ရေတွင်းနားက အမျိုးသမီး

“ လူသားသည် ပျောက်သော သူတို့ကိုရှာ၍ ကယ်တင်အံ့သောငှါ ကြွလာသတည်း..” (လုကာ ၁၉း၁၀)။ ယေရှုခရစ်သည် အပြစ်သားများကယ်တင်ရန် လောကသို့ ကြွရောက်လာခဲ့သည်။ ကိုယ်တော်က “ ..ကျန်းမာသော သူတို့သည် ဆေးသမားကိုအလိုမရှိကြ။ နာသောသူတို့သာလျှင် အလိုရှိကြ၏။… ဖြောင့်မတ်သောသူတို့ကို နောင်တသို့ခေါ်ခြင်းငှါ၊ ငါလာသည်မဟုတ်။ ဆိုးသောသူ တို့ကိုခေါ်ခြင်းငှါ၊ ငါလာသတည်း..” ဟု မိန့်တော်မူခဲ့သည်( မဿဲ ၉း၁၂၊၁၃)။ ရှင်ယောဟန်အခန်းကြီး ၄၌ ဤ သမ္မာတရား၏ သက်သေသရုပ်ဖော် ထားသည်ကို တွေ့ရသည်။

ယေရှုနှင့် တပည့်တော်များ ယုဒပြည်မှ ထွက်သွား၍ မြောက်ပိုင်းဒေသရှိ ဂါလိလဲပြည်သို့ ဦးတည်ခဲ့ကြသည်။ ယုဒလူအများစုမှာ ရှမာရိပြည်ကို မဝင်ဘဲ အရှေ့ခြမ်းမှ ပတ်၍ ခရီးသွားလေ့ရှိသည်။ “ ယေရှုသည်… ရှမာရိပြည်အလယ်၌ လျှောက်သွား” ခဲ့သည်( ယောဟန် ၄း၄)။ ဘိုးဘေးဖြစ်သော ယာကုပ်က ရေတွင်းတူးခဲ့ရာအရပ် ရှုခါမည်သော မြိ့ုငယ်သို့ ကိုယ်တော်သွားတော်မူခဲ့သည်။ တပည့်တော်များလည်း အစာ ဝယ်ရန် မြိ့ုထဲသို့ ဝင်ခဲ့ကြသည်။ ထိုစဉ် ယေရှုသည် တစ်ဦးတည်း ယာကုပ်၏ ရေတွင်း၌ နားတော်မူသည်။ “ ထိုအချိန်သည် ခြောက်နာရီ အချိန်ဖြစ်၏” ( ယောဟန် ၄း၆)။ ခြောက်နာရီကား ကျွနု်ပ်တို့အချိန်နှင့် မတူဘဲ မွန်းတည့်ချိန်ဖြစ်နေခဲ့သည်။

ရှမာရိအမျိုးသမီး

“ရှမာရိမိန်းမတစ်ယောက်သည် ရေခပ်ခြင်းဌါလာ၍၊ ..” ( ယောဟန် ၄း၉)။ အပိုဒ်ငယ် ၂၁တွင် ယေရှုက သူမအား “အချင်းမိန်းမ” ဟူ၍သာ ခေါ်ခဲ့သည်။ ယောဟန် ၃မှ ဘာသာရေးဆရာဖာရိရှဲကြီး နိကောဒင်နှင့် မတူဘဲ၊ သူမ၏ နာမည်ကိုပင် ကျွနု်ပ်တို့ မသိရပေ။

မျှော်လင့်မထားသောစကားဖြင့် ယေရှုက သူမ၏ အာရုံကိုဆွဲခေါ်ခဲ့သည်။ ကိုယ်တော်က သူမကို ရေပေးသောက်ရန် တောင်းဆိုခဲ့သည်။ “ ထိုမိန်းမကလည်း၊ သင်သည် ယုဒလူဖြစ်လျက်ပင်၊ ရှမာရိမိန်းမ ဖြစ်သော အကျွန်ုပ်ကို အဘယ်ကြောင့်သောက်ဘို့ တောင်းသနည်းဟု ဆို၏။ ဆိုသည်အကြောင်းကား၊ ယုဒလူတို့သည် ရှမာရိလူတို့နှင့် ပေါင်းဘော် ခြင်းမရှိ။    .” ( ယောဟန်၄း၉)။

