မေးခွန်းတစ်ခုမေးပါရစေ

မေးခွန်းတစ်ခုမေးပါရစေ?

မေးခွန်းတစ်ခုမေးပါရစေ?

မိတ်ဆွေသည် ထာဝရသုခချမ်းသာဘုံသို့ ဧကန်မုချရောက်ရန် တစ်စုံတစ်ဦးက မိတ်ဆွေအားနုတ်ကပတ်တော်အားဖြင့် ပြောပြခဲ့ဖူးပါသလား။ မကြားဖူးဘူး၊ မဖတ်ဖူးဘူး၊ ပြောတဲ့သူမရှိဖူးဘူးဆိုရင် ယနေ့မိတ်ဆွေအတွက် မေးခွန်းတစ်ခုလောက် မေးပါရစေ။….။

မိတ်ဆွေ သမ္မာကျမ်းစာထဲမှာ သတင်းဆိုးနှင့်သတင်းကောင်း ဆိုပြီး နှစ်ရပ်ရှိပါတယ်။ သတင်းဆိုးကတော့ မိတ်ဆွေနဲ့ကျန်တော်တို့ နေတဲ့ ဤလောကကြီးပေါ့။ သတင်းကောင်း ကတော့ ထာဝရသုခချမ်းသာဘုံသို့ အရောက်ပို့ဆောင်ပေးတဲ့ ဘုရားသခင်အကြောင်းပါ။

ကဲ..မိတ်ဆွေနှင့်ကျန်တော်တို့ကျင်လည်တဲ့လောကကြီးက သတင်းဆိုးအကြောင်း ဆွေးနွေးကြည့် ကျရအောင်။

(၁)။သတင်းဆိုး-မိတ်ဆွေသည် အပြစ်သားတစ်ယောက်ဖြစ်၏။

သမ္မာကျမ်းစာထဲမှာ ဘာပြောလဲဆိုရင် လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင် ရှေတော်၌ အသရေပျက်ကြပြီ။ ရောမသြဝါဒစာ ၃း၂၃ ကို ဖတ်ကြည့်ရအောင်

ဒုစရိုက်ကိုပြု၍ လို့ပြောလိုက်ဒါနှင့်ဘုရားသခင်ချမှတ်ထားတဲ့စံချိန်ကိုမရောက်ဘဲ လွဲချော်သွားခြင်းကိုဆိုလိုဒါဖြစ်တယ်။ဥပမာ။ ။ကျန်တော်တို့ရဲ့လိမ်လည်ပြောဆိုခြင်း၊မုန်းတီးခြင်း၊ကိလေသာ လွန်ကျူးခြင်း၊အတင်းအဖျင်းပြောခြင်းတို့ဟာ ဘုရားရဲ့စံချိန်မမှီခြင်းကိုဆိုလိုသည်။

မိတ်ဆွေနှင့်ကျန်တော်တို့ဟာ မြောက်ဝင်စွန်းကို ထိမှန်အောင် ပစ်ပေါက်ကြသည်ဆိုပါစို့။ ။မိတ်ဆွေသည်ကျန်တော်ထက်သာ၍ဝေးအောင် ပစ်ကောင်းပစ်နိုင်ပါလိမ့်မည်။သို့သော် ကျန်တော်တို့တစ်ယောက်မျထိမှန်အောင် ပစ်နိုင်မှာမဟုတ်ဘူး။အဲဒီလိုဘဲသမ္မာကျမ်းစာက လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍…အသရေပြက်ကြပြီ ဟုဆိုရာ၌ ကျန်တော်တို့တတွေဟာ ဘုရားသခင်ရဲ့ပြီးပြည့်စုံခြင်းစံချိန်ကို လုံးဝမမှီနိုင်ခြင်းကို ဆိုလိုပါတယ်။ကျန်တော်တို့ တွေးခေါ်ခြင်း၊ပြုမူခြင်းနှင့် ပြောဆိုခြင်းတို့၌ ပြီးပြည့်စုံခြင်းမရှိဘဲ လွန်ကျူးတတ်သူများ ဖြစ်သည်။မိတ်ဆွေ ဒါ့အပြင် သာ၍ဆိုးရွားတဲ့သတင်းဆိုးဟာ ကပ်ပါလာပါတော့တယ်။

