အိပ်မက်ကမ်းပါး

တစ်ခြမ်းအမှောင်ချထားတဲ့
နှလုံးသားများလေ
ပြိုးပြက်ဝင်းလက်ထယ်ဝါ
ရိုးတိုးရိပ်တိတ်ရှိလွန်းလှချည်ရဲ့ ….၊

ငါ့မှာသာ
ခဏခဏလငပုပ်အဖမ်းခံရသလို
နှလုံးသားတစ်စုံကို
ဖုံးဖိသိမ်းဆည်းတိုက်ချွတ်
ပွဲမထုတ်ရဲ
ခန်းဆက်မများချင်လည်း
ကြားဖြတ်ကြော်ငြာရှောင်တိမ်းတာနဲ့
အိပ်- မက်- များ ညတာရှည်နေရ …၊

အာမခံမရတဲ့
မျက်မြင်သက်သေတော့ရှိပါတယ်
ဘာမှမရှိတဲ့အရာ
ဘာမှမရှိကြောင်းသက်သေပြဖို့
နှင်း … ဆွတ်ခူးရမယ်
ကြယ် … ဝင်စားရမယ်
ပြီးတော့ ပွန်းပဲ့ထိရှဒဏ်ရာ
ဒါ … နှလုံးအိမ်ရဲ့ ကိုယ်ရုံတွေပါပဲ
အိပ်မက်တွေအစာမကြေ
ညတာရှည်နေလည်း
နေပါစေတော့ … စံပယ်ဖြူရယ် …။
မြကဗျာ