ကျွန်တော်နှင့်အိုင်တီ

ITငယ်ငယ်တုန်းက စာသင်ခန်းထဲမှာ အိုင်တီ- အစ် ထိုအရာဆိုပြီး နာမ်စားတစ်ခုအနေနဲ့ အရင်ရင်းနှီးခဲ့ပါတယ်။ နည်းနည်း ကြီးလာတော့ အစ်ကိုကြီး အရပ်ရှည်ရှည်နဲ့ အစ်မကြီး အရပ်ခပ်ပုပုတွဲ၍ အိုင်တီလို့ မှတ်သားရပြန်တယ်။ အဲဒီထက် ပိုမသိခဲ့ဘူးဗျ။ အရာ၀တ္ထုတွေအတွက်သုံးတဲ့ နာမ်စားရယ်။ သမီးရည်းစား အရပ်မညီတဲ့သူတွေအတွက် စကြ နောက်ကြတဲ့ စကားရယ် ဒါပါပဲ။ တဖြည်းဖြည်းသာ အသက်ကြီးလာတယ် …………. ကျွန်တော်လည်း အရာ၀တ်္ထု
အိုင်တီ ဖြစ်မလာသလို သူများတွေ နောက်ပြောင်ပြောကြတဲ့ အိုင်တီစုံတွဲစာရင်းလည်း မ၀င်ခဲ့ပါဘူး။

မတို့ရဲ မထိရဲအိုင်တီ
မြန်မာနိုင်ငံ ခရစ်ယာန်ဓမ်္မတက်္ကသိုလ် နောက်ဆုံးနှစ်မှာ ဆရာကြီးဒေါက်တာဂျော်နီမောင်လတ်က ကျွန်တော်တို့တတွေကို လေ့လာရေးခရီး ခေါ်သွားပါတယ်။ အဲဒီတုန်းက အိုင်တီပြခန်းပေါ့။ နေရာက လှိုင်တက်္ကသိုလ်၀န်းထဲက M.I.C.T Park (ယခု Myanmar Info-Tech)မှာပါ။ ပြခန်းမှာလာရောက်တဲ့သူတွေ လက်တွေ့လေ့လာစမ်းသပ်နိုင်အောင် ကျွန်ပျူတာဆက်စပ်ပစ်္စည်းတွေ၊ အင်တာနက်နဲ့ချိတ်ဆက်ထားတဲ့ ကျွန်ပျူတာလေးငါးလုံးလည်း ချထားပေးရဲ့။
ကျွန်တော်တို့တတွေ အများစုက မကိုင်ရဲ၊ မထိရဲပါဘူး။ မြင်မြင်သမျှ အသစ်အဆန်းချည်းပဲ။ တို့မိ၊ထိမိရင် ပျက်စီးသွားမှာလည်း စိုးရိမ်သေးတယ်။ နောက်ဆုံးတော့ ဘေးထွက်ထိုင်ရတဲ့အထိပါပဲ။ စိတ်ထဲမှာတော့ တေးထားလိုက်တယ်။ အဲဒီအိုင်တီဆိုတဲ့အကောင်ကြီးတော့ တွေ့ဦးမယ်ပေါ့။

အိုင်တီဆိုတာ
ဒါနဲ့ကျောင်းပြီးတဲ့အခါ စာပေလုပ်ငန်း လုပ်ရင်းနဲ့နီးစပ်ရာလေ့လာဖြစ်ပါတယ်။ အိုင်တီလို့ ကျွန်တော်တို့ ပြောနေတဲ့အရာက အတိုကောက်စကားလုံးဖြစ်ပါတယ်။ Infomation Technology ကို အဖျားဆွတ်ခေါ်ထားတာပါ။ သတင်းအချက်အလက်နည်းပညာလို့ ဘာသာပြန်ကြပါတယ်။ တစ်နည်းအားဖြင့် သတင်းအချက် အလက်တွေ ဖလှယ်တဲ့နည်းပညာ၊ ဒါမှမဟုတ် သတင်းအချက်အလက် စုဆောင်းတင်ပြတဲ့ နည်းပညာလို့ ဖွင့်ဆိုနိုင်ပါတယ်။ နောက်ပိုင်းတော့  ICT ( Information & Communication Technology)ဆိုပြီး ဆက်သွယ်ရေးဆိုတာကို ဖြည့်စွက် ခေါ်ဆိုကြပါတယ်။ ဘာကြောင့်လဲဆိုရင် သတင်းအချက်အလက်တွေ ဖလှယ်ရာကနေ အပြန်အလှန်ဆက်သွယ်မှုတွေ ဖြစ်ပေါ်လာတဲ့အတွက်ကြောင့်လို့ မှတ်သားရပါတယ်။ ဒါပေမယ့်လည်း သာမန်အားဖြင့် ပြောကြဆိုကြရင် အိုင်တီလို့ပဲ လူပြောသူပြောများပါတယ်။ အဲဒီနည်းပညာနဲ့ အသက်မွေး၀မ်းကျောင်းပြုတဲ့သူ (Professional)တွေနဲ့ ဆက်စပ်လုပ်ငန်း  လုပ်ကိုင်တဲ့သူတွေကို အိုင်တီသမားလို့ ခေါ်ကြပြောကြပါတယ်။

