ကြီးမြတ်လှသော ကယ်တင်ခြင်း

ရေတပ်စစ်ဆင်ရေးသင်တန်းမှ စခန်းသွင်း သင်တန်းနည်းပြ တစ်ဦးက “ ငါ့စကားကို နားမထောင်ရင် အကျိုးဆက်ကို ကိုယ့်ဟာကို ပေးဆပ်ကြပါ” ဟု အော်ဟစ်နေသည်။ သင်တန်းသားလူသစ်များက လှောင်ပြုံးပြုံးလျက် “ ငါတို့ နားထောင်ချင်တဲ့နေရာမှာဘဲ နားထောင်မှာပေါ့” တွေးကြသည်။ ထို၌ နည်းပြက ဆက်ပြောသည်မှာ “ဒီနေ့ ဓါတ်ငွေ့ခန်းထဲမှာ အချိန်တော်တော်ကြာ လေ့ကျင့်ခန်း ဆင်းကြမယ်။ ဒါကြောင့် ဓါတ်ငွေ့ကာမျက်နှာဖုံးတပ်ဆင်နည်းကို ငါသင်ပေးမယ်” ဟူ၍။ ထိုအခါ သင်တန်းသားအားလုံးလည်း စကားပြန်နားထောင် ကြသည်။

ကျမ်းစာက အရေးကြီးလှသော မေးခွန်းကို တည်ကြည်ပြတ်သားစွာ မေး သည်။ “ ဤမျှလောက်ကြီးစွာသော ကယ်တင်တော်မူခြင်းတရားကို ငါတို့သည် နားမထောင်ဘဲနေလျှင် အပြစ်ဒဏ်နှင့် အဘယ်သို့ လွတ်ကြ လိမ့်မည်နည်း” ( ဟေဗြဲ ၂း၃)။ ထပါလော့။ ကယ်တင်တော်မူခြင်းကို လျစ်လျူရှုခြင်းသည် ကြောက်မက်ဖွယ်ကောင်းသော အကျိုးဆက်ကို ရိတ်သိမ်းတတ်သည်။ သို့သော် လူအများစု ထိုအချက်ကို ဂရုမစိုက်ဘဲ နေကြသည်မှာ ဝမ်းနည်းစရာပင်။ “…ကျဉ်းသောတံခါးကို ဝင်ကြလော့။ ပျက်ဆီးခြင်းသို့ ရောက်သောလမ်းနှင့်တံခါးသည် ကျယ်ဝန်းသည်ဖြစ်၍ ဝင်သောသူတို့ို့သည် များကြ၏။အသက်ရှင်ခြင်းသို့ ို့ရောက်သော လမ်းနှင့်တံခါးသည် အလွန်ကျဉ်းမြောင်းသည်ဖြစ်၍၊  တွေ့ဝင်သော သူတို့သည် နည်းကြ၏။” ( မဿဲ ရး၁၃၊၁၄) ဟု ယေရှုက မိန့်တော်မူခဲ့သည်။ ကယ်တင်ခြင်းကို မရသောသူသည် “… သခင်ဘုရား ၏ မျက်နှာတော်နှင့်၎င်း၊ တန်ခိုးရှိသောဘုန်းတော်နှင့်၎င်း ကွာ၍၊ ထာဝရပျက်စီးခြင်းတည်းဟူသော အပြစ်ဒဏ်ကို ခံရကြလတံ့” ( ၂သက်သာ ၁း၉)။

ကယ်တင်ခြင်းဆိုသည်မှာ အပြစ်စီရင်ခြင်းနှင့် ထာဝရပျက်စီးခြင်းမှ လွတ်မြောက်နိုင်သော ဘုရားသခင်ပြင်ဆင်ပေးသည့် လမ်းပင်ဖြစ်သည်။ ကယ်တင်ခြင်းကို ကျွနု်ပ်တို့ မည်သို့ရနိုင်မည်နည်း။

