပေးနိုင်ပါတယ်။

ဒါပေမယ့် ဒီအချိန်က ဒီလိုလုပ်ရမယ့်အချိန် မဟုတ်ဘူး။ ဒီလိုလုပ်ရင် ဘုရားသခင်အလိုတော် ဘယ်လိုပြည့်စုံတော့မှာလဲ လို့ ပြောခဲ့တယ်။
သခင်ယေရှုက ခြေအနေပေါ်မှာ ဘုရားအလိုတော်ကို နားလည်ပြီး ဘုရားအလိုတော်ပြည့်စုံဖို့ကိုသာ တုန့်ပြန်ခဲ့တယ်ဆိုတာ တွေ့ရပါတယ်။
ပေတရုက ကိုယ့်အလိုပြည့်စုံဖို့ကိုသာ ကြည့်ပြီး တုန့်ပြန်ခဲ့တယ်။ သခင်ယေရှုကတော့ ဘုရားသခင်အလိုတော်နဲ့ ကျမ်းစာပြည့်စုံဖို့ကို ဦးစားပေးတုန့်ပြန်ခဲ့တယ်။

အခြေအနေက အလွန်ဆိုးရွားနေတယ်ဆိုရင် အဲဒီအချိန်မှာ သင်ဘယ်အရာကို ရွေးချယ်တုန့်ပြန်မလဲ။
၁။ပထမဆုံးအချက်အနေနဲ့ ဘုရားသခင်အလိုတော်ကဘာလဲ ဆိုတာကို သိဖို့အရေးကြီးတယ်။ တစ်ခါတစ်ရံ ကိုယ်တွေ့ကြံုနေတဲ့အခြေအနေမှာ ဘုရားဘယ်ရောက်နေသလဲလို့ ခံစားမိတတ်တယ်။ ဘုရားသခင်ဘယ်လိုလုပ်နေတာလဲ ဆိုတာကို နားလည်မှုလွဲသွားရင် တုန့်ပြန်မှု မှားသွားနိုင်တယ်။ အခုခဏတွေ့ကြံုရင်ဆိုနေရတာတွေဟာ ဘဝရဲ့အစိတ်အပိုင်းတစ်ခုမျသာဖြစ်တယ်။ ဘဝတစ်ခုလုံးကို ပြုပြင်ဖန်တီးပေးနေသောအရှင် ဘုရားသခင်က ဘာလုပ်နေသလဲဆိုတာ သေချာမသိနိုင်သေးခင် လှပတဲ့ ဘဝအခြေအနေတစ်ခုကိုမမြင်တွေ့နိုင်သေးဘူးဖြစ်နေတတ်တယ်။ သခင်ယေရှု ဂေသရှေမန်မှာ ကြံုတွေ့နေရတာက သူ့ဘဝရဲ့အစိတ်အပိုင်းတစ်ခုမျသာဖြစ်နေတယ်။ ရှင်ပြန်ထမြောက်ခြင်းနဲ့ ကယ်တင်ခြင်း အကြံအစည်အတွက် ဒီအခြေကို ဖြတ်သန်းဖို့လိုအပ်နေတယ်လေ။

ဒါကြောင့် သင့်ဘဝမှာလည်း တွေ့ ကြံုနေရတဲ့ အခြေအနေများကို မှန်ကန်စွာ တုန့်ပြန်နိုင်ဖို့ ၁။ ဘုရားသခင်အပေါ် လုံးဝအပြည့်အဝ ယုံကြည်ရမယ်။
ကွန်တော်တို့ ကောင်းကျိုးအတွက်သာ အမှုခပ်သိမ်းကို ဘုရားသခင်က ကြံုတွေ့စေနေတာပါ။
( ရောမ ၈း၂၈ ဘုရားသခင်ကိုချစ်သော သူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏ အကျိုးကိုခပ်သိမ်းသော အရာတို့သည်တညီတညွတ်တည်း ပြုစုကြသည်ကိုငါတို့သိကြ၏။) ဒါကို မယုံရင် မေးခွန်းတွေ ထုတ်တတ်လာတယ်။

