ပျောက်သောသိုး၏ နိဂုံး

Lamb” ဘား …ဘား …”
လမ်းပျောက်ကာ စမ်း လျှောက်နေသည့် သိုးတစ်ကောင်ရဲ့ အော်သံက စူးရှကျယ်လောင်စွာ ထွက်ပေါ်နေသည်။ လောကရဲ့ လမ်း ကြောင်းတောနက်ထဲမှာ ဘ၀ခရီး၌ သခင်နှင့်ဝေးကာ လမ်းပျောက်သည့် သိုးတစ်၏ ဒုက္ခကလည်း မသေးလှပါ။ ချောက်နက်ထဲကျကာ ဆူးချုံကြားမှာ ခွန်အားအကုန်နှင့် ရုန်းထွက်လာ ရသည့် သိုးသငယ်ရဲ့ ခန္ဓာထက်က သွေးတို့က ကြည့်မကောင်းအောင် စီးထွက်နေသည်။ နေစောင်းလို့ သိုးခြံ နှင့် သခင်ကို မတွေ့လျှင်တော့ ခန္ဓာ အသက်အတွက်သာ မျှော်လင့်ဖွယ် မရှိလှတော့ပေ။ သို့သော်လည်း အခက်အခဲကြားမှာတောင် သေမင်း နှင့် စစ်ခင်းလာသူအတွက် ဆုလာဘ် တစ်ခုတော့ ပြင်ဆင်စောင့်စား နေမှာ ပါ ဟူသော ယုံကြည်ချက်ကို ဆွဲကိုင် လျှက် ဆက်လှမ်းလာသည့် သိုးလေး ငယ် ….

အန္တရာယ် ရပ်၀န်း (၁)
အကြည့်တို့က မှုန်ရီဝေဝါး လျက် ရှိသမျှ ခွန်အားနှင့် လှမ်းလာစဉ် အရှေ့၌ ရိုးတိုးရိပ်တိတ် လှမ်းမြင် ရသည့် အုပ်စု တစ်ခုက ခွန်အားတို့ကို ပိုမို၍ တိုးလာစေခဲ့ကာ သူတို့ရှိရာသို့ လှမ်းသွားမိသည်။ ဤသည်ကား ပထမဆုံး အမှားတစ်ခုကို ကျူးလွန်မိ လိုက်မှန်း နောက်ကျစွာသိရှိခဲ့ရသည်။ ကယ်တင်ရှင်ဟု တွေးထင်ထားခဲ့သူ တို့က ရှေ့မှာ သွားရည်တမြမြနှင့် စောင့်စားနေမှန်း ကြိုးစားကြည့်မှ သိခဲ့ ရသည်။ ကယ်တင်ရှင်တို့ကား တော
ခွေးအ အုပ်ဖြစ်၍ နေသည်။ သဲထဲသို့ ရေလောင်းမိလျှင် ရေကွက်တော့ တွေ့ရဦးမည် ခုတော့ သိုးသငယ်ရဲ့ ဘ၀က တွေးစရာပင် မလိုတော့ လောက်အောင် ဖြစ်နေတော့သည်။
မျှော်လင့်မထားတာတို့က တွေ့ကြုံလာမှတော့ မမျှော်လင့်ထား တာတို့လည်း ဖြစ်၍ လာတော့သည်။ တောခွေးအ တို့ အေ၀မတည့်ဖြစ်၍ နေပေတော့သည်။ ပွဲတော်အုပ်က အဆင့်သင့်ဖြစ်ပေမယ့် မလောက်မငှ ဖြစ်သည့်အပြင် အူမစိုမည် စိုးရိမ်၍ ထင်သည်။ တညီတညွတ်တည်း ချက်ခြင်း ဆုံးဖြတ်ချက်ချ၍ သိုးသ ငယ်ကို မစားတော့ပဲ လှည့်ထွက်သွား လေတော့သည်။ ဘယ်က ဘယ်သူကို ကျေးဇူးတင်ရမှန်းမသိ လောက် အောင်ပင် သိုးသငယ်ခမျာ ဘ၀မှာ ကောင်းစားခြင်းဘက် အလှည့် ရောက်ပြီဟုပင် ယုံကြည် ရလေတော့ သည်။