ဧဖက် ၂း၁-၁၀ က ကယ်တင်ခြင်းနှင့် သက်ဆိုင်သော ကျမ်းစာ၏ သွန်သင်ချက်ကို ရှင်းလင်းစွာ ဖော်ပြထားသည်။ ကယ်တင်ခြင်းလိုအပ်မှု၊ ကယ်တင်ခြင်းလမ်းစဉ်နှင့် ကယ်တင်ခြင်းရလာဒ် ဟူ၍ ဖော်ပြထား သည်။ ကောင်းကောင်းနားထောင်ပါ။ ဓါတ်ငွေ့ခန်းထက် ကြောက်စရာ ကောင်းသောအရာရှိသည်။

ကယ်တင်ခြင်းလိုအပ်မှု

တမန်တော် ၄း၁၂အရ၊ ကျွနု်ပ်တို့သည် ကယ်တင်ခြင်းကို မဖြစ်မနေရရှိ ရမည်။ အဘယ်ကြောင့် ကယ်တင်ခြင်းသည် ထိုမျှလောက် လိုအပ်နေ သနည်း။

ပထမ၊ သင်သည် “ဒုစရိုက်အပြစ်၌သေလျက်ရှိ” သောကြောင့် ကယ်တင် ခြင်းကို ရရှိရန် လိုအပ်သည် (ဧဖက် ၂း၁)။ သေသည်ဟုတ်လား။ ဟုတ်ပါသည်။ ဤသေခြင်းကား ဝိညာဉ်သေခြင်းပင်တည်း။ အပြစ်သည် သင်အား ဘုရားသခင်နှင့် ခွဲခွာစေသည်။ အသက်ပြန်လည်သွင်းဖို့ရန် လိုအပ်သည်။

ဒုတိယ၊ သင်၏ အသက်ရှင်ပုံကြောင့် သင်သည် ကယ်တင်ခြင်းရရှိရန် လိုအပ်သည်။ သင်သည် အပြစ်၏ ကျေးကျွန်ဖြစ်သည်သာမက လောက၊ အသွေးအသား တပ်မက်မှုနှင့် မာရ်နတ်တို့၏ သုံ့ပန်းဖြစ်သည်။ သင်သည် “ အာကာသကောင်းကင်၏ တန်ခိုးကို အစိုးရသောမင်း ( စာတန်) …အလိုနှင့်အညီ… ကိုယ်ကာယ၏ အလိုသို့၎င်း၊ စိတ်၏ အလိုသို့၎င်း လိုက်သဖြင့် ကာမဂုဏ်တို့၌ ကျင်လည်” သည် (ဧဖက်၂း၂၊၃)။

တတိယ၊ သင်သည် ကယ်တင်ခြင်းရရှိရန်လိုအပ်သည်၊ မရပါက ဘုရားသခင်၏ အမျက်တော်ကို သင်ကြုံတွေ့ရမည်။ “ နာမခံငြင်းဆန် သောသူတို့သည်…ပကတိအတိုင်းအမျက်တော်ကို ခံရမည့်သူများဖြစ်ကြ သည်”။ ကယ်တင်ခြင်းမရသောသူတို့၌ ဘုရားသခင်၏ အမျက်တော် တည်လျက်ရှိသည်။ ဧဖက် ၂း၁-၃၌ ကယ်တင်ခြင်းမရသောသူများ၏ ဘုရားသခင့်အမျက်တော်ခံရမည့် ကြောက်မက်ဘွယ်အဖြစ်ကို ဖော်ပြထားသည်။