(၂)သာ၍ဆိုးရွားတဲ့သတင်း။ ။ဒုစရိုက်ပြုခြင်း၏အပြစ်ဒဏ်မှာ သေခြင်းဖြစ်သည်။

သမ္မာကျမ်းစာထဲမှာ ဘာပြောထားလည်းဆိုရင် အပြစ်ရဲ့အခကားသေခြင်းပေတည်း။ရောမသြဝါဒစာ ၆း၂၃မှာဆိုထားပါတယ်။အတူဖတ်ကြည့်ရအောင်

မိတ်ဆွေဟာ ပြည်ပရောက်နေပြီဆိုတော့၊မိတ်ဆွေသူဌေးဆီမှာ တစ်နေ့ ဒေါ်လာ၄ဝရပြီး အလုပ်လုပ်တယ်ဆိုပါစို့။ထိုလုပ်အားခဟာ မိတ်ဆွေရဲ့အဖိုးအခ(ဝင်ငွေ)ပင်ဖြစ်တယ်။

ကျန်တော်တို့ဟာ အပြစ်ဒုစရိုက်ကို ပြုခြင်းအားဖြင့် သေခြင်းတည်းဟူသော အဖိုးအခကို ရရှိကြသည်ဟု ဖော်ပြထားသည်။အဓိပ္ပါယ်ကတော့ ကျန်တော်တို့ဟာ ဘုရားသခင်နှင့်ထာဝရခွဲခွါပြီး သေခြင်းကိုခံထိုက် သူများဟုဆိုလိုတာဖြစ်တယ်။ဆိုတော့ ကျန်တော်တို့ဟာ ငရဲဆိုတဲ့နေရာကိုဧကန်အမှန်သွားရမှာဖြစ်တယ်။ ဒါကြောင့်ဘုရားသခင်ဟာ သူ့ရဲ့သားတော် ယေရှုခရစ်တော်ကို ကျန်တော်တို့အတွက် လောကကို ကွဆင်း စေခဲ့တယ်။အဲဒါဟာ ကျန်တော်တို့အတွက် သတင်းကောင်းပါဘဲ။

သတင်းကောင်း။ ။ယေရှုခရစ်တော်သည် မိတ်ဆွေအတွက် အသေခံတော်မူပြီ။

သမ္မာကျမ်းစာထဲမှာ ဒီလိုပြောတယ် အတူဖတ်ကြည့်ရအောင်နော်။ရောမသြဝါဒစာ ၅း၈ မှာ ငါတို့သည်အပြစ် ရှိစဥ်ပင် ခရစ်တော်သည်ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍၊ဘုရားသခင်သည်ငါတို့ကို အဘယ် မျလောက်ချစ်တော်မူသည်ကို ငါတို့အားထင်ရှားစွာပြတော်မူ၏ ။

ကဲ…မိတ်ဆွေကို ဥပမာတစ်ခုနဲ့ပြောမယ်နော်။မိတ်ဆွေဟာ ဥပဒေနဲ့မညီတဲ့တစ်ခုနဲ့ထောင်ချခံရမယ်ဆိုပါစို့။ မိတ်ဆွေရဲ့အစားကျန်တော်က ထောင်ထဲဝင်ပေးလိုက်မယ်ဆိုလျင်…….

ကျန်တော် ဘာဖြစ်သွားမလဲ။……..?။ ထောင်ချသွားမယ်။

မိတ်ဆွေ၌လည်းဘာဖြစ်သွားနိုင်မည်နည်း…….?။ထောင်ချခံရခြင်းမှ လွတ်မြောက်သွားမှာဖြစ်တယ်။

ထိုနည်းအတူ မိတ်ဆွေနှင့်ကျန်တော်တို့ ခံထိုက်မည့်အပြစ်ဒဏ်ကို ခရစ်တော်ကိုယ်တိုင်ယူဆောင်ထမ်း၍ ကျနု်ပ်တို့ကိုယ်စား အသေခံခဲ့ကြောင်း သုံုးရက်မြောက်သောနေ့တွင် ခရစ်တော်သည်ရှင်ပြန်ထမြောက်ခဲဲ့ပြီး အပြစ်နဲ့သေခြင်းတရားတို့ကို သူသည်အနိုင်ယူတော်မူခဲ့ကြောင်းနှင့်ဘုရားဖြစ်ကြောင်း အခိုင်အမာပြောဆို ချက်ကို သက်သေထူခဲ့သည်။(သတင်းဆိုးသည်သာ၍ဆိုးရွားပါသော်လည်း သတင်းကောင်းသည်ပို၍ ဝမ်း မြောက်စရာအကြောင်း ဖြစ်လာပါသည်။)