ရှမာရိလူမျိုးသည် ရှေးနှစ်ပေါင်းရာချီလွန်သည့်အချိန် ဣသရေလကျဆုံး သည့်ကာလအတောအတွင်း၌ တိုင်းတပါးသားများနှင့် ရောနှော အိမ်ထောင်ပြုကြသော ယုဒမျိုးဆက်များပင်ဖြစ်သည်။ ယုဒအမျိုးစစ် တော့ မဟုတ်ကြချေ။ သူတို့ကို ယုဒလူများက မထီမဲ့မြင်ပြုကြသည်။ ရှမာရိခွက်မှ ရေကို ဘယ်သောအခါမျှ မသောက်လိုကြ။ ယုဒဘာသာရေး ဆရာဆိုလျှင် ရှမာရိမိန်းကလေးထံမှ ရေတောင်းသောက်ရသည်ထက် ရေငတ်ခံမည်ဖြစ်သည်။ အေဒီ ၆၆၌ ပြဌါန်းသော ယုဒဘာသာဥပဒေ၌ ရှမာရိအမျိုးသမီးတိုင်းသည် ရာသီလာသောမိန်းမကဲ့သို့ အစဉ် ဖြစ်နေ၍ သန့်ရှင်းသည်ဟူ၍မရှိနိုင်ဟု ဖော်ပြထားသည်။

ထိုရှမာရိမိန်းမသည် ယုဒလူများ၏ သူတို့လူမျိုးအပေါ် မလိုမုန်းထားခွဲခြား ဆက်ဆံမှုကို ကောင်းစွာ နားလည်ခဲ့သူပင်။ ထိုကြောင့်လည်း ယေရှု၏ ရေတောင်းသည့် စကားသည် သူမ, မျှော်လင့်မထားသောအရာဖြစ်နေ ခြင်းဖြစ်သည်။

ယောဟန် ၄း၁၀ ၌ ယေရှုက ထိုအမျိုးသမီးအား မည်သို့တုန့်ပြန်သည်မှာ မှတ်သားဖွယ်ကောင်းလှသည်။ “ ယေရှုကလည်း၊ ဘုရားသခင့် ကျေးဇူးတော်ကို၎င်း၊ ငါသောက်ဘို့ ရေပေးပါဟု ဆိုသောသူကား အဘယ် သူဖြစ်သည်ကို၎င်း သင်သည်သိလျှင် ထိုသူကိုတောင်း လိမ့်မည်။ ထိုသူသည်လည်း အသက်ရေကို ပေးလိမ့်မည်ဟု ပြန်၍မိန့်တော်မူသော်၊…” ယေရှုက ရေတွင်းနားမှ ထိုအမျိုးသမီးအား  (၁) ဘုရားသခင့်ကျေးဇူးတော်နှင့် (၂) ယေရှုကား မည်သူမည်ဝါဖြစ်သည် ဟူ၍ သူမ,သိနားလည်အပ်သောအရာနှစ်ခု ရှိကြောင်း ပြောပြခဲ့သည်။ ကျေးဇူးတော်အားဖြင့် ပေးသနားတော်မူသော အရာကို အပိုဒ်ငယ် ၁၄၌ ဤသို့ အကျယ်တဝင့်ရှင်းပြထားသည်။ “   ငါပေးသောရေကို သောက် သော သူမူကား၊ ရေငတ်ခြင်း နှင့်အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ငါပေးသောရေသည် ထိုသူ၌ ထာဝရအသက်ရှင်ခြင်း အလိုငှါ ထွက်သော စမ်းရေ ဖြစ်လိမ့်မည်.”