ကယ်တင်ခြင်းလမ်းစဉ်

သင်သည် သေလွန်ပြီး သင့်အပြစ်များ၏ အခကို ခံယူဖို့ရန် ထိုက်တန်သူ ဖြစ်သည်။ သို့သော် သခင်ဘုရားသည် အပြစ်သားများ၏ သေလွန်ခြင်း၌ ဝမ်းမြောက်တော်မမူ။ စင်စစ်ကိုယ်တော်သည် “ လူအပေါင်းတို့သည် ကယ်တင်ခြင်းရောက်၍ သမ္မာတရားသိစေခြင်း အလိုတော်ရှိ၏” ( ၁တိ ၂း၄ )။ သင်၏ လိုအပ်ချက်ကို ဘုရားသခင်ကသာ ဖြည့်ဆည်းပေးနိုင် သည်။ သင်သိထားသင့်သည့် ကိုယ်တော့်အကြောင်းအရာ အချက် သုံးချက် ရှိသည်။
g
ပထမ၊ ကိုယ်တော်သည် “ ဂရုဏာကြွယ်ဝတော်မူသည်”။ ကောင်းကင် မြေကြီး၏ အရှင်နှင့် ဖန်ဆင်းရှင်ဖြစ်တော်မူသော ကိုယ်တော်သည် လူမွဲ မဟုတ်ကြောင်း ကျွနု်ပ်တို့သိထားပေမည်။ ထောင်ပေါင်းများစွာသော တောင်ထိပ်များပေါ်မှာ ကျက်စားသော သတ္တဝါများတို့သည် ကိုယ်တော် ၏ ဥစ္စာဖြစ်ကြသည်။ ကိုယ်တော်၏ ကြွယ်ဝမှုများအနက် ကြွယ်ဝစွာ ပိုင်ဆိုင်တော်မူထားသောအရာတစ်ခုမှာ ဂရုဏာပင်ဖြစ်သည်။ လူတိုင်းအတွက် လုံလောက်သော ဂရုဏာ ကိုယ်တော်၌ ရှိသည်။ ဂရုဏာကြွယ်ဝတော်မူခြင်းကို မိမိအတွက် သိမ်းဆည်းမထားပေ။ အပြစ်နှင့် ပြည့်သော လူယောကျာၤး၊ လူမိန်းမများအတွက် ဂရုဏာတော် ကို ဖြန့်ဝေထားတော်မူသည်။

ဒုတိယ၊ကိုယ်တော်သည်မေတ္တာကြီးမားတော်မူသည်။  “ ငါတို့ို့သည် ဘုရားသခင်ကိုချစ်ကြသည်ဟု မဆို။ ဘုရားသခင်သည် ငါတို့ိ့ကိုချစ်၍ ငါတို့ ၏အပြစ် ဖြေစရာအကြောင်းဖြစ်စေခြင်းငှါ၊ သားတော်ကို စေလွှတ်တော်မူသောအရာ၌ ချစ်ခြင်းမေတ္တာရှိ၏” ( ၁ယော ၄း၁၀ )။ ယေရှုသည် သင့်အတွက်၊ သင့်အပြစ်များအတွက်၊ သင့်နေရာ မှာ အသေခံတော်မူသည်။ အပြစ်သားများသည် ဘုရားသခင့်စိတ်တော် ကျေနပ်စေမည့်အရာ တစ်ခုမျှမလုပ်နိုင်ဘဲ ဝိညာဉ်ရေး၌ သေလျက်ရှိ သောကြောင့် သားတော်ကို ပေးတော်မူခြင်းအမှုသည် ဘုရားသခင်၏ ကြီးမားလှသော မေတ္တာကို သက်သေပြနေသည်။ “ ငါတို့ သည် အပြစ်ရှိ စဉ်ပင် ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍ ဘုရားသခင်သည် ငါတို့ိ့ကို အဘယ်မျှလောက်ချစ်တော်မူသည်ကို ငါတို့ိ့အား ထင်ရှားစွာ ပြတော်မူ၏” (  ရောမ ၅း၈ )။