အန္တရာယ် ရပ်၀န်းကြီး (၂)
လောကကြီးက ပြောကြသ လောက်လည်း မဆိုးရွားလှသေးပါ ဘူးလေ ….. ရေစီးတစ်ခါ ရေသာတစ်လှည့်ကိုတော့ မျော် လင့်ခွင့်ရှိပါသေးတယ်။ သိုးသငယ် လေး၏ အားတင်းသံကို မသဲမကွဲ ကြားရလေသည်။ သိုးလေးကတော့ အားအင်တို့ ကုန်ခန်းလို့ ဆက်လှမ်း နိုင်ရန် မတတ်နိုင်သော်လည်း ကယ် တင်ရှင်ကို လိုလားတောင့်တစွာ စောင့်နေရှာလေသည်။ လာပါလေပြီ ကယ်တင်ရှင် သိုးသငယ်လေး၏ ဘေးသို့ကျယ်လောင်သော ဟိန်း ဟောက်သံနှင့်အတူ ညင်သာစွာ ချင်းနင်း၀င်ရောက်လာသူကတော့

ကသရာဇာ ခြင်္သေ့မင်း ….
သိုးလေးခမျာ အသက်ပင် မရှူရဲတော့လောက်အောင် ကြောက်ရွံ့ တုန်လှုပ်စွာ သူပြုသမျှ နုနေရန်သာ ကြံရွယ်ကာ နေစဉ်တွင် …..
ဟ ….. ဟာ ….. ဟား …..ကြီးမားသော လှောင်ရယ် သံကြီးက နားမဆန့်လောက်အောင် ပေါ်ထွက်လာပြီးနောက် တိတ်ဆိတ် ကောက်ကျစ်စွာသော အပြုံး တစ်ချက် နှင့် နှုတ်ဆက်အကြည့်ကြည့်ကာ အဝေးသို့ ထွက်ခွာသွားလေတော့ သည်။
ဘာဖြစ်တာလဲ။ ဘာတွေ ဖြစ်ကုန်တာလဲ။ သိုးလေး၏ ရှိသမျှ ဉာဏ်ပညာတွေလည်း လိုက်လို့မမှီ နားမလည် နိုင်အောင်ရှုပ်ထွေးကုန် သော်လည်း အသက်ခန္ဓာ အတွက် တော့ သက်ပြင်းမောကြီးကို ချလိုက်မိ လေသည်။

ပျောက်သောသိုး၏ နိဂုံး
နေလည်း၀င်ပြီး အမြင် အာရုံ တို့ကလည်း အမှောင်အတိ ဖုံးခဲ့လေပြီ။ ထိုသို့ အသက်မီးစာခန်း ချိန်၌ နောက်ဆုံးသော အခွင့်အလမ်း ကို နောက်ဆုံးအကြိမ် မျှော်လင့် မိချိန်လေးမှာတော့ အသံတစ်သံကို ကြည်လင်ပြတ်သားစွာ ကြားခဲ့ရသည့် နောက် ခွန်အားတို့က ဆက်လက်ရပ် တည်ရေးအတွက် ဆေးတစ်ခွက် ဖြစ်ခဲ့ရလေသည်။ ဘား …… ဘား …… သခင် သခင်မပါ ရင်တောင် တို့အကိုကြီး၊ ဒါမှမဟုတ် သိုးတစ်ကောင်ပဲ ဟား …… ဟား ဟု မရယ်နိုင်သည့်ကြားက ပျော်ရွှင်မိသည်ကတော့ အမှန်။
သိုးတစ်ကောင် ဖြည်းညင်း စွာဖြင့် သိုးသငယ်လေး၏ ခန္ဓာကိုယ် ပေါ်က သွေးစသွေးနတိုကို လျှာဖြင့် ညင်သာစွာ လျှက်ပေးလျက်နေရင်း ရင်တွင်းမှ ငြိမ်သက်မှုတို့ ဖြစ်ပေါ်နေ စဉ်မှာပင် ဂျွတ် …… ဂျွတ် …… ဟူသောအသံနှင့် အတူ သိုးလေး၏ ခန္ဓာအသက်သွေးတို့ကို မြိန်ယှက်စွာ စုပ်ယူစားသောက်နေသူ ကယ်တင်ရှင်သိုးကြီး၏ ထက်မြက် လှသောသွားတို့ကို ငေးမောကြည့် ရင်း အသက်ထွက်သွား လေတော့ သည်။

ဘိုကြက်

Save