အပြစ်ပြည့်နှက်နေသော အမျိုးသမီး

ထိုအမျိုးသမီးသည် ယေရှုပြောဆိုသောအကြောင်းအရာကို လုံးလုံး နားမလည်ခဲ့ပေ။ ဝိညာဉ်တော် မွေးဖွားခြင်း မခံသောသူတို့သည် ဝိညာဉ် ရေးရာအကြောင်းအရာများကို နားမလည်နိုင်ပါ( ၁ကော ၂း၁၄)။ သူမက “  ဇာတိပကတိလူသည် ဘုရားသခင်၏ ဝိညာဉ်တော် အရာတို့ကို မခံမယူ။ ထိုအရာတို့သည် မိုက်မဲသောအရာဖြစ်သည်ဟု ထင်တတ်၏။ ထိုအရာတို့ကို ဝိညာဉ်အား ဖြင့်သာပိုင်းခြား၍ နားလည်နိုင်သောကြောင့်၊ ဇာတိပကတိလူသည် နားမလည်နိုင်” ဟု မေးမြန်းခဲ့သည်။ (သုတေသီများက ယာကုပ်ရေတွင်းကို ရှာဖွေတွေ့ရှိရာ အနက်ပေ ၁၀၀ ရှိသည်ဟု ဖော်ထုတ်ကြသည်)။ “ ယေရှုကလည်း၊ ဤရေကို သောက်သော သူသည် နောက်တဖန်ရေငတ်ဦးမည်။.”  ( ယောဟန် ၄း၁၃)။ သူမက “သခင်၊ အကျွန်ုပ်သည် ရေငတ်ခြင်းနှင့်၎င်း၊ သည်ကို လာ၍ ရေခပ်ခြင်းနှင့်၎င်း ကင်းလွတ်မည်အကြောင်း ထိုရေကိုပေးပါ ”  ဟု ပြန်ဖြေကြားခဲ့သည်။ ထိုရေတွင်း နက်ကြီးထဲမှ ရေကို တစ်နေ့တစ်နေ့ ခပ်ထမ်းရသော အိမ်မှုအလုပ်ကား မည်မျှလောက် ခက်ပေလိမ့်မည်နည်း။ ယာကုပ်ရေတွင်းမှ ရေကို နောက်ထပ် ခပ်စရာမလိုအပ်လေအောင် ထိုအသက်ရေကို လိုချင်ပါ သည်ဟု သူမ,တောင်းဆိုလာသည်။ သူမက ယေရှုကို ထိုရေအား ပေးရန် တောင်းဆိုခဲ့သည်။

ဘုရားသခင့်ကျေးဇူးတော်အားဖြင့် ပေးသနားတော်မူသောအသက် စမ်းရေကား သန့်ရှင်းသော ဝိညာဉ်တော်ပင်ဖြစ်သည်။ ယောဟန် ရး၃၇-၃၉ တွင် ရှင်းလင်းစွာ တွေ့ရသည်။ “ထိုပွဲကိုခံ၍ နောက်ဆုံးဖြစ်သော နေ့မြတ်၌ ယေရှုသည်ရပ်၍ ကြွေးကြော်တော်မူသည်ကား၊ ရေငတ်သော သူရှိလျှင် ငါ့ထံသို့လာ၍ သောက်လော့။ ငါ့ကိုယုံကြည်သောသူသည် ကျမ်းစာလာ သည်အတိုင်း အသက်ရေထွက်ရာ စမ်းရေတွင်း ဖြစ်လိမ့် မည်ဟု မိန့်တော်မူ၏။ထိုသို့ မိန့်တော်မူသော၊ ယုံကြည်သော သူတို့သည် ခံရလတံ့သော ဝိညာဉ်တော်ကို ရည်မှတ်၍မိန့်တော်မူ၏။ ယေရှုသည် ဘုန်းပွင့်တော်မမူသေးသောကြောင့် သန့်ရှင်းသော ဝိညာဉ်တော်ကို ပေးတော်မမူသေး။”

ရေတွင်းနားက အမျိုးသမီး၌ အပြစ်ပြသနာရှိနေသည်။ ယေရှုက           “ သွားလော့။ သင်၏ လင်ကိုခေါ်၍ သည်ကို လာဦးလော့ ” ဟု စေခိုင်းခြင်းဖြင့် ထိုအပြစ်ကို ထုတ်ဖော်ခဲ့သည်။ ထိုမိန်းမကလည်း “ အကျွနု်ပ်၌ လင်မရှိ” ငြင်းသောအခါ၊ ကိုယ်တော်က “ လင်မရှိဟူသော စကားသည် မှန်၏။ အကြောင်းမူကား သင်၌ လင်ငါးယောက်ရှိဖူးပြီ။ ယခု သင်နှင့် နေသောသူသည် သင်၏ လင်မဟုတ်” ဟုပြန်ပြောတော်မူခဲ့ သည်။ အပြစ်နောင်တရခြင်းမတိုင်မီ အပြစ်ကို ရိပ်မိနားလည်ခြင်း အရင်လာတတ်သည်။

