အိုဘုရားသခင်၊ ကိုယ်တော်သည် အကျနု်ပ်ကိုငယ်သော အရွယ်မှ စ၍ သွန်သင်တော်မူပါပြီ။ ယခုတိုင် အောင်အ့ဘွယ်သော အမှုတော်တို့ကို အကျနု်ပ်ပြပါပြီ။ တဖန်တုံ အိုဘုရားသခင်၊ အကျနု်ပ် အသက်ကြီး၍ ဆံပင်ဖြူသည် ကာလတိုင်အောင်၊ ယခုလူများတို့အား ကိုယ်တော်၏ အစွမ်းသတ္တိကို၄င်း၊နောက်ဖြစ်လတ့သော သူအပေါင်းတို့အား တန်ခိုးတော် ကို၄င်း၊ အကျနု်ပ် မပြမှီတွင်၊ အကျနု်ပ်ကို စွန့်ပစ် တော်မမူပါနှင့်။ (ဆာလံ ၇၁း၁၇-၁၈)
အကယ်၍သာ ၁၉၆၉ ခုနှစ် ဧပြီလအတွင်း မြန်မာနှစ်ခြင်း ကြိုးစားခြင်း အဖွဲ့ချုပ်က ကြီးမှူး၍ မော်လမြိင်၌ ကျင်းပခဲ့သော နွေရာသီကျမ်းစာသင်တန်း၌ ကျန်တော်၏ အတိတ်ဘဝကို သက်သေမခံရလျင် ဤစာစောင် ထွက်ပေါ်လာမည်မဟုတ်ပါ။ ၂ဝ-၄-၆၉ နေ့၏ ညပိုင်း၌ သက်သေခံဝတ်ပြု စည်းဝေးတစ်ရပ်ပြုလုပ်ခဲ့ကြသည်။ ဆရာဦးသာဒင်၊ ဆရာဦးဝင်းတင်တို့က ကျန်တော်၏အတိတ်ဘဝကို အတင်းအကြပ် သက်သေခံစေခဲ့ကြသည်။ အတန်တန်ငြင်းခဲ့သော်လည်း မရခဲ့။ လူငယ်များအတွက် ဤမျလောက်ကောင်းသောသင်ခန်းစာ မရှိဟုဆိုချေသည်။
သက်သေခံရန် ငြင်းဆန်ခဲ့ရသည့်အကြောင်းရင်းမှာ အခြားကြောင့်မဟုတ်ပါ။ အတိတ်၏အကျဥ်းသားမဖြစ်လိုသော ကျန်တော့်အဘို့ ကျန်တော်၏အတိတ်ဘဝကိုဖြင့် ပြည်ဖုံးကားချလိုက်ပြီး ဖြစ်သောကြောင့်တည်း။
ကျန်တော် ယခုအသက်ရှင်နေသည်မှာ ‘ယနေ့’နှင့် ‘မနက်ဖြန်’အတွက်သာလျင်ဖြစ်သည်။ ‘မနေ့’ဟူသော ဝေါဟာရသည် ကျန်တော်၏အသက်တာအဘို့ ကွယ်ပျောက် လျက်ရှိပေပြီ။ ရှင်ပေါလုပြောခဲ့သော “နောက်ကျသောအရာတို့ကို မမှတ်ဘဲ၊ ရှေ့၌ရှိသောအရာတို့ကို ကမ်းလှမ်း၍…” ဟူသောစကားများသည် ကျန်တော်၏ဆောင်ပုဒ်ဖြစ်နေချေပြီ။
သို့သော်.. မကြာမီ သီးပွင့်ကြတော့မည့် သူတို့လေးတွေကို စာနာထောက်ထား၍ ကျန်တော့် ဘဝအတွေ့အကြံုများတို့ကို ထိုညက ဖွင့်ဟပြောဆိုခဲ့ပါ၏။ သို့သော်… ကျန်တော်၏အသဲနှလုံးကြားမှ လှိုက်လှိုက်လှဲလှဲပွင့်အန်ထွက်လာခဲ့သော ထိုသက်သေခံစကားလုံးလေးများသည် သူတို့တတွေ၏ စိတ်
နှလုံးများကို ယိုဖိတ်သွားစေခဲ့လေပြီ။ စိတ်ထိခိုက်လှုပ်ရှား သွားကြ၍လည်း ပင့်သက်ရှူကြလေကုန်သည်။