၂။ စိတ်ရှည်သီးခံနိုင်ရမယ်။
ကွန်တော်တို့ အကျိုးအတွက် တစ်ခုခု ပြင်ဆင်နေတဲ့အတွက် ဖြစ်တယ်ဆိုတာကို သိထားပြီး သီးခံနိုင်ရမယ်။ ဒါကြောင့် ဘုရားသခင်ရဲ့ အချိန်ကိုက် ပြုလုပ်နေခြင်းကို စိတ်ရှည်သီးခံခြင်းနဲ့ စောင့်နေတတ်ဖို့လိုတယ်။
(ယာကုပ် ၅း၁၁ သည်းခံနိုင်သောသူတို့သည် မင်္ဂလာရှိသောသူဟူ၍ ငါတို့သည်ခေါ်ကြ၏။ ယောဘသည် သည်းခံကြောင်းကို သင်တို့ကြားရကြပြီ။ ထာဝရဘုရား သည် မိမိအမှုကို လက်စသတ်တော်မူရာမှာ အလွန်သနားစုံမက်တော်မူကြောင်းကိုလည်း သိမြင်ကြရပြီ။)

၃။ သန့်ရှင်းသော ၀ိညာဥ်တော်ရဲ့ လမ်းပြမှုကို ခံယူပါ။
ငါ့လောက်ခက်ခဲနေတာ ငါပဲ ရှိတယ်လို့ သင်ပြောနေချိန်မှာ လူတိုင်းလည်း ဒီလိုပဲ ခံစားနေရတယ်ဆိုတာကို သတိရပါ။ ဘုရားသခင်ရဲ့ ကောင်းမြတ်ခြင်း၊ လမ်းပြမှု ကို သိနားလည်မှ မှန်ကန်သော တုန့်ပြန်မှုကို တုန့်ပြန်နိုင်မယ်။ တွေ့ကြံုနေရတဲ့ အခြေအနေတွေကို ရှင်းလင်းစွာနားလည်ပြီး တုန့်ပြန်နိုင်ဖို့ ဘုရားသခင်ရဲ့ ဖွင့်ပြခြင်း လမ်းပြမှုကို သိနားလည်ဖို့အရေးကြီးတယ်။
(ယောဟန် ၁၆း၁၂-၁၃ သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရား နှင့် ပြည့်စုံသောထိုဝိညာဥ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကွင်းမဲ့ သွန်သင် ပြသလိမ့်မည်။ ထိုဝိညာဥ်တော်သည် ကိုယ်အလိုအလျောက် ဟောပြောမည်မဟုတ်။ ကြားသမျ တို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ့သောအရာတို့ကိုလည်း သင်တို့အားဘော်ပြလိမ့်မည်။ ၁၄ထိုသူ သည် ငါ့ဘုန်းကို ထင်ရှားစေလိမ့်မည်။ အကြောင်းမူကား၊ ငါနှင့်စပ်ဆိုင်သောအရာကိုယူ၍ သင်တို့အား ဘော်ပြ လိမ့်မည်။ ၁၅ခမည်းတော်နှင့်စပ်ဆိုင်သမျသည် ငါနှင့်စပ်ဆိုင်၏။ ထိုကြောင့် ငါနှင့်စပ်ဆိုင်သောအရာ ကိုယူ၍ သင်တို့အားဘော်ပြလိမ့်မည်ဟု ငါပြော၏။)

သင်မရမက ဖက်တွယ်ထားတဲ့ သင့် ယူဆချက် အထင်အမြင်တွေကို စွန့်လွတ်လိုက်ပါ။ ဘုရားသခင်ထံခိုနားပါ။
သင့်အခြေအနေများကို မှန်ကန်စွာ သိမြင်နားလည်လာပြီး မှန်ကန်သော ဘဝလမ်းကို လျောက်လှမ်းနိုင်လာပါမယ်။