တတိယ၊ ကိုယ်တော်သည် ကျေးဇူးတော်များပြားလှသည်။ ဘုရားသခင် သည် သူ့ဂရုဏာတော်အားဖြင့် ကျွနု်ပ်တို့ ခံထိုက်သော အရာကို မခံစား စေသည့်နည်းတူ သူ့ကျေးဇူးတော်အားဖြင့် ကျွနု်ပ်တို့ မခံထိုက်သည့် အရာကို ခံစားစေတော်မူသည်။ ကယ်တင်ခြင်းသည် ဘုရားသခင်၏ အကြီးမားဆုံး လက်ဆောင်နှင့် လူသားများ၏ အကြီးမားဆုံး လိုအပ်ချက် ဖြစ်သည်။ ဘုရားသခင်သည် ကျေးဇူးတော်အားဖြင့် ကယ်တင်ရာလမ်း ကို သင့်အတွက် ပြင်ဆင်ပေးထားသည်။ ကယ်တင်ခြင်းအတွက် ကျေးဇူးတော်ကြွယ်ဝစွာ သူ့အပိုင်းကို သူပြီးစီးတော်မူပြီ။

ကယ်တင်ခြင်းအတွက် သင့်အပိုင်းက အဘယ်အရာနည်း။ ကယ်တင် ခြင်းရရှိနိုင်ရန် သင်ဘာလုပ်ရမည်နည်း။

ပထမ၊ ကုသိုလ်၊ အကျင့်ကောင်းများက ကယ်တင်ခြင်း၌ အကျိူးပေးမည် ဟု သင်ကိုးစားထင်မှတ်သော သင့်ထင်မြင်ချက်ကို စွန့်လွတ်ရန် လိုအပ် သည်။ “ငါတို့ကျင့်သော ဖြောင့်မတ်ခြင်းအကျင့်အားဖြင့် မဟုတ်ဘဲ၊ မိမိသနားခြင်း ကရုဏာတော်နှင့်အညီ ဒုတိယမွေးခြင်း နှင့်ဆိုင်သော ဆေးကြောခြင်းအားဖြင့်၎င်း၊ သန့့််ရှင်းသောဝိညာဉ်တော်၏ အသစ်ပြုပြင်ခြင်းအားဖြင့်၎င်း၊ ငါတို့ို့ကို ကယ်တင်တော်မူ၏။” ( တိတု ၃း၅)။  “ကိုယ့်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည် မဟုတ်။ သို့ို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာအခွင့်မရှိ။” ( ဧဖက် ၂း၉)။

ဒုတိယ၊ သင်၏ ကယ်တင်ခြင်းလိုအပ်မှုကို နားလည်ဝန်ခံရမည်။ သင် ကယ်တင်ခြင်းမရရှိမီ သင်သည် ပျောက်ဆုံးသူဖြစ်ကြောင်း သင်နားလည် ရန်လိုအပ်သည်။ “ဘုရားသခင်သည် …ယခုမှာကိုယ်အပြစ်ကိုမြင်၍ နောင်တ ရကြလော့ဟု ခပ်သိမ်းသောအရပ်တို့ို့၌ ရှိသော လူအပေါင်းတို့ို့ အား ပညတ်တော်မူ၏။ အကြောင်းမူကား၊ ခန့်ထားတော်မူသော သူအားဖြင့် လောကီသားတို့ကို ဖြောင့်မတ်ခြင်းတရားနှင့် ညီလျော်စွာ စစ်ကြောစီရင် မည့်နေ့ရက်ကို ချိန်းချက်တော်မူပြီ။ ထိုသူကို သေခြင်းမှထမြောက်စေတော်မူသော အားဖြင့် ခပ်သိမ်းသော လူတို့အားယုံလောက်သော သက်သေကို ပြတော်မူပြီ” ( တမန်တော် ၁ရး၃၀၊၃၁)။

တတိယ၊ ကယ်တင်ခြင်းကို ယုံကြည်ခြင်းအားဖြင့် လက်ခံရမည်။ “ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလို အလျာက်ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာ ဖြစ်သတည်း” ( ဧဖက် ၂း၈)။ ဘုရားသခင်က ပေးသည်၊ လူက လက်ခံသည်။ ဘုရားသခင်က သူ့ကျေးဇူးတော် အားဖြင့် ပြင်ဆင်ပေးသည်၊ လူက ယုံကြည်ခြင်းအားဖြင့် ရယူ ပိုင်ဆိုင်သည်။ သားတော် သခင်ယေရှုခရစ်ကို မိမိကယ်တင်ရှင်အဖြစ် ကျွနု်ပ်ကိုးစားယုံကြည်လိုက်သည်နှင့် ဘုရားသခင်က ကျွနု်ပ်တို့ကို ကယ်တင်သည်။