မိတ်ဆွေသည် ခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းကိုရရှိနိုင်ပါသည်။

ဒီကျမ်းချက်ကို တစ်ချက်လောက်ဖတ်ကြည့်ရအောင်

ဧဖက်သြဝါဒစာ ၂း၈-၉ ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းတို့ရောက်ရ၏။ကိုယ့်အ လိုအလျောက်ရောက်သည်မဟုတ်၊ဘုရားသခင်သနားတော်မူရာဖြစ်သတည်း။ကိုယ့်ကုသိုလ်ကြောင့် ကယ် တင်တော်မူခြင်းသို့ရောက်သည်မဟုတ်၊သို့ဖြစ်၍ အဘယ်သူမျဝါကွားစရာမရှိ။

ယုံကြည်ခြင်းဟူသည် ကိုးစားခြင်းဖြစ်သည်။

မေး။ ။မိတ်ဆွေသည်ဘာအတွက် ခရစ်တော်ကို ကိုးစားရမည်နည်း။

ဖြေ။ ။မိတ်ဆွေ၏အပြစ်ကိုခွင့်လွတ်ရန်နှင့်ထာဝရအသက်ကိုပေးရန် ခရစ်တော်ကိုသာကိုးစားရမည်။မိတ် ဆွေ၏အားထုတ်မှုမလိုအပ်ဘဲ ထာဝရသုခချမ်းသာဘုံသို့ရောက်နိုင်ရန် ယေရှုခရစ်တော်ကို ကိုးစားရမည်။

ဒါပေမဲ့ မိတ်ဆွေက…၊ကျန်တော်က ဘာသာရေး၊အကျင့်တရား၊အလှူဒါန၊ကောင်းရာကောင်ကြိုးတွေလုပ် ပါသည်ဆိုပါလိမ့်မည်။သို့သော်…ကောင်းမွန်စွာကျင့်ကြံခြင်း၊ဘာသာရေးကိုင်းရှိုှုင်းခြင်း၊အလှူဒါနပြုခြင်း၊ မိတ်ဆွေပြုလုပ်သည့်အခြားကောင်းမှုတစ်ခုခုဖြင့် ဧကန်အမှန် ထာဝရသုခချမ်းသာဘုံဖြစ်တဲ့ ကောင်းကင် ဘုံကို ရောက်နိုင်မည် မဟုတ်ပါ။မိတ်ဆွေသည် ယေရှုခရစ်တော်တစ်ပါးတည်းကို ယုံကြည်ကိုးစားမှသာလျင် ဘုရားသခင်သည် ထာဝရအသက်ကို လက်ဆောင်မွန်အဖြစ်ပေးလိမ့်မည်။

ယေရှုခရစ်တော်ကို ယုံကြည်ကိုးစားရန် ဆီးတားနေသော အကြောင်းတစ်စုံတစ်ရာ ယနေ့မိတ်ဆွေ၌ရှိနေပါ သလား…။သေချာစဥ်းစာပါ၊ခရစ်တော်ကို မိတ်ဆွေယုံကြည်ကိုးစားမှုထက် ပို၍ အရေးကြီးလိုအပ်သောအရာ တစ်ခုမျမရှိပါ။ယေရှုခရစ်တော်ကို မိတ်ဆွေ၏ကယ်တင်ရှင်အဖြစ် ယုံကြည်ကိုးစားနေပါကြောင်း ဘုရားသခင် အား ပြောပြလိုပါသလား…?ပြောလိုပါက ဘုရားသခင်၏သားတော်ကို မိတ်ဆွေယုံကြည်ကိုးစားနေကြောင်း ယခုပင်လျင် ဆုတောင်း၍ ပြောပြလိုက်ပါလား…?ဆုတောင်းခြင်းအမှုက မိတ်ဆွေကိုကယ်တင်သည်မဟုတ်၊ ယေရှုခရစ်တော်ကို ယုံကြည်ကိုးစားခြင်းသာလျင် မိတ်ဆွေကို ကယ်တင်မည်။ဆုတောင်းခြင်းသည်မိတ်ဆွေ ဘာလုပ်နေသည်ကို ဘုရားသခင်အား ပြောပြခြင်းသာဖြစ်သည်။

