ရေနွေး

ကြည့်စမ်း
ငါ့ …အနာဂတ်တွေ ေ၀ဝါးနေလိုက်တာ
ခြေတဘက်စာနေတဲ့ဘဝနဲ့
ဦးနှောက်မရှိတဲ့မျက်လုံး
ဘဝတစ်လျှောက်လုံးရှောင်ကျဉ်ခဲ့သမျှ
အခု …ငါ့အနားကို ချဉ်းကပ်လာနေကြတယ်။

ယောဘရဲ့သစ္စာ
ယုဒရဲ့အနမ်း
အားလုံးကိုခွဲခြမ်း
ဘယ်လှမ်းရမှန်းမသိတဲ့ခြေထောက်တွေ
ငါ့ရဲ့နွေကို ပူလောင်စေခဲ့တယ်။

ဘယ်လိုလုပ်ရမလဲ
အပူလည်းမဟုတ်
အအေးလည်းမဟုတ်နဲ့
ထွေးမထုတ်သေးတဲ့ဘဝကိုပဲ ကျေနပ်နေရမလား။

ဖြစ်သင့်တာနဲ့ ဖြစ်ချင်တာ
ဒွိဟတွေကြားကခြေလှမ်း
ယောဘဆီတစ်လှမ်းလှမ်းနေချိန်မှာ
ငါ့လက်တဘက်က ငွေသုံးဆယ်ကိုင်လို့။
ဘိုနောင် (ခေတ္တရာ)