ကျွနု်ပ်တို့သည် စိတ်အားထက်သန်စွာ ဆုတောင်းခြင်း (သို့) ကြေကွဲစွာ နောင်တရခြင်း (သို့) ကတိသက်သေစာကို ပြတ်သားစွာ လက်မှတ်ထိုး ခြင်းအားဖြင့် ကယ်တင်ခြင်းကို မရရှိနိုင်ပေ။ ဘုရားသခင်၏ ကတိတော် ကို ယုံကြည်၍ ကိုယ်တော် အခမဲ့ပေးအပ်သော ကယ်တင်ရှင်ကို ယုံကြည်ပုံအပ်လိုက်ခြင်းဖြင့် ကယ်တင်ခြင်းကို ရရှိနိုင်သည်။

ကယ်တင်ခြင်းရလာဒ်

ကယ်တင်ခြင်းကို ရရှိသောအခါ ကျွနု်ပ်တို့ ဘာဖြစ်လာမည်နည်း။ ကယ်တင်ခြင်း၏ ရလာဒ်ကား အဘယ်နည်း။

ပထမ၊ ကျွနု်ပ်တို့ကို အသက်ရှင်စေသည်။ “ ဒုစရိုက်အပြစ်၌ သေလျက်ရှိနေသော ငါတို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေ တော်မူပြီ။” ( ဧဖက် ၂း၅ )။ ဘုရားသခင်ပေးသော ထာဝရအသက်ကို ကျွနု်ပ်ရရှိသည်။ ထိုအသက်မှာ အသက်ရှည်ခြင်းသက်သက်မဟုတ်၊ ဘဝသစ်အသက်တာသစ်ပင်ဖြစ် သည်။ကျွနု်ပ်သည် ဝိညာဉ်တော်အားဖြင့် အထက်မှ ဒုတိယအကြိမ် မွေးဖွားသူ ဖြစ်လာသည်။  “ငါတို့ို့ို့ို့သည် …သေခြင်းမှအသက်ရှင်ခြင်းသို့ ကိုယ်ကူးမြောက်သည်ကို ကိုယ်သိရ ကြ၏” ( ၁ ယောဟန် ၃း၁၄)။ ဝိညာဉ်သေလျက်ရှိနေသူများမဟုတ်တော့ပေ၊ ဝိညာဉ်အသက်ရှင်နေသူ များပင်။ ဘုရားသခင်နှင့် ကင်းကွာနေသူများမဟုတ်တော့ချေ။

ဒုတိယ၊ ကျွနု်ပ်သည် သခင်ယေရှုနှင့် အတူ သေ၍ အတူထမြောက်ပြီး အတူစိုးစံမည့်သူများအဖြစ် သတ်မှတ်ခြင်းခံရသည်။ ဤအံ့သြဖွယ် သမ္မာတရားမှာ ခရစ်ယာန်အတော်များများကပင် နားမလည်သော အရာပင်။ ဧဖက် ၂၏ အဓိကသော့ချက်စကားလုံးမှာ “အတူတကွ” ပင်ဖြစ်သည်။ ဘုရားသခင်သည် “ဒုစရိုက်အပြစ်၌ သေလျက်ရှိနေသော ငါတို့ို့ို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေတော်မူပြီ။ ကျေးဇူးတော် ကြောင့်သာ ကယ်တင်ခြင်းသို့ ရောက်ရ၏။ ယေရှုခရစ်အားဖြင့် ငါတို့ို့ကို ထမြောက်စေ၍ ကောင်းကင်အရပ်၌ နေရာပေးတော်မူပြီ” ဆိုသော အရာကို သင်သိရှိသင့်သည် ( ဧဖက် ၂း၅၊၆)။ ယုံကြည်သူများသည် သခင်ဘုရား၌ အသစ်သော အသက်တာ၊ တန်ခိုးနှင့် နေရာကို ရကြသည်။