မိမိအပြစ်ကို နောင်တရမည့်အစား သူမသည် ဘာသာရေးကိုင်းရှိုင်းကြီး ရုတ်တရက်ဖြစ်သွားခဲ့သေးသည်။ “ထိုမိန်းမကလည်း၊ သခင်၊ ကိုယ်တော် သည် ပရောဖက်ဖြစ်သည်ကို အကျွန်ုပ်ရိပ်မိပါ၏။အကျွန်ုပ်တို့ ဘိုးဘေး များသည် ဤတောင်ပေါ်၌ ကိုးကွယ်လေ့ရှိကြ၏။ ယေရုရှလင်မြို့၌သာ ကိုးကွယ် ရမည်ဟု သင်တို့သည် ဆိုတတ်ကြ၏ဟု လျှောက်လျှင်၊” ( ယောဟန် ၄း၁၉၊၂၀)။ ယနေ့လည်း အချို့လူများက “ နားမလည် နိုင်တော့ဘူး။ ဂိုဏ်းဂဏတွေ သိပ်များနေတယ်။ ဘယ်အသင်းတော်က မှန်တဲ့အသင်းတော်လဲ၊” ပြောဆိုကာ ရှမာရိအမျိုးသမီးကဲ့သို့ နောင်တ ရမည့်အစား ဘာသာရေး စကားများ ကြားညှက်ပြောဆိုတတ်ကြသည်။ လူအချို့အတွက်မူ အသင်းတော်သို့ သွားခြင်းသည် ခရစ်တော်ထံ လာခြင်းထက် ပို၍ လွယ်ကူပြီး အဆင်ပြေနေသည်။

“  ယေရှုက၊ အချင်းမိန်းမ၊ ငါ့စကားကိုယုံလော့။ ဤတောင်သို့မလာ၊ ယေရှုရှလင် မြို့သို့မသွားဘဲ ခမည်းတော်ကို ကိုးကွယ်ရမည်အချိန်ကာလ ရောက်ဆဲ ရှိ၏။သင်တို့သည် ကိုယ်မသိသောအရာကို ကိုးကွယ်ကြ၏။ ငါတို့သည် ကိုယ်သိသောအရာကို ကိုးကွယ်ကြ၏။ အကြောင်းမူကား၊ ယုဒလူတို့၌ ကယ်တင်ခြင်း အကြောင်းရှိ၏။ ကိုးကွယ်သောသူ မှန်သမျှ တို့သည် ခမည်းတော်ကို နံဝိညာဉ်နှင့်၎င်း၊ သစ္စာတရားနှင့်၎င်း၊ ကိုးကွယ် ရမည့်အချိန်ကာလသည် လာ၍ယခုပင်ရောက်လျက်ရှိ၏။ အကြောင်းမူ ကား၊ ထိုသို့ကိုးကွယ်သောသူ တို့ကို ခမည်းတော်သည် အလိုရှိတော် မူ၏။ဘုရားသခင်သည် နံဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ် သောသူတို့သည်၊ နံဝိညာဉ်နှင့်၎င်း၊ သစ္စာနှင့်၎င်း၊ ကိုးကွယ်ရမည်ဟု မိန့်တော်မူ၏။” ( ယောဟန် ၄း၂၁-၂၄ )

ရေတွင်းနားက အမျိုးသမီးကလည်း သူမ, မေးလိုသောအရာကို သွယ်ဝှက်ကာ စကားအဖြစ်ပြောခဲ့သည်။ “ မိန်းမကလည်း၊ မေရှိကြွလာ တော်မူသည်ဟု အကျွနု်ပ်သိပါ၏။ ရောက်တော်မူသောအခါ အကျွနု်ပ် တို့အား အလုံးစုံ တို့ကို ဖော်ပြတော်မူမည်ဟု လျှောက်ပြန်၏၊” အမှန်မှာ၊ “ သင်သည် ခရစ်တော်ဖြစ်သလော” ဟု မေးလိုခြင်းပင်ဖြစ်သည်။

