အိပ်မက်သစ်

New Dream* မျှော်လင့်ခြင်းတွေနဲ့
ရွက်လွှင့်ခဲ့ကြတယ် . . . . .

* ဒီပင်လယ်ပြင်မှာ
ကြမ်းတမ်းခက်ထန်မှုတွေ
နူးညံ့သိမ်မွေ့မှုတွေ
လျှို့ဝှက်နက်နဲ . . . . .

* တခမ်းတနား
လှပနေလိုက်ပုံများ
ကာလသုံးပါး
အလှည့်အပြောင်းမှာ
ယုံကြည်ခြင်းတွေ
အတုံးအရုန်းပွင့်လို့ . . . . .

* ရွက်ကျိုးရင်
တက်နဲ့လှော်မယ်
တက်ကျိုးရင်
လက်နဲ့လှော်မယ်
စုံညီအင်အား မကုန်မခမ်းပေါ့

* ဒီလှေနဲ့
တပျော်တပါး
အတူစီးမျောကြမယ်လေ . . . . .။

ကောင်းအိမ်မွှေး

Save