အိုင်တီရပ်၀န်းထဲက အင်တာနက်
အိုင်တီနဲ့အတူတူ ကျယ်ပြန့်လာတဲ့စကားလုံးကတော့ အင်တာနက်ဆိုတာပါပဲ။ အင်တာနက်လို့ပြောရင် အိုင်တီဆိုတဲ့ဘာသာရပ် အဆောက်အအုံထဲ အကျုံး၀င်ပေမယ့်လို့ အင်တာနက်က အိုင်တီကိုကိုယ်စားမပြုပါဘူး။ အင်တာနက်ကို အစကနဦးမှာ ကမ္ဘာလုံးဆိုင်ရာကွန်ယက်(World Wide Web) လို့ သမုတ်ပါတယ်။ နှစ်ခုစလုံးရဲ့ ဖွင့်ဆိုမှုက သိပ်တော့ မခြားလှပါဘူး။ တစ်ကမ်္ဘာလုံးကိုချိတ်ဆက်ထားတဲ့ ကွန်ယက်ကြီးပေါ့။ အဲဒီလို ချိတ်ဆက်တဲ့
နေရာမှာ ချိန်ဆက်ဖို့ ကွန်ပျူတာနဲ့ဆက်သွယ်မှုလှိုင်းတွေ အဓိကအားဖြင့် ပါ၀င်ပါတယ်။ အိမ်တစ်အိမ်(သို့မဟုတ်) ရုံးတစ်ရုံးမှာရှိတဲ့ ကွန်ပျူတာတွေကို ချိတ်ဆက်ထားတဲ့အခါ ကြားခံပစ်္စည်း (CD, Memory Stick, Floppy Disk) တွေ သုံးဖို့မလိုပဲ အချက်အလက်တွေ ဖလှယ်နိုင်ပါတယ်။ အဲဒီလို ကွန်ယက်တွေက တစ်ကမ်္ဘာလုံးကို ချိတ်ဆက်တဲ့အခါမှာ အင်တာနက်ဆိုတာဖြစ်လာတာပါပဲ။ ဒါက ကျွန်တော်နားလည်သလောက်ပါ။ ပညာရပ်ဆိုင်ရာ
လေ့လာသူတွေရဲ့ အဓိပ်္ပာယ်ဖွင့်ဆိုမှုတွေနဲ့ ကွဲပြားကောင်းကွဲပြားနိုင်ပါတယ်။

ခရစ်ယာန်နဲ့အိုင်တီ
ကျွန်တော်တို့ အသင်းတော်တွေမှာ အမြဲတမ်းသီဆိုတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ ““လူမျိုးအားပြောပြရန် ၀တ်္ထုရှိသည်””တဲ့။ ခရစ်ယာန်သမိုင်းကြောင်း အဆက်ဆက် ခရစ်တော်ရဲ့သတင်းကောင်းကို ကြားပြောကြပါတယ်။ နှုတ်အားဖြင့် ဟောပြောခြင်း၊ စာအုပ်များပုံနှိပ်ထုတ်ေ၀ခြင်း၊ ဗီဒီယို၊ ရုပ်ရှင် အစရှိသဖြင့် ဆက်သွယ်ရေးနည်းပညာ အမျိုးမျိုးကို အသုံးပြုခဲ့ကြပါတယ်။ ယနေ့ အိုင်တီခေတ်မှာလည်း အဲဒီနည်းပညာတွေ အသုံးပြုဖို့ လိုအပ်လာပါတယ်။
သတင်းကောင်းကိုေ၀ငှဖို့ ဖြစ်နိုင်ချေရှိတဲ့ နည်းလမ်းအားလုံးကို အသုံးပြုရမှာဖြစ်ပါတယ်။ နည်းပညာရပ်တွေအသုံးပြုဖို့ စနစ်ကျတဲ့ လေ့လာမှုတွေလည်း လိုအပ်မှာဖြစ်ပါတယ်။ ခရစ်ယာန်အိုင်တီသမားတွေလည်း အများကြီးလိုအပ်ပါတယ်။ အရေးကြီးတာကတော့ အသင်းတော်တွေအနေနဲ့ အိုင်တီနဲ့လည်း ဘုရားသခင်ရဲ့နိုင်ငံတော်အတွက် ပါ၀င်လုပ်ဆောင်နိုင် တယ်ဆိုတဲ့အသိ ရှိဖို့ဖြစ်ပါတယ်။ ငါတို့က အသက်ကြီးပြီ ဒါတွေလိုက်လို့ မမီတော့ပါဘူးကွာဆိုပြီး လူကြီးတွေအနေနဲ့ လက်ရှောင်မနေသင့်ပါဘူး။ မှန်ကန်တဲ့ နည်းပေးလမ်းပြမှုတွေနဲ့ စစ်မှန်တဲ့အစေခံအိုင်တီသမားတွေ ပေါ်ထွက်လာဖို့
အားပေးသင့်ပါတယ်။

