လောက၏ အဖြေ

လူဟာ မွေးဖွားခြင်းက အစပြုလို့ တစ်နေ့ကို သွားတိုင်း သေခြင်းကို တစ်လှမ်း လှမ်းနေခြင်း မဟုတ်ပါလား။ လူတစ်ယောက်ကို တကယ်လို့ အဆွေ သေရင် ဘယ်ကို သွားမှာလဲ လို့မေးရင် သင်္ချိုင်းကုန်း သွားမှာပေါ့လို့ ဖြေကောင်း ဖြေလိမ့်မယ်။ အပုပ်ကောင် သရုပ်ဆောင်ထားတဲ့ ခန္ခာကိုယ် ကတော့ မြေကြီးကလာလို့ မြေကြီးဆို တဲ့ သင်္ချိုင်းကုန်းကို သွားရမှာအမှန်ပါ။

ဒါပေမယ့် လူ့အတွင်းမှာရှိတဲ့ လူ့ဝိညာဥ်က ဘယ်ကိုသွားမှာလဲ။ အဆွေက ကောင်းတာလုပ်ရင် ကောင်းတာ ရောက်မှာပေါ့လို့ ဖြေကောင်းဖြေမယ်။
ကောင်းမှုတစ်ခု နေ့စဥ်ပြုလို့ ဆိုစကားရှိပေမယ့် လူဟာ ကောင်းတာကို အမြဲမပြုလုပ်နိုင်ပါဘူး။ လူရှေ့မှာ ကောင်းသလိုရှိပေမယ့် လူမသိတဲ့ လောဘ၊ ဒေါသ၊ မောဟလွန်ကျူးခြင်း၊ ကာယကံ၊ ဝစီကံ၊ မနောကံ ဖြင့်ပြစ်မှားခြင်း စတဲ့ အဆွေတစ်ဦးတည်းသိတဲ့ အပြစ်တွေကို နေ့စဥ်ပြစ်မှား ကျူးလွန်နေတတ်ပါတယ်။ လူသိသိ၊ မသိသိ အပြစ်တရားကို ကျူးလွန်သူတွေရဲ့ သွားရာလမ်းဟာ တမလွန်မှာ အပါယ်ငရဲပဲဖြစ်ပါတယ်။
ကုသိုလ်ကောင်းမှုနဲ့ ကြိုးစားရင် လွတ်မှာပါလို့ မိတ်ဆွေ ဆင်ခြေပေးကောင်းပေးလိမ့်မယ်။ ဒါပေမယ့် ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာဆိုတဲ့ စကားကို မေ့လို့မရပါဘူး။ ဒါကြောင့် မွေးဖွားချိန်ကစလို့ အခုအချိန်အထိ ပြုမိခဲ့တဲ့အပြစ်တွေအတွက် အပါယ်လားရမှာ မြေကြီးလက်ခတ်မလွဲပါ။ အလွန်ရခဲလှတဲ့ လူ့ဘဝမှာ နေထိုင်ရပြီးမှ အပါယ်လားရမယ်ဆိုရင် ဝမ်းနည်းစရာအလွန်ကောင်းပါတယ်။ ဒီလိုမဖြစ်ရလေအောင် လူတိုင်းအတွက် ဝမ်းမြောက်ဖွယ်ရာ သတင်းစကား ရှိပါတယ်။
ဝမ်းမြောက်ဖွယ်ရာ သတင်းတော်ကတော့ လူအပေါင်းဟာ အပြစ်ကြောင့် အပါယ်လားစရာမလို၊ ယေရှုခရစ်တော်အားဖြင့် ထွက်ရာလမ်းရှိနေပါပြီ။