အို….၊ဘုရားသခင်၊ကျန်ုပ်သည် အပြစ်သားတစ်ဦးဖြစ်ကြောင်း ကျန်ုပ်သိရပါ၏။ကျန်ုပ်အပြစ်သည် အပြစ် ဒဏ်ခံထိုက်ကြောင်း ကျန်ုပ်သိရပါ၏။ခရစ်တော်သည်ကျန်ုပ်အတွက်အသေခံတော်မူပြီး၊သချင်္ုိင်းမှထမြောက် ခဲ့ကြောင်း ကျနု်ပ်ယုံကြည်ပါသည်။ယေရှုခရစ်တော်တစ်ပါးတည်းသာလျင် ကျန်ုပ်၏ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်ကိုးစားပါသည်။ယခုကျနု်ပ်ရရှိသော အပြစ်လွတ်ခြင်းတရားနှင့်ထာယရအသက်အတွက် ကိုယ်တော် အား ကျေးဇူးတင်ပါ၏။ယေရှုနာမတော်မြတ်၌ဆုတောင်းပါ၏အာမင်။ ။

ယခုဘာဖြစ်သွားပြီလဲ?

သမ္မာကျမ်းစာထဲမှာ ရှင်ယောဟန် ၅း၂၄ ကရှင်းပြပါတယ်။ငါ့စကားကိုနားထောင်၍ငါ့ကိုစေလှတ်တော်မူသော သူကို ယုံကြည်သောသူသည်ထာဝရအသက်ကိုရသည်ဖြစ်၍ အပြစ်စီရင်ခြင်းကိုမခံရ။သေခြင်းမှအသက်ရှင် သို့ကူးမြောက်သောသူဖြစ်၏။

ဘုရားရှင်၏စကားတော်မြတ်ကို မိတ်ဆွေကြားခဲ့ပြီလား။ဘုရားသခင်ပြောခဲ့သည်ကို ယုံကြည်၍ ခရစ်တော်ကို မိတ်ဆွေ၏ကယ်တင်ရှင်အဖြစ် ယုံကြည်ကိုးစားပြီလား။

ယုံကြည်ကိုးစားပြီဆိုရင် မိတ်ဆွေ ဘာဆက်လုပ်မလဲ။

ကောင်းကင်ဘုံသို့ရောက်ရန် မိတ်ဆွေ၏တစ်ခုတည်းသာ လမ်းအဖြစ် ခရစ်တော်ကို ယုံကြည်ပြီးသောအခါ မိတ်ဆွေသည် ဘုရားနှင့်ဆက်ဆံမှု၌အောက်ပါအတိုင်းကြီးထွားနိုင်မှာဖြစ်ပါတယ်။

(က)သင်စိတ်ထဲ၌ရှိသောအရာကို ဆုတောင်းခြင်းအားဖြင့် ဘုရားရှင်အားပြောပြပါ။(ဖိ၄း၆-၇)

(ခ)နေ့စဥ်သမ္မာကျမ်းစာ မှန်မှန်ဖတ်ပါ။(၂တိ ၃း၁၆-၁၇)

(ဂ)ဘုရား၏လူများ(ယုံကြည်သူများ)နှင့် ဝတ်ပြုစည်းဝေးခြင်း၌ပါဝင်ပါ။(ဟေဗြဲ ၁ဝး၂၄-၂၅)

(ဃ)ယေရှုခရစ်တော်အကြောင်း အခြားသူများအားဝေငှပါ။(မဿဲ ၄း၁၉)

ဆရာထန်ခတ်ဖုန်း
ခရစ်တော်သက်သေခံလုပ်ငန်း(ကိုရီးယား)

မူရင်း ၊ http://thangkhatpum.multiply.com/journal/item/25