ခရစ်ယာန် ၀ဘ်ဆိုဒ်အချို့
၀ဘ်ဆိုဒ်(Website) ဆိုတာကတော့ အင်တာနက်ဆိုတဲ့ ကွန်ယက်ကြီးမှာ မိမိကိုယ်ပိုင်အမည်နဲ့ နေရာတစ်ခု ရယူထားခြင်းပဲဖြစ်ပါတယ်။ ကိုယ်ပိုင်အမည် (Domain Name)နဲ့ နေရာ (Web Space)တွေက အခြေခံလိုအပ်ချက်ဖြစ်ပါတယ်။ ပါ၀င်တဲ့အရာ(Content) ကတော့ မိမိဖော်ပြလိုတဲ့အရာတွေကို သက်ဆိုင်ရာနည်းပညာ ဘာသာစကားတွေနဲ့ ဖော်ပြဖို့ ဖြစ်ပါတယ်။ (အလျဉ်းသင့်ရင် အကျယ်ချဲ့ရေးပါဦးမယ်) ကျွန်တော်တို့ရဲ့ အသင်းချုပ်၊ အသင်းတော်များကောင်စီ စတဲ့ အဖွဲ့အစည်းကြီးတွေကလည်း အင်တာနက် စာမျက်နာတွေမှာ တစ်နေရာစာ ရရှိထားပြီးဖြစ်ပါတယ်။ Offline Market လို့ ဈေးကွက်သမားတွေခေါ်တဲ့ အင်တာနက်ပြင်ပဧရိယာမှာ သိပ်မတွေ့ရတဲ့အတွက် ဒီနေရာကနေ ဖော်ပြပေးလိုက်ပါတယ်။
– မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များကောင်စီ (www.mcc-mm.org)
– မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန်အသင်းချုပ် (www.mbc1813.org)
– မြန်မာနိုင်ငံ သီသြလော်ဂျီပညာရေးအသင်း (www.atemm.org)

ဘာလုပ်ရမလဲ
အဆုံးသတ်အနေနဲ့ ကျွန်တော်တို့ ဘာလုပ်ရမလဲ စဉ်းစားကြည့်ရအောင်။ ပထမအချက်ကတော့ အိုင်တီရဲ့ ကျယ်ပြန့်လာမှုကို လက်ခံဖို့ပါပဲ။ ဒုတိယကတော့ ကျွန်တော်တို့ ဘယ်လိုပါ၀င်မလဲ။ အိုင်တီကိုနားလည်ပြီး မြေတောင်မြှောက်အားပေးတဲ့ လူကြီးလား။ ဆက်ကပ်လိုစိတ်ရှိတဲ့ လူငယ်အိုင်တီသမားလား။ ပါ၀င်နိုင်တဲ့အခန်းကဏ္ဍတွေ အများကြီးပါပဲ။ ကျွန်တော်ကတော့ အိုင်တီအကြောင်းပြောတယ်။ အင်တာနက်ထဲ စီးမျောရတာ သဘောကျတယ်။
၀ဘ်ဆိုဒ်တွေ လှည့်ပတ်ကြည့်ရှုရတာ ပျော်တယ်။ တစ်ခါတစ်ခါတော့ တတ်သလောက် မှတ်သလောက်နဲ့ သူများတွေ ၀ဘ်ဆိုဒ်လုပ်တာ လိုက်ကူညီပေးတယ်။ ဒီလောက်ပါပဲ။ ကျွန်တော်ပြောချင်တာက စာဖတ်သူလည်း ရှိတဲ့နေရာမှာ အိုင်တီကို အသုံးချနိုင်တယ် ဆိုတာကိုပါ ………………
အောင်အောင်(အိပ်မက်သစ်)