ခရစ်တော်၏ ဘုရားဖြစ်ခြင်းကို ငြင်းပယ်သောသူတို့က ယေရှုသည် မေရှိဖြစ်ကြောင်း မိမိကိုယ်ကို မရည်ညွှန်းစဖူးဟု ဆိုတတ်ကြသည်။ သူတို့မှားသည်။ “ ယေရှုကလည်း၊ သင်နှင့် စကားပြောသော ငါသည် မေရှိပင်ဖြစ်သည်ဟု မိန့်တော်မူ၏။”

အပြစ်ပြည့်နှက်နေသော ထိုရှမာရိအမျိုးသမီးသည် သတင်းကောင်းကို ကြားရပြီ။

ကယ်တင်ခြင်းရသော အမျိုးသမီး

ထိုအမျိုးသမီးသည် အလွန်ပီတိဝမ်းမြောက်သဖြင့် မိမိရေအိုးကိုပင် ရေတွင်း၌ ထားခဲ့ကာ မြိ့ုထဲသို့ ပြေးဝင်လေသည်။ တွေ့သမျှလူကို မေးခွန်းမေးဟန်ဖြင့် ပြောပြခဲ့ပုံမှာ “အကျွနု်ပ်ပြုဖူူးသမျှသော အမှုအရာ တို့ကို ထုတ်ဘော်သောသူကို လာ၍ ကြည့်ကြပါ။ ထိုသူသည် ခရစ်တော် မှန်လိမ့်မည်လော” ဟူ၍(  ယောဟန် ၄း၂၉)။ အမှန်တကယ် သူမ,ပြောပြ လိုသည်မှာ “ထိုသူသည် ခရစ်တော်ပင်ဖြစ်သည်” ဟူ၍ဖြစ်သည်။

ခရစ်တော်၏ သက်သေခံဖြစ်ဖို့ရန် အသိပညာမည်မျှလိုအပ်သနည်း။ “လာ၍ကြည့်ကြပါ” ဟု ရိုးရှင်းစွာ ဆိုတတ်ဖို့ရန်သာ လိုအပ်သည်။ ယောဟန် ၁း၃၉ တွင် ယေရှုကိုယ်တော်တိုင်က ယောဟန်နှင့် အနြေ္ဒကို “လာ၍ကြည့်ကြပါ”ဟူသောစကားဖြင့် ဖိတ်ခေါ်ခဲ့သည်။

ထိုအမျိုးသမီး၏ သက်သေခံချက်ကို ဘုရားသခင်က ကောင်းချီးပေး ခဲ့သည်။ “ ရှမာရိမိန်းမက၊ အကျွန်ုပ်ပြုဘူးသမျှသော အမှုအရာတို့ကို သူသည် ထုတ်ဘော်ပြီဟု သက်သေ ခံသော စကားကြောင့်၊ ထိုမြို့၌ နေသော ရှမာရိလူအများတို့သည် ယေရှုကို ယုံကြည်ကြ၏။” ( ယောဟန် ၄း၃၉)။

“ထိုကြောင့်၊ ရှမာရိလူတို့သည် အထံတော်သို့ရောက်လျှင်၊ မိမိတို့အရပ်၌ နေတော်မူမည်အကြောင်း တောင်းပန်ကြ၏။ ထိုအရပ်၌ နှစ်ရက်နေ တော်မူ၏။ အခြားသောသူအများတို့သည် နှုတ်ကပတ်စကားတော် ကြောင့် ယုံကြည်၍၊ထိုမိန်းမအား၊ ယခုဖြစ်လျှင် ငါတို့သည် သင်၏ စကားကြောင့်သာ ယုံကြည်သည်မဟုတ်။ စကားတော်ကို ကိုယ်တိုင် ကြားနာရ၍၊ ဤသူသည် လောကီသားတို့ကို ကယ်တင်တော်မူသော သခင်တည်းဟူသော ခရစ်တော်အမှန်စင်စစ် ဖြစ်တော်မူကြောင်းကို သိသည်ဟု ဆိုကြ၏။” ( ယောဟန် ၄း၄၀-၄၂)။