သက်သေခံချိန်များစွာမရခဲ့၍၊ အသေးစိတ်ကို စီကာပတ်ကုံးမပြောပြနိုင်ခဲ့သဖြင့်၊ နောင်အခါများတွင် စာဖြင့်ရေးသား မှတ်ကျောက်တင်ပါဦးမည်ဟု ဂတိပေးခဲ့သော်လည်း အချိန်မရခဲ့။ သို့သော်လည်း သူတို့တတွေအခိုျ့က စာတစ်တန်၊ ပေတစ်တန်ဖြင့် သတိပေးကြကုန်သည်။ အခြားသော လူငယ်များပါ သင်ခဏ်းစာရစေလိုသောဆန္ဒရှိကြသည်ဟုဆို၏။ သို့ကြောင့်လျင် ဤစာစောင်ကို ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။
ဤစာစောင်သည် ဝတ္တုမဟုတ်ပါ။ ဖြစ်ရပ်မှတ်တမ်း တစ်ခုသာဖြစ်ပါသည်။ သို့ကြောင့်လည်း အစကနဦးကတည်းက ဝတ္တုဟု မခေါ်ထားခြင်းဖြစ် သည်။
ဝတ္တုဆိုသည်မှာ စာရှုသူစိတ်ဝင်စားလာစေရန် ဇာတ်လမ်းဇာတ်ကွက်ဆင်ယူရသည်။ ဇာတ်လယ်နှင့် အထူးသဖြင့် ဇာတ်သိမ်းပိုင်းတွင် စာရှုသူတို့၏ စိတ်လှုပ်ရှားမှုအမြင့်ဆုံး ဖြစ်လာရန် ဖန်တီးယူရသည်။ သို့သော် ဤစာစောင်တွင် ဇာတ်လမ်း၊ ဇာတ် ကွက်ဆင်ထားခြင်းမရှိပါ။ ဖြစ်ရပ်များတို့သည် တစ်ခု
ပြီးတစ်ခု အမှန်ကြီးသာလျင်ဖြစ်သည်။ အခိုျ့နေရာများတွင် အမည်နှင့်ဒေသများကို လှဲပြောင်းထားသည်မှလွဲ၍ အားလုံး ဖြစ်ရပ်အမှန်များအပေါ် ၌ မူတည်ပြီး ဖွဲ့နွဲ့ရေးသားထားခြင်းသာ ဖြစ်ပါသည်။
အကယ်၍ စာရှုသူအပေါင်း၊ အထူးသဖြင့် ခရစ်ယာန်လူငယ်အပေါင်းတို့သည်၊ ဤစာစောင်လေးမှ တဆင့် သင်ခဏ်းစာများ လှိုင်လှိုင်ကြီးရသွားမည်ဆိုပါက ကျန်တော့်အဘို့ ရေးရကိုျးနပ်ပြီး၊ ဆုတောင်းလည်းပြည့်ပြီဟု ဆိုရပေမည်။
“ငရဲ”
ကျန်တော်ရောက်ခဲ့ဘူးသော (ဝါ) ကျန်တော့် ဖာသာ ခုန်ဆင်းခဲ့ဘူးသော ငရဲကိုလိမ်မာစွာဖြင့် ရှောင်တိမ်းသွားနိုင်ကြရန်မှာ ကျန်တော်၏ဦးတည်ချက် ၊ ဤစာစောင်၏ ဦးတည်ချက်သာလျင် ဖြစ်ပါသတည်း။
“လား၌ နီလျက်၊ အရောင်တောက်လျက်၊ အချိုအမြိန်ဝင်လျက် ရှိသော စပျစ်ရည်ကိုမကြည့်မရှုနှင့်။ နောက်ဆုံး၌ မွေကဲ့သို့ ကိုက် တတ်၏။ မွေဆိုးကဲ့သို့ နာစေတတ်၏။”(သုတ္တံ၊ ၂၃း၃၁-၃၂)
သန်လျင်ဖေသွင်
အငြိမ်းစားရေတပ်ဗိုလ်မှူး
ဆက်လက်ဖေါ်ပြပေးပါမည်။