ယုံကြည်သူသည် ခရစ်တော်နှင့်အတူ ရှင်ပြန်ထမြောက်သောကြောင့်  “အထက်ဆိုခဲ့ပြီးသည်အတိုင်း၊ သင်တို့သည်ခရစ်တော်နှင့် အတူ ထမြောက်ကြသည်မှန်လျှင်၊ ဘုရား သခင်၏ လက်ျာတော်ဘက်မှာ ခရစ်တော်သည် ထိုင်နေတော်မူရာ အရပ်၌ရှိသော အထက်အရာတို့ကို ရှာ” သင့်သည်(  ကောလော ၃း၁)။

တတိယ၊ “အဘယ်ကြောင့် နည်းဟူမူကား၊ ငါတို့သည် ကောင်းသော အကျင့်တို့ကို ကျင့်ရမည်အကြောင်း၊ ယေရှုခရစ်၌ ပြုပြင်၍ ဖန်ဆင်း တော်မူရာ ဖြစ်ကြ၏။” ( ဧဖက် ၂း၁၀)။ ကယ်တင်ခြင်းရရှိသောသူသည် “ အသစ် ဖန်ဆင်းခံ” ဖြစ်သည်( ဂလာ ၆း၁၅)။ “ ဖန်ဆင်းပြုပြင်” ဆိုရာ၌ ( ဂရိဘာသာ poiema )  ကဗျာဆန်သော၊ ပြောင်မြောက်သော လက်ရာ ကို ဆိုလိုသည်။ ဘုရားသခင်သည် အပေါစား မလုပ်ပေ။

ခရစ်ယာန်များသည် ယေရှုခရစ်၌ “ထိုကောင်းသောအကျင့်တို့၌…် ကျင်လည် ရမည်အကြောင်း၊” ဖန်ဆင်းခြင်းခံရသူများဖြစ်ကြသည် ( ဧဖက် ၂း၁၀)။ ယုံကြည်သူများအတွက် အကျင့်ကောင်းကျင့်ဖို့ရန် လမ်းကို ဘုရားသခင်ပြင်ဆင်ပေးပြီး ယုံကြည်သူများသည် ယုံကြည်ခြင်း ဖြင့် လျှောက်လှမ်းပါက သူတို့အထဲ၌၊ သူတို့အားဖြင့် ဘုရားသခင်သည် အကျင့်ကောင်းများ စွမ်းဆောင်စေသည်။ အကျင့်ကောင်းများသည် ကယ်တင်ခြင်းကို မဖြစ်ပေါ်လာစေနိုင်။ အကျင့်ကောင်းများသည် ကိုယ်တော်၌ထားသော ကျွနု်ပ်တို့၏ ယုံကြည်ခြင်းကို ပြသည့် သက်သေသာဖြစ်သည်။

ကယ်တင်ခြင်း သင်ရရှိပြီလော။ သေခြင်းမှ အသက်ရှင်ခြင်းကို ကူးပြောင်းပြီလော။ ယေရှုခရစ်၌ အသစ်ဖန်ဆင်းသော သတ္တဝါ သင်ဖြစ်ပြီလော။ ယေရှုသည် သင့်ကယ်တင်ရှင်ဖြစ်လာရန် အသေခံ၍ ရှင်ပြန်ထမြောက်ခဲ့လေပြီ။ ကိုယ်တော်လျစ်လျူရှုခြင်းသည် ကိုယ်တော်ကို ငြင်းပယ်ခြင်းဖြစ်သည်။ ကိုယ်တော်သည် သင့်ကို ကယ်တင်ရန် အလိုတော်ရှိရုံမက တတ်စွမ်းနိုင်သူဖြစ်သည်။ ယနေ့ ကိုယ်တော်ကို သင့် ကယ်တင်ရှင်အဖြစ် လက်ခံပါ။

Ref: http://knowingjesuschrist.com/languages/burmese-myanmar/first-steps-for-new-believers/590-so-great-a-salvation