ယေရှုခရစ်သည် ယုဒလူ၊ ရှမာရိလူနှင့် တိုင်းတပါးမည်သည့်လူမျိုးကိုမဆို ကယ်တင်သည်။ ပျိုရွယ်သူနှင့် သက်ကြီးသူမရွေး၊ အမျိုးသားနှင့် အမျိုး သမီးမရွေး၊ ဖြူသူနှင့် မဲသူမခွဲခြား၊ အထက်တန်းလူနှင့် အောက်တန်းလူ၊ ချမ်းသာသူနှင့် ဆင်းရဲသူမခွဲခြားဘဲ ကယ်တင်တော်မူသည်။ ကိုယ်တော် သာလျှင် လောက၏ တစ်ဦးတည်းသော ကယ်တင်ရှင် ဖြစ်သည်။

ဤ ရှမာရိအမျိုးသမီးမှာ ကယ်တင်ခြင်းရရန် အလားအလာရှိသူမျိုး မဟုတ်ချေ။ ယေရှုနှင့် ထိုအမျိုးသမီးသည် ရေတွင်းနားမှာ မွန်းတည့်ချိန် ၌ တွေ့ခဲ့ကြကြောင်း သင်မှတ်မိပေမည်။ ပူပြင်း၍ သွေ့ခြောက်သော ရှမာရိနယ်၏ ရာသီဥတုမျိုးတွင် အမျိုးသမီးများတို့သည် နေအေးသော နံနက်ခင်းများတွင်သာ ရေခပ်ဆင်းလေ့ရှိကြသည်။ ဤအမျိုးသမီးမှာ တစ်ဦးတည်းနေပူပူ၌ ရေခပ်နေခဲ့သည်။ အများက သူမကို အပြစ်များသူ၊ စာရိတ္ထပျက်သောမိန်းမအဖြစ်သတ်မှတ်သောကြောင့်ဖြစ်သည်။ အများ၏ မျက်စိတွင် သူမသည် မျှော်လင့်ချက်မဲ့ပျောက်ဆုံးနေသူပင်။

“ ယေရှုခရစ်သည် အပြစ်ရှိသောသူတို့ကို ကယ်တင် ခြင်းငှါ၊ ဤလောကသို့ကြွလာတော်မူသည် ဟူသော စကားသည် သစ္စာစကားဖြစ်၏။ အကြွင်းမဲ့ခံယူအပ်သောစကား လည်းဖြစ်၏။ အပြစ်ရှိသောသူတို့တွင် ငါသည်အကြီးဆုံးဖြစ်၏။” ( ၁တိမောသေ ၁း၁၅)။ ဖြောင့်မတ်ယောင်ဆောင်သော ကြောင်သူတော်တို့သည် အထဲ၌ လူသေအရိုးနှင့် မသန့်ရှင်းသောအရာ တို့ဖြင့် ပြည့်နှက်လျက်ရှိသည့် အဖြူသုတ်သော သချႋုင်းနှင့် တူသည်။ အကျင့်ပျက်သော အခွန်ခံနှင့် ပြည့်တန်ဆာတို့သည် ထိုကြောင်သူတော် များအရင် ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်စားကြရမည်။ ယေရှုသည် အပြစ်သားကို ကယ်တင်တော်မူသည်။

ကိုယ်တော်သည် အပြစ်ပြည့်နှက်နေသော ရှမာရိအမျိုးသမီးကို ရေတွင်းနားမှာ ရှာဖွေတွေ့ရှိတော်မူခဲ့သည်။ ယနေ့လည်း ကိုယ်တော်သည် ပျောက်ဆုံးနေသောသူများကို ရှာဖွေတော်မူသည်။ အပြစ်သားများကို ကိုယ်တော်က လက်ခံသည်။ သင်ကော ကိုယ်တော်ကို လက်ခံသလား။ “တွေ့နိုင်သည် ကာလတွင် ထာဝရဘုရားကိုရှာကြလော့။ နီးတော်မူသည် ကာလတွင် ဆုတောင်းပဌနာ ပြုကြလော့။.” ( ဟေရှာယ ၅၅း၆)။ “ အကြောင်း မူကား၊ ထာဝရဘုရား ကို ပဌနာပြုသောသူ ရှိသမျှတို့သည် ကယ်တင် တော်မူခြင်းသို့ ရောက်ရကြလတံ့။” ( ရောမ ၁၀း၁၃)။

Ref: http://knowingjesuschrist.com/languages/burmese-myanmar/first-steps-for-new-believers/592-the-woman-at-the-well